Author: Baby Yit Lone
-

မနက်ကမှ ချစ်သူဆီက Surprise လက်ဆောင်ရပြီး ပျော်နေခဲ့ရှာတဲ့ ညီမလေး… ညနေပိုင်းမှာတော့ မမျှော်လင့်ဘဲ လူလောကထဲကနေ အပြီးအပိုင် ထွက်ခွာသွားခဲ့ရပြီ
မနက်ကမှ ချစ်သူဆီက Surprise လက်ဆောင်ရပြီး ပျော်နေခဲ့ရှာတဲ့ ညီမလေး… ညနေပိုင်းမှာတော့ မမျှော်လင့်ဘဲ လူလောကထဲကနေ အပြီးအပိုင် ထွက်ခွာသွားခဲ့ရပြီ (ရင်ကွဲစရာ ဖြစ်ရပ်မှန်) ဒီနေ့ဟာ ချစ်သူများနေ့ဆိုပေမယ့်… ချစ်သူကောင်လေးနဲ့ ကျန်ရစ်သူမိသားစုအတွက်တော့ အဆွေးရဆုံးနေ့တစ်နေ့ ဖြစ်သွားခဲ့ရပါပြီ။ ဖြစ်စဉ်အစ… မနေ့က (ဖေဖော်ဝါရီ ၁၃) ရက်၊ မနက်ပိုင်းမှာ ချစ်သူကောင်လေး စီစဉ်ပေးတဲ့ Valentine’s Day အကြို Surprise လက်ဆောင် (ပန်းစည်း၊ ချော့ကလက်နဲ့ မုန့်ဖိုး) လေးကို လက်ခံရရှိခဲ့ပါတယ်။ ညီမလေးခမျာ ချစ်သူရဲ့ ဂရုစိုက်မှုကြောင့် တကယ်ကို ဝမ်းသာပျော်ရွှင်ပြီး ကြည်နူးနေခဲ့တာပါ။ မမျှော်လင့်တဲ့ ကံတရား… ဒါပေမဲ့ ညနေပိုင်း အလုပ်ဆင်းချိန်မှာတော့ ကံကြမ္မာက မျက်နှာသာမပေးခဲ့ပါဘူး။ ညီမလေးဟာ ပုံမှန်လို လာမကြိုဖြစ်တာကြောင့် အိမ်ကို လမ်းလျှောက်ပြန်လာရာကနေ…
-

ပုဇွန်တောင် ဓားစန်းရီအား ကျူချောင်သုဿန်၌ ယနေ့ သင်္ဂြိုဟ်
နိုင်ငံတော်၏ မေ့လျှော့ခံခဲ့ရသူ ဓားစန်းရီကွယ်လွန်ပြီ ရန်ကုန်မြို့၊ လှည်းတန်းလမ်းဆုံ၏ ဖုန်ထူသော လမ်းဘေးတွင် အသက် ၈၇ နှစ်အရွယ် ယောဂီဝတ် အမျိုးသမီးကြီးတစ်ဦးသည် တုန်ယင်နေသော လက်ဖြင့် တောင်ဝှေးကို အားပြုကာ ရပ်နေသည်။ သူမ၏ မျက်ဝန်းများက မှေးမှိန်နေသော်လည်း စကားပြောလျှင် ခိုင်မာပြတ်သားသည့် အသံက ရှိနေဆဲ။ သွားလေရာပါသော သူမ၏ အနီရောင် ကချင်လွယ်အိတ်ထဲတွင် အရောင်လွင့်နေပြီဖြစ်သော “ဂုဏ်ပြုမှတ်တမ်းလွှာ” တစ်စောင် ရှိနေသည်။ ထိုစာရွက်ကလေးသည် သူမအား “ဓားစန်းရီ” ဟု ကမ္ဘာက သိစေခဲ့သည်။ ထို့ပြင် သူမကို နိုင်ငံတော်က ကူညီစောင့်ရှောက်ရန် ပျက်ကွက်ခဲ့ကြောင်း ပြသနိုင်သည့် တစ်ခုတည်းသော သက်သေပင် ဖြစ်သည်။ ဒေါ်စန်းရီ (ခေါ်) ဓားစန်းရီသည် ၁၉၈၃ ခုနှစ်၊ အာဇာနည်ဗိမာန် ဗုံးခွဲလုပ်ကြံမှု၏ တရားခံ…
-

