The Wrecker (2025)

“မိသားစုကို ထိရင်မီးပွင့်သွားမယ့်ရေတပ်သားဟောင်းတစ်ဦးရဲ့လက်တုံ့ပြန်မှု”
Action, Crime, Thriller ကားကောင်း ကြိုက်သူတွေအတွက် ၈၀/၉၀ ခုနှစ်တွေက အက်ရှင်ကားတွေရဲ့ အရသာကိုပြန်လည်ပေးစွမ်းမယ့် The_Wrecker_2025 ကားလေးပဲဖြစ်ပြီး ဒီကားမှာ နာမည်ကြီး Fast and Furioys သရုပ်ဆောင်ဖြစ်တဲ့မင်းသား Tyrese Gibson ၊ဝါရင့်သရုပ်ဆောင်ကြီး Harvey Keitel ၊ Danny Trejo နဲ့ Mena Suvari တို့လိုနာမည်ကြီးတွေအားဖြည့်ထားပါတယ်။
ဇာတ်လမ်းအကျဥ်း
Tony ဆိုတာ တစ်ချိန်က မာရင်းတပ်သားဟောင်း တစ်ယောက်ပါ။
အခုချိန်မှာတော့ အတိတ်က စစ်ပွဲတွေကို မေ့ထားပြီး ကားဟောင်းဖျက်သိမ်းရေးစက်ရုံ မှာ အလုပ်လုပ်ရင်း သမီးနှစ်ယောက်နဲ့ အေးဆေးနေနေသူအဖြစ်ဘဝကိုဖြတ်သန်းနေပါတယ်။
ဒါပေမယ့် ဒီအေးချမ်းမှုက ကြာကြာမခံဘဲသူ့ညီဖြစ်သူ Bobby က မြို့ခံမာဖီးယားခေါင်းဆောင် Dante နဲ့ပြဿနာတက်ပြီး အရှုပ်ထုတ်ကို အိမ်သယ်လာတဲ့အခါမှာတော့ Tony တို့ မိသားစုပါမီးဟပ်ခံရပါတော့တယ်။
ဂိုဏ်းစတားတွေကTony ရဲ့သမီးတွေကိုပါရန်ရှာခြိမ်းခြောက်လာတဲ့အခါမှာတော့Tonyတစ်ယောက်ပေါက်ကွဲပါတော့တယ်။
ရဲတွေကလည်း အားကိုးမရ၊ ဥပဒေကလည်း အကာအကွယ်မပေးနိုင်တဲ့အခါ Tony က သူ့နည်းသူ့ဟန်နဲ့ ဖြေရှင်းဖို့ ဆုံးဖြတ်လိုက်ပါတယ်။
သူ့ရဲ့ စစ်ရေးစွမ်းရည်တွေနဲ့ ကားစက်ရုံက ပစ္စည်းတွေကို လက်နက်အဖြစ်ပြောင်းပြီး ရက်စက်တဲ့ ဂိုဏ်းစတားတွေကိုဘယ်လိုဆုံးမလဲဆိုတာကိုတော့ ဆက်လက်ကြည့်ရှုလိုက်ကြပါဗျာ။



Leave a Reply