Author: Baby Yit Lone
-

ထန်းရှောက်ခံရွာက မွတ်ဆလင် ၆၀၀ ကျော်ကို AA က သတ်ဖြတ်ခြင်းမရှိကြောင်း မောင်တောခရိုင် အစ္စလာမ်ဘာသာဝင် အကြီးအကဲများပြော
ထန်းရှောက်ခံရွာက မွတ်ဆလင် ၆၀၀ ကျော်ကို AA က သတ်ဖြတ်ခြင်းမရှိကြောင်း မောင်တောခရိုင် အစ္စလာမ်ဘာသာဝင် အကြီးအကဲများပြော ရခိုင်ပြည်၊ ဘူးသီးတောင်မြို့နယ်၊ ထန်းရှောက်ခံကျေးရွာက မွတ်ဆလင် ၆၀၀ ကျော်ကို အာရက္ခတပ်တော် AA က သတ်ဖြတ်ခဲ့ခြင်းမရှိကြောင်း မောင်တောခရိုင် အစ္စလာမ်ဘာသာဝင် အကြီးအကဲများက ယနေ့ ဩဂုတ်လ ၂၃ ရက်တွင် ထုတ်ပြန်ပြောဆိုထားသည်။ ထန်းရှောက်ခံကျေးရွာက မွတ်ဆလင် ၆၀၀ ကျော်ကို AA က ၂၀၂၄ ခုနှစ် မေလ ၂ ရက်နှင့် ၃ ရက်နေ့တို့တွင် အစုလိုက်အပြုံလိုက်သတ်ဖြတ်ခဲ့သည်ဟု မွတ်ဆလင်အရေး တက်ကြွလှုပ်ရှားသူများက စွပ်စွဲနေကြသည်။ မောင်တောခရိုင် အစ္စလာမ်ဘာသာဝင် အကြီးအကဲများနှင့် လူမှုအသိုင်းအဝိုင်း ခေါင်းဆောင်များမှာ ထန်းရှောက်ခံကျေးရွာအနီးက ရုပ်အလောင်းများမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ရုပ်အလောင်းများသာဖြစ်ကြောင်း ပြောဆိုထားကြသည်။…
-

သထုံနှင့် ကျိုက်ထိုအခြေစိုက်ပါတီများ ပြည်သူ မျက်စိနောက်အောင် မလုပ် ရဲကြ
PDF ကိုကြောက်သဖြင့် သထုံနှင့် ကျိုက်ထိုအခြေစိုက်ပါတီများ ပြည်သူ မျက်စိနောက်အောင် မလုပ် ရဲကြသေးဟုဆို PDF စိုးမိုးနယ်မြေရှိသော သထုံနှင့် ကျိုက်ထိုမြို့တို့တွင် တရားမဝင်ရွေးကောက်ပွဲဝင်မည့် နိုင်ငံ ရေး ပါတီများသည် ပြည်သူ မျက်စိနောက်အောင် မလုပ်ရဲကြသေးဘဲ ငြိမ်နေကြောင်း သိရသည်။ PDFစိုးမိုးထိန်းချုပ်နယ်မြေ ရာခိုင်နှုန်း ၄၀ ခန့်စီ ရှိသော သထုံနှင့် ကျိုက်ထိုမြို့နယ်တို့သည် ဒီဇင်ဘာ ၂၈ ရက်၊ရွေးကောက်ပွဲအပိုင်း ၁ ပြုလုပ်မည့် မြို့နယ်တို့တွင် ပါဝင်ပြီး ပါတီ ၅ ခုထက်မနည်း မြို့နယ်ရုံး များ ဖွင့်လှစ်ထားသော်လည်း မည်သည့်လှုပ်ရှားမှုမှ မရှိသေးကြောင်း မွန်ပြည်နယ်ပကဖ ဒုတာဝန်ခံ ထံက သိရသည်။ “PDF တွေကို ကြောက်တာလည်း ပါမှာပေါ့။ပြီးတော့ သထုံမှာဆိုရင် ပါတီ၆ခုရဲ့မြို့နယ်ရုံးတွေရှိပေမဲ့ အရင်ကတည်းက ဖွင့်ထားတဲ့ရုံးတွေ။မြို့နယ်၂ခုစလုံး…
-

