Author: Baby Yit Lone

  • ‎ရေကြည် အမြောက်တပ် ၃၄၄အနီးတိုက်ပွဲပြင်းထန်နေပြီး ဒဏ်ရာရ သေဆုံး စစ်ကော်မရှင်တပ်သားများကို ကားနှင့်သယ်ထုတ်

    ‎ရေကြည် အမြောက်တပ် ၃၄၄အနီးတိုက်ပွဲပြင်းထန်နေပြီး ဒဏ်ရာရ သေဆုံး စစ်ကော်မရှင်တပ်သားများကို ကားနှင့်သယ်ထုတ်

    ‎‎ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်၊ ဂွ- ငသိုင်းချောင်းလမ်း၊ မြောက်စမ်းရွာရှိ အမြောက်တပ် အမတ ၃၄၄ အနီး စစ်ကော်မရှင်နှင့် AAပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲပြင်းထန်နေကြောင်း သိရသည်။ ‎အမြောက်တပ် ၃၄၄အတွင်း ကျုံပျော် ခလရ ၃၆မှ အင်အားအချို့ကို စစ်ကူပို့ထားရပြီး ဒဏ်ရာရရှိသူများကို စစ်ကော်မရှင်က ကားများဖြင့် သယ်ထုတ်နေရကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။ ‎”အမြောက်တပ်ထဲ လက်နက်ကြီးနဲ့အပစ်ခံထိတယ်ပြောတယ်။ စစ်သားတွေကို ကားနဲ့သယ်ထုတ်တယ်” ဟု သတင်းရင်းမြစ်က ပြောသည်။ ‎တိုက်ပွဲဖြစ်ပွားနေသည့် အမြောက်တပ်အနီးတဝိုက်ကို စစ်ကော်မရှင်က လက်နက်ကြီး၊ ဒရုန်းနှင့် ပါရာမော်တာများသုံး၍ ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ ‎အမြောက်တပ်နှင့် နယ်မြေဆက်နေသည့် လေးမျက်နှာမြို့နယ်အတွင်းရှိ စက်စက်ယို၊ ချင်းလယ်စသည့်ကျေးရွာများတွင်လည်း ပစ်ခတ်သံများကြရသည်ဟု ဒေသခံများထံမှ သိရသည်။ ‎သီတာကုန်းပြင်ရှိ တော်လှန်ရေးတပ်များ၏ ခြေကုတ်စခန်း တစ်ခုကို ဝင်ရောက်တိုက်ခိုက်ခဲ့သည့် စစ်ကော်မရှင်စစ်ကြောင်းမှာ တိုက်စစ်အသွင်ဆောင်သည့်…

  • မရိုးနိုင်တဲ့ ပန်းကန်ဆေးရာမှာသုံးသည့် စတီးလ်ဖတ်

    မရိုးနိုင်တဲ့ ပန်းကန်ဆေးရာမှာသုံးသည့် စတီးလ်ဖတ်

    မီးဖိုချောင် ပန်းကန်ဆေးသည့် နေရာက အသံတိတ်လူသတ်သမား ပန်းကန်ဆေးရာမှာ စတီးဖတ်သုံးတဲ့အိမ်ရှင်မတွေ သတိထားကြပါ။ အူပုပ်ပြီးသေသွားလို့ပါ။ Steel Wool အကြောင်းသိကောင်းစရာ… လွန်ခဲ့တဲ့ခြောက်နှစ်လောက်က ကျွန်တော့်မိတ်ဆွေတယောက်နဲ့ ဆုံဖြစ်ပါတယ်။ အိပ်ယာထဲကမထနိုင်သလို အစားအသောက်ပါ မစားနိုင်တဲ့အတွက် လူတကိုယ်လုံးက အရိုးပေါ်အရေတင်နေပါပြီ။ သူခံစားနေရတဲ့ဝေဒနာကို မေးကြည့်တော့ ချက်နားကစူးအောင့်ပြီး နာနေသလို ဝမ်းလဲချုပ်နေပါတယ်။ ဆေးခန်းပြတော့လဲ ပိုးသတ်ဆေးနဲ့ အကိုက်အခဲပျောက်ဆေးတွေပဲ ပေးသတဲ့။ ဖြစ်နိုင်ခြေကို ကျွန်တော်စဉ်းစားကြည့်ပါတယ်.. အစာအိမ်မှာအနာရှိသလား၊ အူခေါက်သလား၊ အူကင်ဆာလားပေါ့။ စိတ်ထဲမှာမသင်္ကာလာတာနဲ့ မေမေ့တပည့် ခွဲစိတ်ဆရာဝန်ကြီးဆီကို အကြံဉာဏ်တောင်းခံခဲ့ပါတယ်။ ဆရာဝန်ကြီးက လူနာကိုချက်ချင်း ဆေးရုံကြီးကို ခေါ်လာဖို့နဲ့ သူကိုယ်တိုင်လာကြည့်မယ်လို့ ပြောပါတယ်။ ဓါတ်မှန်ရိုက်တော့လဲ ဘာမှမပေါ်ပါဘူး။ ဆရာဝန်တွေခေါင်းစားရတဲ့ပြဿနာပါ။ Operation လုပ်ဖို့ကလဲ ရောဂါအတိအကျ မသိရတဲ့အတွက် လုပ်ဖို့မလွယ်ပါ။ အတိုချုံ့ပြောရရင်တော့ လူနာဟာ ခြောက်လအကြာမှာ ဆုံးပါးသွားပါတယ်။…

