The Wedding Rule

The Wedding Rule

The Wedding Rule (2023)

The Wedding Rule ဇာတ်ကားကတော့ anyone but you လိုဟာသအချစ်ဇာတ်လမ်းလေးကြည့်ချင်တဲ့သူတွေအတွက် နောက်ထပ်ကြည့်ရမယ့် Rom-Com ဇာတ်ကားလေးဖြစ်ပြီး ဟင်းတွေကိတ်အမျိုးစားတွေတော်တော်များများတွေ့ရမှာမလို့ အစားသောက်ချစ်သူတွေလဲကြည့်သင့်တဲ့ကားလေးပါ။

ဇာတ်လမ်းအကျဥ်း

မက်စ်နဲ့ ဂျန်မာတို့ဟာ ဟင်းလျာချက်ပြုတ်ရတာကိုစိတ်အားထက်သန်တဲ့သူတွေဖြစ်ကြပြီး ငယ်ငယ်ကတည်းက သူတို့ကိုဟင်းချက်နည်းတွေသင်ပေးတဲ့အဘွားရိုဆာရဲ့ ဆိုင်မှာအလုပ်လုပ်တူတူလုပ်ကြပြီး နှစ်ယောက်လုံးကတစ်ယောက်အပေါ်တစ်ယောက် ခံစားချက်ရှိပေမယ့် မက်စ်မှာ ဂျိုလီဆိုတဲ့ရည်းစားရှိတာကြောင့် သူငယ်ချင်းအဆင့်ကနေ မတက်ဘဲ မက်စ်က ကောလိပ်တက်ဖို့ နယူးယောက်ခ်ကိုပြောင်းသွားတော့ သူတို့ကအဆက်သွယ်ပြတ်သွားကြပါတယ်။

အဘွားရိုဆာ ကွယ်လွန်ပြီးနောက် သူရဲ့သေတမ်းစာမှာ သူတို့နှစ်ယောက်ထဲတစ်ယောက်က အိမ်ထောင်ရှိတဲ့လူကဆိုင်ကိုအမွေရမှာဖြစ်ပြီး မရှိရင်တော့ ၃ပတ်အတွင်း လက်ထပ်နိုင်မယ့်လူရှာရမှာဖြစ်ပါတယ်။ မရှာနိုင်ရင်တော့ဆန်တိုလ်ဆိုတဲ့ရိုဆာရဲ့တူကို ပေးအပ်ရမှာဖြစ်ပါတယ်။

ဆန်တိုလ်ကဆိုင်ကိုဖျက်ကာ စီးပွားရေးလုပ်ချင်တာကြောင့် ရိုဆာရဲ့ ဆိုင်ကို တန်ဖိုးထားတဲ့မက်စ်နဲ့ဂျန်မာတို့ဟာ လူများစွာနဲ့ဒိတ်လုပ်ပေမယ့် တစ်ယောက်အပေါ်တစ်ယောက်ခံစားချက်ရှိတာမို့ အဆင်မပြေဖြစ်ပြီး အဲ့ဒီခံစားချက်တွေ ဘယ်လိုပေါ်ထွက်လာမလဲဆိုတာကတော့ သူတို့ရဲ့ အလွဲလေးတွေနဲ့ ဆက်လက်ကြည့်ရှုခံစားလိုက်ပါ။

အချစ်စာပေများဖတ်ရန်

မြန်မာစာတန်းထိုးဇာတ်ကားများကြည့်ရန်


Leave a Reply

Your email address will not be published. Required fields are marked *