📢 Join Our Telegram Community

Get the latest updates directly on Telegram.

✈️ Join Telegram

ဒီနေ့ နိုင်ငံတကာမှာ ဖြစ်ပျက်ခဲ့တဲ့ အဓိက သတင်းကြီးတွေနဲ့ ပတ်သက်ပြီး...

သတင်းအပြည့်အစုံ ဆက်လက်ဖတ်ရှုရန်
သတင်းထူး / ကြော်ငြာ
📰

ဆက်လက်ဖတ်ရှုရန် သတင်းအပြည့်အစုံ

သတင်းအသစ်များနှင့် ဗီဒီယိုများကို ဆက်လက်ကြည့်ရှုရန် အောက်ပါခလုတ်ကို နှိပ်ပါခင်ဗျာ

နှိပ်ပြီး ကြည့်ရန်

Birthday

Birthday (2019)

ဒီကားလေးကတော့ ၂၀၁၄ ခုနှစ် ဧပြီလတုန်းက ကိုရီးယားနိုင်ငံမှာ တကယ်ဖြစ်ခဲ့တဲ့ ဆယ်ဝေါ်ဖယ်ရီ နစ်မြုပ်မှု ဖြစ်ရပ်မှန်အကြောင်းကို ဇာတ်အိမ်တည် ရိုက်ကူးထားတဲ့ ကားလေးဖြစ်ပါတယ်။

ဆယ်ဝေါ်ဖယ်ရီကတော့ ကျောင်းသားလေးတွေ ပင်လယ်ခရီးကို လေ့လာရေးခရီးထွက်တုန်း အဖြစ်ဆိုးနဲ့ ကြုံတွေ့ခဲ့ကြရတဲ့ ဖြစ်ရပ်ဆိုတာ အားလုံးလည်း သိကြမှာပါ။

ဒီဇာတ်လမ်းလေးထဲမှာတော့ Phantom ထဲက မင်းသားကြီး Sul Kyung Gu၊ Crash Course in Romance ထဲက မင်းသမီး Jeon Do Yeon၊ All of Us Are Dead ထဲက Yoon Chan Young နဲ့ ကလေးသရုပ်ဆောင် Do Yeong Seo တို့ အဓိက ပါဝင်ထားပါတယ်။

ဇာတ်လမ်းအကျဥ်းကတော့ ..

ဂျောင်အီနဲ့ ဆွန်းနမ်က ဇနီးမောင်နှံတွေဖြစ်ကြပြီး သူတို့မှာ သားလေးတစ်ယောက်၊ သမီးလေးတစ်ယောက်နဲ့ ပျော်ဖို့ကောင်းတဲ့ မိသားစု ဘဝလေးကို ပိုင်ဆိုင်ထားပါတယ်။

ဂျောင်အီက ဖခင်ဝတ္တရားအရ စားဝတ်နေရေးအတွက် နိုင်ငံခြားကို ထွက်ပြီး အလုပ်သွားလုပ်ခဲ့ပါတယ်။ ဒါပေမဲ့ မတော်တဆမှုတစ်ခုကြောင့် ထောင်ကျသွားပြီး မိသားစုနဲ့ အဆက်အသွယ်ပြတ်သွားခဲ့တယ်။

ဒီလို အချိန်မှာပဲ ဇနီးဖြစ်သူဟာ သားလေး ဆူဟို၊ သမီးလေး ရယ်ဆိုးတို့နဲ့ အတူတူနေကြရင်း တစ်နေ့မှာတော့ ဆူဟိုဟာ ကျောင်းက ဆယ်ဝေါ်ဖယ်ရီနဲ့ လေ့လာရေးခရီးစဉ်ကို လိုက်သွားရင်း သင်္ဘောနစ်မြုပ်မှုကြောင့် ဆုံးပါးသွားခဲ့ရတယ်။

ဖခင်ဖြစ်သူပြန်လာတဲ့အချိန်မှာတော့ အရာအားလုံးက အခါနှောင်းသွားခဲ့ပါတယ်။

ဒီကားလေးကတော့ ဆယ်ဝေါ်ဖယ်ရီဖြစ်ရပ်ဆိုးကြီးကြောင့် ဆုံးပါးသွားခဲ့ရတဲ့ ကျောင်းသားလေးတွေရဲ့ မိဘနေရာကနေ ခံစားရိုက်ကူးထားတာကြောင့် ဇာတ်လမ်း ဇာတ်ကွက်ကောင်းကောင်းနဲ့ ရင်ထဲစို့နင့်ပြီး မျက်ရည်ကျရမဲ့ကားကောင်းလေးဖြစ်တာမို့လို့ ခံစားကြည့်လိုက်ပါဦးနော်။

လူကြီးဇာတ်ကား ကြိုက်သူများအတွက်

👇🏻👇🏻👇🏻


Comments

Leave a Reply

Your email address will not be published. Required fields are marked *

လူကြီးဇာတ်ကား စိတ်ဝင်စားသူများသာနှိပ်ရန်