Author: Baby Yit Lone
-

Wildcat
Wildcat (2025) Underworld မင်းသမီးရဲ့ အက်ရှင်ကားသစ်လေး ရပါပြီ။ လန်ဒန်မြို့ရဲ့ ဒုစရိုက်လောကဖြစ်တဲ့ အရှေ့လန်ဒန်တစ်ခြမ်းလုံးကို ဂိုဏ်းခေါင်းဆောင်နှစ်ယောက်ဖြစ်တဲ့ မစ္စတာ မာဟိုနီနဲ့ မစ္စဗိုင်းစ်တို့က ဂိုဏ်းအသီသီး ကြိုးကိုင်ထားတာဖြစ်ပါတယ်။ ဒီဒုစရိုက်လောကဟာ ဘယ်လောက်ကြီးမားကျယ်ပြန့်လဲဆိုရင် အရာပိုင်တွေတောင် မထိန်းချုပ်နိုင်ဘဲ လွှတ်ထားရလောက်တဲ့အထိ ဖြစ်နေခဲ့တာပါ။ ဒီအချိန်မှာ မူရှကာဆိုတဲ့ တက်သစ်စ ဂိုဏ်းငယ်လေးတစ်ခုက တဖြည်းဖြည်းလူအင်အားများလာပြီး ဂိုဏ်းကြီးနှစ်ခုကို အုတ်အော်သောင်းနင်းဖြစ်အောင် လုပ်နေကြပါတယ်။ တစ်ချိန်တည်းမှာပဲ တစ်ချိန်တုန်းက အထူးတပ်ဖွဲ့ဝင်ဖြစ်ခဲ့ကြတဲ့ ကြောင်ရိုင်းလို့အမည်ရတဲ့ အေဒါနဲ့ ရိုမန်တို့က ဒီဒုစရိုက်လောကကြားထဲဝင်လာခဲ့ပါတယ်။ အေဒါနဲ့ရိုမန်တို့က တစ်ချိန်တုန်းက အရမ်းချစ်ကြိုက်ခဲ့ကြတာပါ။ ဒါပေမဲ့ ဘဝခံယူချက်မတိုက်ဆိုင်တဲ့အချိန် လမ်းခွဲရပြီးနောက်မှာ အေဒါဟာ သူ့မောင်ရဲ့အမှားကြောင့် အကြပ်ကိုင်ခံလိုက်ရပါတယ်။ ဒီလိုနဲ့ အကြွေးဝိုင်းလာခဲ့တဲ့အချိန်မှာ အေဒါတစ်ယောက် မာဟိုနီနဲ့ ဗိုင်းစ်တို့ရဲ့ ဂိုဏ်းကြီးနှစ်ခုဆီကနေ ငွေခဝါချရင်း တစ်ပတ်ရိုက်ဖို့လုပ်ပုံကို ဒီဇာတ်ကားထဲမှာ အက်ရှင်ဆန်ဆန်…
-

Crimetime: Freefall
Crimetime: Freefall (2024) ဒီဇာတ်ကားလေးကတော့ 2024 ခုနှစ်ထဲမှာထွက်ရှိထားတဲ့ အမေရိကန် Drama Mystery ဇာတ်လမ်းအမျိုးအစားလေးဖြစ်ပါတယ်။ IMDb rating 5.9 ထိရထားပြီးတော့ မင်းသမီး Lyndie Greenwood အဓိကသရုပ်ဆောင်ထားပါတယ်။ ဟက်ဒ်လီ ဝါနာဟာ ဆယ်စုနှစ်တစ်ခုလောက် နာမည်ကြီးခဲ့တဲ့ ရုပ်သံလောကမှာ နာမည်ကြီးခဲ့တဲ့ စုံထောက်မင်းသမီးတစ်ယောက်ပါ။ သူဟာ “Crimetime” လို့ခေါ်တဲ့ နာမည်ကျော် မှုခင်းစီးရီးတစ်ခုမှာ သရုပ်ဆောင်ပြီးတဲ့နောက်မှာ အယ်လ်အေ(LA) မြို့ကနေ အေးချမ်းတဲ့ တောင်ပေါ်မြို့လေးဖြစ်တဲ့ ကော်လိုရာဒိုက မစ်စတစ်လေးကို မိသားစုနဲ့အတူ ပြောင်းလာခဲ့ပါတယ်။ တိတ်ဆိတ်အေးချမ်းတဲ့ ဘဝသစ်ကို စတင်ဖို့ ကြိုးစားနေချိန်မှာပဲ၊ သူမရဲ့ အိမ်နောက်ဖေး ခြံဝင်းထဲကို ရုတ်တရက် လူသေအလောင်းတစ်လောင်းက မိုးပေါ်ကနေ ပြုတ်ကျလာသလိုမျိုး ထူးဆန်းစွာ ရောက်လာပါတော့တယ်။ ဒီအဖြစ်အပျက်ကြောင့် ဟက်ဒ်လီဟာ ရုပ်သံထဲက…
-

