Author: Baby Yit Lone

  • League of Gods: Zhou Destruction

    League of Gods: Zhou Destruction

    League of Gods: Zhou Destruction (2023) ယခုတစ်ခေါက် တရုတ်ဒဏ္ဍာရီဇာတ်လမ်းလေးတစ်ပုဒ်ကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့- နွီဝါးမယ်တော်နှင့် နတ်အပေါင်းတို့က နတ်ပိတ်အစီအစဉ်ကို စတင်ပြီး ရှန်းခေတ်အုပ်ချုပ်ရေးကို ပြင်ဆင်ရန် စီစဉ်နေပါတယ်။ အမြီး ၉ ချောင်းမြေခွေးကို မိန်းမလှလေး သာကျီကိုယ်ထဲဝင်ပူးစေပြီး ဘုရင်ကို မြူဆွယ်စေပါတယ်။ ကျို့ဝမ်တိရှင်းဟာ နတ်အမိန့်တော်ကို မနာခံပဲ ကောင်းကင်ကိုဆန့်ကျင်ဖို့ကြိုးစားပြီး ကျိုင်ရှင်းလုံကို ဆောက်ပြီး ကောင်းကင်တက်ပြီးတော့ နတ်ကို ဆန့်ကျင်ဖို့ လုပ်နေပါတယ်။ ခက်ခဲလှတဲ့ နေ့ရက်တွေမှာ ကျို့ဝမ်ဟာ တဖြည်းဖြည်းနဲ့ သာကျီအပေါ် မေတ္တာနက်နဲလာခဲ့ပြီး ရှန်းကုန်းပေါက်ရဲ့ ကုန်းချောမှုတွေကို နားယောင်ပြီး သစ္စာရှိအမတ်တွေကို သတ်ဖြတ်ခဲ့တယ်။ ပီကန်းလည်း နှလုံးသားကို ထုတ်ပေးပြီး သစ္စာရှိကြောင်းထုတ်ဖော်ပြသခဲ့ပါတယ်။ ရှုပ်ထွေးမှုတွေကြားမှာ ပြည်သူတွေဒုက္ခတွင်းနက်ခဲ့ပါတယ်။ ကျန်းကျီယာဟာ အရပ် ၄ မျက်နှာက…

  • League of Gods: The Fall of Sheng

    League of Gods: The Fall of Sheng

    League of Gods: The Fall of Sheng (2023) မိစ္ဆာမိဖုရားသာကျီဟာ ဧကရာဇ်ကျို့ကိုလုံးဝထိန်းချုပ်လိုက်ပြီး မိစ္ဆာဘုရင်ကြီးကိုအသက်သွင်းဖို့ ပြည်သူတွေကိုရက်ရက်စေခိုင်းပြီး သမင်စင်လုထိုင်ကိုအင်တိုက်အားတိုက် တည်ဆောက်ပါတော့တယ်။ သာကျီရဲ့လက်ပါးစေ ရှန်ကုန်းပေါက်က ရွှမ်ကျောက်တုံး(၅)ခုအနက် (၄)ခုကိုစုဆောင်းပြီး နောက်ဆုံးတစ်ခုသာလိုတော့ပါတယ်။ နောက်ဆုံးရွှမ်ကျောက်ဟာ ကျီချန်းရဲ့သား လေကျန့်ကျီဖြစ်နေပါတယ်။ လေကျန့်ကျီဟာ ငယ်ကတည်းက ကျုံးနန်တောင်မှာထားပြီး အဲဒီမှာပဲသင်ယူကြီးပြင်းလာခဲ့ရတယ်။ လေကျန့်ကျီဟာ ဆရာ့အမိန့်အရ ကျီချန်ကိုရှီးချီထိ စောင့်ရှောက်ပြီးလိုက်ပို့တဲ့အချိန်မှာ သူတို့သားအဖနှစ်ယောက်ဟာ အခက်အခဲတွေအများကြီးကြုံကြရပြီး လေးနက်တဲ့သားအဖေသံယောဇဉ်ကို ပြန်တည်ဆောက်နိုင်ရုံတင်မကပဲ တူညီတဲ့ရည်ရွယ်ချက်တစ်ခုရှိလာပါတယ်။ အဲဒါကတော့ ရက်စက်ပြီးတရားမရှိတဲ့ ဧကရာဇ်ကျို့နဲ့ သာကျီကိုတော်လှန်ပြီး ပြည်သူတွေကိုကပ်ဘေးကနေကယ်တင်ဖို့ပဲဖြစ်ပါတယ်။ သူတို့နှစ်ယောက်ရဲ့ကြိုးစားခဲ့တဲ့လမ်းတစ်လျှောက်ကို လူ၊ နတ်၊ မိစ္ဆာစုံစုံလင်လင်နဲ့ ဝေဝေဆာဆာတင်ဆက်ထားတာကို အားပေးလိုက်ပါဦးနော်။

  • USA ရောက် မြန်မာနိုင်ငံသားတွေအတွက် ယာယီဥပဒေအရ နေထိုင်ခွင့်ကို ထရမ့်အစိုးရက ရပ်ဆိုင်း

    USA ရောက် မြန်မာနိုင်ငံသားတွေအတွက် ယာယီဥပဒေအရ နေထိုင်ခွင့်ကို ထရမ့်အစိုးရက ရပ်ဆိုင်း