ရန်ကုန်-မန္တလေးအမြန်လမ်း၌ ယာဉ်တိုက်မှု တစ်ဦးသေ၊ ၁၂ ဦးဒဏ်ရာရ
ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင်(၁၄၂) တွင် ယနေ့ (ဖေဖော်ဝါရီ ၁၄ ရက်) နံနက် ၁ နာရီ ၄၅ မိနစ်တွင် ယာဉ်တိုက်မှုဖြစ်ပွားခဲ့ပြီး အမျိုးသားတစ်ဦး သေဆုံးခဲ့ကာ ၁၂ ဦးဒဏ်ရာရရှိခဲ့ကြောင်းအမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့် ကြီးကြပ်ရေးအဖွဲ့မှသတင်းထုတ်ပြန်ထားသည်။ ဖြစ်စဉ်မှာ ရန်ကုန်မှ နေပြည်တော်သို့ မောင်းနှင်လာသော TOWNACE လိုက်ထရပ်အမျိုးအစား အဖြူရောင်ယာဉ်မှာ လက်ယာဘက်ယာဉ်ကြောအတိုင်း မောင်းနှင်နေစဉ် ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင်(၁၄၂/၁-၁၄၂/၂) ကြားအရောက်၌ လားရာတူ နောက်မှလိုက်ပါလာသည့် SUZUKI SOLIO အမျိုးအစားအဖြူရောင်ယာဉ်မှာ အရှိန်မထိန်းနိုင်ဘဲ နောက်ကဝင်တိုက်မိသဖြင့် TOWNACE လိုက်ထရပ်ယာဉ်မှာ လမ်းယာဘက် မြေသားလမ်းပေါ်သို့ ရောက်ရှိတိမ်းမှောက်ခဲ့ကြောင်းသိရသည်။ ” SUZUKI SOLIO ယာဉ်ကအရှိန်မထိန်းနိုင်ပဲ နောက်ကဝင်တိုက်တာပါ။ TOWNACE လိုက်ထရပ်ယာဉ်ကတော့ကား ပေါ်မှာအမျိုးသားက လေးဦး၊ အမျိုးသမီးကကိုးဦး စုစုပေါင်း ၁၃ ဦးလိုက်ပါလာတာပါ။…
-

ကွတ်ခိုင်ရှိ MNDAA အား TNLA ဖယ်ရှား
ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့ပေါ်တွင် တပ်စွဲထားသည့် မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (MNDAA)အား ပလောင် (တအာင်း)အမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)က ယမန်နေ့ညတွင် စီးနင်း ဖယ်ရှားခဲ့ကြောင်းနှင့် မြို့ခံများက တိုက်ပွဲဖြစ်ပွားလာမည်ကို စိုးရိပ်နေကြောင်း သိရသည်။ TNLA အုပ်ချုပ်ရေးယန္တရား လည်ပတ်နေသည့် ကွတ်ခိုင်မြို့ပေါ်ရှိ နေရာ ၅ ခု ထပ်မနည်းတွင် ကိုးကန့်တပ်က စောင့်ကြည့်ရေး CCTV တပ်ဆင်ခဲ့ရာမှ တင်းမာမှုဖြစ်ပွားခဲ့ပြီး MNDAA ၀င်ရောက်တပ်စွဲထားသည့် ကွတ်ခိုင် ပန်းခြံစျေး၊ ပြည်ထောင်စုခန်းမ၊ မိခင်နှင့်ကလေးရုံး၊ ဆောက်လုပ်ရေးရုံး၊ စိုက်ပျိုးရေးရုံး၊ အမှတ် (၃၊၅၊၆) ရပ်ကွက်ရုံးတို့ရှိ တပ်ဖွဲ့၀င် (၁၀၀)ခန့်အား မြို့ပြင်ရှိ နွားခြံသို့ TNLA ကားများဖြင့် ပို့ဆောင် ဖယ်ရှားခဲ့ကြောင်း သိရသည်။ ထို စီးနင်းမှုတွင် နှစ်ဖက်တပ်ဖွဲ့၀င်များအကြား အချင်းများကာ ထိုးကြိတ်သေနတ်ပစ်ခတ်မှုဖြစ်ခဲ့၍ နှစ်ဖက်…
-

နန်းထိုက်တော်ဝင် ယာဉ်မောင်းများ စစ်တပ်ဂိတ်နှင့်ပေါင်းပြီး ပေါ်တာဆွဲရာတွင် ပူးပေါင်းနေ
မကွေးတိုင်း၊ မင်းဘူးခရိုင်အတွင်း၊ စကု၊ လယ်ကိုင်း၊ ကျောင်းတော်ရာ၊ ပွင့်ဖြူ၊ ကုန်းဇောင်း၊ စလင်း၊ ဆင်ဖြူကျွန်း စသည့်မြို့များမှ ရန်ကုန်သွားသည့် ခရီးသည်တင် နန်းထိုက်တော်ဝင် ယာဉ်မောင်းများသည် ကံပြားရှိအာဏာသိမ်းစစ်တပ်ဂိတ်နှင့်ပေါင်းပြီး ခရီးသွား အမျိုးသားများကို အဓမ္မစစ်မှုထမ်း ပေါ်တာဆွဲနေကြောင်း မင်းဘူးခရိုင်ရှိပြည်သူများထံမှ သိရသည်။ ရန်ကုန်အလုပ်သွားမည့် လူငယ် (၁၁) ဦးကို ယာဉ်မောင်းများနှင့် ကံပြားရှိစစ်တပ်ဂိတ်တို့ ပူးပေါင်းပြီး ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ (၁၃) ရက်နေ့က အဓမ္မပေါ်တာဆွဲခဲ့ကြောင်း၊ စစ်မှုထမ်းကြောင်းပြ ပေါ်တာဆွဲခံရသူများကို တစ်ဦးလျှင် သိန်း ၁၅၀ ဖြင့်ရွေးရန် အသိပေးထားကြောင်း ပေါ်တာဆွဲခံရသည့် လူငယ် (၁၁) ဦးအကြောင်း သိရှိသူတစ်ဦးက ပြောပြသည်။ “နန်းထိုက်တော်ဝင်ကားနဲ့ရန်ကုန်တက်သွားတဲ့ ကလေး ၁၁ ယောက် ကံပြားစစ်ဆေးရေးဂိတ်မှာ ဆွဲခံရတယ်။ ကားသမားတွေနဲ့ စစ်တပ်…