Author: Baby Yit Lone

  • ဝိုင်းမော်မှ စစ်စခန်းတစ်ခု KIA၊ KPDF သိမ်းပိုက်

    ဗန်း​မော်တွင်လည်း KIA ထိုးစစ်ဆင်၍တိုက်ပွဲပြင်းထန် ဝိုင်းမော်မြို့နယ်၊လမြန်ရွာအနီး၌ စစ်တပ်နှင့် ပြည်သူ့စစ်တပ်စွဲထားသော စခန်းတစ်ခုကို KIA၊ KPDF က သိမ်းယူလိုက်ပြီး စစ်ကောင်စီက လေကြောင်းမှ အပြင်းအထန် ခုခံခဲ့​ကြောင်း စစ်​​ရေးသတင်းရင်းမြစ်အချို့က​ပြောသည်။ လမြန်ရွာမှ ဘုရားကျောင်းဝင်းအတွင်း တပ်စွဲထားသည့်စစ်ကြောင်းကို သြဂုတ်လ၂၈ရက်နေ့မှစ၍ KIA၊ KPDF က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးသြဂုတ်လ၂၉ရက်ညနေတွင် သိမ်းယူလိုက်ခြင်းဟုသိရသည်။ “မနေ့ကရောဒီနေ့ရောလေကြောင်းကနေတောက်လျှောက်လာကြဲတယ်။ မပခ (​မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်) ကနေလည်း လက်နက်ကြီးတွေပစ်တယ်။ ဒီနေ့တော့စခန်းသိမ်းလိုက်တာဟုတ်တယ်။ စကစက လကနက်ကြီးတွေ အခုထိ ပစ်နေတယ်”ဟု ကချင်စစ်ရေးသတင်းရင်းမြစ်ကယနေ့ည ၉နာရီခန့်တွင် ပြောသည်။ တိုက်ပွဲအတွင်း စစ်ကောင်စီဖက်တွင်ထိခိုက်သေဆုံးမှုများပြားခဲ့ပြီး စစ်သုံ့ပန်းများရော လက်နက်ခဲယမ်းများပါ KIA၊KPDF ပူးပေါင်းတပ်ကသိမ်းဆည်းရရှိခဲ့သည်ဟုသိရသည်။ KIAက သတင်းအသေးစိတ်မထုတ်ပြန်သေးသော်လည်း စစ်ကောင်စီအရာရှိအပါအဝင် ၁၈ ထက်မနည်း ရရှိခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်အချို့ကပြောသည်။ ၁၈ ဦးသည် စစ်သုံ့ပန်း(သို့မဟုတ်) ရုပ်အလောင်းဆိုသည်ကို…

  • ရေဖြူတွင် လမ်းပိုင်းထိန်းချုပ်လိုသည့် တပ်ရင်း ၅ ရင်း စစ်အုပ်စုများနှင့် တော်လှန်ရေးတပ်များ ရက်ရှည်တိုက်ပွဲဖြစ်

    ရေဖြူတွင် လမ်းပိုင်းထိန်းချုပ်လိုသည့် တပ်ရင်း ၅ ရင်း စစ်အုပ်စုများနှင့် တော်လှန်ရေးတပ်များ ရက်ရှည်တိုက်ပွဲဖြစ်

