Author: Baby Yit Lone
-

လူမှုကွန်ရက်တွင် နာမည်ကြီးနေသည့် နတ်သမီးလေးဖြိုး (ခ) မဖြိုးအိအိဇော် ဖမ်းဆီးခံရ
လူမှုကွန်ရက်မှာ နာမည်ကြီးနေတဲ့ နတ်သမီးလေးဖြိုး (ခ) မဖြိုးအိအိဇော်ကို ရန်ကုန်၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ကန်ရိပ်သာလမ်းနဲ့ ဦးအောင်မြတ်လမ်းမပေါ်က WYNDHAM GRAND Yangon ဟိုတယ်ကနေ သြဂုတ် ၃၀ ရက်မှာ စစ်တပ်က ဖမ်းဆီးခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။ အဆိုပါ ဟိုတယ်မှာ တည်းခိုတဲ့ မဖြိုးအိအိဇော်အနေနဲ့ လူမှုကွန်ရက်မှာ လူပြောများလာပြီးနောက် စစ်တပ်က ဖမ်းဆီးခဲ့တာလို့ မြို့ခံတယောက်က ပြောပါတယ်။ “သူ လုပ်တဲ့အလုပ်ကို လူတွေက အပြစ်မပြောဘူး။ ဒါပေမဲ့ အရမ်းကြွားပြီး လိုင်းပေါ်ကနေ ဒီဟိုတယ်မှာ နှစ်ချုပ်နဲ့ ငှားနေတာ တညကို သိန်းဘယ်နှရာရတာ၊ ကြိုက်တဲ့သူ ဖမ်းလို့ရတယ်၊ အဲဒီလိုမျိုးပြောလို့ အမြင်ကတ်ပြီးတိုင်ခံရတာ။” မဖြိုးအိအိဇော်မှာ ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်၊ ငပလီမြို့မှာ နေထိုင်သူတယောက်ဖြစ်ပြီး ၂၀၂၄ ခုနှစ် မေလမှာ WYNDHAM…
-

ညောင်ဂျစ်ပင်ပျူစောထီးရွာရှိ စစ်တပ်ကို ဒရုန်းဖြင့် ၂၈ ကြိမ် ဗုံးကျဲ တိုက်ခိုက်
ပခုက္ကူမြို့နယ်၊ ညောင်ဂျစ်ပင်ပျူစောထီးရွာရှိ စစ်တပ်ကို ဒရုန်းဖြင့် ၂၈ ကြိမ် ဗုံးကျဲ တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၁ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူများပြား မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ညောင်ဂျစ်ပင်ပျူစောထီးရွာရှိ အကြမ်းဖက် စစ်တပ်ကို ဒရုန်းဖြင့် ၂၈ ကြိမ် ဗုံးကျဲ တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၁ ဦးသေဆုံးပြီး ထိခိုက် ဒဏ်ရာရရှိသူများပြားကြောင်း အညာမြေတပ်ပေါင်းစုမှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။ ဩဂုတ်လ ၂၉ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်တွင် ပခုက္ကူမြို့နယ်၊ ညောင်ဂျစ်ပင်ပျူစောထီးရွာရှိ အကြမ်းဖက် စစ်တပ်ကို တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ၂၈ ကြိမ် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ထိုဗုံးကျဲ တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ၁…
-

မြစ်ကြီးနားမှာ သူခိုးက ဓားနဲ့ခုတ်သွား
အသတ်ခံထားရသောရုပ်အလောင်းအား ဆေးရုံကြီးရင်ခွဲရုံသို့ပို့ပေးခြင်းကုသိုလ်. ယနေ့ 31.8.2025 ရက်တွင် ဧရာ၀တီကရုဏာ(အခမဲ့) လူမှုကူညီရေးအသင်းမှ မနက်(7:15)အချိန် ရွှေညောင်ပင်ရပ်ကွက်တွင် အသတ်ခံထားရသောအလောင်းအား လာသယ်ပေးရန် ဖုန်းဆက်အကြောင်းကြားခဲ့သောကြောင့် သွားရောက် ကူညီပေးခဲ့ပါတယ်ဗျာ. Tun Tun
-

ရွေးကောက်ပွဲကသာ နိုင်ငံ၏အပြောင်းအလဲတခုကို ဖန်တီးနိုင်မည်ဟု ဦးကိုကိုကြီးပြော
ရွေးကောက်ပွဲကနေပဲ နိုင်ငံရဲ့အပြောင်းအလဲတခုကို ဖန်တီးလို့ရမယ်၊ စစ်ရေးနည်းလမ်းနဲ့ ဖက်ဒရယ်နဲ့ တန်းတူညီမျှရေးကို ဖော်ဆောင်လို့မရဘူးလို့ ပြည်သူ့ပါတီခေါင်းဆောင် ဦးကိုကိုကြီးက ပြောဆိုလိုက်ပါတယ်။ သြဂုတ် ၂၃ ရက်က ရန်ကုန်မြို့ Sky Star ဟိုတယ်မှာ ပြုလုပ်တဲ့ ပါတီတည်ထောင်ခြင်း ၇ ပြည့်အခမ်းအနားအပြီး မီဒီယာတွေနဲ့ တွေ့ဆုံစဉ်အခုလို ပြောဆိုခဲ့တာပါ။ ရွေးကောက်ပွဲပြီးမှပဲ နိုင်ငံရေးအခင်းအကျင်းအသစ်တခု ပေါ်လာမှာဖြစ်ပြီး အဲဒီကနေတဆင့် လက်ရှိပြဿနာတွေကို ဆက်လက်ဖြေရှင်းရမယ်လို့လည်း ဆိုပါတယ်။ ဦးကိုကိုကြီးက “ရွေးကောက်ပွဲကနေတဆင့်ပဲ အပြောင်းအလဲတခုကို ဖန်တီးလို့ရမယ်လို့ ကျနော်တို့က မျှော်လင့်တယ်။ စိတ်ကြိုက်ရလဒ်ကြီးဖြစ်ချင်မှဖြစ်မယ်။ သို့သော် ရွေးကောက်ပွဲမလုပ်ရင် ဘယ်လိုလုပ်မလဲဆိုတာနဲ့ပတ်သက်လို့ ကျန်တဲ့သူတွေမှာရော ကျနော်တို့ တိကျတဲ့ အဖြေမရှိဘူး။ ဒါကြောင့်မို့လို့ ရွေးကောက်ပွဲပြီးသွားရင် နိုင်ငံရေးအခင်းအကျင်းအသစ် တခုပေါ်လာမယ်။ ပေါ်လာပြီးတော့မှ အဲဒီအခင်းအကျင်းအသစ်ကနေတဆင့် လက်ရှိ ပြဿနာတွေကို ဆက်လက်ဖြေရှင်းရမယ်လို့ ထင်ပါတယ်”လို့…
-

ဆွမ်းလောင်း ရေစက်ချပွဲလုပ်နေစဉ် ဘုန်းကြီးကျောင်းသားများကို ဝင်ရောက်ပေါ်တာဆွဲ
ရေနံချောင်းမြို့နယ်၊ ဂျုပ်ပင်ကျေးရွာရှိ ရွာဦးဘုန်းကြီးကျောင်းတွင် ဆွမ်းလောင်း ရေစက် ချပွဲ လုပ်နေစဉ် စစ်တပ်က ဘုန်းကြီးကျောင်းသားများကို စစ်မှုထမ်းခိုင်းရန် ဝင်ရောက်ပေါ်တာဆွဲဖမ်းဆီးပြီး လူငယ် ၄ ဦး အဖမ်းခံရ မကွေးတိုင်း၊ ရေနံချောင်းမြို့နယ်၊ ဂျုပ်ပင်ကျေးရွာရှိ ရွာဦးဘုန်းကြီးကျောင်းတွင် ဆွမ်းလောင်း ရေစက် ချပွဲ လုပ်နေစဉ် စစ်တပ်က ဘုန်းကြီးကျောင်းသားများကို စစ်မှုထမ်းခိုင်းရန် ဝင်ရောက်ပေါ်တာဆွဲဖမ်းဆီးပြီး လူငယ် ၄ ဦး အဖမ်းခံလိုက်ရကြောင်း ကျေးရွာသူ ကျေးရွာသားတချို့က ပြောဆိုသည်။ ယမန်နေ့ ဩဂုတ်လ ၃၀ ရက်နေ့မှာ ဝါတွင်းကာလ ဥပုသ်နေ့ ဖြစ်သည့်အတွက် ရေနံချောင်း မြို့နယ် ဂျုပ်ပင်ရွာ၊ ရွာဦးဘုန်းကြီးကျောင်းတွင် ဆွမ်းလောင်းရေစက်ချပွဲ ပြုလုပ်ခဲ့ကြောင်း၊ ယင်းသို့ ပြုလုပ်နေစဉ် ရေနံချောင်းမြို့နယ်၊ လက် မှတ်ကုန်းနယ်မြေရဲစခန်းမှ ရဲစခန်းမှူး ရဲအုပ်ချမ်းမြေ့အောင် ဦးစီးသော…