650511277 897091793091754 346751591317203469 N

ဒါ တရားမျှတမှုလား? ကားချင်းညှိတာကို ရဲကဝင်ရှင်းပေးမိတဲ့အတွက်….၂လောင်းပြိုင် အသုဘ ဒီနေ့ချပြီ..

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်၊ ရွှေပေါက်ကံမြို့သစ်တွင် မတ်လ ၉ ရက် ညပိုင်းက ဖြစ်ပွားခဲ့သည့် ခိုက်ရန်ဖြစ်ပွားမှုအတွင်း ထိခိုက်ဒဏ်ရာရရှိခဲ့သည့် လှည့်ကင်းရဲတပ်ဖွဲ့ဝင် နှစ်ဦးဖြစ်သော ရဲတပ်သား ဝင်းဇော်ဦး (၂၉ နှစ်) နှင့် ရဲတပ်သား သန်းအောင်မြင့် (၃၀ နှစ်) တို့၏ ရုပ်အလောင်းကို ယနေ့ (မတ်လ ၁၂ ရက်) တွင် ရေဝေးသုဿာန်၌ သင်္ဂြိုဟ်မည်ဖြစ်ကြောင်း နာရေးဖိတ်စာများအရ သိရသည်။

ဖြစ်စဉ်အကျဉ်း

မတ်လ ၉ ရက် ည ၁၀ နာရီဝန်းကျင်က ရွှေပေါက်ကံ (၁၂) ရပ်ကွက်ခွဲ၊ ပုဂံလမ်းမကြီးပေါ်တွင် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန (စသုံးလုံး) မှ အရာရှိတစ်ဦး အပါအဝင် သားအဖ သုံးဦးနှင့် ဒေသခံအဖွဲ့အချို့ အချင်းများရာမှ စတင်ခဲ့ခြင်းဖြစ်သည်။

ဖြစ်ပွားပုံအသေးစိတ်

လမ်းပေါ်တွင် ကားရပ်ထားသည့် ကိစ္စနှင့်ပတ်သက်၍ ယာဉ်မောင်းဖြစ်သူ မြတ်ကိုကိုအား လှည့်ကင်းရဲများက စစ်ဆေးရာမှတစ်ဆင့် အချင်းများမှု စတင်ခဲ့သည်။

ထို့နောက် မြတ်ကိုကို၏ ဖခင်ဖြစ်သူ ဦးကြင်ခရမ်းနှင့် ညီဖြစ်သူ စသုံးလုံး ဒုတိယစုံစမ်းရေးမှူး အေးမင်းတို့ ရောက်ရှိလာပြီး အငြင်းပွားမှု ပြင်းထန်ခဲ့သည်။

ကနဦး အချင်းများမှုဖြစ်ပြီးနောက် ရဲတပ်ဖွဲ့ဝင်များ ပြန်အထွက်တွင် ကားဖြင့် ဝင်ရောက်တိုက်မိခြင်းနှင့် လက်နက်တုတ်များဖြင့် အပြန်အလှန် ခိုက်ရန်ဖြစ်ပွားမှုများ ဆက်လက်ဖြစ်ပွားခဲ့သည်။

အဆိုပါဖြစ်စဉ်ကြောင့် လှည့်ကင်းရဲတပ်ဖွဲ့ဝင် နှစ်ဦး အသက်ဆုံးရှုံးခဲ့ရပြီး အခြားနှစ်ဦးမှာလည်း ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။

လက်ရှိအခြေအနေ

ဖြစ်စဉ်တွင် ပါဝင်ပတ်သက်သူများဖြစ်သည့် မြတ်ကိုကို၊ စသုံးလုံး ဒုစုံစမ်းရေးမှူး အေးမင်းနှင့် ဖခင်ဖြစ်သူ ဦးကြင်ခရမ်းတို့ကို သက်ဆိုင်ရာက ဖမ်းဆီးအရေးယူထားကြောင်း သတင်းများအရ သိရသည်။ အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ မြို့နယ်ရဲစခန်းများသို့ ဆက်သွယ်မေးမြန်းခဲ့သော်လည်း တစ်စုံတစ်ရာ ဖြေကြားခြင်း မရှိသေးပါ။

ဒေသခံများ၏ ပြောကြားချက်အရ ဖြစ်စဉ်တွင် ပါဝင်သည့် အခြားသူအချို့ကိုလည်း စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရှိရပြီး လက်ရှိတွင် ရပ်ကွက်အတွင်း အခြေအနေများ ပြန်လည်တည်ငြိမ်နေပြီဖြစ်ကြောင်း သိရသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *