Author: Baby Yit Lone
-

Sorority
Sorority (2025) အရင်က ဂျပန်ခေတ်။ ခုနောက်ပိုင်းတော့ ဖိလစ်ပိုင်ခေတ်ဗျာ။ ပုံမှန် မုန့်လင်မယားကြည့်ချင်လား.. နံပြားဖုတ်တာကြည့်ချင်လား.. ဒီတစ်ကားတည်းနဲ့ ပြည့်စုံစေရမယ်။ ကောင်မလေးတွေလည်း ချောမှချော။ ပေါပေါပဲပဲမဟုတ်ဘဲ တရားသူကြီးလောင်းလျာလေးတွေနော်။ စဉ်းစားနေရင်အချိန်ကုန်တယ်။ ဒေါင်းချလိုက်ရင် အားပါကုန်သွားစေရမယ့် Sorority…
-

10/Dance
10/Dance (2025) Cherry Magic ထဲက နာမည်ကြီး မင်းသားချော Keita Machida ပါဝင်ရိုက်ကူးထားတဲ့ BL Movie တစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ အမြဲချိုမြနေတဲ့ BoyLoveကားတွေကို ကြည့်ရင်း ငြီးငွေ့နေတဲ့ ပရိသတ်ကြီးအတွက် နယ်ပယ်အသစ်တစ်ခုကို ရောက်ရှိသွားသလို ခံစားရမှာပဲဖြစ်ပါတယ်။ Main Lead နှစ်ယောက်ရဲ့ Enemy to Lover Vibe ကိုသဘောကျတဲ့ ပရိသတ်ကြီးအတွက်လည်း ကောင်းမွန်တဲ့ ဇာတ်ကားတစ်ကားဖြစ်မှာ အသေအချာပါပဲ။ အညွှန်း (Synopsis) ဂျပန်နိုင်ငံရဲ့ လက်တင်အက ချန်ပီယံ ရှင်းယာဆုဇုခိ နဲ့ Ballroom အကချန်ပီယံ ရှင်းယာ ဆုဂိခိ တို့ဟာ နာမည်ကြီးအကသမားများ ဖြစ်ကြပါတယ်။ နာမည်တွေမှာ စာလုံးနှစ်လုံးသာ ကွဲပြားပေမဲ့ လုံးဝမတူညီတဲ့ အကအမျိုးအစားကို ကကြတဲ့ သူနှစ်ယောက်ပါ။…
-

Doti – Tumbal Ilmu Hitam
Doti – Tumbal Ilmu Hitam (2025) ဒိုတီ(Doti) ဆိုတာအင်ဒိုနီးရှားနိုင်ငံ ဆူလာဝေစီကျွန်းစုဘက်မှာရှိတဲ့ မာကတ်ဆာမျိုးနွယ်တွေရဲ့ယုံကြည်ချက်အရ ကြောက်စရာကောင်းလှတဲ့အောက်လမ်းအတတ်မျိုးဖြစ်ပြီးလူတစ်ဦးကိုအဝေးက ကျိန်စာတိုက်ရင်းကျိန်စာမိသူခန္ဓာကိုယ်ထဲကို ကင်းခြေများ၊အပ်တွေ၊ဖန်ကွဲစတွေပါရောက်ရှိသွားအောင်လုပ်နိုင်တယ်လို့ယုံကြည်ကြပါတယ်။ ဇာတ်လမ်းကိုတော့ ၉၀ နှစ်များဝန်းကျင်လျှို့ဝှက်ဆန်းကြယ်ဖြစ်ရပ်တွေနဲ့ပြည့်နှက်နေတဲ့ရွာတစ်ရွာမှာအခြေခံထားပါတယ်။ အဲ့ဒီရွာမှာထူးဆန်းပြီးကြောက်စရာကောင်းတဲ့သေဆုံးမှုတွေဆက်တိုက်ဖြစ်ပေါ်လာပြီး သေဆုံးသူတွေရဲ့ရုပ်အလောင်းတွေကလည်းဒိုတီ နဲ့အတိုက်ခံထားရတဲ့ လက္ခဏာတွေပေါ်ပေါက်နေပါတယ်။ ရွာသားတွေကတော့ ဒါဟာ သူတို့အစဉ်အလာ ဘိုးဘေးတွေကိုပူဇော်ခြင်းဓလေ့ကိုရပ်ပြီးဘုရားဘက်ကို စိတ်လည်လာအောင် ကျမ်းစာလာသင်ပေးတဲ့ ဘာသာရေးဆရာကြောင့်လို့မှန်းဆစွပ်စွဲကာ အဲ့ဒီဆရာဟာ ဒိုတီအောက်လမ်းဆရာတစ်ဦးပဲလို့စွပ်စွဲပြီး သူတို့ကိုယ်တိုင်တရားစီရင်ခဲ့ကြပါတော့တယ်။ နောက် ၁၅ နှစ်အကြာမှာတော့ အဲ့ဒီရွာကိုပြန်ရောက်လာတဲ့ လူငယ်တစ်ဦးနဲ့အတူ တစ်ချိန်ကဖြစ်ရပ်ဆိုးတွေ၊ သေဆုံးမှုတွေပါရွာဆီကိုတကျော့ပြန်ရောက်ရှိလာချိန်မှာတော့ ရွာသားတွေက အဲ့ဒီလူငယ်ဟာ တစ်ချိန်က မတရားစီရင်ခံခဲ့ရတဲ့ တရားဟောဆရာရဲ့သားဖြစ်ပြီးသူတို့ရွာကိုကလဲ့စားချေဖို့ပြန်ရောက်လာတာဖြစ်တယ်လို့ တစ်ထစ်ချသတ်မှတ်ပြီးထိပ်တိုက်တွေ့ကြပါတော့တယ်။ ၁၉၉၀ ဝန်းကျင်ကအင်ဒိုဟော်ရာရုပ်ရှင်တွေရဲ့အငွေ့အသက်တွေအပြည့်နဲ့ဖြစ်ပြီး အထူးပြုလုပ်ချက်၊ ဇာတ်လမ်းဖွဲ့စည်းပုံတွေကအစ အဲ့ဒီခေတ်ကာလအရိပ်တွေယှက်သမ်းနေတာတွေ့ရပါလိမ့်မယ်။
-

