Author: Baby Yit Lone

  • အသက်ငယ်ငယ်နဲ့ ရာထူးအတက်ကြမ်းနေတဲ့ မြန်မာစစ်တပ်

    အသက်ငယ်ငယ်နဲ့ ရာထူးအတက်ကြမ်းနေတဲ့ မြန်မာစစ်တပ်

    စစ်ကောင်စီတပ်ထဲမှာ အခုတလော ရာထူးတွေ အရမ်းတက်နေပါတယ်။ ဒါပေမယ့် အသက်ရှင်နေတုန်း ရာထူးတက်တာမဟုတ်ဘဲ သေမှ တက်တဲ့ရာထူးတွေပါ။ ရာထူးတက်သလောက် အသက်ထွက်တာကလည်း မြန်ပါတယ်။ အာရက္ခတပ်တော် (AA) ထိုးစစ်ဆင်နေတဲ့ ကျောက်ဖြူစစ်မျက်နှာမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၆ ရက်နေ့က စစ်ကောင်စီတပ်က သက်ထွန်းအောင် (ကြည်း-၇၇၆၈၂) ဆိုသူ သေဆုံးသွားခဲ့ပါတယ်။ အံ့သြစရာကောင်းတာက သူ့အသက်ဟာ (၂၅) နှစ်သာ ရှိသေးတာပါ။ တကယ်တော့ သူဟာ အသက်ရှင်လျက်နဲ့ ဗိုလ်မှူးဖြစ်သွားတာ မဟုတ်ပါဘူး။ မြေပြင်တိုက်ပွဲမှာ အသေဆိုးနဲ့ သေဆုံးသွားပြီးမှသာ စစ်ကောင်စီက ဗိုလ်မှူး အပွင့်ရာထူးကို ပေးလိုက်တာပဲ ဖြစ်ပါတယ်။ အသက်ရှင်တုန်းကတော့ ရှေ့တန်းမှာ အသေခံခိုင်းပြီး သေမှ ရာထူးတိုးပေး၊ ဂူလုပ်ပေးတဲ့ စစ်တပ်ရဲ့ ထုံးစံအတိုင်းပါပဲ။ မယားဖြစ်သူကတောင် TikTok ကနေ “စစ်သားမပီသပြနဲ့…

  • မနက် ၂ နာရီခွဲကြီး ထလောင်တဲ့ မန္တလေး မီး

    မနက် ၂ နာရီခွဲကြီး ထလောင်တဲ့ မန္တလေး မီး

    28-2-2026 မန္တလေး ချမ်းမြသာစည်မြို့နယ် 65-လမ်း 106-107 လမ်းကြား မီးလောင်မူ သတင်းရ Level (1) ၂၈.၂.၂၀၂၆ ရက်နေ့၊ ၀၂ ၁၅အချိန်ခန့်၊ မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ ၆၅လမ်း၊ (၁၀၆)×(၁၀၇)ကြား၊ မြို့သစ်(၁)ရပ်ကွက်၊ ရိမ်းဘိုး(မြို့သစ်)ဆိုင်ကယ်အပိုပစ္စည်းဆိုင်မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ Level 1 ယာဉ် အုပ်စုများထွက်ခွာငြှိမ်းသတ်လျက်ရှိပါသည်။ Update ၀၃ ၀၂ အချိန် မီးထိန်းပါသည်။ ရေခဲ

  • ဧရာဝတီစစ်မျက်နှာတွင် ဒုဗိုလ်မှူးကြီးအဆင့်ရှိသူများ အရေးပေါ်ကုသနေရ

    ဧရာဝတီစစ်မျက်နှာတွင် ဒုဗိုလ်မှူးကြီးအဆင့်ရှိသူများ အရေးပေါ်ကုသနေရ

    ဧရာဝတီစစ်မျက်နှာတွင် ဒုဗိုလ်မှူးကြီးအဆင့်ရှိသူများ အရေးပေါ်ကုသနေရပြီး ဗိုလ်ကြီးအဆင့်ရှိသူများ သေဆုံး၍ တပ်သားသစ်များလည်း အစုလိုက်ထွက်ပြေးနေ ဧရာဝတီတိုင်းအတွင်း နယ်မြေသုံးခုထက်မနည်း၌ တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားနေပြီး စစ်ကော် မရှင်ဘက်မှ ဒုဗိုလ်မှူးကြီးအဆင့်ရှိသူများအပါအဝင် အရာရှိနှင့် တပ်သားအများအပြား သေဆုံး၊ ထိခိုက် ဒဏ်ရာ ရရှိနေကြောင်း သိရသည်။ ရှေ့တန်းမှ ရောက်ရှိလာသည့် ဒဏ်ရာရတပ်ဖွဲ့ဝင်များကို ပုသိမ်မြို့အခြေစိုက် အနောက်တောင်တိုင်း စစ်ဌာနချုပ် (နတခ)၊ စစ်မြေပြင်ဆေးတပ်ရင်း (မဆရ ၄) တွင် ကုသပေးနေရပြီး ဝန်ထမ်းအင်အား မလောက်ငသဖြင့် အခက်တွေ့နေကြောင်း သိရသည်။ “မဆရ ၄ ထဲမှ လူနာတွေတအားများလာလို့ ဝန်ထမ်းအင်အား မလောက်ဘဲခက်ခဲနေတယ်။ ခြေပြတ် လက်ပြတ် တပ်သားတွေကိုတောင် မကုနိုင်ဘဲ သေကုန်လို့ ရင်ခွဲရုံမှာ သွားပုံထားရတယ်”ဟု ပုသိမ်သတင်းရင်းမြစ်က ပြောသည်။ စစ်ကော်မရှင်၏ ဒုဗိုလ်မှူးကြီးအဆင့်ရှိသူ နှစ်…

