Author: Baby Yit Lone
-

စစ်ကိုင်းမြို့က ထက်ကိုယ်ပိုင်ကျောင်း ခုံနံပါတ်နဲ့ ဖြေဆိုခွင့်ကတ် ထွက်ပြီးသား G5 နဲ့ G9 ကျောင်းသား ၁၆၁ ယောက်ကို စာမေးပွဲဖြေခွင့်မပြုဘဲ ပြန်လွှတ်
ဒီကနေ့ ဖေဖော်ဝါရီ ၂၃ ရက်မှာ စတင်ဖြေဆိုနေတဲ့ အတန်းတင်စာမေးပွဲမှာ စစ်ကိုင်းမြို့ ၊ ထက်ကိုယ်ပိုင်အထက်တန်းကျောင်းက ခုံနံပါတ်နဲ့ ဖြေဆိုခွင့်ကတ် ထွက်ပြီးသား G5 နဲ့ G9 ကျောင်းသားကျောင်းသူ ၁၆၁ ယောက်ကို သက်ဆိုင်ရာ စာဖြေဌာနက စာမေးပွဲဖြေဆိုခွင့် မပြုဘဲ ပြန်လွှတ်လိုက်တာကြောင့် ကလေးတွေ နစ်နာရတယ်လို့ ထက်ကိုယ်ပိုင်ကျောင်း ကျောင်းအုပ်ကြီးဆီက သိရပါတယ်။ ဒီကနေ့ ဖေဖော်ဝါရီ ၂၃ ရက်နေ့ မနက်ပိုင်းမှာ G5 ကျောင်းသူကျောင်းသား ၇၂ ယောက်နဲ့ G9 ကျောင်းသူကျောင်းသား ၈၉ ယောက်ဟာ စာမေးပွဲဖြေဆိုဖို့အတွက် သက်ဆိုင်ရာ စာဖြေဌာနကို သွားရောက်ချိန်မှာ ဖြေဆိုခွင့်မပြုကြောင်းပြောဆိုခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ ” ကျောင်းကို နှစ်သုတ်တက်ဆိုပြီး ဖွင့်ခဲ့တယ်။အဲဒါကို စာနဲ့မဟုတ်ဘဲ ပါးစပ်နဲ့ ၈…
-

မလေးရှားကမ်းလွန်တွင် ပြင်းအား ၇ ဒသမ ၁ ရှိ ငလျင်လှုပ်
မလေးရှားနိုင်ငံ၊ ဘော်နီယိုကျွန်းရှိ ဆာဘားပြည်နယ် ကမ်းလွန်ပင်လယ်ပြင်ကို ဗဟိုပြုပြီး ဖေဖော်ဝါရီ ၂၃ ရက်၊ တနင်္လာနေ့အစောပိုင်းမှာ ပြင်းအားရစ်ချ်တာစကေး ၇ ဒသမ ၁ ရှိတဲ့ ငလျင်တခု လှုပ်ခတ်ခဲ့တယ်လို့ အမေရိကန် ဘူမိဗေဒလေ့လာရေးဌာန (USGS) က ထုတ်ပြန်ပါတယ်။ ငလျင်ဟာ ဒေသစံတော်ချိန် မနက် ၁၂ နာရီ ၅၇ မိနစ်မှာ လှုပ်ခတ်ခဲ့တာဖြစ်ပြီး ပြည်နယ်မြို့တော် ကိုတာကီနာဘာလူမြို့ရဲ့ အရှေ့မြောက်ဘက် ၆၂ မိုင် အကွာကို ဗဟိုပြုခဲ့လှုပ်ခတ်ခဲ့ကာ မြေအောက်အနက် ၃၈၅ မိုင်မှာ လှုပ်ခတ်ခဲ့တာ ဖြစ်ပါတယ်။ ငလျင်ဟာ အလွန်နက်ရှိုင်းတဲ့နေရာမှာ လှုပ်ခတ်ခဲ့တာကြောင့် ထိခိုက်ပျက်စီးမှုနဲ့ လူသေဆုံးမှု ဖြစ်နိုင်ခြေ နည်းပါးတယ်လို့ USGS က သတ်မှတ်ထားပြီး ဆူနာမီသတိပေးချက်လည်း ထုတ်ပြန်ခဲ့ခြင်း မရှိပါဘူး။ မလေးရှား…
-