Merv
Merv (2025) ဇာတ်လမ်းက အန်နာနဲ့ရပ်စ် ဆိုတဲ့ စုံတွဲနှစ်ယောက် ကွဲသွားတဲ့အခါ သူတို့ရဲ့ချစ်ရတဲ့ခွေးလေး မာ့ဗ် စိတ်မကောင်းဖြစ်ရတာကနေ စပါတယ်။ မာ့ဗ်ကို ဂရုစိုက်ဖို့ သူတို့နှစ်ယောက် တစ်ပတ်တစ်လှည့်စနစ် နဲ့ နေရတော့တာပေါ့။ ခွေးလေးက စိတ်ဓာတ်ကျနေတာမြင်ရတော့ ရပ်စ်က မာ့ဗ်ကို ဖလော်ရီဒါက ခွေးတွေအတွက် အားလပ်ရက်စခန်း တစ်ခုဆီ ခေါ်သွားတယ်။ ဒါပေမဲ့ အန်နာကလည်း အဲဒီကိုရောက်လာတော့… မတွေ့ချင်ဘဲတွေ့၊ မဆုံချင်ဘဲဆုံဖြစ်ရင်းနဲ့ အတူတူအချိန်ကုန်ရ ပြန်ပါတယ်။ အဲဒီလိုအတူရှိနေရင်းကနေ အရင်က အချစ်တွေ၊ အမှားတွေကို ပြန်ပြောရင်းနဲ့ သူတို့နှစ်ယောက် ခံစားချက်တွေ ပြန်ပြီးရှင်သန်လာကြပါတော့တယ်။ ဇာတ်သိမ်းပိုင်းမှာတော့ ပြန်ပေါင်းပြီး ခရစ္စမတ်ကို အတူတူကျင်းပကြတဲ့အထိပါပဲ။ ခွေးလေးမာ့ဗ်က ဇာတ်ကားတစ်ခုလုံးရဲ့နှလုံးသားဖြစ်ပြီး ကြည့်ရတဲ့သူတိုင်း ချစ်သွားအောင် ဆွဲဆောင်ထားနိုင်ပါတယ်။ အချစ်၊ မိသားစု၊ တိရစ္ဆာန်ချစ်မြတ်နိုးမှုတွေကို ရိုးရိုးရှင်းရှင်းနဲ့ ပြေပြစ်အောင်…
-

ကရင်နှစ်သစ်ကူးနေ့လူများပြီး ကလေးငယ်တွေ ပျောက်ဆုံး
တိုင်းရင်းသားကျေးရွာ ကရင်နှစ်သစ်ကူးနေ့လူများပြီး ကလေးငယ်တွေ ပျောက်ဆုံး ရန်ကုန်မြို့၊ သာကေတမြို့နယ်မှာရှိတဲ့ တိုင်းရင်းသားကျေးရွာမှာပြုလုပ်တဲ့ ကရင်နှစ်သစ်ကူးတော်လာရောက်တဲ့သူများပြားတာကြောင့် ကလေးငယ်တွေ ပျောက်ဆုံးမှုဖြစ်ပွားခဲ့တယ်လို့ ပွဲတော်ကျင်းပရေးကော်မတီထံက သိရပါတယ်။ ဒီကနေ့ ဒီဇင်ဘာ ၁၉ ရက်မှာ ကျရောက်တဲ့ ကရင်နှစ်သစ်ကူးပွဲတော်ကို တိုင်းရင်းသားကျေးရွာမှာ ပြုလုပ်ခဲ့တာလည်း ဖြစ်ပါတယ်။ အဲဒီ ကရင်နှစ်သစ်ကူးပွဲတော်ကို လာရောက်လည်ပတ်သူအလွန်များပြားတာကြောင့် ကလေးငယ်တွေနဲ့ လူစုကွဲသွားပြီး ပျောက်သွားတာ ဖြစ်တယ်လို့ သိရပါတယ်။ ” လူတွေက တော်တော်များတာ။ ကျိတ်ကျိတ်တိုးနေတာ။ လူတွေလည်းပိ။ ကလေးတွေကို လက်ကဆွဲပြီး လူအုပ်ကြားထဲတိုးတော့ လက်ကနေလွတ်ပြီး ပျောက်သွားကြတာ။ အခုထိလည်းရှာမတွေ့သေးဘူး။ မနှစ်ကထက်ပိုများတယ်”လို့ ကရင်နှစ်သစ်ကူးပွဲတော်ကို လာရောက်သူတစ်ဦးကပြောပါတယ်။ ကရင်နှစ်၂၇၆၅ ခုနှစ်၊ ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်ကို အနယ်နယ်အရပ်ရပ်မှာရှိတဲ့ ကရင်လူမျိုးတွေက လာရောက်ဆင်နွှဲတာကြောင့် ယမန်နှစ်ထက် စည်ကားတယ်လို့လည်း သိရပါတယ်။ လက်ရှိမှာတော့ စစ်ကောင်စီရဲ့စစ်သားတွေက လူစုခွဲရှင်းပေးနေပေမယ့်…