Author: Baby Yit Lone
-

ကော့ကရိတ် အာရှလမ်း တိုက်ပွဲ
ကော့ကရိတ် အာရှလမ်း တိုက်ပွဲတွင် စစ်တပ်ဘက်မှ ဗိုလ်မှူး ၁ ဦးနှင့် အရာရှိ ၄ ဦး အပါအဝင် ၄၀ ကျော် ထက်မနည်းသေဆုံး ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ် အာရှလမ်း တတန်ကူးရွာ တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ဗိုလ်မှူး ၁ ဦးနှင့် အရာရှိ ၄ ဦး အပါအဝင် ၄၀ ကျော် ထက်မနည်းသေဆုံးခဲ့ကြောင်း ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်များက ပြောကြားသည်။ ဩဂုတ်လ ၄ ရက်နေ့မှ ၁၇ ရက်နေ့အတွင်း ကော့ကရိတ်မြို့နယ် အာရှလမ်း တတန်ကူးရွာတွင် ဖြစ်ပွားခဲ့သော တိုက်ပွဲများတွင် အကြမ်းဖက် စစ်တပ်ဘက်မှ ဗိုလ်မှူး ၁ ဦးနှင့် အရာရှိ ၄ ဦး အပါအဝင် ၄၀ ကျော်…
-

မိုးကုတ်တွင် စစ်တပ်က ဗုံးကြဲသဖြင့် ကလေး ၁ ဦးအပါအဝင် ၃ ဦး သေဆုံး
မန္တလေးတိုင်း၊ မိုးကုတ်မြို့ကို စစ်ကောင်စီတပ်က သြဂုတ်လအတွင်း ၄ ကြိမ်မြောက်အဖြစ် သြဂုတ် ၁၇ ရက် မနက် ၉ နာရီလောက်က ထပ်မံဗုံးကြဲခဲ့တာကြောင့် ကလေးတယောက် အပါအဝင် ၃ ယောက် သေဆုံးခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။ မိုးကုတ်မြို့အရှေ့ပိုင်း စစ်တပ်ဗျူဟာကုန်းအနီး ပတ္တမြားငမောက်တည်းခိုခန်းနဲ့ စီးပွားရေးဘဏ်အနီးကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲခဲ့တာဖြစ်ပြီး လမ်းသွားလမ်းလာ ကလေးငယ်တယောက်နဲ့ ပြည်သူ ၂ ယောက် ထိခိုက်သေဆုံးခဲ့ပြီး ဘယ်သူတွေ ဆိုတာတော့ မသိရသေးဘူးလို့ မြို့ခံတယောက်က ပြောပါတယ်။ “ဂျက်ဖိုက်တာနဲ့ ပထမတလုံးကြဲပြီး မကြာဘူး။ နောက်ထပ် ထပ်လာကြဲသွားတာ၊ လမ်းမှာ သွားနေသူတွေ ထိသွားတယ်။ ခုက လမ်းသွားရင် ဘယ်အချိန် ကိုယ့်ခေါင်းပေါ် လေယာဥ်လာကြဲမလဲဆိုပြီး မိုးပေါ်ကြည့်သွားနေရပြီ။” သြဂုတ် ၁၄ ရက်ညကလည်း…
-

