Author: Baby Yit Lone

  • ရန်ကုန်မြို့ကြီး… ကြောက်ဖို့ကောင်းလာပြီ

    ရန်ကုန်မြို့ကြီး… ကြောက်ဖို့ကောင်းလာပြီ

    စစ်တပ်အုပ်ချုပ်ရာ ရွှေပြည်သာတွင် ပျောက်ဆုံးနေသော အသက် ၇၀ အရွယ် အငြိမ်းစားကျောင်းအုပ်ကြီး မိမိနေအိမ်၌ပင် အသတ်ခံရ

    စသ်တပ်အုပ်ချုပ်နေတဲ့ ရန်ကုန်မြို့၊ ရွှေပြည်သာမြို့နယ်မှာ နေထိုင်တဲ့ အသက် ၇၀ အရွယ် အငြိမ်းစားပညာရေးဝန်ထမ်း ဦးအောင်သောင်းဟာ ပြီးခဲ့တဲ့ ရက်ပိုင်းက ကားနဲ့အတူ ပျောက်ဆုံးသွားခဲ့ရာမှ အခုအခါ ၎င်းရဲ့နေအိမ်အတွင်းမှာပဲ အသတ်ခံထားရလျက် ရှာဖွေတွေ့ရှိခဲ့ကြောင်း အင်တာနက် လူမှုကွန်ရက်ပေါ်မှာ သတင်းများ ထွက်ပေါ်နေပါတယ်။

    ပြီးခဲ့တဲ့ မတ်လ ၉ ရက်နေ့၊ နေ့လယ် ၃ နာရီခန့်က ဦးအောင်သောင်းဟာ ၎င်းရဲ့နေအိမ်မှ ခဲရောင် Honda Fit (ယာဉ်အမှတ် 3L/5652) ကားနဲ့ ထွက်ခွာသွားခဲ့ပြီးနောက် အဆက်အသွယ်ပြတ်တောက်ကာ ပျောက်ဆုံးသွားခဲ့တာ ဖြစ်ပါတယ်။

    မိသားစုဝင်များက ယာဉ်တိုက်မှုစတဲ့ အသေးအမွှားကိစ္စများဖြစ်ပြီး ရဲစခန်းများကို ရောက်နေသလား ဆိုကာ စိုးရိမ်တကြီးနဲ့ လိုက်လံရှာဖွေခဲ့ကြသလို လူမှုကွန်ရက်မှတစ်ဆင့်လည်း သတင်းအစအနရရှိဖို့ အကူအညီတောင်းခံခဲ့ကြပါတယ်။

    ဒါပေမယ့်လည်း မတ်လ ၁၂ ရက်နေ့ မနက်ပိုင်းမှာတော့ သမီးဖြစ်သူက “ဖေဖေ အသတ်ခံရလို့ ဆုံးပါးသွားပါပြီ” လို့ အသိပေးလာခဲ့ပါတယ်။

    ပိုမိုထိတ်လန့်ဖွယ်ကောင်းတဲ့ အချက်မှာ ဦးအောင်သောင်းဟာ အပြင်မှာ အသတ်ခံရခြင်းမဟုတ်ဘဲ ၎င်းရဲ့နေအိမ်အတွင်းမှာပဲ သတ်ဖြတ်ခံခဲ့ရခြင်းဖြစ်ကြောင်း သိရပါတယ်။

    ပြစ်မှုကျူးလွန်သူများဟာ ရုပ်အလောင်းကို စောင်များနဲ့ပတ်ကာ သစ်သားသေတ္တာအတွင်း ထည့်သွင်းထားခဲ့ကြောင်း မိသားစုနဲ့ နီးစပ်သူတစ်ဦးရဲ့ ပြန်လည်ပြောပြချက်အရ သိရပါတယ်။

    အခုဖြစ်စဉ်နှင့်ပတ်သက်ပြီး လူမှုကွန်ရက်မှတ်ချက် (Comments) များမှတစ်ဆင့် ထပ်မံသိရှိရတဲ့ အချက်အလက်‌များ ကတော့ အခင်းဖြစ်ပွားတဲ့ နေရာမှာ ရွှေပြည်သာမြို့နယ်၊ ၉ ရပ်ကွက်၊ အမှတ် ၅ ကျောင်း (ယခင် အလက ၄) အနောက်ဘက်လမ်းမှာ ဖြစ်ကြောင်း သိရပါတယ်။

    ဒါ့အပြင် သေဆုံးသွားသူ ဦးအောင်သောင်းမှာ အငြိမ်းစား ကျောင်းအုပ်ဆရာကြီးတစ်ဦး ဖြစ်ပြီး ဆရာကြီးရဲ့ သမီးလင်မယားမှာ ဂျပန်နိုင်ငံမှာ အလုပ်လုပ်ကိုင်နေကြကာ နောက်ထပ်သားသမီးတစ်ဦးမှာလည်း နေပြည်တော်မှာ တာဝန်ကျနေတာကြောင့် ၎င်းဟာ အဆိုပါနေအိမ်အတွင်း တစ်ဦးတည်း နေထိုင်နေသူဖြစ်ကြောင်း သိရပါတယ်။

