Author: Baby Yit Lone

  • ရွှေပြည်သာမြို့နယ်၊ ဝါးတရာစက်မှုဇုန်၊  True Green City စက်ရုံတွင်  တရုတ်နိုင်ငံသား နည်းပညာကျွမ်းကျင်ဝန်ထမ်းက မြန်မာအလုပ်သမားကို  ရိုက်နှက်

    ရွှေပြည်သာမြို့နယ်၊ ဝါးတရာစက်မှုဇုန်၊ True Green City စက်ရုံတွင် တရုတ်နိုင်ငံသား နည်းပညာကျွမ်းကျင်ဝန်ထမ်းက မြန်မာအလုပ်သမားကို ရိုက်နှက်

    ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်၊ ဝါးတရာစက်မှုဇုန်ရှိ True Green City ကော်စေ့ စက်ရုံတွင် တရုတ်နိုင်ငံသား နည်းပညာကျွမ်းကျင်အလုပ်သမားက စက်ရုံအလုပ်သမားသမဂ္ဂ အတွင်းရေးမှူး အမျိုးသမီးကို ရိုက်နှက်ခဲ့မှုအပေါ် တရားဥပဒေနှင့်အညီ အရေးယူရေး လုပ်ဆောင်နေကြောင်း သွေးစည်းညီညွတ်သော သမဂ္ဂများအဖွဲ့ချုပ် မြန်မာ STUM မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ ဖေဖော်ဝါရီလ ၂၅ ရက်နေ့ တရုတ်နိုင်ငံသား ကျွမ်းကျင် နည်းပညာ Technician ဝန်ထမ်း က မြန်မာအလုပ်သမားကို ရိုက်နှက်ခဲ့ခြင်းဖြစ်ပြီး ရိုက်နှက်ခံရသူ မြန်မာအမျိုးသမီး အလုပ်သမားကို တရုတ်အလုပ်သမားက မာကျောသော အရာဝတ္ထုဖြင့် ရိုက်နှက်ခဲ့ခြင်းဖြစ်ကြောင်း၊ ထို့ပြင် ရိုက်နှက်ခံရ၍ လှည့်ကြည့်ရာတွင် တရုတ်နိုင်ငံသားက ထပ်မံဆောင့်တွန်းခဲ့ကြောင်း သိရှိရသည်။ “အခုအခြေအနေက တရားရုံးရောက်နေပါပြီ။ STUM က Legal Aid ပိုင်း…

  • အမေရိကန်-အီရန် ပဋိပက္ခကြောင့် ကမ္ဘာ့ရေနံဈေးနှင့်ရွှေစျေး ထိုးတက်ပြီး ကမ္ဘာ့စီးပွားရေးကို ရိုက်ခတ်နေ

    အမေရိကန်-အီရန် ပဋိပက္ခကြောင့် ကမ္ဘာ့ရေနံဈေးနှင့်ရွှေစျေး ထိုးတက်ပြီး ကမ္ဘာ့စီးပွားရေးကို ရိုက်ခတ်နေ

    အရှေ့အလယ်ပိုင်းမှာ ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေကြောင့် ဒီနေ့ တနင်္လာနေ့ (မတ်လ ၂ ရက်) ဈေးကွက်ဖွင့်ချိန်မှာ ကမ္ဘာ့ရေနံဈေးနှုန်းတွေ သိသိသာသာ မြင့်တက်လာပြီး စတော့ဈေးကွက်တွေလည်း အထိနာခဲ့ပါတယ်။ ရေနံစိမ်း ဈေးနှုန်းဟာ ၆ ဒသမ ၄ ရာခိုင်နှုန်းလောက်အထိ မြင့်တက်ခဲ့ပြီး တစ်စည်ကို ၇၇ ဒသမ ၅၇ ဒေါ်လာ ဖြစ်သွားပါတယ်။ ဈေးကွက်အဖွင့်မှာဆိုရင် ခေတ္တခဏအတွင်း ၈၂ ဒေါ်လာအထိတောင် ရောက် သွားခဲ့ပါသေးတယ်။ အမေရိကန်ရေနံစိမ်း ဈေးနှုန်းကလည်း ၆ ဒသမ ၂ ရာခိုင်နှုန်းတက်ပြီး တစ်စည်ကို ၇၁ ဒသမ ၁၇ ဒေါ်လာ ဖြစ်လာပါတယ်။ နိုင်ငံတကာမှာ စစ်ရေးတင်းမာမှုတွေကြောင့် လူတွေက စိတ်ချရတဲ့ ရွှေကိုပဲ ဝယ်စုလာကြလို့ ရွှေဈေးဟာလည်း ၁ ဒသမ ၆…

  • ပြည်သူလူထု ယုံကြည်မှု ပျက်ယွင်းလျှင် တော်လှန်ရေး ဆက်လုပ်၍ မရသည်ကို သတိပြုကြရန် NUG ယာယီသမ္မတ သတိပေး

    ပြည်သူလူထု ယုံကြည်မှု ပျက်ယွင်းလျှင် တော်လှန်ရေး ဆက်လုပ်၍ မရသည်ကို သတိပြုကြရန် NUG ယာယီသမ္မတ သတိပေး

