Author: Baby Yit Lone

  • ဒီးမော့ဆိုမြို့ဧရိယာတွင် စစ်တပ်က ဟိုတစ်စု၊ ဒီတစ်စုဖြင့် နေရာယူပြီး တော် လှန်ရေးတပ်များက ပြောက်ကျား စနစ်ဖြင့် ပြန်လည်တိုက်ခိုက်နေ

    ဒီးမော့ဆိုမြို့ဧရိယာတွင် စစ်တပ်က ဟိုတစ်စု၊ ဒီတစ်စုဖြင့် နေရာယူပြီး တော် လှန်ရေးတပ်များက ပြောက်ကျား စနစ်ဖြင့် ပြန်လည်တိုက်ခိုက်နေ

    ဒီးမော့ဆိုမြို့ဧရိယာတွင် စစ်တပ်က ဟိုတစ်စု၊ ဒီတစ်စုဖြင့် နေရာယူပြီး တော် လှန်ရေးတပ်များက ပြောက်ကျား စနစ်ဖြင့် ပြန်လည်တိုက်ခိုက်နေသဖြင့် စစ် သားများ သေဆုံးထိခိုက်မှုများပြားနေဟု KA စစ်ရေးချုပ်ပြော အကြမ်းဖက်စစ်တပ်က ထိန်းချုပ်ထားပြီးဟု ကြေညာထားသော ဒီးမော့ဆိုမြို့ဧရိယာတွင် စစ်တပ်က ဟိုတစ်စု၊ဒီတစ်စုဖြင့် နေရာယူထားပြီး တော်လှန်ရေးတပ်များကလည်း ပြောက်ကျားစနစ်ဖြင့် ပြန်လည်တိုက်ခိုက်နေသဖြင့် စစ်တပ်ဘက်မှ သေဆုံးမှုများပြားနေဟု KA စစ်ရေးချုပ် ဗိုလ်မှူးကြီး ဘုန်းနိုင်က ပြောဆိုသည်။ လက်ရှိ ဒီးမော့ဆိုမြို့ဧရိယာတွင်ပင် တိုက်ပွဲများဆက်လက်ပြင်းထန်နေပြီး စစ်ကောင်စီတပ်ဘက်က ထိခိုက် သေဆုံးမှုများပြားနေကြောင်း ၊ ဩဂုတ်လ ၁၉ ရက်နေ့က ဒီးမော့ဆိုမြို့တွင်းသို့ ဝင်ရောက်ရှိလာသော အကြမ်းဖက်စစ် ကောင်စီတပ် သားများသည် ၎င်းတို့ရောက်ရှိရာနေရာများ၌ ဟိုတစ်စု၊ ဒီတစ်စုနေထိုင်ကာ ဒီးမော့ဆိုမြို့ကို ထိန်း ချုပ်နိုင်သည် ဟု ဝါဒဖြန့်နေခြင်းဖြစ်ကြောင်း၊…

