Author: Baby Yit Lone

  • ကျွဲဂိမ်းရှုံးပြီး အကြွေးတင်နေသဖြင့် အလုပ်ရှာနေသည့် အမျိုးသမီးကို စည်းရုံးပြီး တရုတ်မယား အဖြစ်ရောင်းစားရန်စီစဉ်သူများ အဖမ်းခံရ

    ကျွဲဂိမ်းရှုံးပြီး အကြွေးတင်နေသဖြင့် အလုပ်ရှာနေသည့် အမျိုးသမီးကို စည်းရုံးပြီး တရုတ်မယား အဖြစ်ရောင်းစားရန်စီစဉ်သူများ အဖမ်းခံရ

    အွန်လိုင်း ကျွဲဂိမ်းရှုံးပြီး အကြွေးတင်နေတဲ့ အတွက် အလုပ်အကိုင်ရှာဖွေနေတဲ့ အမျိုးသမီး တစ်ဦးကို ငွေဖြင့် စည်းရုံးပြီး တ-ရုတ်မယား အဖြစ်ရောင်းစားရန် စီစဉ်သူတွေကို ဖမ်းဆီးအရေးယူခဲ့တယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရပါတယ်။ ဖြစ်စဉ်မှာ ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့ ၊ အမှတ်(၂)ရပ်ကွက်နေ အမျိုးသမီးတစ်ဦးဟာ Online ကျွဲဂိမ်းကစားခဲ့ရာမှ ငွေကျပ်သိန်း ၃၀ အကြွေးတင်ခဲ့သဖြင့် မိခင်၏နေအိမ်အား ပေါင်နှံ၍ အကြွေးဆပ်ခဲ့ရာ ခြောက်လကြာချိန်ထိ အကြွေးပြန်မဆပ်နိုင်သေးတဲ့ အတွက် နေအိမ်အပေါင်ဆုံးတော့မယ့် အခြေအနေဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။ ဒါကြောင့် အလုပ်ရှာဖွေရာမှ မူဆယ်မြို့ မှာ နေထိုင်တဲ့ မချိုမာစိန်(ခ)မဗိုက်၊ မဇင်နွယ်လတ် (ခ)မဇင်တို့နဲ့ ချိတ်ဆက်မိပြီး တ-ရုတ်နိုင်ငံ မှာ တရုတ်ယောက်ျားယူပါက ငွေကျပ်သိန်း ၈၀ ရရှိမှာ ဖြစ်သလို တစ်နှစ်သာ ပေါင်းသင်းနေထိုင်ရမည်ဟု ပြောဆိုစည်းရုံးကာ မူဆယ်မြို့သို့…

  • ၂ နှစ်ခြားပြီး မွေးဖွားခဲ့ကြပေမယ့် နာရေးကိုတော့ တစ်ရက်ထဲအတူပြုလုပ်ရမယ့် ကံပါလာတဲ့ သမိုင်းဂုံးတံတားအနီး မောင်ဝင်းစတိုး မီးလောင်မှုမှ ညီအစ်မနှစ်ဦး

    ၂ နှစ်ခြားပြီး မွေးဖွားခဲ့ကြပေမယ့် နာရေးကိုတော့ တစ်ရက်ထဲအတူပြုလုပ်ရမယ့် ကံပါလာတဲ့ သမိုင်းဂုံးတံတားအနီး မောင်ဝင်းစတိုး မီးလောင်မှုမှ ညီအစ်မနှစ်ဦး

