Author: Baby Yit Lone
-

ဗန်းမော်တိုက်ပွဲမှာ မင်းကင်း PDF ဒု-တပ်ရင်းမှူးအပါ ၁၄ ဦးကျဆုံးခဲ့
ကချင်ပြည်နယ် ဗန်းမော်မြို့သိမ်းတိုက်ပွဲတွင် ပါဝင်တိုက်ခိုက်ခဲ့သည့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ရင်း အမှတ်(၃)မှ ဒု−တပ်ရင်းမှူးနှင့် တပ်ဖွဲ့ဝင် ၁၄ ဦး သေဆုံးခဲ့ကြောင်း အဆိုပါတပ်ဖွဲ့မှ သိရသည်။ ဗန်းမော်မြို့သိမ်းတိုက်ပွဲတွင် ပြည်သူ့ကာကွယ်ရေးတပ်ရင်း အမှတ်(၃)မှ တပ်ဖွဲ့ဝင်အင်အား ၁၀၀ ကျော်ဖြင့် ဧပြီလတွင် စတင်ပါဝင်တိုက်ခိုက်ခဲ့သည်။ အောက်တိုဘာလကုန်ပိုင်းအထိ ခြောက်လကျော် တိုက်ပွဲကာလအတွင်း အဆိုပါတပ်ရင်း၏ ဒု−တပ်ရင်းမှူး၊ တပ်စိတ်မှူး၊ တပ်စုမှူးအပါအဝင် ရဲဘော်များ သေဆုံးခဲ့ခြင်းဖြစ်သည်။ ဒုတပ်ရင်းမှူးနှင့် ရဲဘော်တစ်ဦးသည် အောက်တိုဘာလဆန်းပိုင်းတွင် ဗန်းမော်မြို့ထဲသို့ တပ်ဖွဲ့ဝင်များကို စစ်ဆေးရန်သွားချိန် စစ်ကော်မရှင်တပ်နှင့် ထိပ်တိုက်တွေ့ပြီး ပစ်ခတ်မှုတွင် ကျဆုံးခဲ့ခြင်းဖြစ်ကြောင်း အဆိုပါ တပ်မှသိရသည်။ အသက် ၃၆ နှစ်အရွယ် ဒုတပ်ရင်းမှူးသည် အားကစားနှင့် ကာယပညာဦးစီးဌာနမှ CDM ဝန်ထမ်း တစ်ဦးဖြစ်ပြီး…
-

မိုးကုတ်မြို့အရေးနှင့် မဟာမိတ်ကွဲပြားမှုအခြေအနေ
မိုးကုတ်မြို့ကိစ္စက မြေပြင်မှာ အခုတလော အရမ်းရှုပ်ထွေးပြီး ပြောင်းလဲ နေပါတယ်။ နောက်ဆုံး သတင်းတွေအရ TNLA က အကြမ်းဖက် စစ်တပ်နဲ့ တရုတ် ကြားဝင်စေ့စပ်တဲ့ အပစ်ရပ်ကို သဘောတူလိုက်တယ်။ ဒါကြောင့် မိုးကုတ်နဲ့ မိုးမိတ်ကနေ တပ်တွေကို ဆုတ်ဖို့ သူတို့ သဘောတူခဲ့တယ်။ မိုးကုတ်ကို TNLA နဲ့ ပူးပေါင်းတိုက်ခိုက် သိမ်းပိုက်ခဲ့တဲ့ ဒေသခံ PDF အဖွဲ့တွေကတော့ TNLA ဆုတ်သွားပေမယ့် မြို့ကို ဆက်ပြီး ကာကွယ်သွားမယ်၊ ထိန်းချုပ်ထားမယ် လို့ တရားဝင် ပြောထားတယ်။ တချို့သတင်းတွေမှာဆို TNLA ထွက်သွားတဲ့နေရာတွေကို PDF တွေက ဝင်ပြီး နေရာယူထားတယ်လို့ သိရတယ်။ အရေးကြီးဆုံးက TNLA ရဲ့ သဘောတူညီချက်ထဲမှာ သူတို့ ဆုတ်ခွာချိန်မှာ စစ်ကောင်စီတပ်တွေကို…
-

ပခုက္ကူနည်းပညာတက္ကသိုလ်ရဲ့ တာဝန်ခံကျောင်းအုပ်ကြီး အပါအဝင် လေးယောက်ကို လက်နက်ကိုင်တပ်ဖွဲ့တခုက ဖမ်းဆီးသွား
ပခုက္ကူနည်းပညာတက္ကသိုလ်ရဲ့ တာဝန်ခံကျောင်းအုပ်ကြီး အပါအဝင် လေးယောက်ကို လက်နက်ကိုင်တပ်ဖွဲ့တခုက ဖမ်းဆီးသွား မကွေးတိုင်း ပခုက္ကူနည်းပညာတက္ကသိုလ်က တာဝန်ခံကျောင်းအုပ်ကြီး အပါအဝင် လေးယောက်ကို လက်နက်ကိုင်တပ်ဖွဲ့တခုက ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။ ဖမ်းဆီးခံရသူတွေကတော့ ပခုက္ကူနည်းပညာတက္ကသိုလ် တာဝန်ခံကျောင်းအုပ်ကြီး ဒေါက်တာ မြမြမွှေး နဲ့ ခင်ပွန်းဖြစ်သူ ဦးသက်ကိုမောင် ၊ နည်းပညာတက္ကသိုလ် အမှုတွဲထိန်းဖြစ်သူ ဦးသန်းလွင် နဲ့ တူတော်စပ်သူ ကိုမင်းကိုချစ် ဆိုသူတို့ ဖြစ်ကြောင်း သိရပါတယ်။ နိုဝင်ဘာ ၁၈ ရက်နေ့က ပခုက္ကူခရိုင် စီမံခန့်ခွဲရေးနဲ့ အုပ်ချုပ်ရေးကော်မတီရုံးမှာ ပြုလုပ်တဲ့ အစည်းအဝေးပွဲကို တက်ရောက်ပြီးနောက် ရေစကြိုမြို့ကို ကားနဲ့ပြန်လာစဥ် လမ်းမှာ လက်နက်ကိုင်အဖွဲ့ တခုက ဖမ်းဆီးသွားတာ ဖြစ်ကြောင်း ၊ ဖမ်းဆီးခံရပြီးကတည်းက အဆက်အသွယ် ပြတ်တောက်နေတယ်လို့ သိရပါတယ်။ ” သူတို့စီးသွားတဲ့…
-