  • အောင်ဇမ္ဗူ ပြဿနာ ပိုကြီးပြီ

    အောင်ဇမ္ဗူ ပြဿနာ ပိုကြီးပြီ

    ဝေဖန်မှုမြင့်တက်နေတဲ့ အောင်ဇမ္ဗူဇာတ်ရဲ့ မသန်စွမ်းသူ ပုံစံတု သရုပ်ဖော် ပြက်လုံးကိစ္စ သဘင်အစည်းအရုံး ဆွေးနွေးမယ် မသန်စွမ်းသူတွေရဲ့ လှုပ်ရှားသွားလာပုံကို ပုံစံတူလုပ်ကာ သရုပ်ဖော်ပြက်လုံး လုပ်ခဲ့တာကြောင့် ဝေဖန်မှုမြင့်တက်နေတဲ့ အောင်ဇမ္ဗူဇာတ်အဖွဲ့နဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံသဘင်အစည်းအရုံးကတာဝန်ရှိသူတွေ ဒီကနေ့ဖေဖော်ဝါရီ ၂၃ ရက်မှာ ဆွေးနွေးဖို့ရှိတယ်လို့ ကော်မတီဝင်တစ်ဦးထံက သိရှိရပါတယ်။ အစည်းအဝေးက အောင်ဇမ္ဗူဇာတ်အဖွဲ့နဲ့ သဘင်အစည်းအရုံးတို့ နှစ်ဖက်ဆွေးနွေးတာမျိုးမဟုတ်ဘဲ သဘင်အစည်းအရုံးတစ်ဖွဲ့တည်းက တာဝန်ရှိသူတွေပဲ သီးခြား ဆွေးနွေးကြမှာဖြစ်ပါတယ်။ “ဟိုးအရင်ကတည်းက ဘယ်လိုပဲလုပ်ခဲ့လုပ်ခဲ့ အခုကာလမှာတော့ ဒါမျိုးမလုပ်ဖို့ လိုပါတယ်။ ညနေ အစည်းအဝေးအပြီးမှာတော့ ဆုံးဖြတ်ချက်တစ်ခုထွက်လာမှာပါ” လို့ ကော်မတီဝင်က ဆိုပါတယ်။ စင်မြင့်ထက်မှာ ဇာတ်အဖွဲ့ရဲ့ ခေါင်းဆောင်မင်းသားက သီချင်းသီဆိုဖျော်ဖြေနေချိန် လူရွှင်တော်အဖွဲ့တွေက ကိုယ်အင်္ဂါမသန်စွမ်းသူတွေ လမ်းလျှောက်တဲ့ ပုံစံမျိုး လျှောက်ပြခဲ့တဲ့အပေါ် ဝေဖန်မှုတွေမြင့်တက်နေကြတာပါ။ ဒီရုပ်သံဖိုင်ကို မသန်စွမ်းသူတွေ၊ မသန်စွမ်းအဖွဲ့အစည်းတွေနဲ့…

  • စစ်ကောင်စီကို လေယာဉ်ဆီထောက်ပံ့ပေးနေတဲ့ ကွင်းဆက်တွေကို ထပ်တိုးဒဏ်ခတ်ဖို့ JFM တောင်းဆို

    စစ်ကောင်စီကို လေယာဉ်ဆီထောက်ပံ့ပေးနေတဲ့ ကွင်းဆက်တွေကို ထပ်တိုးဒဏ်ခတ်ဖို့ JFM တောင်းဆို