    ၁၅-၂-၂၀၂၆၊ မနက် ၃ နာရီခွဲမှာ ရန်ကုန်တိုင်း မရမ်းကုန်းမြို့နယ်၊ ၂ ရပ်ကွက်၊ မောင်ဝင်း ကုန်မာဆိုင် မီးလောင်မှုကြောင့် အမျိုးသမီး ၂ ဦး ကွယ်လွန်ခဲ့ပါတယ်။ အမျိုးသမီး ၃ ဦး အတူနေထိုင်ကြပေမယ့် တဦးက ဘုရားဖူးခရီးသွားတာကြောင့် ကျန်ရှိတဲ့သူ ၂ ဦး ကွယ်လွန်ခဲ့ပါတယ်။ အပေါ်ထပ်ကနေ စတင်လောင်ကျွမ်းခဲ့တာ ဖြစ်ပြီး ကုန်မာဆိုင် ဖြစ်တာကြောင့် ဒုစရိုက်သမားရန်ကို ကြောက်လို့ ဆိုင်တံခါးကို သော့ကိုးလုံး ခတ်ထားမှုကြောင့် အလွယ်တကူ ဖွင့်မရ ဖြစ်ခဲ့ပါတယ်။ နောက်ဖေးခန်းကလည်း အလွယ်တကူ ထွက်လို့ မရတာကြောင့် ကွယ်လွန်သူ ညီအစ်မ ၂ ဦးဟာ နောက်ဖေးခန်းမှာ ဖက်လျက်လေး မီးလောင် ကွယ်လွန်ခဲ့တာလို့ သိရပါတယ်။ ကယ်ဆယ်ရေးအဖွဲ့တွေ ရောက်ရှိချိန်မှာ သော့ကိုးလုံး ခတ်ထားတဲ့…

  • AA ကိုခုခံရန် ကျောက်ဖြူဓညဝတီရေတပ်ဌာနချုပ်အနီး ကာကင်းစခန်းများ တိုးချဲ့တည်ဆောက်

    AA ကိုခုခံရန် ကျောက်ဖြူဓညဝတီရေတပ်ဌာနချုပ်အနီး ကာကင်းစခန်းများ တိုးချဲ့တည်ဆောက်

    အာရက္ခတပ်တော် ( AA) နှင့် ဖြစ်ပွားနေသော တိုက်ပွဲများမှာ ဓညဝတီရေတပ်ဌာနချုပ်အနားထိရောက်ရှိလာပြီးAA က ပစ်ခတ်သော ဒရုန်း၊လက်နက်ကြီးကျည်များမှာ စခန်းထဲထိ ကျရောက် ပေါက်ကွဲမှုများ ရှိလာသဖြင့် စခန်းရှေ့သို့ ထွက်ကာ ကာကင်းစခန်းများကို တိုးချဲ့ တည်ဆောက်နေသည်ဟုသတင်းရရှိသည်။ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ” သစ်ပုတ်တောင်နဲ့ တစ်မိုင်လောက်ဝေးတဲ့ နေရာတွေမှာ အခိုင်အမာစခန်းချနေကြတယ်။ လက်ရှိတော့ စိုင်ခြုံရွာမှာ အင်အား ၂၀၀ လောက်တပ်စွဲထားပြီးကာကင်းလုပ်ထားတယ်။ အဲဒီနားအနီးဝန်းကျင်မှာ တိုက်ပွဲတွေဖြစ်နေတယ်။ ရေတပ်ဌာနချုပ်က မကြာခဏ လက်နက်ကြီး၊ဒရုန်း၊စနိုက်ဘာအပစ်ခံရလို့ပျက်စီးမှုတွေများတယ်။ သေဆုံးမှုလည်းရှိတယ်” ဟုပြောသည်။ လက်ရှိတွင် ဓည၀တီအနီးရှိ စိုင်ခြုံကျေးရွာ ပတ်ဝန်းကျင်တွင် တိုက်ပွဲများဖြစ်ပွားနေကာ အင်အား ၂၀၀ ခန့်ရှိသော စစ်ကြောင်း တစ်ကြောင်းသည် စိုင်ခြုံရွာတွင် တပ်စွဲကာ အနီးအနားရှိ ကျေးရွာများကို မီးရှို့မှုများပြုလုပ်နေသည်ဟု သိရသည်။ “ရေတပ်ဌာနချုပ်က‌နေ ကင်းလှည့်စစ်ကြောင်းတွေကတော့…

