ကရင်နီပြည်နယ်၊ ဖားဆောင်းမြို့နယ်၊ မော်ချီးဒေသကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် ကလေးငယ် ၁ ယောက် ဒဏ်ရာရပြီး ဆေးရုံနဲ့ ဝန်ထမ်းအိမ်ရာ ပျက်စီးခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သြဂုတ် ၁၇ ရက် ဒီမနက် ၇ နာရီ မိနစ် ၅၀ မှာ ဗုံးကြဲခဲ့တာဖြစ်ပြီး ‌တိုက်ပွဲမရှိဘဲ လာကြဲတာလို့ ဆိုပါတယ်။

ဒေသခံအမျိုးသားတယောက်က “ကင်းထောက် ၂ ခေါက်လာတယ်။ ကင်းထောက်လာပြီး နည်းနည်းကြာတော့ ဂျက်ဖိုက်တာ ရောက်လာတာ။ အနိမ့်လေးဆင်းလာတာ အိမ်တွေပါတုန်တယ်။ မနက်အစောကတည်းကပတ်ဝဲနေတာ၊ ၃ ခေါက်မြောက်မှာကြဲတာ” လို့ပြောပါတယ်။

မော်ချီးဒေသကို စစ်တပ်က ၂၀၂၅ ခုနှစ်အတွင်း လေကြောင်းကနေ ဗုံး ၈ ကြိမ်ထက်မနည်း ကြဲချတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားပြည်သူ ၂၉ ယောက်ထက်မနည်း သေဆုံးပြီး အယောက် ၆၀ ကျော် ထိခိုက်ဒဏ်ရာရခဲ့ရပါတယ်။

ပြီးခဲ့တဲ့ သြဂုတ် ၈ ရက်နေ့ မနက် ၉ နာရီကျော်မှာလည်း ဖားဆောင်းမြို့နဲ့ ခဲမဖြူရွာတဝိုက်ကို Y 12 လေယာဉ်နဲ့ ဗုံး အလုံး ၅၀ ကြဲချခဲ့လို့ စာသင်ကြားနေတဲ့ ကလေးငယ် ၃ ယောက် ဒဏ်ရာရခဲ့ပါသေးတယ်။

စစ်တပ်ဟာ ကရင်နီပြည်နယ်က မော်ချီး၊ ဖားဆောင်းနဲ့ ဒီးမော့ဆိုအနောက်ခြမ်းကို လက်နက်ကြီးနဲ့ ပစ်ခတ်တာ၊ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေကို သြဂုတ်လထဲမှာ ဆက်တိုက်ပြုလုပ်နေပါတယ်။

ဖားဆောင်းမြို့နယ်၊ မော်ချီးဒေသကို ယနေ့ ဒုတိယအကြိမ် စစ်တပ်က​ လေယာဉ်ဖြင့် ဗုံးကျဲမှု ကလေးငယ် ၅ ဦး အပါအဝင် ပြည်သူ ၁၇ ဦးသေဆုံး

ကရင်နီပြည်၊ ဖားဆောင်းမြို့နယ်၊ မော်ချီးဒေသကို ယနေ့မွန်းလွဲပိုင်း ဒုတိယအကြိမ်အဖြစ် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲချခဲ့ရာ ကလေးငယ် ၅ ဦး အပါအဝင် ပြည်သူ ၁၇ ဦးသေဆုံးကြောင်း ကယ်ဆယ်ရေးတွင် ပါဝင်နေသူ ဒေသခံပြည်သူများက ပြောဆိုသည်။

ယနေ့ ဩဂုတ်လ ၁၇ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ်အချိန် ဖားဆောင်းမြို့နယ်၊ မော်ချီးဒေသ၊ ၁၆ ကုန်းသို့ စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲချခဲ့ရာ ကလေးငယ် ၅ ဦး အပါအဝင် ပြည်သူ ၁၇ ဦးသေဆုံးသွားကြောင်း၊ ဒဏ်ရာရရှိသူလည်း များပြားကြောင်း သိရှိရသည်။

” ၁၆ ကုန်းကို ဗုံးကျဲတာက ကလေးလေးတွေ ၅ ယောက်တောင်ပါတယ်လောလောဆယ်သိထားတာကမူကြိုကျောင်း နားကျတာတဲ့။ စုစုပေါင်း သေဆုံးသူကတော့ ၁၇ ဦးရှိပါတယ်။ ပျောက်ဆုံးသူတွေလည်းရှိပါတယ်” ဟု ဒေသခံသတင်းရင်းမြစ်က ပြောဆိုသည်။

ယနေ့ နံနက်ပိုင်းကလည်း ကရင်နီပြည်၊ ဖားဆောင်းမြို့နယ်၊ မော်ချီးဒေသရှိ လိုခါးလိုဆေးရုံကို အကြမ်းဖက်စစ်ကောင်စီတပ်က ၂ ရက်ဆက်တိုက် လေကြောင်း ကင်းထောက်ပြီး ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ကလေး တစ်ဦးအပါအဝင် ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိကာ ဆေးရုံပျက်စီးသွားကြောင်း ဒေသခံပြည်သူများက ပြောကြားသည်။

ယနေ့ ဩဂုတ်လ ၁၇ ရက် နံနက် ၈ နာရီ ၃၀ မိနစ်ခန့်က ဖားဆောင်းမြို့နယ်၊ မော်ချီးဒေသရှိ လိုခါ လိုကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ကလေး တစ်ဦးနှင့် လူကြီးတစ်ဦး ထိခိုက်ဒဏ်ရာ မစိုးရိမ်ရ ရရှိခဲ့ပြီး ဆေးရုံမှာ လုံးဝပျက်စီးသွားကြောင်း သိရ သည်။

“လေယာဉ်နဲ့ နှစ်ရက်ဆက်တိုက် ပျံဝဲနေတာ။ အဲလိုဆိုတော့ ပြည်သူတွေက သတိနဲ့ နေနေကြတော့ အထိခိုက်အနည်သွားတာဖြစ်ပါတယ်။ ၂ ရက်ဆက်တိုက် ပျံဝဲပြီး ဒီနေ့မနက် ၈ နာရီခွဲလောက်ကမှ ကျဲသွားတာ၊ ကလေးတစ်ယောက်နဲ့ လူကြီးတစ်ယောက်ဒဏ်ရာရတယ်။ မစိုးရိမ်ရဘူး။ ဆေးရုံက တော့ တော်တော် ပျက်စီးသွားတယ်” ဟု ဒေသခံပြည်သူတစ်ဦးက ပြောကြားသည်။

ဓာတ်ပုံ- Nge Lay Facebook

အချစ်စာပေများဖတ်ရန်

မြန်မာစာတန်းထိုးဇာတ်ကားများကြည့်ရန်


Leave a Reply

Your email address will not be published. Required fields are marked *