ဒဂုံဆိပ်ကမ်းမြို့နယ်ရဲရုံး လက်ပစ်ဗုံးဖြင့်တိုက်ခိုက်ခံရ
ရန်ကုန်တိုင်း၊ ဒဂုံဆိပ်ကမ်းမြို့နယ်က ရဲတပ်ဖွဲ့မှူးရုံး ဩဂုတ် ၂၂ ရက်ညက လက်ပစ်ဗုံးနဲ့ တိုက်ခိုက်ခံရပြီး ရဲ ၂ ယောက် ဒဏ်ရာရသွားတယ်လို့ သိရပါတယ်။ ပဲခူးမြစ်လမ်းနဲ့ ကျွန်းရွှေဝါလမ်းထောင့်မှာရှိတဲ့ ရဲရုံးကို မနေ့ည ၈ နာရီမှာ တိုက်ခိုက်ခံရတာဖြစ်ပြီး ဒဏ်ရာရတဲ့ရဲတွေကို ဆေးရုံပို့လိုက်တယ်လို့ ရပ်ကွက်မှာနေထိုင်သူတွေဆီက သိရပါတယ်။ Mother Son Yangon Force မြို့ပြပြောက်ကျားတာဝန်ခံ ဘိုနိုင်က “ဒဂုံဆိပ်ကမ်း ပအဖအဖွဲ့နဲ့ ပူးပေါင်းပြီး လက်ပစ်ဗုံး ၂ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာ။ ပထမ တလုံးက မကွဲဘူး။ နောက်တလုံးမှာကွဲခဲ့ပြီး ရဲ ၂ ဦးကတော့ ထိခိုက်ဒဏ်ရာရတယ်။ ဂိတ်ဝတည့်တည့်မှာက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ၊ ပြည်သူ့စစ်တွေပါရှိတယ် အနီးအနားမှာလည်း ရဲစခန်းတခုရှိတယ်။ အဓိက လုပ်ဆောင်ခဲ့တာကတော့ စစ်တပ်ကလုပ်မယ့်ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်နေတာတွေ၊ ရွေးကောက်ပွဲကို…
-

ကျုံပျော်က ခလရ ၃၆ တပ်ရင်းမှူးကို စစ်ကောင်စီ ဖမ်းဆီးစစ်ဆေးနေ
ဧရာဝတီတိုင်း၊ ကျုံပျော်မြို့အခြေစိုက်အမှတ် ၃၆ ခြေလျင်တပ်ရင်းက တပ်ရင်းမှူးကို စစ်ကောင်စီက လာဘ်စားမှုနဲ့ ဖမ်းဆီးစစ်ဆေးနေတယ်လို့ တပ်ရင်းနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။ တပ်ရင်းမှူးကို လာဘ်စားမှုအပါအဝင် အမှု ၄ ခုထက်မနည်းနဲ့ သြဂုတ် ၁၉ ရက်က စလို့ စစ်ကောင်စီရဲ့စစ်ဘက်ရေးရာလုံခြုံရေးအဖွဲ့(စရဖ)က ဖမ်းဆီးစစ်ဆေးနေတာလို့ ဆိုပါတယ်။ တပ်ရင်းနဲ့ နီးစပ်သူတယောက်က “အထက်အမိန့်နဲ့ ဖမ်းဆီးစစ်ဆေးနေတာဟုတ်ပါတယ်။ စစ်မှုထမ်း အရောင်းအဝယ်ကိစ္စ၊ အစားထိုးငွေတောင်းတဲ့ကိစ္စ၊ တပ်သားတွေ ထွက်ပြေးနေတဲ့ ကိစ္စတွေအပြင် စစ်အသုံးစရိတ် ကိစ္စတွေနဲ့ စစ်နေတာလို့သိရတယ်” လို့ ပြောပါတယ်။ စရဖက တပ်ရင်းမှူးကို ဖမ်းဆီးစစ်ဆေးနေတဲ့အပြင် မိသားစုဝင်တချို့နဲ့ ဆက်စပ်သူ တပ်အရာရှိအချို့ကိုလည်း ဖမ်းဆီးစစ်ဆေးနေတယ်လို့ ဆိုပါတယ်။ ကျုံပျော်မြို့နယ်အဆင့်အုပ်ချုပ်ရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က “နောက်ထပ်တော့ သတင်းတော့ ထပ်မကြားရသေးဘူး။ စစ်ဆေးခံနေရတာကဟုတ်ပါတယ်။ အုပ်ချုပ်ရေးမှူးတွေနဲ့ တပ်ရင်းမှူးတွေပေါင်းလုပ်တဲ့ လာဘ်ငွေယူပြီး…
-

ကပစ ၂၂ သို့ သွယ်တန်းထားသော လျှပ်စစ်မီးတိုင်များကို ဖောက်ခွဲ ရှင်းလင်း
ဆိပ်ဖြူမြို့နယ်ရှိ စစ်တပ် လက်နက်ထုတ်လုပ်ရေးစက်ရုံ- ကပစ ၂၂ သို့ သွယ်တန်းထားသော လျှပ်စစ်မီးတိုင်များကို ဖောက်ခွဲ ရှင်းလင်း မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်ရှိ စစ်တပ်၏ လက်နက်ထုတ်လုပ်ရေးစက်ရုံ- ကပစ ၂၂ သို့ သွယ်တန်းထားသော လျှပ်စစ် မီးတိုင်းများအား ဖောက်ခွဲ ရှင်းလင်းခဲ့ကြောင်း ဆိပ်ဖြူ ကျားဇိုးပြောက်ကျားမှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။ ဩဂုတ်လ ၁၇ ရက်နေ့တွင် ဆိပ်ဖြူမြို့နယ် ကပစ ၂၂ ကို သွယ်တန်းထားသော မီးတိုင်များအား တော်လှန်ရေး တပ်ဖွဲ့များက မိုင်းဆွဲ ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ထိုသို့ မိုင်းဆွဲ တိုက်ခိုက်ခြင်းသည် ကပစ ၂၂ မှ လက်နက်ခဲယမ်းများ၊ ဗုံးများ ထုတ်လုပ်ပြီး အရပ်သားပြည်သူများကို ပစ်ခတ် ဗုံးကျဲ သတ်ဖြတ် နေခြင်းကြောင့်…