Author: Baby Yit Lone
-

-

KIA နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ တွေ့ဆုံမှုအရွေ့
KIA နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ တွေ့ဆုံမှု တပ်ပေါင်းစု ပေါ်ပေါက်ရေး ဦးတည်လား ကချင်လွတ်လပ်ရေးအဖွဲ့/ကချင်လွတ်လပ်ရေးတပ်မတော်(KIO/KIA)ရဲ့ ဒုတိယဗိုလ်ချုပ်ကြီးဂွမ်မော်နဲ့ တော်လှန်ရေးလက်နက်ကိုင်တပ်တချို့က ကိုယ်စားလှယ်အဖွဲ့တွေရဲ့တွေ့ဆုံမှုတွေအကြောင်း ၂၀၂၅ သြဂုတ်လအတွင်းမှာ ထုတ်ပြောလာကြပါတယ်။ မြင်းခြံက Zero ပြောက်ကျားတပ်ဖွဲ့၊ ချင်းညီနောင်အဖွဲ့(CB)အပြင် ယောတပ်တော်(YA) က ကိုယ်စားလှယ်တွေဟာ ဒုတိယဗိုလ်ချုပ်ကြီး ဂွမ်မော်နဲ့ တွေ့ဆုံခဲ့ကြတာပါ။ “တော်လှန်ရေး ငါးနှစ်နီးပါးကြာမှ မြေပြင်မှာ ပထမဆုံး တွေ့ဆုံဖို့ ဖြစ်လာတာပါ” လို့ ချင်းညီနောင်အဖွဲ့ (CB) ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းယောမန်က ပြောပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ရဲ့ ပြုပြင်ပြောင်းလဲရေးအပါအဝင် တော်လှန်ရေးတပ်ပေါင်းစုပေါ်ပေါက်ရေး လုပ်ချိန်တန်ပြီလို့ ဝေဖန်မှုမြင့်တက်နေတဲ့ကာလမှာပဲ ပေါ်ပေါက်လာတဲ့ KIA နဲ့ တော်လှန်ရေးတပ်တွေရဲ့ ဖိတ်ခေါ်တွေ့ဆုံမှုတွေကနေ ဘာတွေ ဆက်တွေ့လာရနိုင်လဲ။ KIA နဲ့ တွေ့ဆုံမှု ဘာထူးလဲ တော်လှန်ရေးအဖွဲ့ သုံးဖွဲ့ရဲ့ထုတ်ပြန်ချက်…
-

မိဘတွေကို ရှာမတွေ့ရင် ၂ နှစ်သားလောက်ထိ ငယ်ရွယ်တဲ့ကလေးတွေကိုပါ စစ်တပ်ဖမ်းဆီးနေ
မိဘတွေကို ရှာမတွေ့ဘူးဆိုရင်အသက် ၂နှစ်လောက်ထိ ငယ်ရွယ်တဲ့ ကလေးတွေကိုပါ ဓါးစာခံအဖြစ်မြန်မာစစ်တပ်က ဖမ်းဆီးနေတယ်လို့ ကုလသမဂ္ဂ စုံစမ်းရေး အရာရှိတွေက ပြောပါတယ်။ အဲဒီကလေးတွေကိုလည်း စနစ်တကျနှိပ်စက်ညှင်းပန်းမှုတွေကြောင့်နာမည်ဆိုးနဲ့ကျော်ကြားရာ အကျဉ်းထောင်တွေ၊ ထိန်းသိမ်းရေး စခန်းတွေထဲမှာ စစ်တပ်က ထိန်းသိမ်းထားလေ့ ရှိတယ်လို့ ဆိုပါတယ်။ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သောစုံစမ်းစစ်ဆေးမှုယန္တရား (IIMM)က ရရှိထားတဲ့ အထောက်အထားတွေအရ မိဘတွေ ထွက်ပြေး တိမ်းရှောင်နေရင် စစ်တပ်ဟာအသက် ၂ နှစ်ကနေ ၁၇ နှစ်အတွင်းသားသမီးတွေကို အကြောင်း မဲ့ ဖမ်းဆီးပြီး အကျပ်ကိုင်လေ့ ရှိတယ်လို့ သိရပါတယ်။ IIMM ဟာ ၂၀၂၁ ခုနှစ်၊ စစ်တပ်အာဏာသိမ်းပြီးတဲ့နောက် ပြည်တွင်းမှာ ကျူးလွန်နေတဲ့ ကြမ်းကြုတ်ရက်စက်မှုတွေကို စနစ်တကျ မှတ်တမ်းပြုစုဖို့ ကုလသမဂ္ဂ ဖွဲ့စည်းပေးထားတဲ့ လုပ်ငန်းစဉ် ယန္တရား တစ်ခုပါ။ စစ်တပ်ရဲ့…
-

