Author: Baby Yit Lone

  • ရန်ကုန်မှာ စစ်ကောင်စီက စက်သုံးဆီရောင်းရမယ့်ပမာဏ သတ်မှတ်

    ရန်ကုန်မှာ စစ်ကောင်စီက စက်သုံးဆီရောင်းရမယ့်ပမာဏ သတ်မှတ်

    ရန်ကုန်မြို့မှာ စစ်ကောင်စီက စက်သုံးဆီရောင်းရမယ့် ပမာဏကို သတ်မှတ်လိုက်တယ်လို့ ဆီဆိုင်ဝန်ထမ်းအချို့က ပြောပါတယ်။

    ဒီနေ့ မတ်လ ၁၃ရက်ကစပြီး ဓာတ်ဆီ (၉၂ နဲ့ ၉၅) အတွက် တစ်ရက်ကို ဆိုင်ကယ်၊သုံးဘီးနဲ့ အိုးဝေ က ၃လီတာ နဲ့ အိမ်စီးကား၊ တက္ကစီကားတွေအတွက် ၁၅ လီတာပဲရောင်းရမယ်လို့ စစ်ကောင်စီရဲ့ရန်ကုန်တိုင်းအစိုးရက သတ်မှတ်လိုက်ပါတယ်။

    ဒီဇယ်နဲ့အဆင့်မြင့်ဒီဇယ်ဆီက အိမ်စီးကား၊ Light Truck တွေကို ၂၅ လီတာနဲ့ ခရီးသည်တင်ယာဥ်၊ကုန်တင်ကားတွေအတွက် လီတာ ၅၀၊ ကုန်တင်တွဲကား ကြီးတွေက လီတာ ၁၅၀ ပဲရမယ်လို့ စက်သုံးဆီဆိုင်တချို့ရဲ့ဝန်ထမ်းတွေထံကနေ သိရပါတယ်။

    “အခုက ယာဥ်ငယ်ဆို ငါးသောင်းဖိုး ပဲရောင်းရတာ။ ကုန်တင်ကားတွေကိုက တစ်သိန်း ဖိုး။ဒီလောက်ပဲ။ဆီဆိုင်နဲ့ချိတ်ထားတဲ့ ယာဥ်တွေကို တော့ ဆီပိုပေးရတယ်”လို့ Max ဆီဆိုင်ဝန်ထမ်းတစ်ဦးက ပြောပါတယ်။

    စစ်ကောင်စီနဲ့ ဒေသန္တရအုပ်ချုပ်ရေးတွေရဲ့ ထုတ်ပြန်ချက်တွေက ရှုပ်ထွေးတာအပြင် လျော်ညီမှုမရှိတာတွေကြောင့် ကုန်တင်ယာဥ် တချို့ဟာ ရပ်နား တာမျိုးတွေ ဖြစ်လာတယ်လို့ သိရပါတယ်။

    650118969 1257349056463884 6121636931316651353 N

    “တရက်တကြိမ်ဆီထည့်ရတဲ့ မနေ့က ကတည်းက ကုန်ကားတချို့ ရပ်လိုက်ရတယ်။ အခု လီတာ သတ်မှတ်ချက်အရ ဆိုရင်လည်း ကုန်တင်ယာဥ်တွေ ရဲ့ လိုအပ်ချက်ကို အပြည့်အဝ မဖြည့်နိုင်ဘူး”လို့ အဝေးပြေကုန်စည်ပို့ဆောင်ရေးလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။

    ဒါကြောင့် ကုန်စည်စီးဆင်းမှု လျော့နည်းတာနဲ့ စရိတ်စကတွေ ကြီးမြင့်လာလိမ့်မယ်လို့လည်း သူက အသိပေးပါတယ်။

    စစ်ကောင်စီက သတ်မှတ်ပေးတဲ့ ပြည်တွင်းစက်သုံးစျေးကလည်းသုံးပတ်ဆက်တိုက်မြင့်တက်နေပြီး ဒီက နေ့(မတ်လ ၁၃ ရက်)ရန်ကုန်အထိုင် စက်သုံးဆီစျေးအရ ဓာတ်ဆီ 92 တစ်လီတာက ၂,၈၃၀ ကျပ် ၊ ဓာတ်ဆီ 95 တစ်လီတာ ၂,၉၃၀ ကျပ်၊ ဒီဇယ်ဆီ တစ်လီတာ ၃,၂၀၅ နဲ့ ပရီမီယံဒီဇယ် ၃,၅၆၀ ကျပ် ဖြစ်ပါတယ်။

