Author: Baby Yit Lone
-

ချယ်ရီထက်တောင် ပြန်လွှတ်ပေးဖို့ မင်းအောင်လှိုင် ကြောက်နေတယ်
စစ်ကောင်စီဘက်က အပိုင်းပိုင်းပြုလုပ်ခဲ့သည့် ရွေးကောက်ပွဲအလွန်တွင် NLD ပါတီ ခေါင်းဆောင်နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးလာမလားဆိုသည့် မျှော်လင့်မှုများ ရှိလာခဲ့သည်။ အာဏာသိမ်းစစ်တပ်က ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်နေ့ကတည်းက ဖမ်းဆီးထိန်းသိမ်းထားခြင်း ဖြစ်ပြီး စုစုပေါင်းအမှု ၁၉ မှုဖြင့် တရားစွဲကာ ထောင်ဒဏ် ၃၃ နှစ် ချမှတ်ထားခဲ့ခြင်း ဖြစ်သည်။ ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် သြဂုတ်လတွင် စစ်ကောင်စီက နိုင်ငံတဝန်း အကျဉ်းသားများကို လွတ်ငြိမ်းသက်သာခွင့် ပေးသည့်အခါ ဒေါ်အောင်ဆန်းစုကြည်ကို “ပြစ်ဒဏ်လွတ်ငြိမ်းခွင့်” အနေဖြင့် အမှု ၅ မှုအတွက် ထောင်ဒဏ် ၆ နှစ်ကို လွတ်ငြိမ်းခွင့်ပေးခဲ့သဖြင့် ကျန်သည့် ၁၄ မှုအတွက် ထောင်ဒဏ် ၂၇ နှစ် ဆက်လက်ကျခံနေရဆဲ…
-

ရေးမြို့နယ်တွင် ကင်းပတ်ရန် ထွက်လာသော စစ်သားများကို တိုက်ခိုက်
ရေးမြို့နယ်တွင် ကင်းပတ်ရန် ထွက်လာသော စစ်သားများကို တိုက်ခိုက်မှု ဗိုလ်လေးဝင်းစိုး အပါအဝင် ၄ ဦးသေဆုံးပြီး သေနတ် ၁ လက်သိမ်းဆည်းရရှိ၊ စစ်တပ် ပစ်ခတ်သော လက်နက်ကြီးထိမှန်၍ ပြည်သူ ၁ ဦး သေဆုံး မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် ကင်းပတ်ရန် ထွက်လာသော အကြမ်းဖက် စစ်သားများကို တိုက်ခိုက်ရာ ဗိုလ်လေးဝင်းစိုး အပါအဝင် ၄ ဦးသေဆုံးပြီး သေနတ် ၁ လက်သိမ်းဆည်းရရှိကာ စစ်တပ် ပစ်ခတ်သော လက်နက်ကြီးထိမှန်၍ ပြည်သူ ၁ ဦး သေဆုံးခဲ့ကြောင်း ရေးဘီလူးအဖွဲ့ ခေါင်းဆောင်နှင့် ဒေသခံပြည်သူများက ပြောဆိုသည်။ ဖေဖော်ဝါရီလ ၂၂ ရက်နေ့ နံနက် ၈ နာရီခန့်တွင် ရေးမြို့နယ်၊ ကျောင်းရွာ အခြေစိုက် ခမရ-၅၉၁ တပ်ရင်းမှ…
-