တရုတ်၏ နောက်ဆုံး ရန်စမှုနှင့် ‘မလွဲမသွေ တိုက်ခိုက်ရမည့် စစ်ပွဲများ’
ရက်သတ္တပတ် နှစ်ပတ်မပြည့်မီ ဖြစ်ပွားခဲ့သည့် မတူညီသည့် ဖြစ်ရပ်နှစ်ခုက တရုတ်၏ ရန်လိုသော ပုံရိပ်ကို ဖော်ပြနေသည်။ အိန္ဒိယနှင့် ဂျပန်ကို တရုတ်က ခြိမ်းခြောက်ပြီး ရန်လိုကြောင်း ဖော်ပြခဲ့သည်။ နိုဝင်ဘာလ ၁၀ ရက်တွင် တရုတ်သံတမန်တဦးက ပြင်းထန်သော စကားလုံးများသုံး၍ X တွင် ပို့စ်တခု တင်ပြီး ဂျပန်ဝန်ကြီးချုပ် ဆာနေး တာကာအီချီအပေါ် တိုက်ခိုက်ခဲ့သည်။ ယင်းပို့စ်ကို နောက်ပိုင်းတွင် ဖျက်ပစ်ခဲ့သည်။ ထိုပို့စ်သည် နိုဝင်ဘာလ ၇ ရက်က ဂျပန်ဝန်ကြီးချုပ်၏ တရုတ်က ထိုင်ဝမ်ကို ကျူးကျော်ပါက ဂျပန်က စစ်ရေးအရ အရေးယူဆောင်ရွက်မှုများ လုပ်ဆောင် နိုင်ကြောင်း သတိပေးသည့် ပြောကြားချက်အပေါ် တုံ့ပြန်ခဲ့ခြင်းဖြစ်သည်။ ထိုအချိန်မှစ၍ နှစ်နိုင်ငံသံတမန်ရေးစစ်ပွဲ ဖြစ်ပွားခဲ့သည်။ ဂျပန်က ထိုင်ဝမ်နှင့် ကီလိုမီတာ ၁၀၀…
-

Mass Jathara
Mass Jathara (2025) “သမာဓိ” ဒီကားထဲမှာတော့ မင်းသားကြီး ရာဗီတေဂျာက ရိုးသားဖြောင့်မတ်တဲ့ ရထားရဲအရာရှိ လက်ရှ်မန်းဘေရီအဖြစ်ပါဝင်ထားပါတယ်။ ဘတ်ဂျက်ကို ကုဋေ ၄၀ ကုန်ကျခံရိုက်ကူးထားတဲ့ အက်ရှင် ဒရာမာ ဟာသ စုံစုံလင်လင်ကို တစ်နေရာတည်းကြည့်လို့ရမဲ့ ဇာတ်ကားမျိုးပေါ့။ ဘေရီဆိုတဲ့ ရထားရဲအရာရှိက ကိုယ့်အပိုင်နယ်မြေမဟုတ်တောင် မတရားမှုတွေကို လက်ပိုက်ကြည့်မနေတတ်သူပါ နောက်ခံအင်အားကြီးလို့ အထက်လူတွေတောင် လျစ်လျူရှုတဲ့အမှုတွေကို သူကိုယ်တိုင်တရားခံဆီသွားပြီး ဆုံးမတတ်တဲ့အကျင့်လေးကလည်း ရှိသေးတာဗျ။ ထုံးစံအတိုင်း ရာဗီတေဂျာကားတွေက ဟာသဘက်ကိုပါ အသားပေးပြီး ပရိသတ်တွေကို မျက်စိအစာကျွေးတတ်တော့ ကလိထိုးပြီးရယ်ရတာမျိုးမဟုတ်ဘဲ ဘိုးဘွားရိပ်သာရောက်မှာကြောက်နေတဲ့ အဘိုးဖြစ်သူက သူ့မင်္ဂလာပွဲမဖြစ်အောင် မသိမသာလိုက်ဖျက်နေတာမျိုးတွေနဲ့ အခွီတစ်သိုက်တွေပေါ့ ဒီလိုနဲ့ မူးယစ်ဆေးဂိုဏ်းအမှုထဲ သူဝင်ပါဖို့ဖြစ်လာခဲ့ချိန်မှာ ဘာတွေဆက်ဖြစ်မလဲ… အဘိုးရဲ့အကြံရော အောင်မြင်သွားမလားဆိုတာကိုတော့ …
-

This Closeness
This Closeness (2024) “This Closeness” ဟာ စာရေးဆရာ၊ ဒါရိုက်တာနဲ့ သရုပ်ဆောင် Kit Zauhar ရဲ့ လက်ရာဖြစ်ပြီး၊ ခေတ်လူငယ်တွေရဲ့ ဆက်ဆံရေး၊ စိတ်အထီးကျန်မှုနဲ့ စည်းလွတ်ဝါးလွတ် ပေါင်းသင်းဆက်ဆံရေးတွေရဲ့ အရှုပ်တော်ပုံတွေကို ဟာသဒရာမာ ပုံစံ ရိုက်ကူးထားတဲ့ ရုပ်ရှင်ကား ဖြစ်ပါတယ်။ Tessa ဆိုတဲ့ ASMR ဗီဒီယို ဖန်တီးသူတစ်ယောက်က သူ့ချစ်သူ Ben နဲ့အတူ ဖီလာဒဲလ်ဖီးယား မြို့က Ben ရဲ့ အထက်တန်းကျောင်း သူငယ်ချင်းများ ပြန်လည်ဆုံဆည်းပွဲအတွက် ခရီးထွက်လာခဲ့ပါတယ်။ သူတို့နှစ်ဦးက Airbnb ကနေ အခန်းတစ်ခန်း ငှားရမ်းခဲ့ရာ၊ အိမ်ရှင်ဖြစ်သူ Adam ဆိုတဲ့ ထူးဆန်းတဲ့ လူငယ်လေးတစ်ဦးနဲ့ ဆုံတွေ့ခဲ့ပါတယ်။ ဇာတ်ကားတစ်လျှောက်လုံးဟာ ဒီတိုက်ခန်းလေးထဲမှာပဲ ဇာတ်အိမ်တည်ထားပြီး ဇာတ်ကောင်သုံးဦး…