    စစ်အာဏာရှင်တော်လှန်ရေးတွင် ပြည်သူလူထု ယုံကြည်မှု ပျက်ယွင်းလျှင် တော်လှန်ရေး ဆက်လုပ်၍ မရသည်ကို သတိပြုကြရန် NUG ယာယီသမ္မတ ဒူဝါလရှီးလက သတိပေးပြောဆိုလိုက်သည်။ ယနေ့ ကျရောက်သော ၇၇ နှစ်မြောက် ပအိုဝ်းအမျိုးသားနေ့ အခမ်းအနားတက်ရောက်စဉ် NUG ယာယီ သမ္မတ ဒူဝါလရှီးလက အထက်ပါအတိုင်း ပြောဆိုသွားခြင်းဖြစ်သည်။ နွေဦးတော်လှန်ရေးမှာ ၅ နှစ်တာကာလအတွင်း ရောက်ရှိလာပြီဖြစ်ကြောင်း၊ တော်လှန်ရေး ဘက်တော် သားများအတွက် အကန့် အသတ်များ တဖြည်းဖြည်း ကြီးမားလာနေကြောင်း၊ ထို့ကြောင့် လူထုကို ဝန်ပိစေသည့် ကိစ္စရပ်များကို သတိထားရမည်ဖြစ် ကြောင်း၊ ပြည်သူလူထု ယုံကြည်မှု ပျက်ယွင်းလျှင် တော်လှန်ရေး ဆက်လုပ်၍ မရသည်ကို သတိထားရမည်ဖြစ်ကြောင်း သူက သတိ ပေးပြောဆိုသည်။ “လက်ရှိ အချိန်မှာ နွေဦးတော်လှန်ရေးဟာ ၅…

  • စစ်တွေတွင် AA ဒရုန်းကြောင့် စစ်ကောင်စီတပ်သား ၂၀ ဦးထက်မနည်း သေဆုံး

    စစ်တွေတွင် AA ဒရုန်းကြောင့် စစ်ကောင်စီတပ်သား ၂၀ ဦးထက်မနည်း သေဆုံး

    အလောင်းများကို ပုတ်ပွပြီးမှ မြေမြှုပ်သင်္ဂြိုဟ် ရခိုင်ပြည် စစ်တွေမြို့အနီးရှိ ရွှေမင်းဂံရေတပ်စခန်း (ချောင်းနွယ်မင်းဂံ) က စစ်စခန်းများကို အာရက္ခတပ်တော် AA မှ ပြီးခဲ့သည့်အပတ်အတွင်း လက်နက်ကြီးများအပြင် ဒရုန်းများဖြင့် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ AA ဒရုန်းဗုံးကြောင့် စစ်ကောင်စီတပ်သား ၂၀ ဦးထက်မနည်း သေဆုံးသွားပြီး အများစုက တပ်သားငယ်များဖြစ်ကြောင်း စစ်ကောင်စီတပ်နှင့် နီးစပ်သော စစ်တွေသတင်းရင်းမြစ်တစ်ဦးက ပြောသည်။ “ပြီးခဲ့တဲ့ အပတ် ဖေဖော်ဝါရီလ ၂၂, ၂၃ ရက်လောက် ဖြစ်မယ်။ AA က ဒရုန်းတွေနဲ့ ရွှေမင်းဂံ ရေတပ်စခန်းငယ် အနီးက စစ်စခန်းတွေကို တိုက်ခိုက်ခဲ့တယ်။ စစ်ကောင်စီတပ်သား ၂၀ ဦးထက်မနည်း သေဆုံးသွားတယ်လို့ ပြောတယ်။ ပြီးခဲ့တဲ့ နှစ်ရက်လောက်က ဘုန်းကြီးတွေ သွားပြီး အလောင်းတွေကို မြေမြှုပ်ဖို့…

  • အားနည်းချက်ကို ဖုံးထားသော ခါမေနီ၏ လျှို့ဝှက်လက်နှင့် အလှမ်းကျယ်သည့် အကြမ်းဖက်မှု

    အားနည်းချက်ကို ဖုံးထားသော ခါမေနီ၏ လျှို့ဝှက်လက်နှင့် အလှမ်းကျယ်သည့် အကြမ်းဖက်မှု

    အယာတိုလာ အလီ ခါမေနီသည် သူ၏ ညာဘက်လက်ကို အမြဲတမ်း ဖုံးကွယ်ထားလေ့ရှိပြီး ယင်းအချက်ကို သင် သတိထားမိခဲ့ချင်မှ ထားမိပေလိမ့်မည်။ ခါမေနီသည် ၁၉၈၁ ခုနှစ် လုပ်ကြံခံရမှုတွင် သေလုနီးပါး ဖြစ်ခဲ့ကာ ညာလက်မှာ ထာဝရ သုံးမရဖြစ်သွားခဲ့သည်။ ခါမေနီသည် လူထုရှေ့ထွက်သည့် အခါတိုင်းတွင် သူ၏လက်ကို ဝတ်ရုံထဲ၌ တဝက်တပျက် ဝှက်ထားကာ မလှုပ်မယှက် ထားလေ့ရှိသည်။ သို့မဟုတ်ပါက အသုံးမဝင်တော့သည့် အတိုင်း သူ၏ ပေါင်ပေါ်၌ တင်ထားတတ်သည်။ ထိုအမူအရာသည် ခါမေနီ၏ ပုံရိပ်အစိတ်အပိုင်းတခု ဖြစ်လာခဲ့သည်။ ဆိုဗီယက်အာဏာရှင် ဂျိုးဆက် စတာလင် ငယ်စဉ်က မတော်တဆမှုကြောင့် ဖြစ်ခဲ့သော လက်မသန်စွမ်းမှုကို ဖုံးကွယ်ထားသကဲ့သို့ပင်၊ ခါမေနီသည်လည်း အကြွင်းမဲ့ အာဏာရှင်ပုံစံအောက်တွင် သူ၏ ရုပ်ပိုင်းဆိုင်ရာ အားနည်းချက်ကို ဖုံးကွယ်ထားခဲ့ခြင်း ဖြစ်သည်။…