Author: Baby Yit Lone

  • မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူး တင်ထွန်းဦးက နေအိမ်များအပေါ်အထိပါ လူငယ် မှန်သမျှကို တက်ဖမ်းခိုင်းနေ

    မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူး တင်ထွန်းဦးက နေအိမ်များအပေါ်အထိပါ လူငယ် မှန်သမျှကို တက်ဖမ်းခိုင်းနေ

    ချောက်မြို့နယ်တွင် စစ်မှုထမ်း အပတ်စဉ် ၁၇ အတွက် တပ်သား လုံလောက်စွာ မရရှိဟုဆိုကာ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူး တင်ထွန်းဦးက နေအိမ်များအပေါ်အထိပါ လူငယ် မှန်သမျှကို တက်ဖမ်းခိုင်းနေ မကွေးတိုင်း၊ ချောက်မြို့နယ်တွင် လာမည့် စက်တင်ဘာလ စတင်မည့် စစ်မှုထမ်း အပတ်စဉ် ၁၇ အတွက် စစ်မှုထမ်းအင်အား လုံလောက်စွာ မရရှိဟုဆိုကာ ချောက်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ၁ ဗိုလ်မှူး တင်ထွန်းဦးက စစ်တပ်နှင့်ပျူစောထီးများကို နေအိမ်များအပေါ်အထိပါ လူငယ်မှန်သမျှကို တက်ဖမ်းခိုင်းနေကြောင်း ဒေသခံပြည်သူများက ပြောဆိုသည်။ ဩဂုတ်လ ၂၀ ရက်နေ့မှစတင်ပြီး ချောက်မြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ၁ ဗိုလ်မှူးတင်ထွန်းဦးက စစ်မှုထမ်းအပတ်စဉ် ၁၇ အတွက် စစ်မှုထမ်းအင်အား လုံလောက်စွာ မရရှိသေးသည့်အတွက် ပျူစောထီးများ၊ စစ်တပ်နှင့်ရဲများကို နေ့ရောညပါ…

  • အရှင်ဖမ်းခံရရင် $ခွက်က ဇီးရွက်လောက်နဲ့ကွာ

    အရှင်ဖမ်းခံရရင် $ခွက်က ဇီးရွက်လောက်နဲ့ကွာ

    ယူနီကွန်းကို_ရှောင်_လို့ စိတ်တော့ မကောင်းးးးဘူး အရှင်ဖမ်းခံရရင် $ခွက်က ဇီးရွက်လောက်နဲ့ကွာ ငိုတောင် ငိုနေသေးတယ်ဟ ပေကပ်ကပ်လုပ်တဲ့ကောင်ကတော့ သေမှာတဲ့ အရှင်ဖမ်းခံရရင် အချိုးလေးတွေက တမျိုးနော် ငါး​ကောင်တို့ ကြည့်ရဲမှ ကြည့်နော် မင်းကွန်းမှသည်… မန္တလေးဆီ ယူနီကွန်း ပျောက်ကြားတပ်ဖွဲ့ – UGF

  • ဝိုင်းမော်မှ စစ်စခန်းတစ်ခု KIA၊ KPDF သိမ်းပိုက်

    ဗန်း​မော်တွင်လည်း KIA ထိုးစစ်ဆင်၍တိုက်ပွဲပြင်းထန် ဝိုင်းမော်မြို့နယ်၊လမြန်ရွာအနီး၌ စစ်တပ်နှင့် ပြည်သူ့စစ်တပ်စွဲထားသော စခန်းတစ်ခုကို KIA၊ KPDF က သိမ်းယူလိုက်ပြီး စစ်ကောင်စီက လေကြောင်းမှ အပြင်းအထန် ခုခံခဲ့​ကြောင်း စစ်​​ရေးသတင်းရင်းမြစ်အချို့က​ပြောသည်။ လမြန်ရွာမှ ဘုရားကျောင်းဝင်းအတွင်း တပ်စွဲထားသည့်စစ်ကြောင်းကို သြဂုတ်လ၂၈ရက်နေ့မှစ၍ KIA၊ KPDF က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးသြဂုတ်လ၂၉ရက်ညနေတွင် သိမ်းယူလိုက်ခြင်းဟုသိရသည်။ “မနေ့ကရောဒီနေ့ရောလေကြောင်းကနေတောက်လျှောက်လာကြဲတယ်။ မပခ (​မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်) ကနေလည်း လက်နက်ကြီးတွေပစ်တယ်။ ဒီနေ့တော့စခန်းသိမ်းလိုက်တာဟုတ်တယ်။ စကစက လကနက်ကြီးတွေ အခုထိ ပစ်နေတယ်”ဟု ကချင်စစ်ရေးသတင်းရင်းမြစ်ကယနေ့ည ၉နာရီခန့်တွင် ပြောသည်။ တိုက်ပွဲအတွင်း စစ်ကောင်စီဖက်တွင်ထိခိုက်သေဆုံးမှုများပြားခဲ့ပြီး စစ်သုံ့ပန်းများရော လက်နက်ခဲယမ်းများပါ KIA၊KPDF ပူးပေါင်းတပ်ကသိမ်းဆည်းရရှိခဲ့သည်ဟုသိရသည်။ KIAက သတင်းအသေးစိတ်မထုတ်ပြန်သေးသော်လည်း စစ်ကောင်စီအရာရှိအပါအဝင် ၁၈ ထက်မနည်း ရရှိခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်အချို့ကပြောသည်။ ၁၈ ဦးသည် စစ်သုံ့ပန်း(သို့မဟုတ်) ရုပ်အလောင်းဆိုသည်ကို…