ချယ်ရီထက်တောင် ပြန်လွှတ်ပေးဖို့ မင်းအောင်လှိုင် ကြောက်နေတယ်
စစ်ကောင်စီဘက်က အပိုင်းပိုင်းပြုလုပ်ခဲ့သည့် ရွေးကောက်ပွဲအလွန်တွင် NLD ပါတီ ခေါင်းဆောင်နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးလာမလားဆိုသည့် မျှော်လင့်မှုများ ရှိလာခဲ့သည်။ အာဏာသိမ်းစစ်တပ်က ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်နေ့ကတည်းက ဖမ်းဆီးထိန်းသိမ်းထားခြင်း ဖြစ်ပြီး စုစုပေါင်းအမှု ၁၉ မှုဖြင့် တရားစွဲကာ ထောင်ဒဏ် ၃၃ နှစ် ချမှတ်ထားခဲ့ခြင်း ဖြစ်သည်။ ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် သြဂုတ်လတွင် စစ်ကောင်စီက နိုင်ငံတဝန်း အကျဉ်းသားများကို လွတ်ငြိမ်းသက်သာခွင့် ပေးသည့်အခါ ဒေါ်အောင်ဆန်းစုကြည်ကို “ပြစ်ဒဏ်လွတ်ငြိမ်းခွင့်” အနေဖြင့် အမှု ၅ မှုအတွက် ထောင်ဒဏ် ၆ နှစ်ကို လွတ်ငြိမ်းခွင့်ပေးခဲ့သဖြင့် ကျန်သည့် ၁၄ မှုအတွက် ထောင်ဒဏ် ၂၇ နှစ် ဆက်လက်ကျခံနေရဆဲ…
-

ရေးမြို့နယ်တွင် ကင်းပတ်ရန် ထွက်လာသော စစ်သားများကို တိုက်ခိုက်
ရေးမြို့နယ်တွင် ကင်းပတ်ရန် ထွက်လာသော စစ်သားများကို တိုက်ခိုက်မှု ဗိုလ်လေးဝင်းစိုး အပါအဝင် ၄ ဦးသေဆုံးပြီး သေနတ် ၁ လက်သိမ်းဆည်းရရှိ၊ စစ်တပ် ပစ်ခတ်သော လက်နက်ကြီးထိမှန်၍ ပြည်သူ ၁ ဦး သေဆုံး မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် ကင်းပတ်ရန် ထွက်လာသော အကြမ်းဖက် စစ်သားများကို တိုက်ခိုက်ရာ ဗိုလ်လေးဝင်းစိုး အပါအဝင် ၄ ဦးသေဆုံးပြီး သေနတ် ၁ လက်သိမ်းဆည်းရရှိကာ စစ်တပ် ပစ်ခတ်သော လက်နက်ကြီးထိမှန်၍ ပြည်သူ ၁ ဦး သေဆုံးခဲ့ကြောင်း ရေးဘီလူးအဖွဲ့ ခေါင်းဆောင်နှင့် ဒေသခံပြည်သူများက ပြောဆိုသည်။ ဖေဖော်ဝါရီလ ၂၂ ရက်နေ့ နံနက် ၈ နာရီခန့်တွင် ရေးမြို့နယ်၊ ကျောင်းရွာ အခြေစိုက် ခမရ-၅၉၁ တပ်ရင်းမှ…
-

ကလေးငယ်တစ်ဦးရဲ့ အသက်ကို ဆုံးရှုံးလိုက်ရတဲ့ စိတ်မကောင်းစရာ ဖြစ်ရပ်
ကလေးငယ်တစ်ဦးရဲ့ အသက်ကို ဆုံးရှုံးလိုက်ရတဲ့ စိတ်မကောင်းစရာ ဖြစ်ရပ်တစ်ခုကနေတစ်ဆင့် အခြားမိဘတွေ သင်ခန်းစာယူနိုင်အောင် ဒီပို့စ်လေးကို တင်ပြပေးလိုက်ပါတယ်။ 💔 ဖြစ်စဉ်အကျဉ်း အသက် (၁) နှစ်ခွဲသာရှိသေးသည့် သားလေး ရောင်နီသည် မိဘနှစ်ပါးစလုံး အဝေးသို့ အလုပ်သွားလုပ်နေရသဖြင့် အဘွားဖြစ်သူနှင့် နေထိုင်ခဲ့ပါသည်။ နောက်ပိုင်းတွင် ပတ်ဝန်းကျင်အပြောင်းအလဲနှင့် မိခင်နှင့်ခွဲခွာရမှုတို့ကြောင့် စိတ်ဒဏ်ရာ (Trauma) ရရှိခဲ့ပြီး ဝမ်းလျှောခြင်း ဝေဒနာကို ခံစားခဲ့ရပါသည်။ ⚠️ အချိန်လွန်မှ သိရှိခဲ့ရသည့် ရောဂါဝေဒနာ ကလေးငယ် ဝမ်းလျှောနေသည်ကို သက်သာသည်ဟု ထင်မှတ်ခဲ့သော်လည်း (၅) ရက်ခန့်အကြာ သွားရောက်ခေါ်ဆောင်ချိန်တွင် ကလေးမှာ အခြေအနေ အလွန်ဆိုးရွားနေပြီ ဖြစ်ပါသည်။ မင်းဘူးနှင့် မကွေးဆေးရုံကြီးတို့တွင် ဆရာဝန်များက အစွမ်းကုန် ကြိုးစားကုသပေးခဲ့သော်လည်း… …