Author: Baby Yit Lone

  • ကရင်နီ အမျိုးသမီး စနိုက်ပါ

    ကရင်နီ အမျိုးသမီး စနိုက်ပါ

    ကယား(ကရင်နီ) ဖားဆောင်း တိုက်ပွဲမှာ စနိုက်ပါ လူငယ်အမျိုးသမီးတစ်ဦးကို လူတွေ သတိထားမိခဲ့ကြပါတယ်။ ကရင်နီပြည်လူမျိုးပေါင်းစုံပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ) က မသန္တာမိုး ဖြစ်ပါတယ်။ ဆေးတပ်သားအဖြစ် တိုက်ပွဲတွေကိုလိုက်ပါခဲ့ပေမယ့် သူတကယ်ဖြစ်ချင်ခဲ့တာကတော့ စနိုက်ပါသမား ဖြစ်ပါတယ်။ တိုက်ပွဲထဲမှာ စနိုက်ပါ ချေမှုန်းရေးသမားအဖြစ် ပါဝင်ချင်ခဲ့တဲ့ ဆန္ဒက ဖားဆောင်း တိုက်ပွဲမှာပြည့်ခဲ့ပါတယ်။

  • ဘာသာရေး အဆုံးအမ မဟုတ်ဘူး ဆင်းရဲတဲ့ ပြယုဂ်သာဖြစ်တယ်

    ဘာသာရေး အဆုံးအမ မဟုတ်ဘူး ဆင်းရဲတဲ့ ပြယုဂ်သာဖြစ်တယ်

    ဘာဆေး ညာဆေး ဘာအစွမ်းထက်တယ် မထက်ဘူးဆိုတာ ဗုဒ္ဓဘာသာမှာ မပါဘူး။ တော​တောင်​တွေမှာ နေကြတဲ့ ရဟန်း​တွေအတွက် ရိုးရာဆေးမီးတို​အ​ကြောင်း ဘုရား​ပြောပြထားတာ နည်းနည်း​တော့ရှိတယ်။ ဒီ​တော့ လောကီပညာတွေ မရှိဘူးလားဆိုတော့ ရှိပါတယ်။ ဒါပေမယ့် အဲဒါတွေက ဘာသာရေးမဟုတ်ဘူး။ လူတို့ရဲ့ စီးပွါးရေးနှင့် သူတို့ရဲ့ ကျန်းမာရေးသာဖြစ်ပါတယ်။ မြောင်းမြမှာ လယ်ကွင်းကရေကို တန်းစီပြီးသောက်နေကြတာ ဘာသာရေးမဟုတ်ဘူး။ ဒါက အဲဒီဘုရားကို စပြီးတွေ့တဲ့ လယ်ပိုင်ရှင်ရဲ့ စီးပွါးရေးသာ ဖြစ်တယ်။ ဟုတ်ပြီ ဒီလိုဆိုရင်၊ စုန်းလိုလို နတ်လိုလို ဂမ္ဘီရလိုလို နက္ခတ်လိုလို ကိစ္စတွေပေါ်လာရင် ဒါသည် ဘာသာရေးလို့ ဘာကြောင့် လူတွေထင်ရသလဲ။ ဒီကိစ္စမျိုးပေါ်လာတိုင်း ဘာသာရေးအဆုံးအမ လွဲမှားမှုလို့ လူတွေ ဘာကြောင့်ထင်ရသလဲ။ ပုံမှန်အားဖြင့် အဲသလို ဓာတ်လိုလို နတ်လိုလို လုပ်စားကြတဲ့လူတွေဟာ၊ သူတို့ကိုသူတို့…

  • “ငရဲခန်းစစ်သင်တန်းဆင်း အမျိုးသမီးကွန်မန်ဒို ရေချယ်”

    “ငရဲခန်းစစ်သင်တန်းဆင်း အမျိုးသမီးကွန်မန်ဒို ရေချယ်”

    စစ်အာဏာရှင်အမြစ်ပြတ်ချေမှုန်းရေး တိုက်ပွဲဝင်နေတဲ့ တော်ဝင်ဒေါင်းစစ်ကြောင်းက အမျိုးသမီးကွန်မန်ဒို ရေချယ်ရဲ့ တော်လှန်ရေးဘဝနဲ့ ခံယူချက်တွေကို ကြားရမှာဖြစ်ပါတယ်။ သူဟာ အမျိုးသားတွေတောင် နုတ်ထွက်သွားရတဲ့ ငရဲခန်းစစ်သင်တန်းကို ထူးထူးချွန်ချွန်နဲ့ အောင်မြင်ခဲ့တဲ့ တစ်ဦးတည်းသော အမျိုးသမီးရဲမေဖြစ်ပါတယ်။

