Author: Baby Yit Lone
-

Birthday
Birthday (2019) ဒီကားလေးကတော့ ၂၀၁၄ ခုနှစ် ဧပြီလတုန်းက ကိုရီးယားနိုင်ငံမှာ တကယ်ဖြစ်ခဲ့တဲ့ ဆယ်ဝေါ်ဖယ်ရီ နစ်မြုပ်မှု ဖြစ်ရပ်မှန်အကြောင်းကို ဇာတ်အိမ်တည် ရိုက်ကူးထားတဲ့ ကားလေးဖြစ်ပါတယ်။ ဆယ်ဝေါ်ဖယ်ရီကတော့ ကျောင်းသားလေးတွေ ပင်လယ်ခရီးကို လေ့လာရေးခရီးထွက်တုန်း အဖြစ်ဆိုးနဲ့ ကြုံတွေ့ခဲ့ကြရတဲ့ ဖြစ်ရပ်ဆိုတာ အားလုံးလည်း သိကြမှာပါ။ ဒီဇာတ်လမ်းလေးထဲမှာတော့ Phantom ထဲက မင်းသားကြီး Sul Kyung Gu၊ Crash Course in Romance ထဲက မင်းသမီး Jeon Do Yeon၊ All of Us Are Dead ထဲက Yoon Chan Young နဲ့ ကလေးသရုပ်ဆောင် Do Yeong Seo တို့ အဓိက…
-

Paraxnormal
Paraxnormal (2025) ဒီတစ်ခါတော့ Netflix က မလေးရှား Horror-Comedy ကားသစ်လေး Para X Normal နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဇာတ်လမ်းကတော့ ငယ်သူငယ်ချင်း ၄ ယောက် နှစ်တွေအကြာကြီး ကွဲကွာနေပြီးမှ ပြန်ဆုံကြတဲ့အကြောင်းပါ။ သူတို့ ပြန်ဆုံရတဲ့ ရည်ရွယ်ချက်ကတော့ “အလုပ်ကြီးတစ်လုပ်” အတူတူလုပ်ဖို့ပါ။ အဲ့ဒါကတော့ သရဲခြောက်တယ်လို့ နာမည်ကြီးနေတဲ့ လူမနေတဲ့ ဗီလာအိမ်ကြီးတစ်လုံးကို ဝင်ခိုးဖို့ဖြစ်ပါတယ်။ အဲဒီအိမ်မှာ ဝှက်ထားတဲ့ ရွှေတွေ၊ ငွေတွေ ရှိတယ်ဆိုပြီး သတင်းရထားလို့ ဝင်ခိုးကြတာပါ။ ဒါပေမဲ့ တကယ်တမ်း ဝင်ခိုးတဲ့အခါမှာတော့ ကောလာဟလမဟုတ်ဘဲ တကယ်ကြီး သရဲခြောက်နေတဲ့အပြင် သူတို့ရဲ့ ခိုးမယ့်အစီအစဉ်တွေပါ လွဲချော်ကုန်တဲ့အခါမှာတော့ကြောက်စရာအိမ်ကြီးထဲကနေ သူတို့ ဘယ်လိုပြန်ပြေးကြမလဲဆိုတာ ရယ်ရမောရ ကြည့်ရမယ့်ကားပါ။
-