  • မိုးမလင်းသေးဘူး မန္တလေး မီး ကြမ်းနေပြီ (ရုပ်သံ)

    မိုးမလင်းသေးဘူး မန္တလေး မီး ကြမ်းနေပြီ (ရုပ်သံ)

    ယနေ့ ဖေဖော်ဝါရီ ၁၇ ရက်နံနက်ပိုင်းက မဟာအောင်မြေမြို့နယ်၌ Level 1 အဆင့်မီးလေ-ာင်မှုအပါအဝင် ရေနီနှင့် ပန်းတနော်မြို့နယ်တို့တွင်လည်းမီးလေ-ာင်မှုများဖြစ် မန္တလေးတိုင်း၊ မဟာအောင်မြေမြို့နယ်၌ ယနေ့ ဖေ ဖော်ဝါရီ ၁၇ ရက်နံနက်အစောပိုင်းက Level 1 အဆင့်မီးလေ-ာင်မှုအပါအဝင် ပဲခူးတိုင်း၊ ရေနီမြို့နှင့် ဧရာဝတီတိုင်း၊ ပန်းတနော်မြို့နယ်တို့တွင်လည်း မီးလေ-ာင်မှုများဖြစ်ပွားခဲ့ကြောင်း မီးသ-တ်တပ်ဖွဲ့ထံမှ သိရသည်။ မန္တလေးတိုင်း၊ မဟာအောင်မြေမြို့နယ်၊ မဟာမြိုင် ၁ ရပ်ကွက်၊ ၆၆လမ်း၊ ၄၂ လမ်းနှင့် ၄၃လမ်းကြားရှိ နေအိမ်တစ်လုံးတွင် ယနေ့ ဖေဖော်ဝါရီ ၁၇ ရက်နံနက် ၅ နာရီ ၂၀ မိနစ်ခန့်က မီးလေ-ာင်မှုဖြစ်ပွား၍ မဟာအောင်မြို့နယ်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းဝင်များမှ ငြှိမ်းသတ်ခဲ့ကြကြောင်း သိရသည်။ ထိုသို့ ငြှိမ်းသတ်ခဲ့ကြသော်လည်း မီးလေ-ာင်ကျွမ်းမှုဆက်လက်ဖြစ်ပွားနေသဖြင့် နံနက် ၅…

  • ကားမောင်းတဲ့ ဘုန်းကြီး ဆိုင်ကယ်ကို တိုက်ပြီး ထွက်ပြေးဖို့ကြံ 😳

    ကားမောင်းတဲ့ ဘုန်းကြီး ဆိုင်ကယ်ကို တိုက်ပြီး ထွက်ပြေးဖို့ကြံ 😳

    လားရှိုးမြို့တွင် ဖေဖော်ဝါရီ ၁၅ ရက်နေ့က ကားမောင်းလာသည့် ဘုန်းကြီးတစ်ပါးက ဆိုင်ကယ်နှင့် လမ်းလယ်ကျွန်းကို ပဲ့ထွက်သည့် အထိ တိုက်ပြီး နောက်ထွက်ပြေးရန် ကြံစည်ခဲ့သည်။ သို့သော်အများက ဝိုင်းတားဆီးမှုကြောင့် ထွက်မပြေးနိုင်ဘဲ မိခဲ့သည်။ မြန်မာနိုင်ငံတွင် ဘုန်းကြီးများ ကိုယ်တိုင် ဆိုင်ကယ်ကားမောင်းခြင်း ဝိနည်းနှင့် ညီ၊ မညီမှာ အငြင်းပွားနေဆဲ ကိစ္စဖြစ်ပြီး တကယ့်သံဃာတော်အစစ်များက လက်မခံသည့် ကိစ္စရပ်လည်းဖြစ်သည်။