    USA ရောက် မြန်မာနိုင်ငံသားတွေအတွက် ယာယီဥပဒေအရ နေထိုင်ခွင့်ကို ထရမ့်အစိုးရက ရပ်ဆိုင်း အမေရိကန်နိုင်ငံမှာ ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားတွေအတွက် ယာယီဥပဒေအကာအကွယ်အဆင့် (Temporary Protected Status – TPS) ကို ထရမ့်အစိုးရ က ရပ်ဆိုင်းလိုက်ပြီလို့ အမေရိကန်ပြည်တွင်းလုံခြုံရေးဌာနက နိုဝင်ဘာ ၂၄ ရက်က ကြေညာချက်ထုတ်ပြန်လိုက်ကြောင်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။ မြန်မာနိုင်ငံသားအတွက် လက်ရှိသတ်မှတ်ထားတဲ့ TPS ကာလဟာ ယနေ့ (နိုဝင်ဘာ ၂၅ ရက်) သက်တမ်းကုန်ဆုံးတော့မှာပါ။ ပြည်ထောင်စုမှတ်တမ်း (Federal Register) မှာ ထုတ်ပြန်လိုက်တဲ့ အဆိုပါကြေညာချက်အရ (ပြည်တွင်းလုံခြုံရေး) ဝန်ကြီးက နိုင်ငံ့အခြေအနေတွေကို ပြန်လည်သုံးသပ်ရင်း အစိုးရအဖွဲ့အစည်းတွေနဲ့ တိုင်ပင်ဆွေးနွေးပြီးနောက် မြန်မာနိုင်ငံဟာ TPS သတ်မှတ်ချက်အတွက် လိုအပ်တဲ့အခြေအနေတွေ ဆက်လက်ပြည့်မီခြင်း မရှိတော့ဘူး လို့…

  • A Summer’s Tale

    A Summer’s Tale

    A Summer’s Tale (1996) Eric Romherရဲ့ Four Seasonsရုပ်ရှင်တွေဟာ ရာသီလေးခုနာမည်နဲ့ ရုပ်ရှင်တွေ‌ပေါ့။ လေးရာသီဇာတ်လမ်းပေါ့။ ကျွန်တော်‌တော့ အချစ်ရဲ့လေးရာသီဆိုတဲ့ နာမည်နဲ့ ပိုပနံသင့်မယ်လို့ထင်တယ်။ ဘဝကို ရာသီလေးခုနဲ့ ပိုင်းခြားကြတာတွေ ရှိတယ်။ ငယ်ရွယ်တဲ့ နွေဦး။ ပျိုမျစ်တဲ့နွေ။ သက်ငြိမ်စ ဆောင်းဦး။ နှောင်းတဲ့ဆောင်း။ စသလိုပေါ့။ Romherကတော့ အချစ်ကို လေးရာသီနဲ့ ပိုင်းခြားခဲ့တယ်။ ဆိုပေမဲ့ ဒီဇာတ်လမ်းလေးပုဒ်က အဆက်အစပ်တော့မရှိဘူး။ သီခြားစီပဲ။ တူညီတာကတော့ ဒီဇာတ်လမ်းလေးပုဒ်မှာ အရွယ်အမျိုးမျိုးမှာ ကျွန်တော်တို့ ကြုံရနိုင်တဲ့ အချစ်တွေကို ပြထားတယ်။ အချစ်ရဲ့လေးရာသီဆိုတဲ့နောက် အိုမင်းတဲ့ကာလတွေတော့ မပါဘူးပေါ့။ အချစ်ရဲ့ပြဿနာတွေကို အဓိကတင်ဆက်ပြတာဖြစ်တဲ့အတွက် အချစ်ရဲ့ပြဿနာတွေအရှိများသေးတဲ့ အရွယ်တွေပဲများတယ်။ Romherက အချစ်ရဲ့လေးရာသီကို တင်ဆက်ပြတဲ့နေရာမှာ ရိုမန့်တစ်ဆန်တဲ့အနေအထားကိုတော့ တွေ့ရမှာမဟုတ်ဘူး။ လက်တွေ့ကျသည်ထက် ကျအောင်ပဲ…

  • The Haunting 2

    The Haunting 2

    The Haunting 2 (2023) အလင်းကမ္ဘာရဲ့အမှောင်ထု အိမ်ယာမြေအကျိုးဆောင်က “ကျန်းရှို့”ဆိုသူဟာ “လီလိရာ”ဆိုသူကို’ရှောင်ယန်လုံ’လို့ခေါ်တဲ့နှစ်ထပ်အိမ်လေးတစ်လုံး ငှားပေးခဲ့ပါတယ်။ “လီလိရာ”ဟာ တိုက်ခန်းငှားပြီး မကြာခင်မှာပဲ စိတ်ကစဉ့်ကလျားဖြစ်ကြောင်းကြားပြီး သွားကြည့်ခဲ့ရာမှာ ကျိန်စာတိုက်ပြီး ကိုယ့်ကိုယ်ကိုသတ်သေသွားပါတော့တယ်။ သို့သော်ရိုးရှင်းတဲ့ သာမာန်သေဆုံးမှုတော့ မဟုတ်ခဲ့ပါဘူး။ -ဒီနှစ်ထပ်အိမ်လေးနောက်ကွယ်မှာရော ဘယ်လိုရာဇဝင်တွေရှိနေမလဲ? အလင်းရောင်တံတိုင်းခြားထားတဲ့အမှောင်ထုကို သူတို့တွေဘယ်လိုရှာဖွေ‌သွားမလဲဆိုတာကို… “အလင်းကမ္ဘာရဲ့အမှောင်ထု”ဆိုတဲ့ ဒီရုပ်ရှင်ဇာတ်ကားလေးမှာ စိတ်ဝင်စားစွာနဲ့ ဖြစ်ရပ်တွေရဲ့သမိုင်းကြောင်းဇစ်မြစ်တွေကို ခန့်မှန်းရင်း ထိုင်းနိုင်ငံရဲ့အငွေ့အသက်တွေနဲ့အတူ ကြည့်ရှုရမှာပဲဖြစ်ပါတယ်။