    အဆိုပါ အသတ်ခံရသူနဲ့ ရင်းနှီးသူမိတ်ဆွေများရဲ့ သုံးသပ်ချက်အရ လူသတ်သမားများဟာ ဆရာကြီးကို သတ်ဖြတ်ပြီး ကားကိုပါ လုယူသွားခြင်းဖြစ်နိုင်ကြောင်း ယူဆနေကြပါတယ်။

    သားသမီးများ အဝေးရောက်နေချိန် အေးချမ်းစွာ နေထိုင်တတ်တဲ့ သက်ကြီးရွယ်အိုတစ်ဦးကို အခုလို ရက်ရက်စက်စက် ကျူးလွန်ခဲ့တဲ့ ဖြစ်ရပ်အပေါ် လူမှုကွန်ရက်အသုံးပြုသူများအကြား များစွာတုန်လှုပ်လျက်ရှိပြီး၊ ကျူးလွန်သူများကို အမြန်ဆုံး ဖော်ထုတ်အရေးယူနိုင်ဖို့ ဆန္ဒပြုနေကြပါတယ်။

    စစ်တပ်အုပ်ချုပ်ရာဒေသတွေမှာ လူသတ်မှု၊ ပြန်ပေးဆွဲမှု၊ ဓားမြမှု၊ ခိုးဆိုးလုယက်မှု၊ လူကုန်ကူးမှု အစရှိတဲ့ ရာဇဝတ်မှုတွေဟာမကြာခဏလိုဖြစ်ပွားနေပါတယ်။

    ရွှေပြည်သာမြို့နယ်မှာ နေထိုင်တဲ့ အသက် ၇၀ ဝန်းကျင်အရွယ် ဦးအောင်သောင်းရဲ့ ဝမ်းနည်းစရာဖြစ်ရပ်တစ်ခု လူမှုကွန်ရက်ပေါ်မှာ ပြန့်နှံ့နေပါတယ်။

    မတ်လ ၉ ရက်နေ့ နေ့လယ် ၃ နာရီခန့်မှာ ဦးအောင်သောင်းဟာ အိမ်ကနေ Honda Fit အမည်းရောင် (3L/5652) ကားနဲ့ ထွက်သွားတယ်လို့ ယူဆရပြီး အဲ့ဒီနောက်ပိုင်း အဆက်အသွယ် မရဘဲ ပျောက်ဆုံးနေခဲ့ပါတယ်။

    ဖခင်ဖြစ်သူနဲ့ ကားပါ ပျောက်နေတဲ့အတွက် သမီးဖြစ်သူတို့က ဖခင်ကြီး အပြင်သွားရင်း တစ်ခုခုဖြစ်သွားမလားဆိုပြီး စိုးရိမ်ပူပန်စွာနဲ့ ဖခင်ကြီး ဝင်လေ့ရှိတဲ့ တရားစခန်းများအထိ လိုက်လံရှာဖွေခဲ့ကြပါတယ်။

    မနေ့ကအထိ ဖခင်ကြီးကို မတွေ့သေးတဲ့အတွက်

    Mm News.xyz 2026 03 13 083837

    “ဖေကြီးသတင်း မြန်မြန်ကြားရပါစေ” လို့ သမီးဖြစ်သူက စိတ်ပူစွာ ရေးသားထားတာကိုလည်း တွေ့ခဲ့ရပါတယ်။

    ဒါပေမယ့် ဒီကနေ့ မတ်လ ၁၂ ရက် မနက်ပိုင်းမှာတော့ သမီးဖြစ်သူက ဝမ်းနည်းစွာနဲ့

    “ဖေဖေ အသတ်ခံရလို့ ဆုံးပါးသွားပါပြီ” လို့ ပြောကြားလာခဲ့ပါတယ်။

    သိရှိရသလောက်အရ ဦးအောင်သောင်းကို အိမ်အတွင်းမှာပင် သတ်ဖြတ်ပြီး အိပ်ယာခင်းနဲ့ပတ်ကာ သေတ္တာထဲ ထည့်ထားခဲ့တာ ဖြစ်ကြောင်း နီးစပ်သူတစ်ဦးက ပြန်လည် ပြောပြခဲ့ပါတယ်။

    တချို့မိတ်ဆွေများကတော့

    Mm News.xyz 2026 03 13 083947

    လူကို သတ်ပြီး ကားကို ယူသွားခဲ့တာ ဖြစ်နိုင်တယ် လို့လည်း ပြောဆိုနေကြပါတယ်။

    တရားစခန်း ဝင်နေကျ ယောဂီမိတ်ဆွေကြီးတစ်ဦး အခုလို အဖြစ်မျိုး ကြုံတွေ့ခဲ့ရတာကြောင့်

    မိတ်ဆွေများကလည်း နောင်ဘဝတွေမှာ ဒီလိုဒုက္ခမျိုး မကြုံရပါစေနဲ့ လို့ ဆုတောင်းပေးနေကြပါတယ်။

    💔 တကယ်ကို စိတ်မကောင်းစရာ အဖြစ်အပျက်တစ်ခုပါ

  • ဒါ တရားမျှတမှုလား? ကားချင်းညှိတာကို ရဲကဝင်ရှင်းပေးမိတဲ့အတွက်….၂လောင်းပြိုင် အသုဘ  ဒီနေ့ချပြီ..

