Author: Baby Yit Lone

  • Palestine 36

    Palestine 36

    Palestine 36 (2025) Palestine 36 ဟာ ၁၉၃၆–၁၉၃၉ ခုနှစ်က “1936–1939 အာရပ်တော်လှန်ရေး”အကြောင်းတွေ — အစိုးရရဲ့ British colonial rule ဆန့်ကျင်ရေး ပုန်ကန်မှုတွေကို အခြေခံထားတယ်။ ဇာတ်လမ်းမှာ ပါလက်စတိုင်းပြည်သူ တွေရဲ့ဘဝ ဗြိတိသျှကိုလိုနီတွေရဲ့ ဖိနှိပ်မှု၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေ အကြောင်းတွေ ပေါင်းစပ်ထားတယ်။ အရေးပါတဲ့ historical drama တစ်ခုအဖြစ် သတ်မှတ်ခံထားရပြီး၊ ပရိသတ်/သုတေသနရှင်များ ရဲ့ စဉ်းစားစရာကောင်းမယ့် လူမျိုးရေးသိပ္ပံ-လူမှုဆိုင်ရာ topics တွေကို ထည့်ထားပါတယ်။

  • The Tin Mine

    The Tin Mine

    The Tin Mine (2005) အာဂျင်ဆိုတဲ့ ဒုတိယနှစ်တက္ကသိုလ်​ကျောင်းသားတစ်​ယောက်ဟာ ​ကျောင်းထုတ်ပယ်ခဲ့ရပြီး အနာဂတ်​ဝေဝါး​နေသူပါ။ အာဂျင်ဟာ အ​ဖေဖြစ်သူရဲ့​စေလွှတ်မှု​ကြောင့် ​တောင်ပိုင်း​ဒေသမှာရှိတဲ့သတ္တုလုပ်ငန်းမှာ ​အလုပ်သ​ဘောကိုလေ့လာဖို့​ရောက်လာခဲ့ပါတယ်။ သတ္တုလုပ်ငန်းဆိုတဲ့အတိုင်း ခက်ခဲပင်ပန်းလွန်းတာ​ကြောင့် အာဂျင်လိုလူငယ်မြိုသားတစ်​ယောက်ဟာ ခက်ခဲကြမ်းတမ်းတဲ့အလုပ်ကိုလုပ်နိုင်ပါ့မလား။ နောက်ပြီး သတ္တုတွင်းမှာလုပ်ကိုင်​နေရတဲ့သူ​တွေ အလုပ်ကြမ်းသမား​တွေရဲ့ဘဝ၊ ခက်ခဲပင်ပန်းမှု​တွေကို ရိုက်ကူးပြသထားတဲ့ ရုပ်ရှင်​ကောင်း​လေးတစ်ပုဒ်အဖြစ်ကြည့်ရှုကြရမှာဖြစ်ပါတယ်။

  • The Wrecker

    The Wrecker

    The Wrecker (2025) “မိသားစုကို ထိရင်မီးပွင့်သွားမယ့်ရေတပ်သားဟောင်းတစ်ဦးရဲ့လက်တုံ့ပြန်မှု” Action, Crime, Thriller ကားကောင်း ကြိုက်သူတွေအတွက် ၈၀/၉၀ ခုနှစ်တွေက အက်ရှင်ကားတွေရဲ့ အရသာကိုပြန်လည်ပေးစွမ်းမယ့် The_Wrecker_2025 ကားလေးပဲဖြစ်ပြီး ဒီကားမှာ နာမည်ကြီး Fast and Furioys သရုပ်ဆောင်ဖြစ်တဲ့မင်းသား Tyrese Gibson ၊ဝါရင့်သရုပ်ဆောင်ကြီး Harvey Keitel ၊ Danny Trejo နဲ့ Mena Suvari တို့လိုနာမည်ကြီးတွေအားဖြည့်ထားပါတယ်။ ဇာတ်လမ်းအကျဥ်း Tony ဆိုတာ တစ်ချိန်က မာရင်းတပ်သားဟောင်း တစ်ယောက်ပါ။ အခုချိန်မှာတော့ အတိတ်က စစ်ပွဲတွေကို မေ့ထားပြီး ကားဟောင်းဖျက်သိမ်းရေးစက်ရုံ မှာ အလုပ်လုပ်ရင်း သမီးနှစ်ယောက်နဲ့ အေးဆေးနေနေသူအဖြစ်ဘဝကိုဖြတ်သန်းနေပါတယ်။ ဒါပေမယ့် ဒီအေးချမ်းမှုက ကြာကြာမခံဘဲသူ့ညီဖြစ်သူ Bobby က မြို့ခံမာဖီးယားခေါင်းဆောင်…

