Author: Baby Yit Lone

  • Seven Miles From Forever

    Seven Miles From Forever

    Seven Miles From Forever (2025) ဇာတ်လမ်းအေးအေးနဲ့ ငြိမ့်ငြိမ့်လေး စီးမျောချင်ကြသူ ပရိတ်သတ်တွေအတွက်ဖေးနဲ့ ဂျော့ရှ်တို့က Forever ဆိုတဲ့ စာသားသောက်ဆိုင်လေးမှာ မမျှော်လင့်ဘဲ တွေ့ဆုံခဲ့ကြပြီး တစ်ယောက်နဲ့တစ်ယောက် စကားတွေဖလှယ်ခဲ့ကြရာကနေ အချစ်ဇာတ်လမ်း‌လေး တစ်ခုစတင် ပေါ်ပေါက်လာခဲ့ပါတယ်။ သူတို့ ဘဝပျော်ရွှင်စွာ ဖြတ်သန်းနေကြရင်း တစ်နေ့မှာ ဂျော့ရှ်ရဲ့ ဇနီးသည် ထွက်သွားရာကနေ ပြန်လည်ရောက်ရှိလာပြီး တောင်းပန်ကာ ပြန်လည်ပေါင်းဖက်ဖို့ကြိုးစားလာတဲ့အခါ… တစ်ဖက်မှာလည်း ဖေးရဲ့ ရည်းစားဟောင်း က ဖေးကိုပြန်လည် ပိုင်ဆိုင်ခွင့်ရဖို့ ကြိုးစားလာတဲ့အခါ… ဂျော့ရှ်နဲ့ ဖေးတို့ရဲ့ အချစ်ဇာတ်လမ်းလေး ဘယ်လိုဆက်ဖြစ်ကြမလဲဆိုတာ…

  • The Lost Tiger

    The Lost Tiger

    The Lost Tiger (2025) တီယို ဆိုတဲ့ ဒဏ္ဍာရီလာ ကျားမျိုးနွယ်ဝင် ကျားပေါက်လေးဟာ လမ်းဘေးမှာ စွန့်ပစ်ခြင်းခံခဲ့ရပါတယ်။ တီယိုလေး ကို ရိုမေးနီးယားနပန်းဖျော်ဖြေရေးမိသားစု က ရှာတွေ့ပြီး ကောက်ယူမွေးစားလိုက်တဲ့အခါမှာ တီယို လေးလည်း နပန်းဖျော်ဖြေရေးအဖွဲ့ဝင်တစ်ယောက်ဖြစ်လာပါတော့တယ်။ သားပိုက်ကောင်မိသားစုက နွေးထွေးပေမဲ့ တီယိုလေးကတော့ အမြဲတမ်း ကွဲပြားနေတဲ့ လူထူးဆန်းတစ်ယောက်လို ခံစားခဲ့ရပါတယ်။ တစ်နေ့မှာတော့ မိသားစုလိုက် ပြတိုက်ကို အလည်သွားရင်း ပြတိုက်သန့်ရှင်းရေးသမားတစ်ယောက်နဲ့ ဆုံမိရင်း တီယို ရဲ့ မိသားစု အစစ်အမှန်ရှိရာ ဒဏ္ဍာရီလာ ပျောက်ဆုံးနေသောကျွန်း အကြောင်း တစ်စွန်းတစ်စ သိလာခဲ့ရပါတယ်။ သား ကို ဆုံးရှုံးရမှာ ကြောက်တဲ့ တီယို ရဲ့ မွေးစားမိခင်က တီယို့ကို ပြတိုက်ကနေ ဆွဲခေါ်လာခဲ့ပေမဲ့ တီယို ရဲ့ စိတ်မှာတော့…

  • Troll

    Troll

    Troll (2022) နော်ဝေး စိတ်ကူးယဉ် ရုပ်ရှင်ကောင်းတစ်ခုလာပါပြီ။ အမေရိကန်မှာကင်းကောင် ဂျပန်မှာ ဂေါ်ဇီလာဆိုသလို နော်ဝေးပုံပြင်တွေမှာလည်း ဘီလူးကြီးတွေဟာ မပါမဖြစ်ပါ။ နော်ဝေးမှာ ခရစ်ယာန်သာသနာ စတင်ပြန့်ပွားစဉ်က ဘီလူးတွေနဲ့ လူတွေတိုက်ပွဲဖြစ်ခဲ့ပြီး ဘီလူးတွေမျိုးတုံးသွားတဲ့ ပုံပြင်တွေရှိခဲ့ပါတယ်။ အဲဒီဘီလူးတွေဟာ ခရစ်ယာန်တွေကိုမုန်းတယ်၊ ဘုရားကျောင်းတွေကို ကျောက်တုံးကြီးတွေနဲ့ထုတယ်၊ နေရောင်နဲ့တွေ့ရင် ကျောက်ဖြစ်ပြီး သေသွားတယ်ဆိုတဲ့ အချက်တွေ ရှိခဲ့ပါတယ်။ ဒါတွေအားလုံးဟာ နော်ဝေးဒဏ္ဍာရီတွေကနေ စတင်ခဲ့တာပါ။ နော်ဝေးတွေဟာ ဒဏ္ဍာရီအပိုင်းမှာတော့ အတော်ခိုင်လုံတဲ့ ဇာတ်ကောင်တွေနဲ့ဇာတ်အိမ်တွေရှိခဲ့တာအမှန်ပါပဲ။ စိတ်ကူးယဉ် စာပေလောကမှာ နတ်ဘုရားတစ်ပါးလိုဖြစ်တဲ့ The Lord of the Rings ရဲ့ စာရေးဆရာကြီး ဂျေအာအာတိုကင်းန်တောင် ဘီလူးတွေကို နော်ဝေးကနေ အခြေခံခဲ့တာပါ။ အခုဒီရုပ်ရှင်မှာတော့ လက်ရှိခေတ်မှာ တောင်တွေထဲမှာ ရထားလမ်းဖောက်ဖို့ ဥမင်တူးရင်းနဲ့ ဘီလူးကြီးတစ်ကောင် နိုးထလာတဲ့…