    ဒါ တရားမျှတမှုလား? ကားချင်းညှိတာကို ရဲကဝင်ရှင်းပေးမိတဲ့အတွက်….၂လောင်းပြိုင် အသုဘ ဒီနေ့ချပြီ..

    ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်၊ ရွှေပေါက်ကံမြို့သစ်တွင် မတ်လ ၉ ရက် ညပိုင်းက ဖြစ်ပွားခဲ့သည့် ခိုက်ရန်ဖြစ်ပွားမှုအတွင်း ထိခိုက်ဒဏ်ရာရရှိခဲ့သည့် လှည့်ကင်းရဲတပ်ဖွဲ့ဝင် နှစ်ဦးဖြစ်သော ရဲတပ်သား ဝင်းဇော်ဦး (၂၉ နှစ်) နှင့် ရဲတပ်သား သန်းအောင်မြင့် (၃၀ နှစ်) တို့၏ ရုပ်အလောင်းကို ယနေ့ (မတ်လ ၁၂ ရက်) တွင် ရေဝေးသုဿာန်၌ သင်္ဂြိုဟ်မည်ဖြစ်ကြောင်း နာရေးဖိတ်စာများအရ သိရသည်။

    ဖြစ်စဉ်အကျဉ်း

    မတ်လ ၉ ရက် ည ၁၀ နာရီဝန်းကျင်က ရွှေပေါက်ကံ (၁၂) ရပ်ကွက်ခွဲ၊ ပုဂံလမ်းမကြီးပေါ်တွင် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန (စသုံးလုံး) မှ အရာရှိတစ်ဦး အပါအဝင် သားအဖ သုံးဦးနှင့် ဒေသခံအဖွဲ့အချို့ အချင်းများရာမှ စတင်ခဲ့ခြင်းဖြစ်သည်။

    ဖြစ်ပွားပုံအသေးစိတ်

    လမ်းပေါ်တွင် ကားရပ်ထားသည့် ကိစ္စနှင့်ပတ်သက်၍ ယာဉ်မောင်းဖြစ်သူ မြတ်ကိုကိုအား လှည့်ကင်းရဲများက စစ်ဆေးရာမှတစ်ဆင့် အချင်းများမှု စတင်ခဲ့သည်။

    ထို့နောက် မြတ်ကိုကို၏ ဖခင်ဖြစ်သူ ဦးကြင်ခရမ်းနှင့် ညီဖြစ်သူ စသုံးလုံး ဒုတိယစုံစမ်းရေးမှူး အေးမင်းတို့ ရောက်ရှိလာပြီး အငြင်းပွားမှု ပြင်းထန်ခဲ့သည်။

    ကနဦး အချင်းများမှုဖြစ်ပြီးနောက် ရဲတပ်ဖွဲ့ဝင်များ ပြန်အထွက်တွင် ကားဖြင့် ဝင်ရောက်တိုက်မိခြင်းနှင့် လက်နက်တုတ်များဖြင့် အပြန်အလှန် ခိုက်ရန်ဖြစ်ပွားမှုများ ဆက်လက်ဖြစ်ပွားခဲ့သည်။

    အဆိုပါဖြစ်စဉ်ကြောင့် လှည့်ကင်းရဲတပ်ဖွဲ့ဝင် နှစ်ဦး အသက်ဆုံးရှုံးခဲ့ရပြီး အခြားနှစ်ဦးမှာလည်း ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။

    လက်ရှိအခြေအနေ

    ဖြစ်စဉ်တွင် ပါဝင်ပတ်သက်သူများဖြစ်သည့် မြတ်ကိုကို၊ စသုံးလုံး ဒုစုံစမ်းရေးမှူး အေးမင်းနှင့် ဖခင်ဖြစ်သူ ဦးကြင်ခရမ်းတို့ကို သက်ဆိုင်ရာက ဖမ်းဆီးအရေးယူထားကြောင်း သတင်းများအရ သိရသည်။ အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ မြို့နယ်ရဲစခန်းများသို့ ဆက်သွယ်မေးမြန်းခဲ့သော်လည်း တစ်စုံတစ်ရာ ဖြေကြားခြင်း မရှိသေးပါ။

    ဒေသခံများ၏ ပြောကြားချက်အရ ဖြစ်စဉ်တွင် ပါဝင်သည့် အခြားသူအချို့ကိုလည်း စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရှိရပြီး လက်ရှိတွင် ရပ်ကွက်အတွင်း အခြေအနေများ ပြန်လည်တည်ငြိမ်နေပြီဖြစ်ကြောင်း သိရသည်။

  • ဆေးရုံဆေးခန်းကနေ လက်လျှော့လိုက်တဲ့ ရောဂါသည်တွေနဲ့ (၉၆)ပါးရောဂါတွေအားလုံးကိုရေမန်းတစ်ခွက်နဲ့ ပျောက်ကင်းအောင်ကုသပေးနေတဲ့ ဆရာလေးနှစ်ပါး

    ဆေးရုံဆေးခန်းကနေ လက်လျှော့လိုက်တဲ့ ရောဂါသည်တွေနဲ့ (၉၆)ပါးရောဂါတွေအားလုံးကိုရေမန်းတစ်ခွက်နဲ့ ပျောက်ကင်းအောင်ကုသပေးနေတဲ့ ဆရာလေးနှစ်ပါး

