Author: Baby Yit Lone
-
ကျောက်ဖြူ သိုင်းချောင်းဆည်နှင့် မင်းပြင်ကာကင်းကုန်းများကို AA က ထိုးစစ်ဆင်သိမ်းပိုက်လိုက်ပြီဟု သတင်းထွက်နေ
အာရက္ခတပ်တော် (AA)သည် ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်ရှိ သိုင်းချောင်းဆည်နှင့် မင်းပြင် မိုးလေဝသ ရေဒါစခန်းကိုကာထားသည့် ကာကင်းကုန်းများကို ယမန်နေ့က ထိုးစစ်ဆင်တိုက်ခိုက်ပြီး အပြီးသတ် သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း သတင်းရရှိသည်ဟု မြေပြင်သတင်းရင်းမြစ်တစ်ဦးက ပြောသည်။ အကြမ်းဖက်စစ်တပ်အခြေချတပ်စွဲနေရာယူထားသည့် သိုင်းချောင်းဆည် ဘေးပတ်ဝန်းကျင်က အဓိကကျသည့် ကာကင်းစခန်းကုန်းကို AA က ယမန်နေ့ ဒီဇင်ဘာ ၁ ရက်နေ့က ထိုးစစ်ဆင်တိုက်ခိုက်ပြီးနောက် ကာကင်းစခန်းတချို့ကို သိမ်းပိုက်ခဲ့သည်ဟု ဆိုသည်။ “သိုင်းချောင်းဆည်ရဲ့ အဓိကကျတဲ့နေရာ ကာကင်းကုန်းတွေပေါ့။ AA က ထိုးစစ်ဆင်ပြီးသိမ်းတာ။ လက်နက်ခဲယမ်းတချို့လည်း သိမ်းဆည်းရမိတယ်။ စစ်တပ်က အထိနာပြီး ဆည်ဖက်ကို ဝရုန်းသုန်းကားနဲ့ နောက်ဆုတ်သွားကြတယ်။ စစ်တပ်ကတော့ လက်နက်ကြီး၊ ဒရုန်းကတော့ တရစပ်ပစ်တယ်” ဟု ပြောသည်။ အလားတူ မင်းပြင်ရှိ မိုးလေဝသရေဒါစခန်းအနီးအနားဝန်းကျင်တွင် တပ်စွဲထားသည့် ကာကင်း…
-

ယောက္ခမကြီးပုလွေ
ဦးဘတုတ်ရဲ့ဇနီး ဒေါ်ဒေါ်လှမှာ ငယ်စဉ်က သူတို့ နယ်က မယ်ဘွဲ့ရထားခဲ့ဖူးသူ ဖြစ်ပြီး၊ အသက်ကလေး ရလာသော်လည်း ၊ ကိုယ်လက်လေ့ကျင့်ခန်း အမြဲလုပ်နေသဖြင့် သမီးများကပင်အားကျလောက်အောင် နုနယ်နေပေသေးသည်။ ဦးဘတုတ်က ဒေါ်ဒေါ်လှကို သူတို့ မြို့နှင့် မိုင် ၂၀ ခန့်ဝေးသော တိုင်းမြို့ကြီးကို သွားလည်ဖို့ ပြောနေ၏။ သူတို့သားမက် ကိုတင်ထွတ်လည်း ရောက်နေသည်ဆိုတော့ သွားချင်တဲ့နေရာ လိုက်ပို့ပေးခိုင်းလို့ ရမည်ပေါ့။ တစ်နေ့ သူတို့ရှိရာသို့ ကိုတင်ထွတ်တစ်ယောက် ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာခဲ့သည်။ သူတို့ မြို့လေးမှ မိုင်အနည်းငယ်ဝေးသော ရွာတစ်ရွာတွင် အလုပ်ကိစ္စအတွက် သွားစရာရှိရာမှ ယောက္ခမကြီးတွေ ရောက်နေသည်ကြားလို့ လှည့်ဝင်လာခြင်း ဖြစ်လေသည်။ ထိုဒေသနယ်ပယ်တွင် ကားလမ်းများမှာ အင်္ဂလိပ်ခေတ်ကတည်းက ဖောက်ခဲ့သော လမ်းများကို မပြုမပြင်ပဲ သုံးနေကြတုန်းမို့ ကားအသုံးနည်းပြီး မော်တော်ဆိုင်ကယ်များသာ အသုံးများလေသည်။…
-

သံဃနာယကအုပ်စုအား လှန်ပြနေသလိုပဲ
ပရဟိတ မလုပ်ရဘူးမဆိုလိုပါဘူး။ လမ်းပေါ် အိမ်ကြိုအိမ်ကြားတွေဆီ လူ့ကျွန်ပမာ မလုပ်အပ် မလုပ်သင့်သလိုသာသနာမှာ တကယ် မအပ်စပ် မသင့်မြတ်တဲ့ လုပ်ရပ်လည်း ဖြစ်ပါတယ်။ မော်လမြိုင် သံဃနာယကအုပ်စုအား လှန်ပြနေသလိုပဲနော် သာသနာနဲ့ လုံးဝ ဆန့်ကျင် ကန့်လန့် မအပ်စပ် မသင့်မြတ်ကြောင်း ထောက်ပြရှင်းပြ ပြီးသလို မြို့နယ်သံဃနာယက ရုံးမှာပါ ဆရာတော်ကြီးများက သြဝါဒပေးထားပါလျှက်နဲ့ နားမလိုလို ဟန်ရေးပြတဲ့ ပရဟိတအမည်ခံ ကိုယ်တော်ဖြစ်ပါတယ်။ ယခုလို လုပ်နေတဲ့ကိစ္စတွေအား သာသနာအသိုင်းအဝိုင်းမှ ဝေဖန်ရှုတ်ချ
-