Blue Moon
Blue Moon (2025) အမေရိကန်ရဲ့ ရှေ့ဆောင်လမ်းပြ ဂန္တဝင်ပြဇာတ်သီချင်းရေးဆရာကြီးဖြစ်တဲ့ လော်ရန်ဟတ်ရဲ့ အကြောင်းကို ရိုက်ကူးထားတဲ့ ဇာတ်လမ်းဖြစ်ပါတယ်။ မင်းသားကြီး Ethan Hawke , Margaret Qualley တို့လို A list သရုပ်ဆောင်တွေပါဝင်ထားပါတယ်။ လောရန်ဟတ်ရဲ့အကြောင်းဆိုပေမဲ့ သူ့ဘဝဇာတ်ကြောင်းမဟုတ်ဘဲ သူ့ရဲ့ ဂီတအပေါ်ခံယူချက် သူနဲ့ခေတ်ပြိုင် သူငယ်ချင်း ရော်ဂျာရဲ့ အောင်မြင်မှုအပေါ် ချီူးကျူးနေပေမယ့် နောက်ကွယ်က မခံချင်စိတ်နဲ့ အရွဲ့တိုက်မှုတွေ၊ ၉၀ ကာလက အမေရိကန်တွေရဲ့ ဘရော့ဝေးပြဇာတ်ရုံကြီးပေါ်က နာမည်ကျော် ပြဇာတ်တွေအကြောင်း၊ အသက်ကြီးမှ အချစ်နဲ့တွေ့ပြီးရင်ခုန်မိနေတဲ့ ဂန္တဝင်ပြဇာတ်ဆရာကြီးရဲ့ အချစ်ရေးတွေကို ဘားတစ်ခုက သူငယ်ချင်းလိုခင်ရတဲ့ အဖျော်ဆရာကို ထိုင်ပြီး ရင်ဖွင့်သွားတဲ့ပုံစံ တစ်ထိုင်ထဲရိုက်ပြထားတာပါ။ Blue moon ဆိုတာက သူ့ရဲ့နာမည်အကြီးဆုံး သီချင်းတစ်ပုဒ်ဖြစ်ပြီး ဒီကားကိုကြည့်နေရတာကလည်း ကဗျာတစ်ပုဒ်လို…
-
The Grand Heist
The Grand Heist (2012) သမိုင်းနောက်ခံ ဇာတ်လမ်းတွေကို နှစ်သက်သူတွေအတွက် 2012တုန်းက ထွက်ရှိခဲ့တဲ့ The Grand Heist ဆိုတဲ့ ဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီဇာတ်ကားမှာ ဒေါ့မူ အဖြစ် မင်းသားကြီး Cha Tae-hyun, ဒုံဆူ အဖြစ် မင်းသားကြီး Oh Ji-ho တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပြီး မင်းသမီး Min Hyo-rin, မင်းသားကြီး Sung Dong-il နဲ့ တခြားသော နာမည်ကြီး သရုပ်ဆောင်များစွာလည်း ပါဝင်ထားပါတယ်။ ဇာတ်လမ်းအကျဉ်း ရေခဲက ရွှေလောက်တန်ဖိုးကြီးတဲ့ ဂျိုဆွန်းခေတ် နှောင်းပိုင်းကာလမှာ အကျင့်ပျက်အရာရှိတွေက နန်းတွင်းမှာရှိတဲ့ ရေခဲတွေကို လက်ဝါးကြီးအုပ်ပြီး ပြည်သူတွေကို ဒုက္ခပေးနေခဲ့ပါတယ်။ စိတ်ထားကောင်းတဲ့ စာအုပ်သည်လေး ဒေါ့မူဟာ မှူးမတ်တစ်ဦးရဲ့…
-

Brat
Brat (2025)”အာဇီဝ” အသစ်ထွက်ထားတဲ့ ကန်နာဒါစကားပြော ဇာတ်လမ်းဆန်းဆန်းရုပ်ရှင်တစ်ပုဒ်ကို ပရိသတ်တွေအတွက် တင်ဆက်ပေးချင်ပါတယ်။ ခရစ္စတီဟာ ငယ်စဉ်ကတည်းက စွန့်စားရတာကိုကြိုက်တဲ့ လးငယ်တစ်ယောက်ဖြစ်ပါတယ်။ ဒါပေမဲ့ သူစွန့်စားတာက စိတ်နဲ့စွန့်စားပြီး ဦးနှောက်နဲ့တွက်ချက်ကာ လောင်းကစားလုပ်တာမျိုးပါ။ သူ့အဖေကတော့ သိပ်ကိုရိုးသားတဲ့ ရဲတစ်ယောက်ဖြစ်ပြီး ခရစ္စတီ့ကိုလည်းပြင်းပြင်းထန်ထန်ဆုံးမတာကြောင့် ခရစ်စတီဟာ လောင်းကစားကိုစွန့်လွှတ်ပြီး သူ့အဖေစိတ်တိုင်းကျ ဘဝကိုရှင်သန်လာခဲ့ပါတယ်။ အဲဒီလို မကောင်းတာမလုပ်ဘဲ ရိုးရိုးသားသား နေလာရင်း အသက် ၂၇ ထိ အတည်တကျအလုပ်မရှိ၊ ရည်းစားကပစ်၊ လိုချင်စားချင်တာတွေ မဝယ်နိုင်မစားနိုင်ဖြစ်ပြီး သည်းမခံနိုင်တဲ့နေ့မှာတော့ သူ့ရဲ့ လောင်းကစားပါရမီကိုပြန်အသုံးချပြီး ငွေရှာဖို့ကြိုးစားပါတော့တယ်။ ဒါပေမဲ့ သူ့ရဲ့လောဘနဲ့ သူ့အဖေရဲ့ ကျင့်ဝတ်စည်းမျဉ်းတွေ သူ့စိတ်ထဲမှာ အပြိုင်အဆိုင်ဖြစ်လာတဲ့အခါမှာတော့…။ လူမသိသူမသိဉာဏ်ကြီးရှင်တစ်ယောက်ရဲ့ လောဘနဲ့ ကျင့်ဝတ်ကြားက အားပြိုင်မှုတွေကို ဒီရုပ်ရှင်ထဲမှာမြင်တွေ့ကြရမှာပါ…။