Author: Baby Yit Lone

  • FB: Fighting Beat

    FB: Fighting Beat

    FB: Fighting Beat (2007) ဒီဇာတ်လမ်းလေးကတော့ ခက်ခဲတဲ့ပတ်ဝန်းကျင်မှာ ကြီးပြင်းလာရတဲ့ ခမ့်လို့ခေါ်တဲ့ လူငယ်တစ်ယောက်နဲ့ သူရဲ့သူငယ်ချင်းတွေရဲ့ ဘဝဇာတ်ကြောင်းလေးပါ။ ငယ်စဉ်ကတည်းက အဖေဆုံးသွားပြီး ဘုန်းကြီးမှာနေထိုင်ရင်း သူငယ်ချင်းတို့နဲ့ တနေ့တာအလုပ်လုပ်ပြီး ညဖက်လည်း ဘားမှာလက်ဝှေ့ထိုးရင်း ဘဝကိုပြောင်းလဲဖို့ ကြိုးစားနေကြသူတွေပါ။ လက်ဝှေ့ပွဲတွေကတော့မျှတမှုမရှိဘဲ လောင်းကစား၊ ငွေကြေးတစ်ခုရဲ့ လိမ်လည်မှုတွေနဲ့ပဲ ဆက်စပ်လည်ပတ်နေတယ်။ တစ်နေ့မှာတော့ ကံကြမ္မာအပြောင်းအလဲဖြစ်လာပါတော့တယ်။ သူတို့ရှာဖွေစားသောက်နေကြတဲ့ ဘားကို ဩဇာကြီးတဲ့သူတွေက လက်ဝါးကြီးအုပ်ပြီး အနိုင်ကျင့်ယူသွားရင်း ခမ့်နဲ့သူငယ်ချင်းတွေက ဘယ်လိုစည်းစည်းရုံးရုံးနဲ့ ဘားဆိုင်ကို ပြန်ယူမလဲဆိုတာ ဆက်လက်ကြည့်ရှုကြပါဦး။

  • ဒေါ်အောင်ဆန်းစုကြည် ကွယ်လွန်သွားမှာ စိုးရိမ်ပူပန်ဟု သားဖြစ်သူ ကင်မ်အဲရစ်ပြော

    ဒေါ်အောင်ဆန်းစုကြည် ကွယ်လွန်သွားမှာ စိုးရိမ်ပူပန်ဟု သားဖြစ်သူ ကင်မ်အဲရစ်ပြော

    စစ်ကောင်စီရဲ့ အကျဉ်းချတာခံနေရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးအခြေအနေ ဆိုးရွားလာနေပြီး သတင်းအချက်အလက်တွေ မရရှိနိုင်တာကြောင့် အသက်ရှင်နေသေးလားဆိုတာ မသေချာတော့ကြောင်းနဲ့ စိုးရိမ်တဲ့အကြောင်း သားဖြစ်သူ ကိုထိန်လင်း (ခ) ကင်မ်အဲရစ်က ပြောပါတယ်။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတကြီး ဦးဝင်းမြင့် အပါအဝင် မတရား ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားအားလုံး အမြန်ဆုံးပြန်လွှတ်ပေးဖို့ တောင်းဆိုတဲ့ (All In One Piece Movement) ကမ္ဘာတဝန်းလှုပ်ရှားမှုကို ဦးဆောင်ပြုလုပ်နေတဲ့ ကင်မ်အဲရစ်က ဒီဇင်ဘာ ၁၄ ရက်က ဂျပန်နိုင်ငံ၊ တိုကျိုမြို့မှာပြုလုပ်တဲ့ ဆန္ဒပြပွဲအတွင်း ရိုက်တာနဲ့ အင်တာဗျူးမှာ ပြောပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ နှစ်အတော်ကြာအောင် ဆက်သွယ်လို့မရဘဲ ဖြစ်နေကာ စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာလည်း နှလုံး၊ အရိုး၊ သွားဖုံး စတဲ့ ကျန်းမာရေးပြဿနာတွေ ရှိတယ်ဆိုတဲ့ သတင်းတွေကို…