  • တံတားပိတ်၍ လက်နက်ကိုင်လှေဂိတ်များမှ ထိုင်းကုန်စည်များ တင်သွင်းနေ

    တံတားပိတ်၍ လက်နက်ကိုင်လှေဂိတ်များမှ ထိုင်းကုန်စည်များ တင်သွင်းနေ

    ထိုင်း-မြန်မာ နယ်စပ် မဲဆောက်-မြဝတီ ကုန်သွယ်ရေးတံတား၊ အမှတ်- ၂ ကို ဩဂုတ် ၁၈ ရက်နေမှစ၍ ယာယီ ပိတ်ထားသော်လည်း သောင်ရင်းမြစ်ဘေး ကရင်လက်နက်ကိုင်အဖွဲ့ ဂိတ်များမှတစ်ဆင့် ထိုင်ကုန်းစည်များ တင်သွင်း ကုန်သွယ်နေသည်ဟု နှစ်နိုင်ငံ ကုန်သွယ်ရေး လုပ်ဆောင်နေသူများက ပြောသည်။ စစ်အုပ်စု အနေဖြင့် ယခုလို တံတား ယာယီပိတ်ပြီး နယ်စပ်ကုန်သွယ်ရေး ဖြတ်တောင်ရန် လုပ်ဆောင်မှုသည် မအောင်မြင်နိုင်သလို သောင်ရင်းမြစ်ဘေးတလျှောက် လက်နက်ကိုင်များ၏ ကုန်ကူးဂိတ်ပေါင်း ၅၀ ခန့်အထိ ရှိနေပြီး ထိုဂိတ်များမှ ကုန်သယ်ယူ ပို့ဆောင်နေသည်ဟု ပို့ကုန်သွင်းကုန် လုပ်ငန်းရှင်တစ်ဦးက ပြောသည်။ “ထိုင်းနဲ့ မြန်မာ နယ်စပ် စီးပွားကူးသန်းနေတာ ကျတော်တို့ မမွေးခင်ကတည်းက ရှိလာတာ၊ ပြီးတော့ အောက် ဂိတ်တွေက အများကြီးဘဲ။ ဂိတ်ပေါင်း…

  • စစ်တပ်လက်အောက်ခံ ပျူစောထီးများက ပဲနှမ်းပွဲရုံပိုင်ရှင်တစ်ဦး၏ သမီးဖြစ်သူကို ပြန်ပေးဆွဲ

    စစ်တပ်လက်အောက်ခံ ပျူစောထီးများက ပဲနှမ်းပွဲရုံပိုင်ရှင်တစ်ဦး၏ သမီးဖြစ်သူကို ပြန်ပေးဆွဲ

    ချောက်မြို့တွင် စစ်တပ်လက်အောက်ခံ ပျူစောထီးများက ပဲနှမ်းပွဲရုံပိုင်ရှင်တစ်ဦး၏ သမီးဖြစ်သူကို ပြန်ပေးဆွဲပြီး သိန်း ၁၅၀၀ တောင်း၊ ညှိနှိုင်းပြီးနောက် သိန်း ၅၀၀ ဖြင့် စျေးတည့်ပြီး ပြန်လွှတ်ပေး မကွေးတိုင်း၊ ချောက်မြို့တွင် စစ်တပ်လက်အောက်ခံ ပျူစောထီးများက ပဲနှမ်းပွဲရုံပိုင်ရှင်(လုံခြုံရေးအရ ပွဲရုံ၏ အမည်ကို ဖော်ပြ၍ မရပါ) တစ်ဦး၏ သမီးဖြစ်သူကို ပြန်ပေးဆွဲပြီး ငွေကျပ်သိန်း ၁၅၀၀ တောင်းယူမှုဖြစ်ပွားခဲ့ကြောင်း ဒေသသတင်းရင်းမြစ်က ပြောဆိုသည်။ ယခုဩဂုတ်လအတွင်း ချောက်မြို့ပေါ်ရှိ ပဲနှမ်းအကြီးစားပွဲရုံပိုင်ရှင်တစ်ဦး၏ သမီးဖြစ်သူကို စစ်တပ်လက် အောက်ခံပျူစောထီးများက ပြန်ပေးဆွဲပြီး ငွေကျပ်သိန်း ၁၅၀၀ တောင်းယူကြောင်း၊ ညအချိန် ချောက်မြို့၊ ဆိပ်ဖြူနှင့် ပုဂံညောင်ဦးလမ်းများကို ပိတ်ဆို့၍ မြို့ကို စစ်တပ်က လုံခြုံရေး တင်းကျပ်ထားချိန်တွင် ပျူစောထီးများက အုပ်စုလိုက် ပွဲရုံပိုင်ရှင်၏ သမီးဖြစ်သူကို…