  • The Wedding Rule

    The Wedding Rule

    The Wedding Rule (2023) The Wedding Rule ဇာတ်ကားကတော့ anyone but you လိုဟာသအချစ်ဇာတ်လမ်းလေးကြည့်ချင်တဲ့သူတွေအတွက် နောက်ထပ်ကြည့်ရမယ့် Rom-Com ဇာတ်ကားလေးဖြစ်ပြီး ဟင်းတွေကိတ်အမျိုးစားတွေတော်တော်များများတွေ့ရမှာမလို့ အစားသောက်ချစ်သူတွေလဲကြည့်သင့်တဲ့ကားလေးပါ။ ဇာတ်လမ်းအကျဥ်း မက်စ်နဲ့ ဂျန်မာတို့ဟာ ဟင်းလျာချက်ပြုတ်ရတာကိုစိတ်အားထက်သန်တဲ့သူတွေဖြစ်ကြပြီး ငယ်ငယ်ကတည်းက သူတို့ကိုဟင်းချက်နည်းတွေသင်ပေးတဲ့အဘွားရိုဆာရဲ့ ဆိုင်မှာအလုပ်လုပ်တူတူလုပ်ကြပြီး နှစ်ယောက်လုံးကတစ်ယောက်အပေါ်တစ်ယောက် ခံစားချက်ရှိပေမယ့် မက်စ်မှာ ဂျိုလီဆိုတဲ့ရည်းစားရှိတာကြောင့် သူငယ်ချင်းအဆင့်ကနေ မတက်ဘဲ မက်စ်က ကောလိပ်တက်ဖို့ နယူးယောက်ခ်ကိုပြောင်းသွားတော့ သူတို့ကအဆက်သွယ်ပြတ်သွားကြပါတယ်။ အဘွားရိုဆာ ကွယ်လွန်ပြီးနောက် သူရဲ့သေတမ်းစာမှာ သူတို့နှစ်ယောက်ထဲတစ်ယောက်က အိမ်ထောင်ရှိတဲ့လူကဆိုင်ကိုအမွေရမှာဖြစ်ပြီး မရှိရင်တော့ ၃ပတ်အတွင်း လက်ထပ်နိုင်မယ့်လူရှာရမှာဖြစ်ပါတယ်။ မရှာနိုင်ရင်တော့ဆန်တိုလ်ဆိုတဲ့ရိုဆာရဲ့တူကို ပေးအပ်ရမှာဖြစ်ပါတယ်။ ဆန်တိုလ်ကဆိုင်ကိုဖျက်ကာ စီးပွားရေးလုပ်ချင်တာကြောင့် ရိုဆာရဲ့ ဆိုင်ကို တန်ဖိုးထားတဲ့မက်စ်နဲ့ဂျန်မာတို့ဟာ လူများစွာနဲ့ဒိတ်လုပ်ပေမယ့် တစ်ယောက်အပေါ်တစ်ယောက်ခံစားချက်ရှိတာမို့ အဆင်မပြေဖြစ်ပြီး အဲ့ဒီခံစားချက်တွေ ဘယ်လိုပေါ်ထွက်လာမလဲဆိုတာကတော့ သူတို့ရဲ့…

  • All About My Mother

    All About My Mother

    All About My Mother (1999) လူတိုင်းရဲ့ ဘဝမှာ မိခင်ဆိုတာ မရှမဖြစ်ဖြစ်သလို မိခင်တွေအတွက် သားသမီးဆိုတာကရော? မန်ဝယ်လာဟာ သားဖြစ်သူ အက်စ်တဲဘန်ကို တစ်ယောက်တည်း ပြုစုပျိုးထောင်လာခဲ့သူပါ။ သူ့ရဲ့ ခင်ပွန်းဖြစ်သူနဲ့ အတိတ်ကို သားဆီကနေ ဖုံးကွယ်ထားပြီး တစ်ယောက်တည်း ရသမျှအလုပ်ကို လုပ်ပြီး ရှာ‌ဖွေကျွေးမွေးလာခဲ့တာပါ။ ဒီလိုနဲ့ သားဖြစ်တဲ့ အက်စ်တဲဘန်က အရွယ်ရောက်လာတဲ့အခါ စာရေးဆရာဖြစ်ချင်ပြီး သားအမိနှစ်ယောက်လုံးက ပြဇာတ်တွေကို ခုန်မင်ကြပါတယ်။ ဒီလိုနဲ့ အက်စ်တဲဘန်ရဲ့ ၁၇ နှစ်ပြည့်မွေးနေ့မှာ ပြဇာတ်ကြည့်ရင်း ပြဇာတ်မင်းသမီးရဲ့ လက်မှတ်တောင်းဖို့ အက်စ်တဲဘန်တစ်ယောက် ပြေးလိုက်ရင်း ကားတိုက်ခံလိုက်ရပါတယ်။ ပင်ပန်းလှတဲ့ မန်ဝယ်လာရဲ့ ဘဝမှာ ဘယ်လို အခက်အခဲတွေ ထပ်ဖြစ်သွားမလဲ သူ့ရဲ့နောက်ကြောင်း ရာဇဝင်ကရော ဘာတွေဖြစ်မလဲဆိုတာ ကြည့်ရှုလိုက်ကြရအောင်