ပြည်သူ့ခုခံတွန်းလှန်စစ်ကာလအတွင်း အကြမ်းဖက်စစ်အုပ်စု က တပ်ဖွဲ့ဝင် ၆ သောင်းကျော်သေဆုံး

ပြည်သူ့ခုခံတွန်းလှန်စစ် ၄ နှစ်တာကာလအတွင်းမှာ အကြမ်းဖက်စစ်အုပ်စုရဲ့ စစ်လေယာဉ် နဲ့ ရဟတ်ယာဉ် အစီးရေ ၂၀ အထိ ပစ်ချခံရတာ နဲ့ ပျက်စီးတာတွေ ဖြစ်ပွားခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ၊ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
တော်လှန်ရေးတပ်တွေ ပစ်ချလိုက်တဲ့ စစ်လေယာဉ် နဲ့ ရဟတ်ယာဉ် က အစီးရေ ၁၁ စီး ရှိပြီးတော့ ပျက်စီးသွားတာက ၉ စီး ရှိတယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

ပစ်ချခံရတာတွေက ၂၀၂၁ ခုနှစ် မေ ၃ ရက် က ကချင်ပြည်နယ် မိုးမောက်မြို့နယ် မှာ Mi-35P Helicopter (ကိုယ်ထည်နံပတ် 6815) ၊ ၂၀၂၃ ခုနှစ် ဇွန် ၃၀ ရက် က ကရင်နီပြည် ဘောလခဲမြို့နယ်မှာ K-8W Trainer/Aircraft (ကိုယ်ထည်နံပတ် 3935) ၊ ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၁ ရက် က ကရင်နီပြည် သံတောင်မြို့အနီးမှာ K-8W Trainer/Aircraft (ကိုယ်ထည်နံပတ် 3942) ၊ ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၃ ရက် က ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်မှာ Mi-17 Helicopter ၊ ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၁၆ ရက် က ရှမ်းပြည်နယ် ကွတ်ခိုင်မြို့နယ်မှာ FTC-2000G Aircraft (ကိုယ်ထည်နံပတ် 1405) ၊ ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၂၉ ရက် က ကရင်ပြည်နယ် မြဝတီမြို့နယ်မှာ AS-365 Helicopter ၊ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၃ ရက် က ချင်းပြည်နယ် ပလက်ဝမြို့နယ် Mi-17 Helicopter ၊ ၂၀၂၄ ခုနှစ် မေ ၆ ရက်က ကရင်နီပြည်နယ် ဘောလခဲမြို့နယ် Mi-17 Helicopter ၊ ၂၀၂၅ ခုနှစ် မေ ၂၀ ရက်က ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ Mi-17 Helicopter ၊ ၂၀၂၅ ခုနှစ် မေ ၂၁ ရက်က ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ Mi-17 Helicopter နဲ့ ၂၀၂၅ ခုနှစ် ဇွန် ၁၀ ရက်က စစ်ကိုင်းတိုင်း ၊ ပုလဲမြို့နယ်မှာ F-7 Fighter Aircraft (ကိုယ်ထည်နံပတ် 1677) ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

ပျက်စီးသွားတာတွေက ၂၀၂၁ ခုနှစ် ဇွန် ၁၀ ရက် က မန္တလေးတိုင်း ပြင်ဦးလွင်မြို့နယ်မှာ Beechcraft 1900 Aircraft (ကိုယ်ထည်နံပတ် 4610) ၊ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၁၆ ရက်က စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့နယ်မှာ A-5 Ground Attack Aircraft (ကိုယ်ထည်နံပတ် 1592) ၊ ၂၀၂၂ ခုနှစ် မတ် ၂၉ ရက်က ချင်းပြည်နယ် ဟားခါးမြို့ Mi-17 Helicopter ၊ ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၁၉ ရက်က တနင်္ဿာရီတိုင်း သရက်ချောင်းမြို့နယ်မှာ PT-6 Aircraft (ကိုယ်ထည်နံပတ် 2516 ) ၊ ၂၀၂၃ ခုနှစ် ဇွန် ၁၅ ရက်က နေပြည်တော် လယ်ဝေးမြို့နယ်မှာ H120 Helicopter ၊ ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၂၃ ရက်က အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်မှာ Shaanxi Y-8 Aircraft (ကိုယ်ထည်နံပတ် 5821) ၊ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၂၉ ရက်က မကွေးတိုင်း စလင်းမြို့နယ်မှာ MiG-29 Aircraft (ကိုယ်ထည်နံပတ် 2721) ၊ ၂၀၂၄ ခုနှစ် ဩဂုတ် ၂ ရက်က ရန်ကုန်တိုင်း မှော်ဘီမြို့နယ်မှာ AS 365 Helicopter နဲ့ ၂၀၂၅ ခုနှစ် ဇူလိုင် ၂ ရက်မှာ ကရင်နီပြည် ဖားဆောင်းမြို့နယ်မှာ FTC-2000G Aircraft (ကိုယ်ထည်နံပတ် 1409) ဖြစ်တယ်လို့ ဖော်ပြထားတာတွေ့ရပါတယ်။

ဒါအပြင် နိုင်ငံတဝန်းမှာ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ တိုက်ခိုက်မှုကြောင့် ၂၀၂၄ ခုနှစ်ကုန်အထိ အကြမ်းဖက်စစ်အုပ်စုရဲ့ တိုင်းစစ်ဌာနချုပ် ၂ ခု ၊ ဒကစ ဌာနချုပ် ၁ ခု ၊ စကခ ဌာနချုပ် ၅ ခု ၊ စစ်ဗျူဟာ အခြေချစခန်း ၆ ခု ၊ လေတပ်ဆွယ်၂ ခု ၊ တိုက်ခိုက်ရေး နောက်တန်းစခန်း ၈၆ ခု ၊ လက်ရုံး နောက်တန်းစခန်း ၅၄ ခု ၊ နယ်ခြားစောင့်စခန်း ၁၇ ခု စုစုပေါင်း အခြေစိုက်စခန်း ၁၇၃ ခု ကို သိမ်းပိုက်နိုင်ခဲ့တာပါ။

၂၀၂၅ ခုနှစ်ကနေ ဒီနေ့အချိန်ထိ အကြမ်းဖက်စစ်တပ်ရဲ့ နောက်တန်း တပ်ရင်းဌာနချုပ် ၁၀ ခုကို တော်လှန်ရေးတပ်တွေက သိမ်းပိုက်ထားနိုင်ပါတယ်။

ပြည်သူ့ခုခံတွန်းလှန်စစ်ကာလအတွင်း အကြမ်းဖက်စစ်အုပ်စု ဩဇာခံ စစ်သား ၊ ရဲ နဲ့ နယ်ခြားစောင့် တပ်ဖွဲ့ဝင်သေဆုံးမှုက ၆၀၃၃၁ ဦး ရှိပြီး ထိခိုက်ဒဏ်ရာရသူ ၂၆၉၀၅ ရှိတယ်လို့ ကာကွယ်ရေးဝန်ကြီး ဌာနက ထုတ်ပြန်ထားပါတယ်။


Leave a Reply