Author: Baby Yit Lone
-

ဒေါ်ကြည်ပြာအမှု ဖြေရှင်းချက်အပေါ် လက်မခံဟုဆိုကာ NUG တက္ကသိုလ်ဝင်ခွင့်လုပ်ငန်းစဉ်များအားလုံးကို ရပ်ဆိုင်း
အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ဝန်ကြီးချုပ်ရုံး၏ ဒေါ်ကြည်ပြာအမှုအပေါ် စုံစမ်းစစ်ဆေးမှု ရလဒ်နှင့် ဆုံးဖြတ်ချက်ကို လက်မခံနိုင်သဖြင့် NUG ခေါင်းစဉ်အောက်မှ ဆောက်ရွက်နေသော တက္ကသိုလ်ဝင်ခွင့် ခေါ်ဆိုခြင်း လုပ်ငန်းစဉ်များအားလုံးကို ဖေဖော်ဝါရီ ၁၉ ရက်မှစတင်ကာ ရပ်ဆိုင်းထားမည်ဟု တက္ကသိုလ်ဝင်ခွင့်လမ်းညွှန် ဖြစ်မြောက်ရေးအဖွဲ့က ကြေညာသည်။ ၎င်းအဖွဲ့သည် နွေဦးတော်လှန်ရေးကာလ CDM ကျောင်းသား၊သူ များအတွက် ကြားကာလ တက္ကသိုလ်များ၏ ဝင်ခွင့်လမ်းညွှန်များကို ၂၀၂၃ ခုနှစ်မှ စတင်ကာ နှစ်စဉ် ထုတ်ပြန်နေသည့် အဖွဲ့ဖြစ်ကာ ၂၀၂၃ ခုနစ်၊ ဧပြီလတွင် ကျင်းပခဲ့သည့် နွေဦးတော်လှန်ရေးကာလ၊ အဆင်မြင့်ပညာကဏ္ဍ ပထမအကြိမ် ညီလာခံမှ ပေါ်ထွက်လာသည့် အဖွဲ့ဖြစ်သည်။ ဒေါ်ကြည်ပြာနှင့် ခင်ပွန်းဖြစ်သူတို့အပေါ် တိုင်ကြားထားသည့် အဂတိလိုက်စားမှု စွဲချက်များနှင့် ပတ်သက်၍ ဆုံးဖြတ်ချက်ကို NUG ဝန်ကြီးချုပ်ရုံးက ဖေဖော်ဝါရီ…