  • ရေဖြူတွင် လမ်းပိုင်းထိန်းချုပ်လိုသည့် တပ်ရင်း ၅ ရင်း စစ်အုပ်စုများနှင့် တော်လှန်ရေးတပ်များ ရက်ရှည်တိုက်ပွဲဖြစ်

    ရေဖြူတွင် လမ်းပိုင်းထိန်းချုပ်လိုသည့် တပ်ရင်း ၅ ရင်း စစ်အုပ်စုများနှင့် တော်လှန်ရေးတပ်များ ရက်ရှည်တိုက်ပွဲဖြစ်

    စစ်အုပ်စုဘက် ထိခိုက်သေဆုံးမှုများပြား တနင်္သာရီတိုင်း ၊ ရေဖြူမြို့နယ်မှာ ရက်ရှည်ကြာ စစ်ကြောင်းထိုးဝင်ရောက်နေတဲ့ စစ်တပ် တပ်ရင်း ၅ရင်းက အကြမ်းဖက်စစ်အုပ်စုတွေ အထိနာနေကြောင်း YE GUERRILLA FORCE က သတင်းထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ သြဂုတ်လ ၁၉ရက်နေ့ကစလို့ ရေဖြူမြို့နယ် ကော့လှိုင်ကျေးရွာနဲ့ မရမ်းချောင်းရွာတွေဘက် အမှတ်(၈) ပြည်ထောင်စုလမ်းမကြီးအတိုင်းစစ်ကြောင်းထိုးဝင်ရောက်လာတဲ့ အကြမ်းဖက်စစ်အုပ်စုနဲ့ တော်လှန်ရေးတပ်တွေကြား ထိတွေ့တိုက်ပွဲတွေ ရှိခဲ့ပါတယ်။ အကြမ်းဖက်စစ်ကြောင်းမှာ ခမရ-၄၀၈၊ ခမရ- ၄၀၉ ၊ ခမရ-၄၁၀ နဲ့ ခလရ-၂၈၂၊ ခလရ-၂၇၃ စတဲ့ တပ်ရင်း ၅ ရင်း ပါဝင်ပြီး ခမရ-၄၀၉ တပ်ရဲ့ ဗိုလ်မှူးစိုးမိုးကျော်၊ ဒု-တပ်ရင်းမှူး ဗိုလ်ကြီးဝင်းမင်းစိုး၊ ဗိုလ်ကြီး အံ့ဘုန်းကျော် နဲ့ ခလရ-၂၈၂ ဗိုလ်ကျော်မိုးခိုင်တို့ ဦးဆောင်လာတာလို့လည်း YE…

  • ကျောက်ဖြူတွင် စစ်ရေယာဉ်တစ်စီးပစ်ခတ်ခံရပြီးမီးလောင်

    ကျောက်ဖြူတွင် စစ်ရေယာဉ်တစ်စီးပစ်ခတ်ခံရပြီးမီးလောင်

    ကျောက်ဖြူတွင် စစ်ရေယာဉ်တစ်စီးပစ်ခတ်ခံရပြီးမီးလောင်နေကာ တိုက်ပွဲဆက်လက်ပြင်းထန်နေဟုဆို တိုက်ပွဲပြင်းထန်နေသည့် ကျောက်ဖြူတွင် ယနေ့ညနေပိုင်းက အာရက္ခတပ်တော် (AA) က လက်နက်ကြီးဖြင့် ပစ်ခတ်၍ အကြမ်းဖက်ရေတပ်မှ တိုက်ခိုက်ရေး စစ်ရေယာဉ်တစ်စီး မီးလောင်နေကာ အနီးဝန်းကျင်တွင်လည်း တိုက်ပွဲများဆက်လက်ပြီး အပြင်းအထန်ဖြစ်ပွားနေသည်ဟု သတင်းရရှိသည်။ ၎င်းတိုက်ခိုက်ရေးစစ်ရေယာဉ်မှာ တိုက်ပွဲဖြစ်ပွားရာ အနီးအနားရှိကျေးရွာများကို လက်နက်ကြီးဖြင့်အဓိကပစ်ခတ်နေသော နေဗီတစ်စီးဖြစ်သည်ဟု ဒေသခံသတင်းရင်းမြစ်မှ ပြောသည်။ “အဲဒီနေဗီက ရွာတိုင်းကိုဒုက္ခပေးနေတဲ့နေဗီပါ။ အခုတော့ကျောက်ဖြူပင်လယ်မှာ မီးလောင်နေတယ်။ ဇင်ချောင်း ပင်လယ်ကမ်းခြေကနေ မြင်ရပါကျပါတယ်။ ပင်လယ်မှာ မီးလောင်နေတာကို မြင်ရပါတယ်”ဟု၎င်းက ပြောသည်။ ၎င်းနေဗီမီးလောင်နေသည်ကို ကုန်းပေါ်ကနေ မြင်ရပြီး မီးခိုးများဆက်တိုက်ထွက်နေသည်ဟုဒေသခံများကပြောသည်။ မြန်မာအကြမ်းဖက်စစ်တပ်သည် ရမ်းဗြဲမြို့နယ် အစပ်ကနေ ကျောက်ဖြူအနီးထိ စစ်ရေယာဉ် (၁၀) စီးခန့်ကို ချထားကာ AA နှင့် ဖြစ်ပွားနေသည့် တိုက်ပွဲများတွင် လက်နက်ကြီးများဖြင့် ပစ်ကူပေးနေသည်ဟု…