ကလေးငယ်တစ်ဦးရဲ့ အသက်ကို ဆုံးရှုံးလိုက်ရတဲ့ စိတ်မကောင်းစရာ ဖြစ်ရပ်
ကလေးငယ်တစ်ဦးရဲ့ အသက်ကို ဆုံးရှုံးလိုက်ရတဲ့ စိတ်မကောင်းစရာ ဖြစ်ရပ်တစ်ခုကနေတစ်ဆင့် အခြားမိဘတွေ သင်ခန်းစာယူနိုင်အောင် ဒီပို့စ်လေးကို တင်ပြပေးလိုက်ပါတယ်။ 💔 ဖြစ်စဉ်အကျဉ်း အသက် (၁) နှစ်ခွဲသာရှိသေးသည့် သားလေး ရောင်နီသည် မိဘနှစ်ပါးစလုံး အဝေးသို့ အလုပ်သွားလုပ်နေရသဖြင့် အဘွားဖြစ်သူနှင့် နေထိုင်ခဲ့ပါသည်။ နောက်ပိုင်းတွင် ပတ်ဝန်းကျင်အပြောင်းအလဲနှင့် မိခင်နှင့်ခွဲခွာရမှုတို့ကြောင့် စိတ်ဒဏ်ရာ (Trauma) ရရှိခဲ့ပြီး ဝမ်းလျှောခြင်း ဝေဒနာကို ခံစားခဲ့ရပါသည်။ ⚠️ အချိန်လွန်မှ သိရှိခဲ့ရသည့် ရောဂါဝေဒနာ ကလေးငယ် ဝမ်းလျှောနေသည်ကို သက်သာသည်ဟု ထင်မှတ်ခဲ့သော်လည်း (၅) ရက်ခန့်အကြာ သွားရောက်ခေါ်ဆောင်ချိန်တွင် ကလေးမှာ အခြေအနေ အလွန်ဆိုးရွားနေပြီ ဖြစ်ပါသည်။ မင်းဘူးနှင့် မကွေးဆေးရုံကြီးတို့တွင် ဆရာဝန်များက အစွမ်းကုန် ကြိုးစားကုသပေးခဲ့သော်လည်း… …
-

ရွာနာမည်ရော လူနာမည်ပါ တူနေလို့ Live လွှင့်ဖြေရှင်းလာတဲ့ ဆရာမလေး ခင်အေးနွယ်
အခြားသူအမည်ဖျက်ဖို့ကြံစည်နေသူရေ ဘေးကင်းပါစေ နော် ပြန်မခံရပါစေနဲ့🙏 အမည်နဲ့ရွာအမည် ပြန့်နေလို့ ဖြေရှင်းတာ ကို မဖြေရှင်းရင် ကျမ တို့ ကျောင်းအမည်နဲ့ကျမ အမည် ထိခိုက်နစ်နာရတယ် ကိုယ်ချင်းစာ နားလည်ပေးကြပါရှင့် 🙏😊 ကျမအမည် ကျမရုပ်မဟုတ်ဘဲ မတင်ကြပါနဲ့ ကျမရွာသားများဝိုင်းကူညီပေးကြပါအုန်း ရပ်ရွာ အမည် မဟုတ်ဘဲ ထိခိုက်ပါတယ် အမှားပါသွားရင်တောင်းပန်ပါတယ် လူနဲ့အမည် တပ်ပြီးသိစေချင်လို့ပါ
-

မြင်တွေ့ခဲ့ရတဲ့ ထူးခြားတဲ့ လနှစ်ထပ်ဖြစ်စဉ်
“အုပ်ချုပ်သူ အပြောင်းအလဲ” နဲ့ ကပ်ဘေးတွေအတွက် သတိပေးချက်လား? 🤔 ပြီးခဲ့တဲ့ ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၁ ရက်နေ့ ညပိုင်းက မြန်မာနိုင်ငံရဲ့ ဧရာဝတီတိုင်းဒေသကြီးအပါအဝင် နေရာအချို့မှာ ထူးခြားတဲ့ ကောင်းကင်ယံ ဖြစ်စဉ်တစ်ခုကို မြင်တွေ့ခဲ့ရတယ်လို့ သိရပါတယ်။ လမင်းကြီးနှစ်စင်း ထွက်ပေါ်နေသယောင် ထင်မှတ်ရတဲ့ ဒီဖြစ်စဉ်ကြောင့် ဒေသခံတွေကြားမှာ အမျိုးမျိုး ဆွေးနွေးငြင်းခုံမှုတွေ ရှိနေပါတယ်။ ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ရှေးလူကြီးတွေရဲ့ အဆိုအရ “လနှစ်ထပ်ဖြစ်ခြင်း” ဒါမှမဟုတ် “လပန်းပန်ခြင်း” တွေဟာ အုပ်ချုပ်သူ အပြောင်းအလဲအချို့ကို ဖော်ဆောင်တတ်တယ်လို့ ယူဆခဲ့ကြပါတယ်။ ၁၈၈၉ ခုနှစ် ဝန်းကျင်က အတွေ့အကြုံတွေကို အခြေခံပြီး သဘာဝဘေးအန္တရာယ်တွေနဲ့ ကပ်ဘေးတွေအပေါ် သတိထားဖို့ ရှေးအစဉ်အဆက် ပြောဆိုခဲ့တာတွေ ရှိပေမယ့် လက်ရှိမှာတော့ ဒါဟာ သောကြာဂြိုဟ်နဲ့ လမင်းကြီးတို့…