Author: Baby Yit Lone
-

ပုလောနယ် ထမင်းမစားရွာတပ်စခန်း KNLA ပူးပေါင်းတပ်သိမ်းပိုက်
စစ်တပ်အင်အား ၄၀ ခန့်တပ်စွဲထားသည့် ပုလောနယ် ထမင်းမစားရွာတပ်စခန်း KNLA ပူးပေါင်းတပ်သိမ်းပိုက် စစ်ကောင်စီတပ်သေဆုံးမှုရှိပြီး လက်နက်ခဲယမ်းများရ ကရင်အမျိုးသားအစည်းအရုံး(KNU)၊မြိတ်-ထားဝယ်ခရိုင် တပ်မဟာ (၄)နယ်မြေ ပုလော (လယ်မူလား)မြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းတခုကို ယနေ့ (စက်တင်ဘာ ၈ ရက်) နံနက်တွင် သိမ်းပိုက်နိုင်ခဲ့ကြောင်း KNU ဗဟိုက သတင်းထုတ်ပြန်သည်။ စက်တင်ဘာ ၈ ရက် နံနက် ၇ နာရီခန့်တွင် ပုလောမြို့နယ် ထမင်းမစားရွာအတွင်း တပ်စွဲထားသော အာဏာသိမ်းစစ်တပ်စခန်းကို KNU၏ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)၊ တပ်မဟာ(၄) လက်အောက်ခံ KNDO တပ်ရင်း(၇)၊ တပ်ခွဲ(၂)၊ တပ်ခွဲ(၅)၊ KNLA အထူးတပ်ဖွဲ၊ ပလောပြည်သူ့ကာကွယ်ရေးတပ်ဖွဲနှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲများတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ဟုဆိုသည်။ “ထမင်းမစားရွာက ထားဝယ်နဲ့ ဘိတ်ရဲ့အမှတ်(၈)လမ်းမကြီးပေါ်မှာတည်ရှိတဲ့ရွာပေါ့နော်။၂၀၂၁ ကတည်းကတပ်စွဲထားတာ။ စာသင်ကျောင်းထဲမှာလည်းရှိတယ်။ ကုန်းတကုန်းကြီးတယ် တပ်စွဲထားတာ။ အမှတ်(၁၂) တိုင်းဗဟိုရဲ့…
-

မန္တလေးတွင် Tiktok ကစားသည့် ကိုယ်တော်တပါးကို ယနေ့တွင် ကျောင်းတိုက်အရောက် သွားရောက်အရေးယူ
မန္တလေးမြို့တွင် Tiktok ကစားသည့် ကိုယ်တော်တဦးကို ယနေ့ စက်တင်ဘာ ၈ ရက်တွင် သွားရောက်ဖမ်းဆီး၍ လူဝတ်လဲစေကာ အရေးယူထားကြောင်း ချမ်းအေးသာစံမြို့နယ်၊ သာသနာတော်ထိန်းသိမ်းရေးအဖွဲ့မှ သိရသည်။ ကိုယ်တော်တပါးသည် Tik Tok တွင် သီချင်းများဖြင့် ဆော့ကစားနေကြောင်း သက်ဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များက ချမ်းအေးသာစံမြို့နယ် သံဃနာယကအဖွဲ့ထံ တင်ပြတိုင်ကြား လျှောက်ထားမှုကြောင့် ယနေ့ မြို့နယ်သံဃနာယကအဖွဲ့ ဥက္ကဋ္ဌဆရာတော်၊ သာ/ထိန်းအဖွဲ့ဆရာတော်များ၊ ခရိုင်သာသနာရေးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ နယ်မြေခံ တာဝန်ရှိပုဂ္ဂိုလ်များ လိုက်ပါလျက် အဆိုပါ Tik Tok ဆော့ကစားသည့် ကိုယ်တော်နေထိုင်ရာ ကျောင်းတိုက်အတွင်းရှိ ကျောင်းသို့ သွားရောက်ခဲ့ကြပါသည်။ Tik Tok ဆော့ကစားသည့်ကိုယ်တော်ကို Tik Tok ဆော့ကစားနေစဉ် တွေ့ရှိရ၍ လူဝတ်လဲစေပြီး ဥပဒေအရ အရေးယူနိုင်ရန် သက်ဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များက…
-