    ရောဂါဘာယတွေထူပြောလာတဲ့ခေတ်ကြီးမှာ ဆေးပညာတွေကလဲ တဖြည်းဖြည်းအဆင့်မြင်လာခဲ့ပါတယ်။

    ဒါပေမယ့် ဘယ်လောက်ပဲအဆင့်မြင်လာပါစေ ကုသမရနိုင်သေးတဲ့ ရောဂါတွေရှိနေပြီး သက်သာအောင်ပဲ ကာကွယ်နိုင်တဲ့အနေအထားတစ်ခုရှိနေတာပါ။

    ဥပမာ ကင်ဆာလိုရောဂါတွေဆိုရင် လူတိုင်းစိုးရိမ်ရတဲ့ရောဂါမျိုးတဲ့ပါဝင်ပြီး ကုလို့မပျောက်ကင်းနိုင်ပါဘူး။

    Mm News.xyz 2026 03 12 180905

    ဒီလိုရောဂါတွေကို ဆရာဝန်တွေနဲ့ ဆေးပညာအရ ပျောက်ကင်းအောင် မကုပေးနိုင်ပေမယ့် ဆရာလေးနှစ်ပါးကတော့ ပျောက်ကင်းအောင် ကုသပေးနိုင်တယ်လို့ နာမည်ကြီးနေခဲ့ပါတယ်။

    ဆရာလေးနှစ်ပါးက မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့ ကျွဲမင်းကျကျေးရွာအနီး နန်ချွန်ကျေးရွာမှာ သတင်းသုံးနေတဲ့ ဆရာလေးတွေဖြစိပါတယ်။

    ဆရာလေးနှစ်ပါးထဲက ဆရာလေးဒေါ်သုန္ဒက အဓိကကုသပေးတာဖြစ်ပြီး နောက်ထပ်ဆရာလေးကတော့ ဘေးကနေ ကူညီကုသပေးတာဖြစ်ပါတယ်။

    Mm News.xyz 2026 03 12 181239

    ဆရာလေးနှစ်ပါးက ကင်ဆာအပါအဝင်၊ နာတာရှည်ရောဂါသည်တွေ၊ ဆေးရုံဆေးခန်းကနေ လက်လျှော့လိုက်တဲ့ ရောဂါသည်တွေနဲ့ (၉၆)ပါးရောဂါတွေအားလုံးကို ပျောက်ကင်းအောင်ကုသပေးတာပါ။

    ဒီလိုကုသရာမှာလဲ ဆေးထိုးအပ်တစ်ချက်မကိုင်၊ ဆေးတစ်ခွက်မတိုက်ဘဲ ဆရာလေးတို့ရဲ့ မေတ္တာရေစင်နဲ့သာ ကုသပေးတာဖြစ်ပြီး ဆေးဖိုးဝါးခရယ်လို့လဲမပေးရပါဘူး။

    Mm News.xyz 2026 03 12 181252

    သူတို့ကိုကြည်ညိုသူတွေအဖို့ စေတနာသဒ္ဒါသလောက်လှူခဲ့လို့ရပြီး အဲ့ဒီ့ကရတဲ့ လှူဒါန်းငွေတွေကိုလဲ ကိုယ်ကျိုးအတွက်လုံးဝမသုံးဘဲ ဘုရားတည်ကျောင်းဆောက်ဖို့သာ အသုံးပြုတာပါ။

    လက်ရှိမှာဆိုရင်လဲ ကျောင်းဆောက်ဖို့ ပြင်ဆင်နေတာမလို့ ရန်ကုန်မြို့က စွယ်တော်ဘုရားဝန်းအတွင်း၊ နာဂလှိုဏ်ဂူအနီးက ကျောင်းတစ်ကျောင်းမှာ ခေတ္တယာယီသတင်းသုံးနေတယ်လို့ သိရပါတယ်။

    Mm News.xyz 2026 03 12 181310
    ဆရာလေးတွေက ဆေးကုသပေးနေတယ်ဆိုပေမယ့် ကိုယ်တိုင်မှာ ဘာလိုင်စင်မှလဲမရှိသလို ဆေးကုသခွင့်လက်မှတ်ရယ်လဲမရှိပါဘူး။

    မေတ္တာဆေးနဲ့သာ ကုသပေးကြောင်း ဝန်ခံထားပြီးမှ ယုံကြည်သူတွေကို ကုသပေးတာဖြစ်ပါတယ်။

    အစပိုင်းမှာတော့ မယုံသူတွေ၊စမ်းသပ်ချင်သူတွေများပေမယ့် လက်တွေ့ကုသကြည့်လို့ သက်သာပျောက်ကင်းသွားတဲ့အခါ ဆရာလေးတို့ရဲ့ စွမ်းပကားကို လေးစားရိုသေမိလာကြပါတယ်။

    Mm News.xyz 2026 03 12 181324

    ပရိတ်သတ်တို့အနေနဲ့ရော ရေမန်းတစ်ဘူးနဲ့ ကင်ဆာအပါအဝင်(၉၆)ပါး ရောဂါပျောက်ကင်းအောင်ကုသပေးတဲ့ ဆရာလေးနှစ်ပါးအပေါ် အမြင်လေးတွေရှိရင်ပြောခဲ့ပေးကြပါဦး။

