Author: Baby Yit Lone

  • ဗန်းမော်မှာ တိုက်ပွဲပြန်လည်ပြင်းထန်ပြီး စစ်ကောင်စီဘက်က ၅၀ ကျော် သေဆုံး

    ကချင်ပြည်နယ် ဗန်းမော်မြို့မှာမှာ ဩဂုတ်လ ၂၅ ရက်က စစ်ကောင်စီတပ်နဲ့ ကချင်တပ် KIA ပူးပေါင်းတပ်ဖွဲ့တို့ တနေကုန်နီးပါး တိုက်ပွဲပြန်လည်ပြင်းထန်ပြီး စစ်ကောင်စီဘက်က ၅၀ ကျော် သေဆုံးကြောင်း ရှေ့တန်းနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။ “လေယာဉ်ကွင်း တခြမ်း ကျန်သေးတာ။ အဲဒီမှာ စစ်ကောင်စီတွေ အရင် ထိုးစစ်ဆင်လာတာကြောင့် ကေအိုင်အေနဲ့ ပူးပေါင်း တော်လှန်ရေးတပ်ဖွဲ့တွေ တန်ပြန်ခုခံတိုက်ခိုက်တာ။ စစ်ကောင်စီတွေ ၅၀ ကျော်လောက် သေတယ်။ ၅၄ ယောက်လို့ ပြောတယ်။ မသေသေးတဲ့ ကောင်တွေလည်း ပါတယ် ပြောတယ်” လို့ ရှေ့တန်းနဲ့ နီးစပ်တဲ့ အမျိုးသမီးတစ်ဦးက ပြောပါတယ်။ ပြီးခဲ့တဲ့အပတ်ကလည်း ကေအိုင်အေနဲ့ ပူးပေါင်းတော်လှန်ရေးတပ်ဖွဲ့ ရှိရာ နေရာတွေဘက်ကို စစ်ကောက်စီဘက်က ၁၅ ဦး ထွက်ပြေးလာကြတယ်လို့ ဆိုပါတယ်။…

  • တပခ ကို ရှော့တိုက်ဒုံး ၅ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်

    တပခ ကို ရှော့တိုက်ဒုံး ၅ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်

    တောင်ငူအခြေစိုက် တောင်ပိုင်းတိုင်းစစ်ဌာနချုပ် (တပခ) ကို ရှော့တိုက်ဒုံး ၅ လုံးဖြင့် ပစ်ခတ်တိုက်ခိုက် ပဲခူးတိုင်း၊ တောင်ငူအခြေစိုက် စစ်တပ်၏ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် (တပခ) ကို ရှော့တိုက်ဒုံး ၅ လုံးဖြင့် ပစ် ခတ်တိုက်ခိုက်ခဲ့ရာ ရှော့တိုက်ဒုံး ၄ လုံး ထိမှန်ပေါက်ကွဲခဲ့ကြောင်း Brave Warriors for Myanmar (BWM) မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။ ယမန်နေ့ ဩဂုတ်လ ၂၆ ရက်နေ့ နံနက် ၁၀ နာရီ ၃၅ မိနစ်အချိန် BWM အဖွဲ့၏ ဦးဆောင်စီမံမှုဖြင့် Mountain Knight Civilian Defense Forces (MKCDF)၊ Anti-Coup People’s Liberation Force (ACPLF) ၊…

  • မဲပေးစက်များ၏ လုံခြုံရေး၊ လည်ပတ်စနစ်များနှင့် နည်းပညာများကို စစ်တပ်က အဓိက ထိန်းချုပ်ထား

    မဲပေးစက်များ၏ လုံခြုံရေး၊ လည်ပတ်စနစ်များနှင့် နည်းပညာများကို စစ်တပ်က အဓိက ထိန်းချုပ်ထား

    စစ်တပ်က မြန်မာအီလက်ထရောနစ်မဲပေးစက်များ တိုးမြှင့်ထုတ်လုပ်နေပြီး မဲပေးစက်များ၏ လုံခြုံရေး၊ လည်ပတ်စနစ်များနှင့် နည်းပညာများကို စစ်တပ်က အဓိက ထိန်းချုပ်ထား အကြမ်းဖက်စစ်တပ်က လာမည့် ဒီဇင်ဘာလ ၂၈ ရက်နေ့ ပြုလုပ်မည့် ရွေးကောက်ပွဲ အပိုင်း ၁ အတွ က် မြန်မာအီလက်ထရောနစ်မဲပေးစက်များကို အရှိန်အဟုန်မြှင့် တိုးမြှင့်ထုတ်လုပ်နေပြီး မဲပေးစက်များ၏ လုံခြုံရေး၊ လည်ပတ်စနစ်များနှင့် နည်းပညာများကို စစ်တပ်က အဓိက ထိန်းချုပ်ထားကြောင်း နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။ စစ်ကောင်စီက ရွေးကောက်ပွဲတစ်ခုလုံးအတွက် အီလက်ထရောနစ် မဲပေးစက် အရေအတွက် ၅ သောင်း ခွဲ နီးပါး ထုတ်လုပ်လျက်ရှိပြီး အရေအတွက်တိုးမြှင့်ထုတ်လုပ်ရန်လည်း စီစဉ်နေကြောင်း၊ မဲပေးစက်များ၏ နည်းပညာနှင့် လုံခြုံရေးစနစ်များကို စစ်တပ်က အဓိက ထိန်းချုပ် ထုတ်လုပ်နေကြောင်း၊ မဲပေးစက်များကိုလည်း စစ်တပ်က အဓိက…

