Author: Baby Yit Lone
-

Arasayyana Prema Prasanga
Arasayyana Prema Prasanga (2026) အချစ်စစ် ဇာတ်လမ်းရဲ့ အဓိကဇာတ်ဆောင် အာရ်ဆေရက ရိုးသားဖြူစင်လွန်းတဲ့ လူငယ်တစ်ယောက်ဖြစ်ပြီး သူ့ရဲ့ တစ်ခုတည်းသော ဆန္ဒကတော့ စစ်မှန်တဲ့ အချစ်နဲ့ နွေးထွေးတဲ့ မိသားစုဘဝလေးတစ်ခုကို ပိုင်ဆိုင်ခွင့်ရဖို့ပါ။ ဒါပေမယ့် ဒီကနေ့ခေတ်လို ရှုပ်ထွေးလှတဲ့ လောကကြီးထဲမှာ သူ့လို ရိုးသားလွန်းတဲ့ သူတစ်ယောက်အတွက် အချစ်ကို ရှာဖွေရတာဟာ ထင်သလောက် မလွယ်ကူခဲ့ပါဘူး။ သူ့ရဲ့ အချစ်ရှာပုံတော်ခရီးစဉ်မှာ မထင်မှတ်ထားတဲ့ အလွဲအချော်တွေ၊ ရယ်မောစရာဖြစ်ရပ်တွေနဲ့အတူ လူသားတွေရဲ့ စိတ်နေစိတ်ထား အမျိုးမျိုးကို ရင်ဆိုင်ကျော်ဖြတ်သွားပုံကို ဇာတ်လမ်းထဲမှာ ပေါ့ပေါ့ပါးပါး မြင်တွေ့ရမှာပါ။ တစ်ဖက်မှာလည်း မိသားစုအပေါ် ထားရှိတဲ့ သူ့ရဲ့ သံယောဇဉ်နဲ့ အခက်အခဲတွေကြားက ရုန်းကန်မှုကို စိတ်လှုပ်ရှားဖွယ် တွေ့မြင်ရဦးမှာ ဖြစ်ပါတယ်။ စစ်မှန်တဲ့ မေတ္တာကို ရှာဖွေနေတဲ့ Arasayya…
-

A Man & a Woman
A Man & a Woman (2016) ဒီတစ်ခါမိတ်ဆက်ပေးမဲ့ ဇာတ်ကားလေးကတော့ 2016 ခုနှစ်က ထွက်ရှိခဲ့ပြီး IMDb rating 6.7 ရရှိထားတဲ့ အိမ်ထောင်ရေး ဒရာမာဇာတ်ကားလေးဖြစ်ပါတယ် ။ (အိမ်ထောင်ရေးကားမို့လို့ ၁၈+ ဇာတ်ဝင်ခန်းတချို့ ပါဝင်တာကြောင့် မိသားစုနဲ့အတူ ကြည့်ရှုရန် မသင့်တော်ပါဘူး) Castတွေအနေနဲ့ကတော့ Goblin နဲ့ Train to Busan စတဲ့ ဇာတ်လမ်းတွဲတွေထဲက မင်းသားချော Gong Yoo နဲ့ The Price of Confession ထဲက မင်းသမီး Jeon Do-yeon တို့က ပါဝင်သရုပ်ဆောင်ထားပါတယ် ။ ဇာတ်လမ်းအညွှန်း အီဆန်းမင်(Jeon Do-yeon)ဟာ ဖက်ရှင်လုပ်ငန်းကို အစ်မဖြစ်သူနဲ့အတူလုပ်ကိုင်ရင်း တစ်ဖက်မှာလည်း အော်တစ်ဇင်ရောဂါခံစားနေရတဲ့…
-

Athena: Goddess of War
Athena: Goddess of War (2011) အက်ရှင်ကားကောင်းကောင်းလေးတွေကို ကြိုက်ကြတဲ့ ပရိသတ်တွေအတွက် 2009 ခုနှစ်က ထွက်ရှိထားတဲ့ Iris ဇာတ်လမ်းတွဲလေးရဲ့ spin off ဖြစ်တဲ့ Athena: Goddess of War ဆိုတဲ့ Action, Thriller, Romance အမျိုးအစား ဇာတ်ကားလေးကို တင်ဆက်ပေးချင်ပါတယ် .. မင်းသား Jung Woo Sung, မင်းသမီး Park Soo Ae, မင်းသမီး Lee Ji Ah, မင်းသား Cha Seung Won, မင်းသား Kim Min Jong, Super Junior အဖွဲ့ဝင် Choi Si Won တို့က…
-