    စစ်အုပ်စုဘက် ထိခိုက်သေဆုံးမှုများပြား တနင်္သာရီတိုင်း ၊ ရေဖြူမြို့နယ်မှာ ရက်ရှည်ကြာ စစ်ကြောင်းထိုးဝင်ရောက်နေတဲ့ စစ်တပ် တပ်ရင်း ၅ရင်းက အကြမ်းဖက်စစ်အုပ်စုတွေ အထိနာနေကြောင်း YE GUERRILLA FORCE က သတင်းထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ သြဂုတ်လ ၁၉ရက်နေ့ကစလို့ ရေဖြူမြို့နယ် ကော့လှိုင်ကျေးရွာနဲ့ မရမ်းချောင်းရွာတွေဘက် အမှတ်(၈) ပြည်ထောင်စုလမ်းမကြီးအတိုင်းစစ်ကြောင်းထိုးဝင်ရောက်လာတဲ့ အကြမ်းဖက်စစ်အုပ်စုနဲ့ တော်လှန်ရေးတပ်တွေကြား ထိတွေ့တိုက်ပွဲတွေ ရှိခဲ့ပါတယ်။ အကြမ်းဖက်စစ်ကြောင်းမှာ ခမရ-၄၀၈၊ ခမရ- ၄၀၉ ၊ ခမရ-၄၁၀ နဲ့ ခလရ-၂၈၂၊ ခလရ-၂၇၃ စတဲ့ တပ်ရင်း ၅ ရင်း ပါဝင်ပြီး ခမရ-၄၀၉ တပ်ရဲ့ ဗိုလ်မှူးစိုးမိုးကျော်၊ ဒု-တပ်ရင်းမှူး ဗိုလ်ကြီးဝင်းမင်းစိုး၊ ဗိုလ်ကြီး အံ့ဘုန်းကျော် နဲ့ ခလရ-၂၈၂ ဗိုလ်ကျော်မိုးခိုင်တို့ ဦးဆောင်လာတာလို့လည်း YE…

  • ကျောက်ဖြူတွင် စစ်ရေယာဉ်တစ်စီးပစ်ခတ်ခံရပြီးမီးလောင်

    ကျောက်ဖြူတွင် စစ်ရေယာဉ်တစ်စီးပစ်ခတ်ခံရပြီးမီးလောင်

    ကျောက်ဖြူတွင် စစ်ရေယာဉ်တစ်စီးပစ်ခတ်ခံရပြီးမီးလောင်နေကာ တိုက်ပွဲဆက်လက်ပြင်းထန်နေဟုဆို တိုက်ပွဲပြင်းထန်နေသည့် ကျောက်ဖြူတွင် ယနေ့ညနေပိုင်းက အာရက္ခတပ်တော် (AA) က လက်နက်ကြီးဖြင့် ပစ်ခတ်၍ အကြမ်းဖက်ရေတပ်မှ တိုက်ခိုက်ရေး စစ်ရေယာဉ်တစ်စီး မီးလောင်နေကာ အနီးဝန်းကျင်တွင်လည်း တိုက်ပွဲများဆက်လက်ပြီး အပြင်းအထန်ဖြစ်ပွားနေသည်ဟု သတင်းရရှိသည်။ ၎င်းတိုက်ခိုက်ရေးစစ်ရေယာဉ်မှာ တိုက်ပွဲဖြစ်ပွားရာ အနီးအနားရှိကျေးရွာများကို လက်နက်ကြီးဖြင့်အဓိကပစ်ခတ်နေသော နေဗီတစ်စီးဖြစ်သည်ဟု ဒေသခံသတင်းရင်းမြစ်မှ ပြောသည်။ “အဲဒီနေဗီက ရွာတိုင်းကိုဒုက္ခပေးနေတဲ့နေဗီပါ။ အခုတော့ကျောက်ဖြူပင်လယ်မှာ မီးလောင်နေတယ်။ ဇင်ချောင်း ပင်လယ်ကမ်းခြေကနေ မြင်ရပါကျပါတယ်။ ပင်လယ်မှာ မီးလောင်နေတာကို မြင်ရပါတယ်”ဟု၎င်းက ပြောသည်။ ၎င်းနေဗီမီးလောင်နေသည်ကို ကုန်းပေါ်ကနေ မြင်ရပြီး မီးခိုးများဆက်တိုက်ထွက်နေသည်ဟုဒေသခံများကပြောသည်။ မြန်မာအကြမ်းဖက်စစ်တပ်သည် ရမ်းဗြဲမြို့နယ် အစပ်ကနေ ကျောက်ဖြူအနီးထိ စစ်ရေယာဉ် (၁၀) စီးခန့်ကို ချထားကာ AA နှင့် ဖြစ်ပွားနေသည့် တိုက်ပွဲများတွင် လက်နက်ကြီးများဖြင့် ပစ်ကူပေးနေသည်ဟု…

