Lovesick

Lovesick (2025)

ကျွန်တော်တို့ တကယ်တမ်း မေ့မရနိုင်တာက လူငယ်ဘဝကိုလား……

ဒါမှမဟုတ် လူငယ်ဘဝထဲက လူတစ်ယောက်ကိုလား……

ဒီလူငယ်ကျောင်းသားကားလေးကိုကြည့်ရင် ဖွင့်မပြောလိုက်ရတဲ့ ငယ်ဘဝကခံစားချက်တွေကို ဖွင့်ဟလိုက်ကြရအောင်……

ဇာတ်လမ်းအကျဉ်းကတော့…

အထက်တန်းအခန်းတစ်ခန်းထဲမှာ ကျောင်းသားနှစ်ယောက်ဟာတိုက်တိုက်ဆိုင်ဆိုင်ပဲ နာမည်ဆင်တူနေပါတယ်။

တစ်ယောက်ကတော့ ပေါ့ပေါ့ပါးပါးနေတတ်ပြီး လက်ရှိဘဝမှာပဲပျော်နေတဲ့ စာညံ့တဲ့ကျောင်းသားဖြစ်ပြီး နောက်တစ်ယောက်ကတော့ တည်ငြိမ်အေးဆေးပြီး အနာဂတ်အတွက် မျှော်လင့်ချက်ကြီးမားတဲ့ စာတော်တဲ့ကျောင်းသူ……

စာညံ့တဲ့ကောင်လေးက ကျောင်းထုတ်ခံရတော့မယ့်အရေးနဲ့ ရင်ဆိုင်နေရချိန်မှာ နေမကောင်းချင်ယောင်ဆောင်လိုက်ရင် ဒီအခြေအနေကနေ လွတ်မြောက်နိုင်မယ်ဆိုတာကို မထင်မှတ်ဘဲ သိလိုက်ရတယ်။

စာတော်တဲ့ကောင်မလေးကတော့ မုသားရှာဖွေရေးရေဒါတပ်ထားသလိုပဲ ကောင်လေးကနေမကောင်းချင်ယောင်ဆောင်နေတယ်ဆိုတဲ့ သက်သေတွေကို အမြဲရှာတွေ့နေတတ်တယ်။

နာမည်ဆင်တူနေတဲ့ သူတို့နှစ်ယောက်ရဲ့ ကံကြမ္မာက တစ်နည်းမဟုတ်တစ်နည်း ဆက်စပ်နေမယ်ဆိုတာကို အရိပ်အမြွက်ပြနေသလိုပါပဲ။

မီးနဲ့ရေလို လုံးဝမတည့်တဲ့ သူတို့နှစ်ယောက်ဟာ ဒီ “နေမကောင်း” ချင်ယောင်ဆောင်တဲ့ အလွဲကြောင့် တစ်ယောက်ကိုတစ်ယောက် စုံထောက်လို အပြန်အလှန်စောင့်ကြည့်ရင်း တဖြည်းဖြည်းရင်းနှီးလာပြီး ရင်ခုန်သံတွေစတင်ခဲ့တယ်…

ဒါပေမဲ့ လူငယ်ဘဝဆိုတာ နှမြောစရာတွေနဲ့ပြည့်နှက်နေတတ်ပြီး ချစ်ကြတဲ့သူတွေဟာလည်း ခွဲခွာရတတ်စမြဲပါပဲ။

ဒါကြောင့် လက်ရှိအချိန်ကို အမိအရဆုပ်ကိုင်ထားဖို့ လိုအပ်တာပေါ့။


Comments

Leave a Reply

Your email address will not be published. Required fields are marked *