    ပြည်သူတွေအပေါ် လေကြောင်းကနေ တိုက်ခိုက်မှုတွေ ကျူးလွန်နေတဲ့ စစ်ကောင်စီအတွက် လေယာဉ်ဆီထောက်ပံ့ပေးနေတဲ့ သင်္ဘောတွေနဲ့ ကုမ္ပဏီတွေကို ဒဏ်ခတ်ပိတ်ဆို့မှု‌တွေ ထပ်တိုးလုပ်ဖို့ နိုင်ငံတကာအစိုးရတွေကို Justice For Myanmar(JFM)က တောင်းဆိုလိုက်ပါတယ်။ အီးယူ၊ ယူကေ၊ ကနေဒါ၊ အမေရိကန်နဲ့ ဩစတေးလျအစိုးရတွေအနေနဲ့ စစ်ကောင်စီကို လေယာဉ်ဆီထောက်ပံ့‌နေတဲ့ ကွင်းဆက်မှာ ပါဝင်ပတ်သက်တဲ့ သင်္ဘောတွေနဲ့ ကုမ္ပဏီ‌တွေအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုအသစ်တွေ ချက်ချင်းချမှတ်ဖို့ JFMက တောင်းဆိုထားတာပါ။ “စစ်အုပ်စုရဲ့ အဆက်မပြတ် သတ်ဖြတ်တာတွေကို ပံ့ပိုးပြီး၊ အကျိုးအမြတ် ရရှိနေတဲ့ ဒီသင်္ဘောတွေနဲ့ ကုမ္ပဏီတွေကို အရေးယူဆောင်ရွက်မှုတွေ အဆောတလျင် လုပ်ဆောင်နိုင်မှုအပေါ် မြန်မာပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်က မှီခိုနေတာ ဖြစ်ပါတယ်”လို့ JFMပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က ပြောပါတယ်။ လက်ရှိ စစ်ကောင်စီကို လေယာဉ်ဆီထောက်ပံ့နေတာက ဗီယက်နမ်ကနေ အီရန်အထိ ကျယ်ပြန့်တဲ့ ထောက်ပံ့ရေးကွင်းဆက်ဖြစ်ပြီး…

  • စျေးကွက်အတွင်း ငွေစက္ကူ ရှားပါးလာပြီ

    စျေးကွက်အတွင်း ငွေစက္ကူ ရှားပါးလာပြီ

    KPay အပါအဝင် ​အွန်လိုင်း​ငွေ​ပေး​ချေမှုနဲ့ အ​ရောင်းအဝယ်မလုပ်တာတွေပါရှိလာ ဘဏ်တွေက အကန့်အသတ်နဲ့ ငွေသားထုတ်ပေးနေတာကြောင့် စျေးကွက်အတွင်းမှာ ငွေစက္ကူ ရှားပါးလာပြီး အရောင်းအဝယ်လုပ်တာမှာ Kpay အပါအဝင် အွန်လိုင်း​ငွေ​ပေး​ချေမှူဆိုရင်တချို့ကအလက်မခံတာတွေရှိလာတယ်လို့စီးပွား​ရေးလုပ်ငန်းရှင်အချို့နဲ့ပြည်သူ​တွေကပြောပါတယ်။ စျေးကွက်အတွင်း ငွေစက္ကူရှားပါးလာတာ​ကြောင့် စျေးဆိုင်တချို့က E-Money အွန်လိုင်းကနေငွေပေးချေတာ( ဥပမာ Kpay ၊ ဘဏ်အကောင့်တွေကနေ ငွေပေးချေတာ)ကိုလက်မခံဘဲ ငွေသားနဲ့ပေးချေနိုင်မှသာ အရောင်းအဝယ်လုပ်ရတယ်လို့လုပ်ငန်းရှင်အချို့က​ပြောပါတယ်။ အာဏာသိမ်းပြီး​နောက်ပိုင်း စစ်တပ်က ဗဟိုဘဏ်ကနေ အစိုးရ၊ပုဂ္ဂလိက ဘဏ်တွေကနေတဆင့် ငွေကြေးစျေးကွက်ကို တိုက်ရိုက်ပိုထိန်းချုပ်မှုတွေလုပ်လာတာဖြစ်ပါတယ်။ “အခုလဆန်းက ထင်တယ်။UMFCCI (ကုန်သည်စက်မှုအသင်းချုပ်)မှာ လုပ်တဲ့အစည်းအဝေးမှာ ဗဟိုဘဏ်ဥက္ကဌ ပြောတဲ့ ငွေထုတ်တာကို ကန့်သတ်ထိန်းချုပ်တယ်ဆိုတာကနေ စတာပဲ။အရင်က Special အကောင့်ဖွင့်ထားတဲ့သူတွေတောင် တိုင်ပတ်ကုန်တာ။တခါထုတ် ၂၀ ကနေ ၅၀ ပဲ။အရမ်းပိုင်တဲ့သူမှ ထုတ်ချင်တဲ့ အမောင့်ရဲ့တဝက်ပဲရတာ။အဲဒီတော့ ဘဏ်မဟုတ်တဲ့ ပြင်ပငွေကြေးစျေးကွက်မှာငွေလည်ပတ်မှု လျော့လာတော့တာပဲ။ငွေသားပဲသီးသန့်လက်ခံတယ်ဆိုတဲ့ အရောင်းအဝယ်…