Waltzing with Brando

Waltzing with Brando

Waltzing with Brando (2025)

Waltzing with Brando ဆိုတဲ့ ဇာတ်ကားလေးကတော့ ဗိသုကာရှင်ဘားနက်ဂျက်ခ်ရဲ့ Waltzing with Brando: Planning a Paradise in Tahit ဆိုတဲ့စာအုပ်ကို ပြန်လည်အသက်သွင်းထားတဲ့ ဖြစ်ရပ်မှန်ဇာတ်ကားလေးဖြစ်ပါတယ်။

ဒီကားမှာ တဟီတီကျွန်းရဲ့အလှအပ၊သန္တာကျောက်တန်းတွေရဲ့အလှအပတွေနဲ့ တဟီတီကျွန်းရဲ့လူနေမှုဘဝနဲ့အတူ “The God of Father” ထဲကနာမည်ကြီးမင်းသားရဲ့ အတ္ထုပတ္တိကိုလည်း ကြည့်ရှုခံစားရမှာမလို့ ရှုခင်းလှလှတွေနဲ့ဇာတ်ကားတစ်ကားကြည့်ရှုခံစားချင်တယ်ဆိုရင်တော့ ဒီကားက ကြည့်သင့်တဲ့အထဲပါပါတယ်။

ဇာတ်လမ်းအကျဥ်း

ဒီဇာတ်ကားလေးမှာ “The God of Father” က နာမည်ကြီးမင်းသားဖြစ်တဲ့ မာလွန်ဘရန်ဒို ဟာ ဟောလိဝုဒ်ရဲ့ ရှုပ်ထွေးလှတဲ့ဘဝကနေ ရုန်းထွက်ပြီး သူရဲ့သီးသန့်ကမ္ဘာလေးဖြစ်တဲ့ တဟီတီဆိုတဲ့ ကျွန်းတစ်ကျွန်းမှာ ကမ္ဘာ့ပထမဆုံး သဘာဝပတ်ဝန်းကျင်နဲ့ လုံးဝကိုက်ညီတဲ့ အပန်းဖြေစခန်းတစ်ခု တည်ဆောက်ဖို့ လော့စ်အိန်ဂျလိစ်မြို့က ဗိသုကာပညာရှင် ဘားနက်ခ်ဂျက်ကို ဆွဲဆောင်ခဲ့ပါတယ်။

ဂျက်ခ်ဟာ အစပိုင်းမှာစိတ်မဝင်စားပေမယ့် တဟီတီကျွန်းရဲ့အလှအပကြောင့်သူ့ရဲ့ သာမန်မြို့သားကြီးဘဝကနေ ရုန်းထွက်ပြီး ဘရန်ဒိုနဲ့အတူတူ စိတ်ကူးယဥ်အိပ်မက်နောက်ကိုလိုက်ခဲ့ပါတော့တယ်။

ဘရန်ဒို ရဲ့ စိတ်ကူးယဉ်ဆန်မှုတွေနဲ့ ဂျက်ခ် ရဲ့ လက်တွေ့ကျမှုတွေကြားက သူငယ်ချင်းသံယောဇဉ်၊ တဟီတီကျွန်းရဲ့ အလှအပတွေ၊ သူတို့နှစ်ယောက်ရဲ့ မတူညီတဲ့ အတွေးအခေါ်တွေ၊ စိတ်ကူးအိပ်မက်တွေနဲ့ လက်တွေ့ဘဝကြားက ပဋိပက္ခတွေရယ်နဲ့ သူတို့အိပ်မက်ကရောအကောင်ထည်ပေါ်လာပါ့မလားဆိုတာကတော့ ဆက်လက်ကြည့်ရှုခံစားလိုက်ပါ။

အချစ်စာပေများဖတ်ရန်

မြန်မာစာတန်းထိုးဇာတ်ကားများကြည့်ရန်


Leave a Reply

Your email address will not be published. Required fields are marked *