KIO ဗိုလ်သင်တန်းကျောင်းမှာ ကျဆုံးခဲ့ရတဲ့ ဗိုလ်လောင်းတွေရဲ့ (၁၁) နှစ်မြောက်နေ့မှာ AA ရဲ့ တပ်စခန်းတွေအားလုံးမှာ အောင်လံတဝက်လွှင့်ထူ
KIO ဗိုလ်သင်တန်းကျောင်းမှာ ကျဆုံးခဲ့ရတဲ့ ဗိုလ်လောင်းတွေရဲ့ (၁၁) နှစ်မြောက်နေ့မှာ AA ရဲ့ တပ်စခန်းတွေအားလုံးမှာ အောင်လံတဝက်လွှင့်ထူ ဒီကနေ့ နိုဝင်ဘာ ၁၉ ရက်နေ့ဟာ အာရက္ခတပ်တော် ( AA) ရဲ့ ဗိုလ်လောင်း ၈ ဦးအပါအဝင် တိုင်းရင်းသား တော်လှန်ရေး လက်နက်ကိုင် အဖွဲ့အစည်းအချို့က ဗိုလ်လောင်း (၂၃) ဦး ကျဆုံးခဲ့ရတဲံ့ နေ့ဖြစ်ပါတယ်။ ဒီနေ့မှာ ကျဆုံးခဲ့ရတဲ့ ဗိုလ်လောင်းတွေကို ဝမ်းနည်းအောက်မေ့ဖွယ် အထိမ်းအမှတ်အနေနဲ့ အာရက္ခတပ်တော်ရဲ့ စစ်ဒေသအသီးသီးမှာ တပ်တော်ရဲ့ အောင်လံတွေကို တဝက်လွှင့်တင်ခဲ့ကြတယ်လို့ ဒီကနေ့ “ ၁၉/၁၁ – ဇာခါလေ့သင့် မမိပါ” ဆိုတဲ့ ရခိုင်ဘာသာစကားနဲ့ ထုတ်ပြန်တဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။ ဒီဗိုလ်လောင်းတွေဟာ KIO/KIA ဝေကြိုင်ဘွမ် ဗိုလ်သင်တန်းကျောင်းမှာ…
-

ရွှေကုက္ကိုလ်မှ စက်ပစ္စည်းမှန်သမျှ လက်စဖျောက် ဖျက်ဆီးရန် စိုးဝင်း အမိန့်ထုတ်
ရွှေကုက္ကိုလ်မှ အွန်လိုင်းကွန်ရက်နှင့်ပတ်သက်သည့် စက်ပစ္စည်းမှန်သမျှ လက်စဖျောက် ဖျက်ဆီးရန် စိုးဝင်း အမိန့်ထုတ် မြန်မာ စကစ ဒုခေါင်းဆောင် စိုးဝင်းက ရွှေကုက္ကိုလ်မြို့သစ်အား စီးနင်းထားပြီး ၎င်းတို့ စစ်တပ်အနေ ဖြင့် ကျားဖြန့်ကွန်ရက်နှင့်ပတ်သက်သော ပစ္စည်းမှန်သမျှ လက်စဖျောက် ဖျက်ဆီးရန် အမိန့်ထုတ်ထားကြောင်း ထိုင်း ThaiPBS North သတင်းက နိုဝင်ဘာ ၁၉ ရက် ညနေပိုင်းတွင် ရေးသားဖော်ပြခဲ့သည်။ သတင်းများအရ ရွှေကုက္ကိုလ်အား KK Park ကဲ့သလို့ ဒိုင်းနမိုက်များဖြင့် ဖောက်ခွဲဖျက်ဆီးမည်လားဟု ဒွိဟဖြစ်နေချိန် ထိုင်းသတင်းများအရ BGF ခေါင်းဆောင်များနှင့် စစ်ကောင်စီတို့ မြ၀တီတွင် ရွှေကုက္ကိုလ်အရေး ဆွေးနွေးမှု အဆင်မပြေမှုများရှိသည်ဟုလည်း ဖော်ပြနေကြသည်။ ThaiPBS North ၏ ဖော်ပြမှုတွင် DKBA နှင့် BGF တပ်များသည်…