  • Waltzing with Brando

    Waltzing with Brando

    Waltzing with Brando (2025) Waltzing with Brando ဆိုတဲ့ ဇာတ်ကားလေးကတော့ ဗိသုကာရှင်ဘားနက်ဂျက်ခ်ရဲ့ Waltzing with Brando: Planning a Paradise in Tahit ဆိုတဲ့စာအုပ်ကို ပြန်လည်အသက်သွင်းထားတဲ့ ဖြစ်ရပ်မှန်ဇာတ်ကားလေးဖြစ်ပါတယ်။ ဒီကားမှာ တဟီတီကျွန်းရဲ့အလှအပ၊သန္တာကျောက်တန်းတွေရဲ့အလှအပတွေနဲ့ တဟီတီကျွန်းရဲ့လူနေမှုဘဝနဲ့အတူ “The God of Father” ထဲကနာမည်ကြီးမင်းသားရဲ့ အတ္ထုပတ္တိကိုလည်း ကြည့်ရှုခံစားရမှာမလို့ ရှုခင်းလှလှတွေနဲ့ဇာတ်ကားတစ်ကားကြည့်ရှုခံစားချင်တယ်ဆိုရင်တော့ ဒီကားက ကြည့်သင့်တဲ့အထဲပါပါတယ်။ ဇာတ်လမ်းအကျဥ်း ဒီဇာတ်ကားလေးမှာ “The God of Father” က နာမည်ကြီးမင်းသားဖြစ်တဲ့ မာလွန်ဘရန်ဒို ဟာ ဟောလိဝုဒ်ရဲ့ ရှုပ်ထွေးလှတဲ့ဘဝကနေ ရုန်းထွက်ပြီး သူရဲ့သီးသန့်ကမ္ဘာလေးဖြစ်တဲ့ တဟီတီဆိုတဲ့ ကျွန်းတစ်ကျွန်းမှာ ကမ္ဘာ့ပထမဆုံး သဘာဝပတ်ဝန်းကျင်နဲ့ လုံးဝကိုက်ညီတဲ့ အပန်းဖြေစခန်းတစ်ခု တည်ဆောက်ဖို့…

  • Posthouse

    Posthouse

    Posthouse (2025) ကျိန်စာသင့်နေတဲ့ ဖိလစ်ပိုင်ရဲ့ပထမဆုံး သဲထိတ်ရင်ဖိုရုပ်ရှင် မန်နန်ဂယ်ဆိုတာ ဖိလစ်ပိုင်ရိုးရာပုံပြင်တွေထဲက ဒဏ္ဍာရီသတ္တဝါတစ်ကောင်ဖြစ်ပြီး ထိုင်းနဲ့ကမ္ဘာဒီးယားဘက်မှာ ခေတ်စားတဲ့ ကရာဆူးသရဲနဲ့ဆင်တူပါတယ်။ သူက ညဘက်တွေမှာ ခန္ဓာကိုယ်အောက်ပိုင်းကိုဖြတ်တောက်ချန်ထားခဲ့ပြီး လင်းနို့လိုအတောင်ပံတွေနဲ့ပျံသန်းပြီးသားကောင်ကိုရှာဖွေလေ့ရှိပါတယ်။ ဖိလစ်ပိုင်ရဲ့ပထမဆုံး သဲထိတ်ရင်ဖိုရုပ်ရှင်ဟာ မန်နန်ဂယ်အကြောင်းဖြစ်ပြီး အကြောင်းအမျိုးမျိုးကြောင့် ဒီနေ့ဒီအချိန်ထိ ပြီးအောင်တည်းဖြတ်နိုင်ခဲ့ခြင်းမရှိပါဘူး။ ဒီဇာတ်ကားမှာတော့ အဲ့ဒီရုပ်ရှင်ကားရဲ့အမွေခံတွေဖြစ်တဲ့ အယ်ဒီတာ ဆိုင်ရဲလ်နဲ့သမီးဖြစ်သူတို့ Posthouse မှာ အလုပ်ကိစ္စအတွက် တစ်ညတာနေရဖို့ရှိလာချိန်မှာ သွားလေသူ သူတို့ရဲ့ဖခင်/အဘိုးဖြစ်သူဆီက အဲ့ဒီဇာတ်ကားမူကြမ်းဖလင်တွေကို လက်ခံရရှိရာကနေ အစပျိုးထားပါတယ်။ တစ်စ တစ်စ အချိန်တွေကြာလာလေ အဲ့ဒီရုပ်ရှင်ရဲ့နောက်ခံအဖြစ်အပျက်တွေဟာ ပိုမိုပြတ်သားထင်ရှားလာလေဖြစ်ပြီး ဇာတ်လမ်းထဲက မန်နန်ဂယ်တစ်ယောက် အပြင်လောက ကိုရောက်လာပြီးတွေ့သမျှလူတွေကိုပစ်မှတ်ထား တိုက်ခိုက်ပါတော့တယ်။ (မူရင်းစာတန်းထိုးမပါရှိတဲ့အင်္ဂလိပ်စကားပြောနေရာတွေကိုပါ အတတ်နိုင်ဆုံးနားထောင်ပြီးဖြည့်ပေးထားတဲ့အတွက် အသံမသဲကွဲတဲ့နေရာတစ်ချို့မှာကွဲလွဲမှုရှိနိုင်တာကလွဲလို့ ဇာတ်လမ်းကိုအပြည့်အ၀နားလည်နိုင်မှာပါ)