    ဒါပေမယ့် ရန်ကုန်မြို့ထက် မန္တလေးအပါအဝင် နယ်မြို့တွေနဲ့ လက်နက်ကိုင်ပဋိပက္ခတွေ ဖြစ်ပွားတဲ့ဒေသတွေမှာ စက်သုံးဆီ စျေးက သုံးပတ်အတွင်း တစ်လီတာကို ၆ ဆ ကနေ ရှစ်ဆ နီးပါးမြင့်တက်တာ နဲ့ ခက်ခက်ခဲခဲ ဝယ်ယူရတာတွေ ဖြစ်နေပါတယ်။

    စစ်ကောင်စီပြောရေးဆိုခွင့်ရပုဂ္ဂိုလ်ဗိုလ်ချုပ်ဇော်မင်းထွန်းက မတ်လဆန်းမှာ အရန်စက်သုံးဆီရက် ၄၀ စာရှိသေးတယ်လို့ ဆိုထားပါတယ်။ဒါအပြင် ဆီတင်သဘော် ၁၀ စီးကျော်လာဖို့ရှိသေးတယ်လို့ဆိုခဲ့တာပါ။

    ဒါပေမယ့် စစ်ကောင်စီရဲ့စက်သုံးဆီဝယ်ယူနိုင်ခွင့် ကန့်သတ်ချက်တွေကြောင့် မတ်လ ၇ရက်ကစပြီး စက်သုံးဆီ အသုံးပြုရတဲ့သူတွေကြားမှာ တနေ့တခြားစိုးရိမ်မှုတွေ ပိုဖြစ်လာပါတယ်။

  • ပြည်ကြီးတံခွန်မြို့နယ်က KBZ(စက်မှုပန်းခြံ)ဘဏ်ခွဲ ဓါးပြတိုက်ခံရ

    ပြည်ကြီးတံခွန်မြို့နယ်က KBZ(စက်မှုပန်းခြံ)ဘဏ်ခွဲ ဓါးပြတိုက်ခံရ

    မန္တလေးမြို့၊ KBZ ဘဏ်(စက်မှုပန်းခြံ)ကို လက်နက်ကိုင်ဆောင်သူ အမျိုးသား ၂ ဦးက ဓားပြတိုက်ပြီး ငွေအိတ် ၂ အိတ် ယူဆောင်သွား၊ ဓားပြတိုက်ခံရသော ယင်း KBZ ဘဏ်မှာ ဒုတိယအကြိမ် ဓားပြတိုက်ခံရခြင်းဖြစ်

    မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်ရှိ ကမ္ဘောဇ (KBZ) ဘဏ်ခွဲတစ်ခုကို ယနေ့ နေ့လယ်ပိုင်းတွင် လက်နက်ကိုင်ဆောင်ထားသူ အမျိုးသား ၂ ဦးက ဝင်ရောက်ဓားပြတိုက်သွားကြောင်း ဒေသပြည်သူများက ပြောဆိုသည်။

    ယနေ့ မတ်လ ၁၃ ရက်နေ့၊ ယနေ့ နေ့လယ် ၃ နာရီ ၁၅ မိနစ်ဝန်းကျင်တွင် ပြည်ကြီးတံခွန်မြို့နယ်၊ (ဇ)ရပ်ကွက်၊ ၁၃၄ လမ်းနှင့် ၁၃၅ လမ်းကြား၊ ရန်ကုန်-မန္တလေး လမ်းမကြီးပေါ်တွင် တည်ရှိသော အမှတ် ၄၂ KBZ ဘဏ်ခွဲ (စက်မှုပန်းခြံ) သို့ သေနတ်ကိုင်ဆောင်ထားသူ ၂ ဦး ရောက်ရှိလာပြီး ဓားပြတိုက်ခဲ့ခြင်းဖြစ်သည်။

    Mm News.xyz 2026 03 13 180102

    မျက်မြင်သက်သေများ၏ အဆိုအရ ဓားပြတိုက်သူများမှာ Scoopy i အမျိုးအစား ဆိုင်ကယ်အမည်းရောင်ကို စီးနင်းလာပြီး ဂျင်းဘောင်းဘီအပြာရောင်နှင့် ဖလန်ထည်အကျီများ ဝတ်ဆင်ထားကြောင်း၊ ၎င်းတို့သည် ငွေများကို ဆာလာအိတ် ၂ အိတ်ဖြင့် ထည့်သွင်းယူဆောင်ကာ ထွက်ပြေးလွတ်မြောက်သွားကြောင်း သိရသည်။