  • ပဲခူးရိုးမပေါ်တက်လာတဲ့ စစ်ကောင်စီတပ်စစ်ကြောင်း တော်လှန်ရေးတပ်တွေ တိုက်ခိုက်

    ပဲခူးရိုးမပေါ်တက်လာတဲ့ စစ်ကောင်စီတပ်စစ်ကြောင်း တော်လှန်ရေးတပ်တွေ တိုက်ခိုက်

    ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ် ကျောက်ကြီးတောင်ဂိတ်စခန်းမှ ပဲခူးရိုးမပေါ်သို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်သားတွေကို စနိုက်ဘာနဲ့ ကနဦးတိုက်ခိုက်ခဲ့တဲ့အပြင် ​တပ်ပြန်ဆုတ်ချိန် မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ PDF ဗျူဟာ(၂၁)ကွပ်ကဲမှုအောင်မှာရှိတဲ့ ပြည်ခရိုင် တပ်ရင်း (၃၆၀၁)မှ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။ သြဂုတ် ၂၅ ရက် မနက် ၉ နာရီခွဲလောက်က အင်အား(၈၀)ခန့်နဲ့ ရိုးမပေါ်သို့စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီစစ်တပ်သားတွေကို တပ်ရင်း (၃၆၀၁)ရဲ့ စနိုက်ဘာအဖွဲ့က နှစ်ချက်ပစ်ခတ် တိုက်ခိုက်ရာ (၁)ဦးသေဆုံးပြီး(၁)ဦးဒဏ်ရာရသွားတယ်လို့ သိရပါတယ်။ အဲဒီနောက် သေဆုံးဒဏ်ရာရတပ်သားတွေကို ထမ်းစဥ်နဲ့သယ်ဆောင်ပြီး ကျောက်ကြီးတောင် စခန်းဘက်ပြန်ဆုတ်လာချိန် ပြန်ချီတက်နဲ့ ညောင်နီပင်ရွာကြားအရောက် သြဂုတ် ၂၅ ရက် ညနေ ၃ နာရီ ၄၀မိနစ်ခန့်မှာ တပ်ရင်း ၃၆၀၁၊ တပ်ခွဲ (၅)ကပဒေသာမိုင်းလေးလုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီမိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား…

  • အုတ်ဖိုမြို့နယ် ဒေါင်းလေးရွာကို စစ်တပ်က ဒရုန်းဖြင့် ဗုံးကျဲစဥ် သားအမိ ၂ ဦးအပေါ် တည့်တည့်ကျရောက် ပေါက်ကွဲ

    အုတ်ဖိုမြို့နယ် ဒေါင်းလေးရွာကို စစ်တပ်က ဒရုန်းဖြင့် ဗုံးကျဲစဥ် သားအမိ ၂ ဦးအပေါ် တည့်တည့်ကျရောက် ပေါက်ကွဲ

    အုတ်ဖိုမြို့နယ် ဒေါင်းလေးရွာကို စစ်တပ်က ဒရုန်းဖြင့် ဗုံးကျဲစဥ် သားအမိ ၂ ဦးအပေါ် တည့်တည့်ကျရောက် ပေါက်ကွဲသဖြင့် အလောင်းပင်ရှာမရဘဲ ၂ ဦးစလုံးသေဆုံး ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ် ဒေါင်းလေးရွာကို အကြမ်းဖက် စစ်တပ်က ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် အသက် ၅ နှစ်အရွယ် ကလေးငယ်နှင့် မိခင်ဖြစ်သူတို့ သေဆုံးခဲ့ပြီး ဗုံးမှာ သားအမိ ၂ ဦးအပေါ်သို့ တည့်တည်ကျရောက်ပေါက်ကွဲခဲ့၍ ရုပ်အလောင်းပင် ရှာမရတော့ကြောင်း သာယာဝတီခရိုင် စစ်ရေးတာဝန်ခံ ရဲဘော် သစ္စာက ပြောဆိုသည်။ ယမန်နေ့ ဩဂုတ်လ ၂၈ ရက်နေ့ ညနေ ၄ နာရီ ၄၄ မိနစ်ခန့်တွင် အုတ်ဖိုမြို့နယ်၊ တိမ်မြုပ်ကျေးရွာတွင် တပ်စွဲထားသော အကြမ်းဖက်စစ်တပ်က ဒေါင်လေးရွာသို့ တိုက်ပွဲဖြစ်ပွားခြင်းမရှိ ဒရုန်းဖြင့်…