  • ကမ္ဘောဒီးယားနှင့် အပစ်အခတ် ရပ်စဲရန် အစီအစဉ်မရှိဟု ထိုင်းဝန်ကြီးချုပ် ထပ်ပြော

    ကမ္ဘောဒီးယားနှင့် အပစ်အခတ် ရပ်စဲရန် အစီအစဉ်မရှိဟု ထိုင်းဝန်ကြီးချုပ် ထပ်ပြော

    ကမ္ဘောဒီးယား၏ ဒုံးကျည်တိုက်ခိုက်မှုကြောင့် ထိုင်းအရပ်သားတစ်ဦး သေဆုံးသွားပြီးနောက် ကမ္ဘောဒီးယားနှင့် အပစ်အခတ်ရပ်စဲရန် အစီအစဉ်မရှိကြောင်း နှစ်နိုင်ငံတစ်ကျော့ပြန်ပဋိပက္ခ ၈ ရက်မြောက်နေ့သို့ ရောက်လာသည့် ဒီဇင်ဘာ ၁၅ ရက်တွင် ထိုင်းဝန်ကြီးချုပ် အနုတင် ချာန်ဝီရာကူလ်က ပြောသည်။ “ထိုင်းနိုင်ငံအနေနဲ့ ကျွန်တော်တို့ရဲ့ နယ်မြေနဲ့ ပြည်သူတွေရဲ့ ဘက်မလိုက်မှုကို ကာကွယ်ဖို့၊ အကာအကွယ်ပေးဖို့နဲ့ ခုခံကာကွယ်ဖို့အတွက် ခိုင်ခိုင်မာမာ ရပ်တည်သွားမှာပါ” ဟု အနုတင်က ပြောသည်။ ဒီဇင်ဘာ ၁၄ ရက်က ကမ္ဘောဒီးယား၏ BM-21 ဒုံးကျည်ဖြင့် ပစ်ခတ်မှုကြောင့် ဆီဆာကက်ခရိုင်တွင် အသက် ၆၃ နှစ်အရွယ် အမျိုးသားတစ်ဦး သေဆုံးခဲ့ကြောင်း ထိုင်းစစ်တပ်က အတည်ပြုထားသည်။ အဆိုပါခရိုင်အတွင်း၌ပင် ကမ္ဘောဒီးယား၏ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ထိုင်းစစ်သားတစ်ဦး သေဆုံးခဲ့ရာ ထိုင်းဘက်မှ စစ်သား သေဆုံးသူ…