ပဲခူးတိုင်းမှာ ခရီးသွားတွေကို အဓိကထား ပေါ်တာဆွဲဖမ်းဆီးနေ
ပဲခူးတိုင်းမှာ ခရီးသွားတွေကို အဓိကထား ပေါ်တာဆွဲဖမ်းဆီးနေပြီး ပဲခူးတိုင်းမှတ်ပုံတင်ကိုင်ထားသူနဲ့ လူစားထိုးနိုင်တယ်လို့ သိရ ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့မှာ စက်တင်ဘာလ ၇ ရက်နေ့က ရန်ကုန် – ပြည် ကားလမ်းမပေါ်မှာ ဆိုင်ကယ် စီးလာတဲ့ လူငယ်တဦးကို စစ်ကော်မရှင်လက်အောက်ခံ ရဲ တွေက စစ်မှုထမ်းဖို့ ပေါ်တာဆွဲထားတဲ့အပြင် ကြိုပင်ကောက်မြို့က ရန်ကုန်ကို အလုပ်လုပ်ဖို့သွားတဲ့ လူငယ်စုံတွဲတတွဲကိုလည်း ကားပေါ်က ဆွဲချကာ ကောင်လေးကို စစ်မှုထမ်းဖို့ ဖမ်းခေါ်သွားတယ်လို့ သိရပါတယ်။ ပဲခူးတိုင်းထဲက ပြည်ခရိုင် နဲ့ သာယာ၀တီခရိုင်က မြို့နယ်တွေမှာ အခုရက်ထဲ ခရီးသွားတွေကို အဓိကထား ပေါ်တာဆွဲနေတာဖြစ်ပြီး စစ်ဆေးရေးဂိတ်တွေကို ဖြတ်တိုင်း ပေါ်တာဆွဲထားတာကြောင့် ပြည်သူတွေစိုးရိမ်နေကြရတယ်လို့ သိရပါတယ်။ ” ကြိုပင်ကောက်က ကောင်လေးနဲ့ကောင်မလေးကို အုတ်ဖိုတာဆုံ စစ်ဆေးရေးဂိတ်မှာ သူတို့…
-

ပြည်သူ့ခုခံစစ် ကာလအတွင်း အကြမ်းဖက်စစ်အုပ်စုရဲ့ စစ်လေယာဉ် နဲ့ ရဟတ်ယာဉ် အစီးရေ ၂၀ အထိ ပစ်ချခံရတာ ၊ ပျက်စီးတာ ဖြစ်ခဲ့
ပြည်သူ့ခုခံတွန်းလှန်စစ်ကာလအတွင်း အကြမ်းဖက်စစ်အုပ်စု က တပ်ဖွဲ့ဝင် ၆ သောင်းကျော်သေဆုံး ပြည်သူ့ခုခံတွန်းလှန်စစ် ၄ နှစ်တာကာလအတွင်းမှာ အကြမ်းဖက်စစ်အုပ်စုရဲ့ စစ်လေယာဉ် နဲ့ ရဟတ်ယာဉ် အစီးရေ ၂၀ အထိ ပစ်ချခံရတာ နဲ့ ပျက်စီးတာတွေ ဖြစ်ပွားခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ၊ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ တော်လှန်ရေးတပ်တွေ ပစ်ချလိုက်တဲ့ စစ်လေယာဉ် နဲ့ ရဟတ်ယာဉ် က အစီးရေ ၁၁ စီး ရှိပြီးတော့ ပျက်စီးသွားတာက ၉ စီး ရှိတယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။ ပစ်ချခံရတာတွေက ၂၀၂၁ ခုနှစ် မေ ၃ ရက် က ကချင်ပြည်နယ် မိုးမောက်မြို့နယ် မှာ Mi-35P Helicopter (ကိုယ်ထည်နံပတ်…
-

တိုက်ပွဲအတွင်း သေဆုံးလျှင် နာရေးစရိတ်နှင့် သက်စွန့် ဂုဏ်ပြု မှတ်တမ်းလွှာ စစ်ရုံးက ချက်ချင်းထုတ်ပေး
ဗိုလ်မှူးအဆင့်နှင့်အထက် စစ်အရာရှိများ တိုက်ပွဲအတွင်း သေဆုံးလျှင် နာရေးစရိတ်နှင့် သက်စွန့် ဂုဏ်ပြု မှတ်တမ်းလွှာ စစ်ရုံးက ချက်ချင်းထုတ်ပေးပြီး ၃ လအတွင်း ခံစားခွင့်များ ထုတ်ပေး တပ်သားမှ ဗိုလ်ကြီးအဆင့်အထိသေဆုံးမှုကိုမူ အလောင်းရရှိမှုအပေါ် မူတည် ခံစားခွင့်ပေးပြီး အလောင်းမပြနိုင်လျှင် မည်သည့်ခံစားခွင့်မှ အလွယ်တကူ မရ အကြမ်းဖက်စစ်တပ်တွင် တာဝန်ထမ်းဆောင်နေသော ဗိုလ်မှူးအဆင့်နှင့်အထက် စစ်အရာရှိများ တိုက်ပွဲအတွင်း သေဆုံးလျှင် နာရေးစရိတ်နှင့် သက်စွန့် ဂုဏ်ပြု မှတ်တမ်းလွှာ ချက်ချင်းထုတ်ပေးပြီး အသက်အာမခံလျှော်ကြေး၊ ပင်စင် အပါအဝင် ခံစားခွင့်များကို ၃ လအတွင်း ရရှိရေး ဆောင်ရွက်ပေးကြောင်း နေပြည်တော် စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။ အကြမ်းဖက်စစ်တပ်က တိုက်ပွဲအတွင်း သေဆုံးသွားသော စစ်သားများစွာအနက်မှ ဒုတပ်ရင်းမှူး ဗိုလ်မှူး အဆင့်မှ စတင်၍ သက်စွန့်ဂုဏ်ပြုလွှာထုတ်ပေးခြင်း၊ နာရေးစရိတ်အဖြစ်…