နေအောင် နေဝင်သွားပြီ
ကျနော် ငယ်ငယ်တုန်းက ရုပ်ရှင်မင်းသား နေအောင်ကားတွေ တော်တော်အားပေးခဲ့တယ်။ သူ့ခောတ် သူ့အခါက မြန်မာ့ရုပ်ရှင်လောကရဲ့ ဘုရင်လို့တောင် ပြောလို့ရတယ်။ သူ့ပုံနဲ့ ဇီးထုပ်တွေလဲ ဘရန်းမျိုးစုံပဲ။ ကျနော်က ဇီးထုပ်အရမ်းကြိုက်တာ။ နေအောင်ပုံပါတဲ့ ဇီးထုပ်ကို တော်တော်အားပေးခဲ့တယ်။ ဒါပေမဲ့ ၂၀၁၂ မှာ စစ်တပ်နဲ့ အပေါင်းပါတွေက ရိုဟင်ဂျာတွေကို နှိပ်ကွပ်တုန်းက ဂဠုန် ကိုကိုကြီး (ပြည်သူ့ပါတီ)နဲ့ အပြိုင် စစ်တပ်ကိုအားပေးခဲ့ပြီး ရိုဟင်ဂျာတွေကို ပိုးစိုးပက်စက်ပြောခဲ့တာ ကြားကတည်းက သူ့ကို တော်တော်ရွံသွားတယ်။ အဲဒီတုန်းက အဲလိုစကားတွေဘဲ ရေပန်းစားခဲ့တော့ သူလဲ ချော်လဲရောထိုင်ပြီး ပြောခဲ့တာပေါ့။ အခု ၂၀၂၅ ခုနှစ်မှာကျတော့ စစ်တပ်ရဲ့ ရွေးကောက်ပွဲအကြောင်း အင်တာဗျူးရင်း “တော်လှန်ပြည်သူအားလုံးကို သတ်” ဆိုပြီး ပြောခဲ့တာ မအလ ထက်တောင် ပိုလုပ်ရဲသလိုဘဲ။ သူ့ကို…
-

ရန်ကုန်တွင် ပျော်ပွဲရွှင်ပွဲများကျင်းပရန် စစ်ခေါင်းဆောင် ညွှန်ကြား
ရန်ကုန်မှာ ဒီဇင်ဘာလအတွင်း မြို့နယ်အလိုက် လူထုလမ်းလျှောက်ပွဲနဲ့ လွတ်လပ်ရေးအကြို ပျော်ပွဲရွှင်ပွဲတွေ လုပ်ဖို့ နိုဝင်ဘာ ၃၀ ရက်မှာ စစ်ခေါင်းဆောင်က ညွှန်ကြားထားတယ်လို့ အုပ်ချုပ်ရေးနဲ့နီးစပ်တဲ့ သတင်းအရင်းအမြစ်တွေဆီက သိရပါတယ်။ မနေ့က စစ်ခေါင်းဆောင်က ရန်ကုန်ရောက်ရှိချိန် စစ်ကောင်စီလက်အောက်ခံ တိုင်းအစိုးရအဖွဲ့ကို ပြောဆိုခဲ့တာဖြစ်ပြီး တိုင်းရုံးကတဆင့် ခရိုင်နဲ့ မြို့နယ်ကို ညွှန်ကြားတာလို့ အုပ်ချုပ်ရေးနဲ့ နီးစပ်သူတယောက်က ပြောပါတယ်။ “ဒီဇင်ဘာက နှစ်တိုင်းလုပ်နေကျ။ ဒါပေမဲ့ ဒီနှစ်က အရင်နှစ်နဲ့မတူဘူး၊ လွတ်လပ်ရေးအကြိုပွဲတွေ လူထုလမ်းလျှောက်ပွဲတွေ လုပ်ခိုင်းတာ။ ဦးဆောင်လုပ်မယ့်သူရှိရင်လည်း လုံခြုံရေးအပြည့်ပေးဖို့၊ လူစည်ကားတဲ့နေရာ ရွေးပေးဖို့၊ လုပ်သမျှ မှတ်တမ်းတင် ဓာတ်ပုံရိုက်ပို့ပြီး တိုင်းအစိုးရကို အချိန်နဲ့တပြေးညီ ပို့ဖို့ ညွှန်ကြားတာ။ ဓာတ်ပုံရိုက်ဖို့ အခက်အခဲရှိရင် ပြန်/ဆက်ကို အကူအညီ တောင်းဖို့ ညွှန်ကြားတာ။” မြို့နယ်မှာပါဝင်တဲ့ အုပ်ချုပ်ရေးအဖွဲ့တွေက…