  • Non-CDM ဝန်ထမ်းမိသားစုဝင်များ စစ်မှုထမ်းရန် စေခိုင်းခံရ

    Non-CDM ဝန်ထမ်းမိသားစုဝင်များ စစ်မှုထမ်းရန် စေခိုင်းခံရ

    အာဏာသိမ်းစစ်တပ် လက်အောက်မှာ ဆက်လက်တာဝန်ထမ်းဆောင်နေတဲ့ Non-CDM ဝန်ထမ်းမိသားစုဝင်တွေကို ဌာနတခုကို လူနှစ်ယောက်နှုန်းနဲ့ စစ်မှုထမ်းဖို့ စေခိုင်းခံနေရကြောင်း ဝန်ထမ်းတွေဆီက သိရပါတယ်။ ဩဂုတ်လ တတိယပတ်ထဲမှာ ရန်ကုန်က လျှပ်စစ်ဝန်ထမ်း မိသားစုတွေ နေထိုင်တဲ့ ဝန်ထမ်းအိမ်ရာဝင်းထဲက လူငယ် ၂ ယောက်ကို စစ်မှုထမ်းကို လာရောက်ခေါ်ယူသွားကြောင်း ဝန်ထမ်းတယောက်က ပြောပါတယ်။ “ဝန်ထမ်းတွေရဲ့ မိသားစုဝင်တွေပါ စစ်မှုထမ်းအင်အား ပေးနေရပြီ။ ကိုယ့်ဌာနမှာဆိုရင် ခွဲတမ်း တဌာနကို ၂ ယောက်ပေးရတယ်။ တခြားဌာနတွေဆိုလည်း အဲဒီအတိုင်းပဲ ပေးနေရတယ် ပြောတယ်။ အခုက အသက် ၁၈ ပြည့်တာ မပြည့်တာ၊ ကျောင်းသားလား ဘာလား၊ ဝန်ထမ်းဟုတ်တာ မဟုတ်တာ ဆိုတာတွေနဲ့ မသက်ဆိုင်တော့ဘူး။ မအလရဲ့ သေစားသေစေအမိန့်နဲ့ အခုတော့ အိမ်ရာဝင်းထဲက ကလေး ၂…

  • “ခရိုနီပေးတဲ့ ငလျင်ကူငွေ ပြည်သူတွေကို ထပ်သတ်ဖို့လား”

    “ခရိုနီပေးတဲ့ ငလျင်ကူငွေ ပြည်သူတွေကို ထပ်သတ်ဖို့လား”

    စစ်အုပ်စုနဲ့ ပူးပေါင်းခြင်းအားဖြင့် ခရိုနီသူဌေးတွေဟာ သူတို့ရဲ့ အင်ပါယာကို ချဲ့ထွင်နေတာ ဖြစ်သလို အင်အား တည်ဆောက်နေကြတာလည်း ဖြစ်ပါတယ်။ နောင်တချိန်မှာ ဒီအင်အားက သူတို့အတွက် လွတ်လမ်း ဖြစ်လာနိုင်တယ်လို့ တွက်ဆထားတာ ကြောင့်ပါ။ တော်လဲသံကြီးနဲ့အတူ ပြိုကျသွားတဲ့ တိုက်တာ အဆောက်အဦးတွေ၊ ထက်ပိုင်းပြတ်သွားတဲ့ ပုထိုးကျောင်းကန်တွေနဲ့ ဟိုး မြေကြီးအောက်ထဲမှာ ရုန်းရင်းဆန်ခတ် ကွယ်လွန်သွားရှာတဲ့ မိသားစုဝင်တွေ။ ဒါတွေဟာ မန္တလေးမြို့သမိုင်းမှာ အရက်စက်ဆုံးအဖြစ် မှတ်တမ်းတင်ခဲ့တဲ့ မတ်လ ၂၈ ရက် ငလျင်ဘေးရဲ့ ထိခိုက်ပျက်စီးမှုတွေ ဖြစ်ပါတယ်။ စစ်ကိုင်းငလျင်ကြောင့် လူဦးရေ ၄,၀၀၀ ကျော် သေဆုံးခဲ့ရသလို နေအိမ် အဆောက်အအုံ ၅၀,၀၀၀ ကျော် ထိခိုက်ပျက်စီးခဲ့ပြီး လူပေါင်း ခြောက်သိန်းကျော်ကို တိုက်ရိုက် ထိခိုက်ခဲ့ပါတယ်။ မျက်စိနဲ့ မြင်ရတဲ့ အဆောက်အဦးတွေဟာ…