    Mm News.xyz 2026 03 12 181420

    Mm News.xyz 2026 03 12 181406

    Mm News.xyz 2026 03 12 181352

  • စစ်တပ်က နှစ်ပေါင်း ၃၀ ကျော် အထိုင်ချထားတဲ့ ဝင်းဝတပ်စခန်းကို တော်လှန်ရေးတပ်တွေ သိမ်းပိုက်

    စစ်တပ်က နှစ်ပေါင်း ၃၀ ကျော် အထိုင်ချထားတဲ့ ဝင်းဝတပ်စခန်းကို တော်လှန်ရေးတပ်တွေ သိမ်းပိုက်

    တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်၊ ထားဝယ်-မြိတ် အမှတ်(၈)လမ်းမကြီး မင်းဒပ်ကျေးရွာမှာ အာဏာသိမ်းစစ်တပ် နှစ်ပေါင်း(၃၀)ကျော်အထိုင်ချတပ်စွဲထားတဲ့ ဝင်းဝတပ်စခန်းကို သိမ်းယူရရှိခဲ့တယ်လို့ ကေအဲန်ယူ-မြိတ်ထားဝယ်ခရိုင်၊ ပြည်သူ့ဆက်ဆံရေးနှင့် သတင်းပြန်ကြားရေးက ထုတ်ပါတယ်။

    Mm News.xyz 2026 03 12 180120

    ဝင်းဝတပ်စခန်းကို ၂၀၂၆ခုနှစ် မတ်လ (၁၁) ရက်နေ့ ညနေ ၄ နာရီအချိန်မှာ KNLA တပ်မဟာ(၄) တပ်ရင်း(၁၂)၊ တပ်မဟာ (၆) တပ်ရင်း(၂၇)၊ တပ်မဟာ(၄) အထူးကွန်မန်ဒိုတပ်ဖွဲ့၊ ဗျူဟာ(၃၃) လက်အောက်ခံ T(5)တပ်ရင်း နဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက် ရရှိခဲ့တာလို့ ဆိုပါတယ်။ ‎

    တိုက်ပွဲနဲ့ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေကို ဖော်ပြထားတာမရှိပေမယ့် တိုက်ပွဲအတွင်း သိမ်းဆည်းရမိထားတဲ့ လက်နက်ခဲယမ်းတွေကိုတော့ ဓာတ်ပုံနဲ့တကွ ထုတ်ပြန်ထားတာ တွေ့ရပါတယ်။

    Mm News.xyz 2026 03 12 180129

    တိုက်ပွဲနဲ့ပတ်သက်ပြီး အခုထက် ပိုမိုသိရှိနိုင်ဖို့ ကေအဲန်ယူ-မြိတ်ထားဝယ်ခရိုင်က တာဝန်ရှိသူတွေကို ဆက်သွယ်နိုင်ဖို့ကြိုးစားနေပါတယ်။

    ပြီးခဲ့တဲ့ မတ်လ ၉ ရက်နေ့မှာ သရက်ချောင်းမြို့နယ်အတွင်းက ဝင်းဝစခန်း၊ သရက်နှစ်ခွတံတားဂိတ်၊ ရွှေဂူတောင်တံတားဂိတ်အပါအဝင် စစ်ကော်မရှင်တပ်ပစ်မှတ်တွေကို တော်လှန်ရေးတပ်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

    တိုက်ခိုက်မှုစတင်ပြီး မတ်လ ၁၁ ရက်နေ့ညနေမှာ ဝင်းဝစခန်းကို ရရှိတယ်လို့ တော်လှန်ရေးတပ်တွေဘက်က ကြေညာခဲ့တာပါ။

  • စစ်သုံ့ပန်းစခန်း ဗုံးကြဲခံရမှုအတွင်း ကိုယ်တွေ့ကြုံလိုက်ရတဲ့ စစ်သုံ့ပန်းတွေရဲ့ လက်ရှိ ဖက်ဆစ် မြန်မာစစ်တပ်ထံ တာဝန်ထမ်းဆောင်နေတဲ့ သူတွေအပေါ် သတင်းစကား

    စစ်သုံ့ပန်းစခန်း ဗုံးကြဲခံရမှုအတွင်း ကိုယ်တွေ့ကြုံလိုက်ရတဲ့ စစ်သုံ့ပန်းတွေရဲ့ လက်ရှိ ဖက်ဆစ် မြန်မာစစ်တပ်ထံ တာဝန်ထမ်းဆောင်နေတဲ့ သူတွေအပေါ် သတင်းစကား

    အာရက္ခတပ်တော်(AA) သိမ်းပိုက် အုပ်ချုပ်နေတဲ့ အမ်းမြို့နယ်၊ ဒါးလက်ချောင်း ဒေသမှာရှိတဲ့ စစ်သုံ့ပန်း အကျဉ်းစခန်းကို မတ်လ ၈ ရက်နေ့က ဂျက်ဖိုက်တာ ​လေး စီး ၊ Y-12 လေးစီးနဲ့ စစ်ကောင်စီက ဗုံးကြဲခဲ့လို့ စခ အရာရှိကြီး‌တွေ အပါအဝင် စစ်သုံ့ပန်း ၁၁၆ ဦး သေဆုံး ခဲ့တဲ့ ဖြစ်စဉ်က တွေးကြည့်ရင် စကစ ဘက်တော်သားတွေ အတွက် တော်တော် ရင်နာစရာ ကောင်းပါတယ်။

