Author: Baby Yit Lone
-

The Tiger
The Tiger (2025) ဒီကားက ဒုတိယကမ္ဘာစစ် ပြီးခါနီးအချိန်ကို နောက်ခံထားပြီး ရိုက်ထားတာပါ။ အဓိကကတော့ ဂျာမန်တပ်ဘက်ကနေ ရိုက်ပြထားတဲ့ကားပေါ့။ ဇာတ်လမ်းက တင့်ကားတစ်စီးနဲ့ စစ်သား ၅ ယောက်အကြောင်း။ သူတို့ရဲ့ တင့်ကားက သာမန်တင့်ကားမဟုတ်ဘူး။ အဲဒီခေတ်က မဟာမိတ်တပ်တွေ အကြောက်ရဆုံး “Tiger Tank” (ကျားတင့်ကား) ကြီး။ ဇာတ်ရှိန်တက်လာတာက ဒီလို… သူတို့အဖွဲ့ဟာ ရန်သူ့နယ်မြေရဲ့ နောက်ကျောဘက် အင်မတန်အန္တရာယ်များတဲ့ နေရာတစ်ခုကို လျှို့ဝှက်မစ်ရှင်တစ်ခုနဲ့ သွားရဖို့ဖြစ်လာတယ်။ အခြေအနေက သေဖို့များတဲ့ အနေအထားပေါ့။ ဒီတော့ စိတ်ဓာတ်မကျအောင်၊ အိပ်ငိုက်မသွားအောင်နဲ့ ကြောက်စိတ်ပျောက်အောင်ဆိုပြီး အဲဒီခေတ်က ဂျာမန်တပ်တွေသုံးတဲ့ စိတ်ကြွဆေး (Methamphetamine) တွေကို သုံးစွဲကြရာကနေ ဇာတ်လမ်းက စတာပဲ။ ဘာတွေဆက်ဖြစ်မလဲ? ဆေးအရှိန်တွေတက်၊ စစ်ပွဲရဲ့ ဖိအားတွေများလာတဲ့အခါမှာ သူတို့ဟာ…
-

HAQ
HAQ (2025) အခွင့်အရေးနှင့် အမှန်တရား ဒီနေ့မှာတော့ ၂၀၂၅ ရဲ့ အကောင်းဆုံးတရားခွင်အခြေပြု ဇာတ်ကားတွေထဲက တစ်ကားဖြစ်တဲ့ “Haq” အကြောင်း တင်ဆက်ပေးထားပါတယ်။ မင်းသမီး ယာမီ ဂေါင်တမ်နဲ့ မင်းသား အီမရန်ဟတ်ရှ်မီးတို့ အပြိုင်အဆိုင် သရုပ်ဆောင်ထားတဲ့ ဒီကားကတော့ တကယ်ဖြစ်ရပ်မှန် “Shah Bano Case” ကို မှီငြမ်းရိုက်ကူးထားတာဖြစ်ပြီး ကြည့်နေရင်းနဲ့ ရင်ထဲမှာ တစ်ခုခုကျန်ခဲ့မယ့် ကားမျိုးပါ။ ကုဋေ ၄၅ ကုန်ကျခံရိုက်ကူးထားတဲ့ ရုံတင်ကားကောင်းတစ်ကားပဲဖြစ်ပါတယ် ရှာဇီယာဆိုတဲ့ အမျိုးသမီးလေးတစ်ယောက် သူမက ရှေ့နေတစ်ယောက်ဖြစ်တဲ့ အဘတ်စ်နဲ့ လက်ထပ်ပြီး သားသမီးသုံးယောက်နဲ့အတူ ပျော်ပျော်ရွှင်ရွှင် အရမ်းအချစ်ခံ အိမ်ထောင်ရှင်မဘဝနဲ့အေးအေးဆေးဆေး နေထိုင်လာခဲ့တာပါ။ ဒါပေမယ့် လက်ထပ်ပြီး ၉နှစ်အကြာမှာ အဘတ်စ်က သူမကို အသိမပေးဘဲ ဒုတိယဇနီးတစ်ယောက် ရုတ်တရက်ထပ်မံခေါ်လာခဲ့တဲ့အခါမှာတော့ ရှာဇီယာ့ရဲ့…
-