  • ထူးကြီးမြို့၌ မဲပေးစက်စမ်းသပ်ပွဲမလာသူများကို ဒဏ်ငွေရိုက်၊ ကြံ့ခိုင်ရေးပါတီကို မဲပေးရန် ဖိအားပေး

    ထူးကြီးမြို့၌ မဲပေးစက်စမ်းသပ်ပွဲမလာသူများကို ဒဏ်ငွေရိုက်၊ ကြံ့ခိုင်ရေးပါတီကို မဲပေးရန် ဖိအားပေး

    ဧရာဝတီတိုင်း၊ ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ်၊ ထူးကြီးမြို့မှာ အီလတ်ထရောနစ် မဲပေးစက် လက်တွေ့စမ်းသပ်မဲပေးပွဲကို မလာတဲ့ အရပ်သားတွေကို ဒဏ်ငွေရိုက်နေသလို ကြံ့ခိုင်ရေးပါတီကို မဲထည့်ဖို့ ဖိအားပေးနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ထူးကြီးခန်းမမှာ သြဂုတ် ၂၄ ရက် ၉ နာရီက စတင်ပြုလုပ်တဲ့ အီလတ်ထရောနစ် မဲပေးစက်လက်တွေ့စမ်းသပ် မဲပေးတာကို လာရောက်ကြည့်ရှုဖို့ ပျက်ကွက်တဲ့ အရပ်သားတွေကို အုပ်ချုပ်ရေးမှူးက တယောက် ကျပ် ၁၅,၀၀၀ ဒဏ်ငွေရိုက်နေတာလို့ ဆိုပါတယ်။ ဒေသခံ တယောက်က “အုပ်ချုပ်ရေးမှူးက ဖိအားပေးခေါ်တာ မလာတဲ့သူတွေ ဒဏ်ငွေဆိုပြီး တောင်းယူတာ။ ဘယ်အလုပ်လုပ် ဖိအား ပေးလုပ်တာ။ အုပ်ချုပ်ရေးမှူးတွေကို လုပ်ခွင့်ပေးထားတော့ ပြောစရာကိုမရှိတော့တာ။ အုပ်ချုပ်ရေးမှူးတွေထဲမှာ ရာဇာထွန်းက အဆိုးဆုံး” လို့ ပြောပါတယ်။ အဲ့ဒီ မဲပေးစက် လက်တွေ့…

  • ဆိုင်ကယ်ဦးထုပ် မဆောင်းတဲ့ အကြောင်းပြချက်နဲ့ စစ်အုပ်စုပစ်ခတ်လို့ ရေစကြိုဒေသခံ တစ်ဦးသေဆုံး

    ဆိုင်ကယ်ဦးထုပ် မဆောင်းတဲ့ အကြောင်းပြချက်နဲ့ စစ်အုပ်စုပစ်ခတ်လို့ ရေစကြိုဒေသခံ တစ်ဦးသေဆုံး

    မကွေးတိုင်း၊ ရေစကြိုမြို့နယ် အမှတ် (၇)ရပ်ကွက်မှာ ကင်းလှည့်နေတဲ့ စစ်အုပ်စုက ဆိုင်ကယ်ဦးထုပ်မဆောင်းတဲ့ အကြောင်းပြချက်နဲ့ စီးနင်းသူတွေကို ပစ်ခတ်ရာမှာ အမျိုးသားတစ်ဦး ထိမှန်သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ပစ်ခတ်မှုကြောင့် အမှတ် -၇ ရပ်ကွက်က နှစ်ထောင်ပြည့်ရပ်၊ တိလောက ဘကကျောင်းအနီးမှာနေထိုင်တဲ့ အသက် ၃၉ နှစ်အရွယ် ကိုဇော်ဝင်း ကျည်ထိမှန် သေဆုံးခဲ့တယ်လို့ လုံခြုံရေးကြောင့် အမည်မဖော်လိုတဲ့ ရေစကြိုမြို့ခံတစ်ဦးက ဆိုပါတယ်။ “စကစက ဆိုင်ကယ်ဦးထုပ်မဆောင်းလို့ဆိုပြီး ဆိုင်ကယ်ပေါ်က လူတွေကို လိုက်ပစ်တာ။ ဆဲဆိုပြီးတော့။ စကစက မူးနေတော့ မြင်မြင်သမျှ ပစ်ရာမှာ သူ့အိမ်မှာ ရှိနေတဲ့ ကိုဇော်ဝင်းကို ထိမှန်တာပါ။ လည်ပင်းနဲ့ ဗိုက်ကို နှစ်ချက်ထိပြီး ညနေပိုင်းမှာ ဆုံးသွားပါတယ်” ကိုဇော်ဝင်းရဲ့ ရုပ်အလောင်းကိုတော့ ဩဂုတ်လ ၂၇ ရက်…