    စကစ က သူတို့အတွက် အသုံးမဝင်တော့ဘူး၊ ဒါမှမဟုတ် သူတို့ရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေမယ်ဆိုရင် ကိုယ့်လူကိုတောင် ပြန်သတ်ဖို့ ဝန်မလေးဘူးဆိုတာ အရင်ကလည်း အကြိမ်ကြိမ် မြင်တွေ့ ခဲ့ရပြီးပါပြီ။ ကိုယ့်အတွက် အသက်ပေး တိုက်ပွဲဝင်ပေးခဲ့တဲ့ အရာရှိတွေ၊ စစ်ဆေးဆရာဝန်တွေ အပါအဝင် တပ်ဖွဲ့ဝင်ရာချီဟာ အားမတန်လို့ ဖမ်းဆီးခံရတာကို အလွယ်တကူ စတေးပစ်လိုက်တာ တွေ့မြင်ရမှာပါ။

    ဒီလိုလုပ်ရပ်လိုမျိုး အရင်ကလည်း ရှမ်းမြောက် (လောက်ကိုင်၊ လားရှိုး စတဲ့) တိုက်ပွဲတွေနဲ့ ကရင်၊ ကယား တိုက်ပွဲတွေမှာလည်း စခန်းသိမ်းခံရလုနီးပါး အခြေအနေတွေရောက်ရင် ကိုယ့်မြေပြင်တပ်ဖွဲ့ဝင်တွေ၊ မိသားစုဝင်တွေ ကျန်ရစ်နေမှန်း သိသိကြီးနဲ့ လေကြောင်းကနေ ပစ်မှတ်ထား ဗုံးကျဲဖျက်ဆီးခဲ့တဲ့ ဖြစ်စဉ်တွေ အများကြီးရှိခဲ့တာပဲ။ ဒါဟာ လိုက်နာရမယ့် စစ်ဘက်ဆိုင်ရာ ကျင့်ဝတ်တွေကို စကစက လုံးဝ ချိုးဖောက်တာပါ။

    သူတို့က မတော်တဆ ရမ်းသန်းပစ်ခတ် မိတာမျိုး မဟုတ်ပါဘူး။ ရည်ရွယ်ချက်ရှိရှိနဲ့ကို လူမဆန်စွာ သတ်ဖြတ်ခဲ့တာပါ။ တိုက်ခိုက်မှုမလုပ်ခင် မတ်လ ၆ ရက်နေ့ကတည်းက လေကြောင်းကနေ ကင်းထောက်ခဲ့ပြီး ထောင်ဝတ်စုံတွေနဲ့ လူဝင်လူထွက်ကိုလည်း ရှင်းရှင်းလင်းလင်း မြင်တွေ့ခဲ့ရဲ့နဲ့ ၃ နာရီကျော်ကြာ မရပ်မနား ဗုံးကျဲခဲ့တာဟာ မတော်တဆမှု လုံးဝမဟုတ်ဘဲ သိသိကြီးနဲ့ တမင် ရှင်းပစ်လိုက်တဲ့သဘောပါလို့ ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ စစ်တပ်ရဲ့ ဒုတိုင်းမှူးကိုယ်တိုင်က ဝန်ခံထားပါတယ်။

    တကယ်တော့ စစ်ရေးပစ်မှတ်မဟုတ်တဲ့ နေရာတွေကို တမင်သက်သက် ဗုံးကျဲတာဟာ စကစရဲ့ ပုံမှန်စစ်ဆင်ရေးတစ်ခုလိုတောင် ဖြစ်နေပါပြီ။ ပဇီကြီးတို့၊ အနန့်ပါတို့က ကလေးငယ်တွေအပါအဝင် ပြည်သူရာချီ သေဆုံးခဲ့ရတဲ့ ဗုံးကျဲ သတ်ဖြတ်မှုတွေ၊ စစ်ဘေးရှောင်စခန်းတွေ၊ ဆေးရုံတွေနဲ့ စာသင်ကျောင်းတွေကို လေကြောင်းကနေ တိုက်ခိုက်တာတွေက ဒီအဖွဲ့အစည်း ဘယ်လောက် လူမဆန်ဘူးလဲဆိုတာကို မီးမောင်းထိုးပြနေတာပါ။

    ဒီဖြစ်စဉ်မှာ စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်ဖွဲ့ (AA) တို့ရဲ့ လုပ်ရပ်ကို ယှဉ်ကြည့်လိုက်ရင် ဘယ်သူက ပြည်သူ့ဘက်တော်သားလဲဆိုတာကို ရှင်းရှင်းလင်းလင်း မြင်တွေ့ရမှာပါ။ စစ်ကောင်စီက ကိုယ့်စစ်သုံ့ပန်းတွေကို ကိုယ်တိုင် ဗုံးကျဲသတ်ဖြတ်နေတဲ့အချိန်မှာ၊ AA အရာရှိတွေက “ဖြစ်သမျှ ငါခံမယ် အကုန်ဖျက်” ဆိုပြီး အသက်အန္တရာယ်ကြားကနေ ထောင်တံခါးတွေကို ရိုက်ချိုးပြီး ရန်သူ့စစ်သုံ့ပန်းတွေကို ကယ်ထုတ်ပေးခဲ့တယ်။ ဖမ်းဆီးထားချိန်မှာလည်း ကောင်းကောင်းမွန်မွန်ထားသလို၊ သေရေးရှင်ရေးကာလမှာပါ လူသားဆန်ဆန် ကယ်တင်ခဲ့တာပါ။