  • Videotheque

    Videotheque

    Videotheque (2024) ဒီကားကတော့ Serbian Film အမှန်အကန် ဖြစ်ပါတယ်။ Anthology ပုံစံနဲ့တင်ဆက်ထားတာဖြစ်ပြီး၊ ဇာတ်လမ်းအကျဉ်းကတော့ သူခိုးတစ်ယောက်ရဲတွေလက်က ထွက်ပြေးရင်း စွန့်ပစ်ဗီဒီယိုအခွေဆိုင်တစ်ခုတည်းကိုရောက်ရှိသွားပြီး၊ တစ်ညတာခိုနေတဲ့အချိန်မှာ ဟော်ရာဇာတ်ကားသုံးကားကြည့်ဖြစ်ပုံကနေအစပျိုးထားတာပါ။ သူကြည့်တဲ့ ဇာတ်ကားသုံးကားဟာ ဇာတ်လမ်းတိုသုံးခုဖြစ်ပြီး ဦးနှောက်စားရမယ့်တင်ဆက်ပုံ၊ ဇာတ်လမ်းမျိုးတွေချည်းပါပဲ။ စဉ်းစားတွေးတောရတာကိုကြိုက်တဲ့သူတွေ သဘောတွေ့မယ့်ပုံမျိုးပါ။ (18+ အခန်းတချို့နှင့် ဝတ်လစ်စလစ် အခန်းတချို့ပါသောကြောင့် မိသားစုနှင့်အတူ မကြည့်သင့်ပါကြောင်း အသိပေးအပ်ပါသည်။)

  • Lovesick

    Lovesick

    Lovesick (2025) ကျွန်တော်တို့ တကယ်တမ်း မေ့မရနိုင်တာက လူငယ်ဘဝကိုလား…… ဒါမှမဟုတ် လူငယ်ဘဝထဲက လူတစ်ယောက်ကိုလား…… ဒီလူငယ်ကျောင်းသားကားလေးကိုကြည့်ရင် ဖွင့်မပြောလိုက်ရတဲ့ ငယ်ဘဝကခံစားချက်တွေကို ဖွင့်ဟလိုက်ကြရအောင်…… ဇာတ်လမ်းအကျဉ်းကတော့… အထက်တန်းအခန်းတစ်ခန်းထဲမှာ ကျောင်းသားနှစ်ယောက်ဟာတိုက်တိုက်ဆိုင်ဆိုင်ပဲ နာမည်ဆင်တူနေပါတယ်။ တစ်ယောက်ကတော့ ပေါ့ပေါ့ပါးပါးနေတတ်ပြီး လက်ရှိဘဝမှာပဲပျော်နေတဲ့ စာညံ့တဲ့ကျောင်းသားဖြစ်ပြီး နောက်တစ်ယောက်ကတော့ တည်ငြိမ်အေးဆေးပြီး အနာဂတ်အတွက် မျှော်လင့်ချက်ကြီးမားတဲ့ စာတော်တဲ့ကျောင်းသူ…… စာညံ့တဲ့ကောင်လေးက ကျောင်းထုတ်ခံရတော့မယ့်အရေးနဲ့ ရင်ဆိုင်နေရချိန်မှာ နေမကောင်းချင်ယောင်ဆောင်လိုက်ရင် ဒီအခြေအနေကနေ လွတ်မြောက်နိုင်မယ်ဆိုတာကို မထင်မှတ်ဘဲ သိလိုက်ရတယ်။ စာတော်တဲ့ကောင်မလေးကတော့ မုသားရှာဖွေရေးရေဒါတပ်ထားသလိုပဲ ကောင်လေးကနေမကောင်းချင်ယောင်ဆောင်နေတယ်ဆိုတဲ့ သက်သေတွေကို အမြဲရှာတွေ့နေတတ်တယ်။ နာမည်ဆင်တူနေတဲ့ သူတို့နှစ်ယောက်ရဲ့ ကံကြမ္မာက တစ်နည်းမဟုတ်တစ်နည်း ဆက်စပ်နေမယ်ဆိုတာကို အရိပ်အမြွက်ပြနေသလိုပါပဲ။ မီးနဲ့ရေလို လုံးဝမတည့်တဲ့ သူတို့နှစ်ယောက်ဟာ ဒီ “နေမကောင်း” ချင်ယောင်ဆောင်တဲ့ အလွဲကြောင့် တစ်ယောက်ကိုတစ်ယောက် စုံထောက်လို အပြန်အလှန်စောင့်ကြည့်ရင်း…