မန္တလေး မဟာအောင်မြေမြို့နယ်မှာ အိမ်ခြေ၂၀၀ ကျော်ကို ကျူးကျော်လို့သတ်မှတ်

မန္တလေး မဟာအောင်မြေမြို့နယ်မှာ အိမ်ခြေ၂၀၀ ကျော်ကို ကျူးကျော်လို့သတ်မှတ်ပြီး ဖယ်ပေးဖို့ သက်ဆိုင်ရာက အကြောင်းကြား

မန္တလေးတိုင်း မဟာအောင်မြေခရိုင် မဟာအောင်မြေမြို့နယ် သံလျှက်မော်အနောက်ရပ်ကွက် အကွက် ၄၀၅ (A) အုတ်ကျင်းရပ်မှာ လွန်ခဲ့သောနှစ်ပေါင်း ၈၀ ကတည်းက အုတ်စက်ပိုင်ရှင် ဦးညိုရောင်က သူ့အလုပ်သမားတွေကို မြေအပိုင်ပေးပြီး နေထိုင်စေခဲ့ပါတယ်။

ခုလက်ရှိမှာ နေထိုင်တဲ့ အိမ်ခြေ ၂၀၀ ကျော် မိသားစု ၂၅၀ကျော် လူဦးရေ ၁၂၀၀ ကျော်ကို ပိုင်ရှင်ပေါ်ပေါက်လို့ ကျူးကျော်ဆိုပြီး မနက်ဖြန် မတ်လ ၂၃ ရက်မှာ ဖျက်ပေးရမယ်လို့ သက်ဆိုင်ရာက အကြောင်းကြားထားပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး အုတ်ကျင်းရပ်ရှိ နေအိမ်တွေကို ဖျက်သိမ်းဖယ်ရှားပေးရန် လုပ်ဆောင်နေမှုအပေါ် ပြန်လည်စစ်ဆေးပြီး ဖြစ်သင့်သည့် အစီအမံများဖြင့် ကူညီဆောင်ရွက်ပေးနိုင်ပါရန် မန္တလေးတိုင်းဒေသကြီး သံဃနာယကအဖွဲ့ ဥက္ကဋ္ဌဆရာတော်နှင့် သံဃာတော်များက လက်မှတ်ရေးထိုး၍ မေတ္တာရပ်ခံထားတယ်လို့ သိရပါတယ်။

ခုနေထိုင်သူတွေက အနေကြာဖြစ်နေတာကြောင့် သက်ဆိုင်ရာကို အသနားခံတင်ပြထားတယ်လို့သိရပါတယ်။ ဒီကိစ္စ ဖျက်ခံရမယ့် သံလျှက်မှော်ရပ်ကွက်နေ ပြည်သူတွေရဲ့ သဘောထားဆန္ဒတွေကို ကွင်းဆင်းရိုက်ကူးပြီး တင်ပြလိုက်ပါတယ်။

ရိုက်ကူး တည်းဖြတ် ရှိုင်းအောင်

Comments

Leave a Reply

Your email address will not be published. Required fields are marked *