    ကိုယ့်အတွက် အသက်ကို ပေးပြီး တာဝန်ထမ်းဆောင်ခဲ့တဲ့ ကိုယ့်တပ်ဖွဲ့ဝင်တွေ ကိုတောင် စကစဟာ မျက်တောင်မခတ်ဘဲ ဗုံးကျဲ သတ်ဖြတ်ရဲတယ်ဆိုရင် လက်နက်မဲ့ သာမန်ပြည်သူလူထုအပေါ်မှာဆိုရင် ဘယ်လောက်တောင် ရက်စက်မလဲ။ သူတို့ဟာ နိုင်ငံတော်ကို ကာကွယ်နေတဲ့ အဖွဲ့အစည်း မဟုတ်ဘဲ အာဏာတည်မြဲရေးအတွက်ဆို ဘယ်သူ့ကိုမဆို သတ်ဖြတ်မယ့် အကြမ်းဖက် အဖွဲ့အစည်း သက်သက်ပဲ ဖြစ်နေတာ မြင်ရမှာပါ။ ဒီလိုအဖွဲ့အစည်းမျိုးကို ပြည်သူလူထု တစ်ရပ်လုံးက ညီညွတ်စွာနဲ့ အမြစ်ပြတ် တော်လှန်ဖို့ တနည်းပဲ ရှိပါတယ်။

    Zin Thaw Naing

    မြန်မာစစ်တပ်ထံ ၃၄ နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့ပေမယ့် စစ်တပ်ရဲ့လေကြောင်းကနေ ဗုံးကြဲခံလိုက်ရတဲ့အပေါ် ဒဏ်ရာရရှိထားတဲ့ စစ်သုံ့ပန်း တပ်ကြပ်ကြီးတစ်ဦးရဲ့ စကားသံ

    “ဒါမျိုးလုပ်တယ်ဆိုတာကတော့ ကျနော်တို့ကို သစ္စာဖောက်တယ်လို့ပဲ ခံယူတယ်။ အချင်းချင်းပြန်သတ်တယ်လို့ပဲ ကျနော် ခံယူတယ်။ ရှင်းရှင်းပြောရရင် ကျနော်စိတ်နာတယ်”

    သူဟာ အကြမ်းဖက်မြန်မာစစ်တပ်ထံ ၃၄ နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့တဲ့ တပ်ကြပ်ကြီး သိန်းလွင်ဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို အာရက္ခတပ်တော် သိမ်းပိုက်ပြီးတဲ့နောက်မှာ အာရက္ခတပ်တော်(အေအေ)ထံ စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးထိန်းသိမ်းခံထားရတာပါ။

    ဒီလိုထိန်းသိမ်းခံထားရစဥ်မှာပဲ ပြီးခဲ့တဲ့ မတ်လ ၈ ရက်နေ့က အမ်းမြို့နယ်၊ ဒါးလက်ချောင်းဒေသမှာရှိတဲ့ စစ်သုံ့ပန်းအကျဥ်းစခန်းကို အကြမ်းဖက်စစ်ကော်မရှင်က လေကြောင်းက ပြင်းပြင်းထန်ထန် ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ဒဏ်ရာရရှိသွားတဲ့အထဲ သူလည်း ပါဝင်ပါတယ်။ အဲဒီတိုက်ခိုက်မှုအတွင်း အာရက္ခတပ်တော် ထိန်းသိမ်းထားတဲ့ စစ်သုံ့ပန်းအကျဥ်းသား ၁၁၆ ဦး သေဆုံးသွားပြီး ၃၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

    အမ်းမြို့နယ် ဒါးလက်ချောင်းက စစ်သုံ့ပန်းစခန်း ဗုံးကြဲခံရလို့ စစ်သုံ့ပန်းရာကျော် အစုလိုက်အပြုံလိုက်သေဆုံးမှုအပေါ် နပခ ဒုတိုင်းမှူး ဗိုလ်မှူးချုပ် သောင်းထွန်းနှင့် အင်တာဗျူး

    အာရက္ခပြည်၊ အမ်းမြို့နယ် ဒါးလက်ချောင်းမှာ ရှိတဲ့ အာရက္ခတပ်တော်(အေအေ) ရဲ့ စစ်သုံ့ပန်းစခန်း ဗုံးကြဲခံရလို့ စစ်သုံ့ပန်းရာကျော် အစုလိုက်အပြုံလိုက် သေဆုံးမှုအပေါ် ကိုယ်တိုင်အနီးကပ် ကြုံတွေ့ခဲ့ရတဲ့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် သောင်းထွန်းက အခုလို ပြောပြထားပါတယ်။

    စစ်သုံ့ပန်းစခန်း ဗုံးကြဲခံရမှုအတွင်း ရုပ်အလောင်းရှာမတွေ့ဘဲ ပျောက်ဆုံးနေတဲ့ စစ်သုံ့ပန်းတစ်ဦးရဲ့ ဇနီးဖြစ်သူထံမှ ရင်ဖွင့်စကား