Nimbiya Banada Myaga Page 1
Nimbiya Banada Myaga – Page 1 (2025) အတိတ်ခြေရာ မိခင်နှင့်သားကြားက သံယောဇဉ်ကို အခြေခံပြီး လျှို့ဝှက်ဆန်းကြယ်မှုတွေနဲ့ ပေါင်းစပ်တင်ဆက်ထားတဲ့ ကန်နာဒါစကားပြော သည်းထိတ်ရင်ဖိုဒရာမာရုပ်ရှင်ကောင်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းကတော့ မာလ်နတ်ဒ်ဒေသမှာရှိတဲ့ရွာတစ်ရွာမှာ အစပျိုးထားတာပါ။ မြေရှင်သူဌေးကတော် ဗာရာလက်ရှ်မီးဟာ ခင်ပွန်းဖြစ်သူ မြေရှင်သူဌေးရဲ့ ထူးဆန်းတဲ့ ေသဆုံးမှုအပြီးမှာ သားဖြစ်သူ အာချာနာကိုပါ ထပ်မံဆုံးရှုံးလိုက်ရပါတယ်။ သူတို့ရဲ့ သစ္စာရှိအစေခံတစ်ဦးရဲ့စောင့်ရှောက်မှုအောက်မှာ လူမမယ်အရွယ် သားဖြစ်သူဟာ ပျောက်ဆုံးသွားခဲ့တာပါ။ နှစ်ပေါင်း ၂၅ နှစ်ကြာပြီးနောက်မှာ မြို့ပေါ်ကိုရောက်နေတယ်လို့ပြောတဲ့ သူတို့ရဲ့သားဖြစ်သူ အာချာနာ ပြန်ရောက်လာတဲ့အခါမှာတော့ အတိတ်က မြှုပ်နှံထားခဲ့တဲ့ လျှို့ဝှက်ချက်တွေ၊ မိသားစုတွင်းက ကလဲ့စားချေမှုတွေနဲ့ သံယောဇဉ်ဇာတ်လမ်းတွေ တဖန်ပြန်လည်အသက်ဝင်လာပါတော့တယ်။
-

My Love Story with Yamada-kun at Lv999
My Love Story with Yamada-kun at Lv999 (2025) မင်းသားချော Ryûto Sakuma နဲ့ အလှလေး Mizuki Yamashita တို့ အဓိက ပါဝင်သရုပ်ဆောင်ထားတဲ့ ဒီဇာတ်ကားလေးကတော့ နာမည်ကြီး မန်ဂါစီးရီးကို ပြန်လည်အသက်သွင်းထားတဲ့ အွန်လိုင်းဂိမ်းအခြေခံ Rom-Com မနဲ့မောင် ဂျပန်အချစ်ဇာတ်လမ်းလေး ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း အွန်လိုင်းဂိမ်းကစားရင်း ချစ်သူရထားတဲ့ အာကာ့နဲဟာ ရုတ်တရက် လမ်းခွဲခြင်းခံလိုက်တဲ့အတွက် ဒေါသထွက်ပြီး စိတ်ထွက်ပေါက်အနေနဲ့ပဲ ဂိမ်းကစားနေရင်းကနေ Guild ဆိုတဲ့ စကားပြောခန်းထဲ မထင်မှတ်ဘဲ ရောက်သွားက လူမှုဆက်ဆံရေးညံ့တဲ့ ယာမာဒါဆိုတဲ့ နာမည်နဲ့ ကစားသူကို ဘုဘောက်တွေ ပွားမိပါတော့တယ်။ အဲဒီနောက်မှာ အာကာ့နဲဟာ ရည်းစားဟောင်းကို လက်စားချေမယ့်အကြံနဲ့ ဂိမ်းရဲ့တစ်နှစ်ပြည့်အခမ်းအနားကို သွားခဲ့ပေမဲ့လည်း ရည်းစားဟောင်းကို ချစ်သူအသစ်နဲ့…