  • 📢 အောင်ဇမ္ဗူဇာတ်သဘင် ပွဲကပြခွင့် (၁) နှစ် ပိတ်ပင်ခံရ! လက်မှတ်ဝယ်ယူထားသူများ ငွေပြန်ထုတ်ယူနိုင်ပြီ 🎭

    📢 အောင်ဇမ္ဗူဇာတ်သဘင် ပွဲကပြခွင့် (၁) နှစ် ပိတ်ပင်ခံရ! လက်မှတ်ဝယ်ယူထားသူများ ငွေပြန်ထုတ်ယူနိုင်ပြီ 🎭

    သဘင်ချစ်ပရိသတ်ကြီးအတွက် စိတ်မကောင်းစရာ သတင်းတစ်ခုကို အသိပေးချင်ပါတယ်။ အောင်ဇမ္ဗူဇာတ်အဖွဲ့ရဲ့ မန်နေဂျာဖြစ်သူ ကိုကျော်ဇေယျ ရဲ့ လူမှုကွန်ရက်ကတစ်ဆင့် တရားဝင်အသိပေးချက်အရ မြန်မာနိုင်ငံ သဘင်အစည်းအရုံး (ဗဟို) ရဲ့ ညွှန်ကြားချက်ဖြင့် အောင်ဇမ္ဗူဇာတ်သဘင်ကို ယနေ့မှစတင်ကာ (၁) နှစ်တိတိ ပွဲကပြခွင့် ပိတ်ပင်လိုက်ပြီဖြစ်ကြောင်း သိရပါတယ်။ အဆိုပါ ပိတ်ပင်မှုကြောင့် ယနေ့ည ကပြဖျော်ဖြေဖို့ စီစဉ်ထားတဲ့ ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်၊ ရန်မျိုးအောင်ဘုရားပွဲမှ ပွဲစဉ်များလည်း ဖျက်သိမ်းလိုက်ရပြီ ဖြစ်ပါတယ်။ 📍 လက်မှတ်ဝယ်ယူထားသူများအတွက် အရေးကြီးအချက်အလက် လက်မှတ်ငွေပြန်အမ်းခြင်း: သင်္ဃန်းကျွန်း ရန်မျိုးအောင်ဘုရားပွဲအတွက် ဖျာ/ထိုင်ခုံ လက်မှတ်များကို ကြိုတင်ဝယ်ယူထားသူများအနေဖြင့် စိတ်ပူစရာမလိုဘဲ ငွေပြန်လည်ထုတ်ယူနိုင်ပါတယ်။ နေရာနှင့်အချိန်: ယနေ့ည (၇) နာရီမှစတင်ကာ ဇာတ်ရုံတည်ရှိရာနေရာမှာ လက်မှတ်များကို ပြန်လည်ပြသပြီး ငွေသားများကို လာရောက်ထုတ်ယူနိုင်ပြီဖြစ်ကြောင်း မန်နေဂျာ ကိုကျော်ဇေယျက…

  • ဗိုလ်နဂါး ထွက်ပြေးနိုင်ရန် ကူညီခဲ့သည့် ကံကြီးဆရာတော်အား ဆက်လက်စစ်ဆေးနေ

    ဗိုလ်နဂါး ထွက်ပြေးနိုင်ရန် ကူညီခဲ့သည့် ကံကြီးဆရာတော်အား ဆက်လက်စစ်ဆေးနေ

    ဗိုလ်နဂါး စစ်ကောင်စီထံ ထွက်ပြေးနိုင်အောင် ကူညီခဲ့တဲ့ ဆရာတော်အမှုကို ဒေသ ပြည်သူ့လုံခြုံရေးအဖွဲ့နဲ့ တရားရေးအဖွဲ့တို့က ဆက်လက်ကိုင်တွယ် စစ်ဆေးနေပါတယ်။ ဖေဖော်ဝါရီ ၁၈ ရက် ညပိုင်းမှာ စစ်ကိုင်းတိုင်း၊ ပုလဲနယ်၊ ကံကြီးရွာ၊ ဒက္ခိဏာရုံ ရွှေကျင်ကျောင်းတိုက် ဆရာတော် ဦးအရိယာဝံသကို ဒေသကာကွယ်ရေးအဖွဲ့တွေက ထိန်းသိမ်းခဲ့တာပါ။ ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) ခေါင်းဆောင် ဗိုလ်နဂါး စစ်ကောင်စီတပ်ဆီ လက်နက်ချ ဘက်ပြောင်းရာမှာ ကူညီပေးခဲ့တဲ့အတွက် သက်တော် ၄၅ နှစ်အရွယ် ကံကြီးဆရာတော်ကို ထိန်းသိမ်းခဲ့တာလို့ ဒေသကာကွယ်ရေးအဖွဲ့တွေက အစောပိုင်းမှာ ပြောဆိုထားပါတယ်။ ဒေသကာကွယ်ရေးအဖွဲ့ ခေါင်းဆောင်တယောက်က “သက်ဆိုင်ရာကနေ ထုတ်ပြန်ပါလိမ့်မယ်ဗျ၊ သူတို့ သက်ဆိုင်ရာကနေ စစ်ဆေးနေတဲ့အပိုင်းတွေမှာ စစ်ဆေးနေဆဲဖြစ်တယ်ပေါ့နော်၊ ဒီအပိုင်းကျ ကျနော်တို့ စစ်ဆေးရတာ မဟုတ်တဲ့အတွက် သူတို့ သက်ဆိုင်ရာ ပလဖနဲ့ တရားရေးဘက်က…