  • NUG နဲ့ SRAတွေ့ဆုံပြီး စစ်ဆင်ရေးအပါအဝင် အဓိကအချက်သုံးချက် ဆွေးနွေး

    NUG နဲ့ SRAတွေ့ဆုံပြီး စစ်ဆင်ရေးအပါအဝင် အဓိကအချက်သုံးချက် ဆွေးနွေး

    အမျိုးသားညီညွတ်ရေးအစိုးရ နဲ့ နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု(SRA)တို့ ဒီက​နေ့ တွေ့ဆုံပြီး စစ်ဆင်ရေး၊ ထောက်လှမ်းရေးဆိုင်ရာကိစ္စရပ်​တွေ နဲ့ နိုင်ငံရေးဦးဆောင်မှုဆိုင်ရာ​တွေကို ရင်းနှီးပွင့်လင့်စွာဆွေးနွေးခဲ့တယ်လို့ NUGနဲ့ SRAက ထုတ်ပြန်ပါတယ်။ ​ ဖေ​ဖော်ဝါရီလ ၂၇ရက်မွန်းလွဲ ၂နာရီမှာZoom မှတဆင့် တွေ့ဆုံဆွေးနွေးခဲ့ကြတာ ဖြစ်ပြီးအစည်းအဝေးသို့ အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ်ရုံးဝန်ကြီး ဒေါက်တာဇော်ဝေစိုး၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်၊ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ်၊ စီမံကိန်း ဘဏ္ဍာရေးနှင့် ရင်နှီးမြှပ်နှံမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်တို့နဲ့ SRAမှ ခေါင်းဆောင်များ စုံလင်စွာတက်ရောက်ခဲ့ကြတယ်လို့​​ဖော်ပြပါတယ်။ ​ တွေ့ဆုံဆွေး​နွေးမှုမှာ မူဝါဒအပေါ် အပြန်အလှန်ဆွေးနွေးခဲ့တယ်လို့လည်းပါရှိပါတယ်။ အစည်းအဝေးမှာပြည်ထောင်စုဝန်ကြီးချုပ်ရုံး ဝန်ကြီး ဒေါက်တာဇော်ဝေစိုး နဲ့ SRA ဦးဆောင်ကော်မတီဝင်ဆလိုင်းဝီလျံချင်းတို့ကအဖွင့်နှုတ်ခွန်းဆက်စကားပြောကြားခဲ့ပါတယ်။ ကာကွယ်​ရေးဝန်ကြီးဦးရည်မွန်ကအမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒေသအခြေပြုကာကွယ်ရေးတပ်ဖွဲ့များဆိုင်ရာ မူဝါဒကို…

  • အသက်ငယ်ငယ်နဲ့ ရာထူးအတက်ကြမ်းနေတဲ့ မြန်မာစစ်တပ်

    အသက်ငယ်ငယ်နဲ့ ရာထူးအတက်ကြမ်းနေတဲ့ မြန်မာစစ်တပ်

    စစ်ကောင်စီတပ်ထဲမှာ အခုတလော ရာထူးတွေ အရမ်းတက်နေပါတယ်။ ဒါပေမယ့် အသက်ရှင်နေတုန်း ရာထူးတက်တာမဟုတ်ဘဲ သေမှ တက်တဲ့ရာထူးတွေပါ။ ရာထူးတက်သလောက် အသက်ထွက်တာကလည်း မြန်ပါတယ်။ အာရက္ခတပ်တော် (AA) ထိုးစစ်ဆင်နေတဲ့ ကျောက်ဖြူစစ်မျက်နှာမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၆ ရက်နေ့က စစ်ကောင်စီတပ်က သက်ထွန်းအောင် (ကြည်း-၇၇၆၈၂) ဆိုသူ သေဆုံးသွားခဲ့ပါတယ်။ အံ့သြစရာကောင်းတာက သူ့အသက်ဟာ (၂၅) နှစ်သာ ရှိသေးတာပါ။ တကယ်တော့ သူဟာ အသက်ရှင်လျက်နဲ့ ဗိုလ်မှူးဖြစ်သွားတာ မဟုတ်ပါဘူး။ မြေပြင်တိုက်ပွဲမှာ အသေဆိုးနဲ့ သေဆုံးသွားပြီးမှသာ စစ်ကောင်စီက ဗိုလ်မှူး အပွင့်ရာထူးကို ပေးလိုက်တာပဲ ဖြစ်ပါတယ်။ အသက်ရှင်တုန်းကတော့ ရှေ့တန်းမှာ အသေခံခိုင်းပြီး သေမှ ရာထူးတိုးပေး၊ ဂူလုပ်ပေးတဲ့ စစ်တပ်ရဲ့ ထုံးစံအတိုင်းပါပဲ။ မယားဖြစ်သူကတောင် TikTok ကနေ “စစ်သားမပီသပြနဲ့…