    ‌ဒေါ်သီတာစိုးရဲ့ အမျိုးသားဖြစ်သူဟာ နပခမှာ တာဝန်ထမ်းဆောင်နေရင်း အာရက္ခတပ်တော်(အေအေ)ထံ စစ်သုံ့ပန်းအဖြစ် ၂၀၂၄ ခုနှစ်မှာ ဖမ်းဆီးထိန်းသိမ်းခံထားရတာပါ။ သူနဲ့အတူ ဒေါ်သီတာစိုးတို့သားအမိ သုံးယောက်လည်း စစ်သုံ့ပန်းမိသားစုဝင်တွေအဖြစ် အာရက္ခတပ်တော်က ထိန်းသိမ်းစောင့်ရှောက်ထားတာပါ။

    ဒီလိုထိန်းသိမ်းခံထားရစဥ်မှာပဲ ပြီးခဲ့တဲ့ မတ်လ ၈ ရက်နေ့က အမ်းမြို့နယ်၊ ဒါးလက်ချောင်းဒေသမှာရှိတဲ့ စစ်သုံ့ပန်းအကျဥ်းစခန်းကို အကြမ်းဖက်စစ်ကော်မရှင်က လေကြောင်းက ပြင်းပြင်းထန်ထန် ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ဒဏ်ရာရရှိသွားတဲ့အထဲ သူလည်း ပါဝင်ပါတယ်။

    အဲဒီတိုက်ခိုက်မှုအတွင်း အာရက္ခတပ်တော် ထိန်းသိမ်းထားတဲ့ စစ်သုံ့ပန်းအကျဥ်းသား ၁၁၆ ဦး သေဆုံးသွားပြီး ၃၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ ဒီလိုဗုံးကြဲခံရတဲ့ စစ်သုံ့ပန်းအကျဥ်းဆောင်ထဲမှာ ဒေါ်သီတာစိုးရဲ့ အမျိုးသားဖြစ်သူ ဒုအရာခံဗိုလ် ဇော်တင်မိုးလည်း နေထိုင်နေခဲ့တာဖြစ်ကာ ဗုံးကြဲခံရပြီးနောက် ရုပ်အလောင်းပါ ရှာမတွေ့သေးဘဲ ပျောက်ဆုံးနေတာလည်း ဖြစ်ပါတယ်။

    အမ်းမြို့နယ် ဒါးလက်ချောင်းက စစ်သုံ့ပန်းစခန်း ဗုံးကြဲခံရလို့ စစ်သုံ့ပန်းရာကျော် အစုလိုက်အပြုံလိုက်သေဆုံးမှုအပေါ် နပခ တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ် ​ကျော်​ကျော်သန်းနှင့် အင်တာဗျူး

    အာရက္ခပြည်၊ အမ်းမြို့နယ် ဒါးလက်ချောင်းမှာ ရှိတဲ့ အာရက္ခတပ်တော်(အေအေ) ရဲ့ စစ်သုံ့ပန်းစခန်း ဗုံးကြဲခံရလို့ စစ်သုံ့ပန်းရာကျော် အစုလိုက်အပြုံလိုက် သေဆုံးမှုအပေါ် ကိုယ်တိုင် ကြုံတွေ့ခဲ့ရတဲ့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ် ​ကျော်​ကျော်သန်းက အခုလို ပြောပြထားပါတယ်။

    စစ်သုံ့ပန်းစခန်း ဗုံးကြဲခံရမှုအတွင်း ကိုယ်တွေ့ကြုံလိုက်ရတဲ့ စစ်သုံ့ပန်းတွေရဲ့ လက်ရှိ ဖက်ဆစ် မြန်မာစစ်တပ်ထံ တာဝန်ထမ်းဆောင်နေတဲ့ သူတွေအပေါ် သတင်းစကား

    ပြီးခဲ့တဲ့ မတ်လ ၈ ရက်နေ့က အမ်းမြို့နယ်၊ ဒါးလက်ချောင်းဒေသမှာရှိတဲ့ စစ်သုံ့ပန်းအကျဥ်းစခန်းကို အကြမ်းဖက်စစ်ကော်မရှင်က လေကြောင်းက ပြင်းပြင်းထန်ထန် ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ဒဏ်ရာရရှိသွားတဲ့အထဲ သူလည်း ပါဝင်ပါတယ်။

    အဲဒီတိုက်ခိုက်မှုအတွင်း အာရက္ခတပ်တော် ထိန်းသိမ်းထားတဲ့ စစ်သုံ့ပန်းအကျဥ်းသား ၁၁၆ ဦး သေဆုံးသွားပြီး ၃၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

    အမ်း ဒါးလက်​ချောင်းစစ်သုံ့ပန်းအကျဥ်းစခန်းအား အကြမ်းဖက် စစ်​ကော်မရှင် ဗုံးကြဲတိုက်ခိုက်မှု​ကြောင့် ဒဏ်ရာရရှိခဲ့တဲ့ စစ်သုံ့ပန်း ဗိုလ်ကြီးတစ်ဦးရဲ့ စကားသံ (အင်တာဗျူး)

    One Nation News