    “သေနတ်နှစ်လက် ပါတယ်။ နေ့ခင်းကြောင်တောင်ကြီးကို ရဲရဲတင်းတင်းဓားပြ ဝင်တိုက်သွားတာ။ ဆာ လာအိတ် နှစ်အိတ်နဲ့ ငွေတွေ အပြည့်ယူသွားတာပဲ” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။

    အဆိုပါ KBZ ဘဏ်ခွဲ (စက်မှုပန်းခြံ) သည် ယခင် ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၁၅ ရက်နေ့ကလည်း ငွေကျပ် သိန်း ၁၈၀၀ နီးပါး ဓားပြတိုက်ခံခဲ့ရဖူးပြီး ယခုအခါ ဒုတိယအကြိမ်မြောက် ထပ်မံဓားပြတိုက်ခံရခြင်းဖြစ်သည်။

    လက်ရှိတွင် ဓားပြတိုက်ခံရမှုနှင့် ပတ်သက်၍ ဆုံးရှုံးသွားသော ငွေကြေးပမာဏ အသေးစိတ်နှင့် ဖြစ်စဉ်အပြည့်အစုံကို ဆက်လက်စုံစမ်းနေဆဲ ဖြစ်သည်။

  • “တစ်အိမ်သားလုံးရဲ့ အလင်းတိုင်နှစ်ခု… တစ်ပြိုင်တည်း ငြိမ်းသွားခဲ့ရတဲ့ ကြေကွဲစရာညနေခင်း” 💔

    “တစ်အိမ်သားလုံးရဲ့ အလင်းတိုင်နှစ်ခု… တစ်ပြိုင်တည်း ငြိမ်းသွားခဲ့ရတဲ့ ကြေကွဲစရာညနေခင်း” 💔

    ​မိသားစုနဲ့အတူ ထမင်းလက်စုံစားဖို့ အိမ်အပြန်လမ်းဟာ ထာဝရခွဲခွာခြင်းလမ်း ဖြစ်သွားခဲ့ရပါတယ်။

    သင်္ဃန်းကျွန်းမှာ နေထိုင်ကြတဲ့ သားဖနှစ်ဦးဟာ အမှတ် (၃) လမ်း၊ ရုံးရှေ့အနီးမှာ ကားနဲ့ဘေးတွဲ တိုက်မှုဖြစ်ပွားပြီး

    2 1

    အခင်းဖြစ်ရာနေရာမှာတင် နှစ်ယောက်လုံး ဘဝကူးသွားခဲ့ရတဲ့ သတင်းဟာ လူတိုင်းကို တုန်လှုပ်ခြောက်ခြားစေခဲ့ပါတယ်။

    နေပြည်တော်-ရန်ကုန် ပြေးဆွဲနေတဲ့ကားနဲ့ မတော်တဆဖြစ်ခဲ့ရတဲ့ ဒီအဖြစ်ဆိုးဟာ မိသားစုအတွက်တော့ ဘယ်လိုမှ အစားထိုးလို့မရတဲ့ ဆုံးရှုံးမှုကြီးပါ။

    3 1

    “အဖေတစ်ယောက်… မောင်လေးတစ်ယောက်… တစ်နေ့တည်းမှာပဲ အတူတူ ထွက်ခွာသွားကြတယ်… 😭

    မနက်တုန်းက ပြောခဲ့တဲ့ အသံတွေ၊ အတူတူရှိခဲ့တဲ့ အချိန်တွေက အခုတော့ အမှတ်တရတွေပဲ ဖြစ်ကျန်ခဲ့ပြီ။

    စကားနဲ့တောင် ဖော်ပြမရအောင် လွမ်းနေရတဲ့ အဖေနဲ့မောင်လေး… ကောင်းရာဘုံမှာ ငြိမ်းချမ်းကြပါစေ။” 💔🕊️

    4 1

    မထင်မှတ်ထားတဲ့ အချိန်မှာ ဘဝရဲ့ အလင်းနှစ်ခုလုံးကို တစ်ပြိုင်တည်း ဆုံးရှုံးလိုက်ရတဲ့ ကျန်ရစ်သူ မိသားစုဝင်တွေနဲ့ ထပ်တူထပ်မျှ ဝမ်းနည်းကြေကွဲရပါတယ်။