တနင်္သာရီမြို့နယ်မှာ စစ်ကောင်စီစစ်ကြောင်းကို မဟာမိတ်ပူးပေါင်းတပ် တိုက်ခိုက်
တနင်္သာရီမြို့နယ်၊ တမုတ်ချုံးရွာကို ခြေကုပ်ယူဖို့ရောက်ရှိလာတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းနဲ့ တပ်ကူအဖွဲ့တွေကို မဟာမိတ်ပူးပေါင်းတပ်တွေနဲ့အတူ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ခံက ပြောပါတယ်။ သြဂုတ် ၁၀ ရက် မနက် ၉ နာရီခွဲလောက်က တနင်္သာရီမြို့နယ်၊ တမုတ်ချုံးရွာဘက်ကို စစ် ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်သားတွေကို တနင်္သာရီမြို့နယ် ပကဖ၊ မြိတ်ခရိုင်အမှတ် (၂)တပ်ရင်း၊ တပ်ခွဲ(၂)၊ တပ်ခွဲ (၃)တို့ ပူးပေါင်းပြီး လမ်းကနေဖြတ်တိုက်ခဲ့တာလို့ သိရပါတယ်။ အဲဒီတိုက်ခိုက်မှုကြောင့် သြဂုတ် ၁၀ ရက် နေ့လယ် ၂ နာရီ ၅၀ ဝန်းကျင်မှာ စစ်ကောင်စီတပ်စစ်ကြောင်း တမုတ်ချုံးရွာကနေပြန်ဆုတ်သွားပေမယ့် တပ်ကူရောက်လာတဲ့ တပ်သားတွေနဲ့ လယ်တောင်ယာရွာမှာ ပူးပေါင်းမိသွားတာကြောင့် တော်လှန်ရေးတပ်ဖွဲ့တွေ ပြန်ဆုတ်ခဲ့ရတယ်လို့ တနင်္သာရီမြို့နယ် ပကဖ တာဝန်ခံက ပြောပါတယ်။ “အခုထိလည်း အဲဒီ…
-

မန္တလေးက Sky Villaမှာ ငလျင်လှုပ်ပြီး ငါးလခွဲအကြာ ရုပ်အလောင်းထပ်တွေ့
မန္တလေးမြို့က Sky Villaမှာ ငလျင်လှုပ်ခတ်ပြီး ငါးလခွဲကျော်ကြာတဲ့အထိ ပျောက်ဆုံးသူတွေရှာနေရဆဲဖြစ်ပြီး ဒီကနေ့ ရုပ်အလောင်းတစ်လောင်း ထပ်မံတွေ့ရှိပါတယ်။ ငလျင်လှုပ်ခတ်ခဲ့မှုကြောင့် ပြိုကျပျက်စီးခဲ့တဲ့ မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်က Sky Villa အဆောက်အဦး A အဆောင်ကို ရှင်းလင်းခဲ့ရာ ဒီကနေ့ သြဂုတ် ၁၃ ရက် မနက် ၁၀ နာရီခွဲခန့်မှာ အမျိုးသားရုပ်အလောင်းတစ်လောင်း တွေ့ရှိရကြောင်း စစ်ကောင်စီလက်အောက်ခံ မီးသတ်ဦးစီးဌာနက ထုတ်ပြန်ပါတယ်။ “Sky villa က ကယ်ဆယ်ရေးလုပ်ငန်းက တော်တော်ဆိုးပါတယ်။ခုချိန်ထိအလောင်းတွေကတွေ့နေရတုန်းပဲ”လို့ဒေသခံတဦးကဆိုပါတယ်။ ၎င်းရုပ်အလောင်းဟာ Sky Villa ရဲ့ A အဆောင် (၃)လွှာ၊ အခန်းအမှတ် E3 က ဖြစ်တယ်လို့ သိရပါတယ်။ မန္တလေးမြို့မှာ ပြီးခဲ့တဲ့ မတ်လ ၂၈ ရက်ကလှုပ်ခတ်ခဲ့တဲ့ငလျင်ကြောင့် လူရာချီသေဆုံးကာ အဆောက်အအုံလေးထောင်ဝန်းကျင်ပျက်စီးဆုံးရှုံးခဲ့ကြောင်း…