လှည်းကူးခရိုင် ထွေအုပ်ရုံးကို မြို့ပြအဖွဲ့ဖောက်ခွဲတိုက်ခိုက်
ရန်ကုန်တိုင်း၊ လှည်းကူးမြို့က စစ်ကောင်စီရဲ့ ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူးရုံးကို ပြင်းအားမြင့်မိုင်း နှစ်လုံးနဲ့ တိုက်ခိုက်ခဲ့တယ်လို့ Yangon Army အဖွဲ့တာဝန်ရှိသူက ပြောပါတယ်။ “ထွေအုပ်ရုံးမှာ စခမရှိဘူး။ ပျူတွေဘဲစောင့်ကြတာ။ ထိကုန်ကြဖို့များတယ်။ မိုင်းကွဲအားပြင်းတယ်။” လို့ စစ်ဆင်ရေးအကြောင်းကိုပြောပါတယ်။ အဲဒီထွေအုပ်ရုံးက စစ်ကောင်စီရဲ့ ရွေးကောက်ပွဲ အတွက် အဓိကလုပ်ဆောင်ပေးနေတာကြောင့် တိုက်ခိုက်ခဲ့တာဖြစ်ပြီး ဒီကနေ့ (ဇန်နဝါရီ ၂) ည ၆ နာရီခွဲကျော်မှာ ဖောက်ခွဲတိုက်ခိုက်ခဲ့တာလို့ သတင်းထုတ်ပြန်ထားပါတယ်။ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ပါဝင်လုပ်ဆောင်နေသူတွေနဲ့ စစ်ကောင်စီနဲ့ ပတ်သက်နေသူတွေကို ဆက်လက်ပြီး အပြင်းအထန်တိုက်ခိုက်သွားမယ်လို့ Yangon Army က သတိပေးထားပါတယ်။ Yangon Army က အနောက်ပိုင်းခရိုင် ပကဖနဲ့ပူးပေါင်းပြီး စစ်ကောင်စီရဲ့ ရွေးကောက်ပွဲ ပထမပိုင်းစတင်တဲ့ ဒီဇင်ဘာ ၂၈ ရက်မှာ ကမာရွတ်မြို့နယ်…
-

Goodbye June
Goodbye June (2025) ဒီရုပ်ရှင်လေးကတော့ ခရစ္စမတ်ကာလမှာထွက်ရှိလာတဲ့ ယောက်ျားလေးတွေရဲ့ အသဲစွဲမင်းသမီးဖြစ်သူ Kate Winslet ကပထမဆုံးအနေနဲ့ ဒါရိုက်တာအဖြစ် ရိုက်ကူးထားတဲ့ မိသားစု ဒရာမာ ဇာတ်လမ်းကောင်းလေးတစ်ခုဖြစ်ပါတယ်။ ဇာတ်ညွှန်းကိုလည်း သူ့ရဲ့သားဖြစ်တဲ့ Joe Anders ရေးသားထားတာဖြစ်ပါတယ်။ သားအမိနှစ်ယောက်ဖန်တီးထားတဲ့ ရုပ်ရှင်ကောင်းလေးတစ်ခုဖြစ်ပြီး IMDb rating 6.4 ထိရထားပါတယ်။ ခရစ္စမတ်ပွဲတော် နီးကပ်လာတဲ့အချိန်မှာ သက်ကြီးပိုင်းမိခင်ဖြစ်သူ ဂျွန် ရဲ့ ကျန်းမာရေးအခြေအနေဟာ ရုတ်တရက်ဆိုးရွားလာတဲ့အတွက်ကြောင့် ဝေးကွာနေကြတဲ့ Julia(Kate Winslet) တို့ မောင်နှမလေးယောက် ပြန်လည်ဆုံတွေ့ကြရပါတယ်။ အကြီးဆုံးသမီးဖြစ်သူ Julia ၊ စိတ်လှုပ်ရှားလွယ်ဒေါသဖြစ်လွယ်တဲ့ Molly ၊ အဝေးဆုံးတစ်နေရာမှာရောက်နေတဲ့ Helen နဲ့ မိဘတွေနဲ့အတူနေပြီး စောင့်ရှောက်နေသူ Conner တို့ဟာ မိခင်ဖြစ်သူရဲ့ နောက်ဆုံးသော အချိန်များကို…
-

Mowgli
Mowgli (2025) အချစ်တိုက်ပွဲ သူ့နာမည်က မော်ဂလီ တောတွင်းသားလေးနာမည်ပေါ့။ မိဘတွေကို ငယ်စဉ်တည်းက ဆုံးရှုံးလိုက်ရပြီး တောထဲမှာပဲ ဇစ်မြစ်ချနေနေလို့ မော်ဂလီလို့ခေါ်ကြတယ်။ နေလာရင်းနဲ့တစ်နေ့ ရိုက်ကူးရေးအဖွဲ့သားတွေက သူတို့ရွာမှာ ရုပ်ရှင်လာရိုက်ကြတယ်။ လူစားထိုးဖို့လိုနေတာနဲ့ ပေးမဲ့ပမာဏကလည်းများနေတော့ မော်ဂလီတစ်ယောက် အရန်မင်းသားဝင်လုပ်တယ်ပေါ့။ အဲဒီမှာ မင်းသမီးလေးဂျပ်စမင်ဆိုတာနဲ့တွေ့ဖို့အကြောင်းဖန်လာခဲ့တယ်။ ဂျပ်စမင်က ဆွံ့အနားမကြားသူတစ်ယောက် ဒါပေမယ့် သူ့အလှကတော့ အများကြားပေါ်လွင်လွန်းတာကြောင့် လိုချင်တဲ့လူက ခပ်များများရယ်။ ဆရာ့ဆရာကြီးတွေနဲ့ အပြိုင်ကြဲရင်း အချစ်အတွက် သူရင်ဆိုင်ရမှာတွေက ဘာတွေများဖြစ်နေမလဲ။ လိုချင်တာကိုရော တောတွင်းသားလေးတစ်ယောက် ရသွားနိုင်မလားဆိုတာကတော့…