ပန်းတနော်တွင် အုပ်ချုပ်ရေးမှူး သေနတ်ပစ်ခံရမှုဖြင့် ဖမ်းခံရသူ ၇ ဦး စစ်မှုထမ်းရန် ပို့ခံရ
ဧရာဝတီတိုင်း၊ ပန်းတနော်မြို့နယ်၊ မြေနုကျေးရွာအုပ်ချုပ်ရေးမှူး သေနတ်နဲ့အပစ်ခံရတဲ့ဖြစ်စဉ်နဲ့ ပတ်သက်လို့ ဖမ်းခံခဲ့ရတဲ့ လူငယ် ၇ ယောက် စစ်မှုထမ်းဖို့ အပို့ခံခဲ့ရတယ်လို့ အဖမ်းခံခဲ့ရသူတွေနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။ မနုကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး သန့်ဇင် သေနတ်နဲ့အပစ်ခံရပြီး ဆေးရုံတင်ခဲ့ရတာနဲ့ ပတ်သက်လို့ ဖမ်းခံခဲ့ရတဲ့ လူငယ် ၇ ယောက်ကို ပြီးခဲ့တဲ့ ဇူလိုင်လအတွင်းက ဖွင့်ခဲ့တဲ့ စစ်မှုထမ်း အပတ်စဉ် ၁၅ အတွက် သင်တန်းကျောင်းကို ပို့ခဲ့တာလို့ ဆိုပါတယ်။ အဖမ်းခံရတဲ့သူတွေနဲ့ နီးစပ်သူ တယောက်က “သြဂုတ် ၁၅ ရက်နေ့ကမှ အုပ်ချုပ်ရေးမှူးက အကြောင်းကြားလို့ မိသားစုတွေက သိရတာ။ တကယ် ပြစ်မှုကျူးလွန်တယ် ဆိုရင်တောင် အခုလို မလုပ်သင့်ပါဘူး။ မိသားစုနဲ့ အဆက်အသွယ်အဖြတ်ခံရပြီး အခုလို စစ်မှုထမ်းဖို့ စစ်သင်တန်းကျောင်းကို အခေါ်ခံရတာ။…
-
AA က တပ်မဆုတ်တော့ဘဲ အပြင်းအထန်ခုခံတိုက်ခိုက်နေ
ကျောက်ဖြူရှိ နေရာ ၇ ခုထက်မနည်းတွင် တိုက်ပွဲပြင်းထန်နေပြီး AA က တပ်မဆုတ်တော့ဘဲ အပြင်းအထန်ခုခံတိုက်ခိုက်နေ ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်အတွင်းရှိ နေရာ ခုနစ်ခုထက်မနည်းတွင် စစ်ကော်မရှင်တပ်နှင့် အာရက္ခ တပ်တော် (AA) တို့ ထိတွေ့တိုက်ပွဲပြင်းထန်နေကြောင်း သိရသည်။ ယနေ့ ဩဂုတ် ၁၇ရက်နေ့တွင် ကျောက်ဖြူရှိ လိပ်ခမော်ရွာသစ်၊ ပြင်ရှည်၊ နှမ်းဖဲတောင်၊ မင်းတပ်တောင်၊ ပျားတဲ၊ သပြုတောင်၊ ကပ်သပြေ၊ ရှောက်ချောင်း၊ စည်မော်တို့၌ တိုက်ပွဲများပြင်းထန်နေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။ ”အင်အားအများကြီးသုံးပြီး စစ်တပ်ကစစ်ကြောင်းထိုးနေတယ်။ တစ်ပတ်လောက်တော့ရှိပြီ။ AA ကနောက်မဆုတ်တော့ဘဲ ပြန်တိုက်နေတာ” ဟု ရခိုင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။ စစ်ကော်မရှင်သည် AA ရှိရာနေရာများကို အင်အားအလုံးအရင်းဖြင့် ဝင်ရောက်လာသည့်အတွက်…
-

မော်ချီးကို ဗုံးကြဲသဖြင့် ဆေးရုံပျက်စီးပြီး ကလေးငယ် ၁ ဦး ဒဏ်ရာရ
ကရင်နီပြည်နယ်၊ ဖားဆောင်းမြို့နယ်၊ မော်ချီးဒေသကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် ကလေးငယ် ၁ ယောက် ဒဏ်ရာရပြီး ဆေးရုံနဲ့ ဝန်ထမ်းအိမ်ရာ ပျက်စီးခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ သြဂုတ် ၁၇ ရက် ဒီမနက် ၇ နာရီ မိနစ် ၅၀ မှာ ဗုံးကြဲခဲ့တာဖြစ်ပြီး တိုက်ပွဲမရှိဘဲ လာကြဲတာလို့ ဆိုပါတယ်။ ဒေသခံအမျိုးသားတယောက်က “ကင်းထောက် ၂ ခေါက်လာတယ်။ ကင်းထောက်လာပြီး နည်းနည်းကြာတော့ ဂျက်ဖိုက်တာ ရောက်လာတာ။ အနိမ့်လေးဆင်းလာတာ အိမ်တွေပါတုန်တယ်။ မနက်အစောကတည်းကပတ်ဝဲနေတာ၊ ၃ ခေါက်မြောက်မှာကြဲတာ” လို့ပြောပါတယ်။ မော်ချီးဒေသကို စစ်တပ်က ၂၀၂၅ ခုနှစ်အတွင်း လေကြောင်းကနေ ဗုံး ၈ ကြိမ်ထက်မနည်း ကြဲချတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားပြည်သူ ၂၉ ယောက်ထက်မနည်း သေဆုံးပြီး…