    ကွယ်လွန်သူ သားဖနှစ်ဦး ကောင်းရာသုဂတိ ရောက်ရှိနိုင်ပါစေကြောင်း အားလုံးက ဆုတောင်းမေတ္တာ ပို့သပေးကြပါဦးခင်ဗျာ။ 🙏😢

  • ရဲတိုက် သို့မဟုတ် အနုပညာနဲ့ ရှင်သန်သူ

    ရဲတိုက် သို့မဟုတ် အနုပညာနဲ့ ရှင်သန်သူ

    “သူက မွေးဖွားလာတာကိုက အနုပညာနဲ့ မွေးဖွားလာတာ။ တခြား ဘယ်အလုပ်မှ သူနဲ့ ကီးမကိုက်ဘူး။ သူ့ကို ကြည့်လိုက်ရင် အနုပညာ အလုပ်နဲ့ သူက တွဲလျှက်ပဲ” လို့ ရဲတိုက်ရဲ့ အရင်းနှီးဆုံး မိတ်ဆွေတဦးက ဧရာဝတီကို ပြောပါတယ်။

    “ရဲတိုက်” အားလုံး သိကြတဲ့ အတိုင်းပဲ။ နာမည်ကလည်း ဆန်းတယ်။ သရုပ်ဆောင်တာလည်း သဘာဝဆန်ဆန် သရုပ်ဆောင်တယ်။ မျက်လုံးတွေက ညှို့အား ရှိတယ်လို့ ပရိသတ်တွေက ဆိုကြတဲ့ ရဲတိုက် အခုတော့ အာဏာသိမ်းပြီးနောက်ပိုင်း ထောင်ထဲ ပြန်ဝင်ရတာ တနှစ်ကျော် ရှိသွားပါပြီ။

    မျက်လုံးတွေက ညှို့အား ရှိတယ်လို့ ပရိသတ်တွေက ဆိုကြတဲ့ ရဲတိုက် အခုတော့ အာဏာသိမ်းပြီးနောက်ပိုင်း ထောင်ထဲ ပြန်ဝင်ရတာ တနှစ်ကျော် ရှိသွားပါပြီ

    သရုပ်ဆောင်တာ အပြင်၊ တခြားသော အနုပညာတွေကိုပါ ရူးသွပ်သူလို့ သူနဲ့ ရင်းနှီးသူ အများစုက သိကြတဲ့ ရဲတိုက်ဟာ ဒီမတိုင်ခင်မှာလည်း အကျဉ်းထောင်ထဲမှာ ၄ နှစ်ကျော်လောက် နေခဲ့ရသူပါ။

    “ကျနော်က သရုပ်မဆောင်ရရင် မနေနိုင်ဘူး” လို့ ပြီးခဲ့တဲ့တခေါက် ထောင်က ထွက်လာပြီးနောက် ၂၀၁၈ ခုနှစ်အတွင်း အနုပညာ အလုပ်တွေ ပြန်စလုပ်တော့မယ့်အချိန် ဧရာဝတီနဲ့ အင်တာဗျူး တခုမှာ ပြောခဲ့ပါသေးတယ်။

    အဲဒီနောက်ပိုင်း အနုပညာလောကကို ပြန်လည် ဝင်ရောက်ခဲ့ပြီး သူ့ပရိသတ်တွေကို ကျေနပ်မှု ပေးနိုင်ခဲ့ပြီးကာမှ အခုတဖန် အာဏာသိမ်းမှု ဖြစ်စဉ်နောက်ပိုင်း အာဏာသိမ်း စစ်ကောင်စီကို ဆန့်ကျင်မှုတွေကြောင့် အခုတော့ ထောင်ထဲ ပြန်လည် ဝင်ရောက်နေရပြန်ပါပြီ။

    သူ့ရဲ့ အသက် ၃၈ နှစ်ပြည့် မွေးနေ့ကိုလည်း ထောင်တွင်းမှာသာ ဖြတ်သန်းခဲ့ရပါတယ်။

    ပြီးခဲ့တဲ့ ဧပြီ ၁၁ ရက်မှာ ကျရောက်ခဲ့တဲ့ သူ့ရဲ့ အသက် ၃၈ နှစ်ပြည့် မွေးနေ့ကိုလည်း ထောင်တွင်းမှာသာ ဖြတ်သန်းခဲ့ရပါတယ်။

    ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလအတွင်းက ရဲတိုက်ကို အင်းစိန်ထောင်တွင်း အထူးတရားရုံးကနေ ပုဒ်မ ၅၀၅-က အမှုနဲ့ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၃ နှစ် ချမှတ်ခဲ့ပါတယ်။

    အနုပညာရှင်တချို့ မတ်လ ၂ ရက်က လွတ်ငြိမ်းနဲ့ ပြန်လွတ်မြောက်လာကြပေမယ့် ရဲတိုက် မပါဝင်ခဲ့ပါဘူး။ သူကတော့ ထောင်ဒဏ်ကျခံရင်း နောက်တမှုကိုပါ ရင်ဆိုင်နေရပါတယ်။

    အနုပညာရှင်တချို့ မတ်လ ၂ ရက်က လွတ်ငြိမ်းနဲ့ ပြန်လွတ်မြောက်လာကြပေမယ့် ရဲတိုက် မပါဝင်ခဲ့ပါဘူး။

    ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဧပြီ ၃ ရက်နေ့က သရုပ်ဆောင် ရဲတိုက်ကို ရန်ကုန်မြို့၊ သမိုင်းလမ်းဆုံမှာ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက ဖမ်းဆီးခဲ့တာပါ။

    အာဏာသိမ်းမှု ဆန့်ကျင်ရေးမှာ ပါဝင်ခဲ့တဲ့ ရဲတိုက်ကို CDM (အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှု) ကိစ္စနဲ့ ပတ်သက်တဲ့ အင်တာဗျူး ဖြေဆိုခဲ့ခြင်းနဲ့ Facebook လူမှုကွန်ရက်မှာ တင်ထားတဲ့ စာသားများကြောင့် စစ်ကောင်စီက လသာမြို့နယ် တရားရုံးမှာ ပုဒ်မ ၅၀၅-က နဲ့ တရားစွဲဆိုခဲ့တာပါ။

    ဒါ့အပြင် ရဲတိုက်ကို မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေတတ်သော ဆေးဝါးများ ဥပဒေပုဒ်မ ၁၆ (ဂ) နဲ့လည်း မရမ်းကုန်းမြို့နယ် တရားရုံးမှာ တရားစွဲဆိုခဲ့ပါတယ်။

    လက်ရှိမှာတော့ ရဲတိုက်ကို ၁၆ (ဂ) အမှုကနေ အပြစ်မရှိကြောင်း လျှောက်လဲချက် တင်ဖို့ ရှေ့နေ အဖွဲ့က ကြိုးပမ်းနေပြီး ဒီအမှုကနေ အမြန်ဆုံး အပြီးအပြတ် လွှတ်ပေးဖို့လည်း လျှောက်လဲချက် တင်သွားမယ်လို့ သူ့ရဲ့ ရှေ့နေအဖွဲ့က ပြောပါတယ်။

    “မေလ ၁၂ ရက်နေ့မှာ ရဲတိုက်ကို ဒီအမှုကနေ အပြီးအပြတ် လွှတ်ပေးဖို့ လျှောက်လဲချက် တင်ပါမယ်။ အဲဒါပြီးမှပဲ အပြီးသတ် အမိန့်ချပါမယ်” လို့ ရဲတိုက်ရဲ့ရှေ့နေ၊ ဥပဒေအကြံပေး ဦးခင်မောင်မြင့်က ဧရာဝတီကို ပြောပါတယ်။

    ရဲတိုက်ရဲ့ ၁၆ (ဂ) အမှုကို စစ်ဆေးစဉ်မှာတော့ ရဲဘက်က စွပ်စွဲထားသလို ရဲတိုက်ကို ဖမ်းဆီးစဉ်မှာ ပြောက်ကျားလွယ်အိတ်နဲ့ မူးယစ်ဆေးဝါးတွေ တွေ့ရှိခဲ့ခြင်းကို စွပ်စွဲချက် ခိုင်မာအောင် လူပုဂ္ဂိုလ် သက်သေပြနိုင်ခဲ့ခြင်း မရှိဘူးလို့ ရှေ့နေအဖွဲ့က ပြောပါတယ်။

    ရဲတိုက်ဟာ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ် ပထမအကြိမ် ထောင်ကထွက်လာပြီးနောက် စိတ်ကျရောဂါ (Depression) ခံစားဖူးသူ ဖြစ်တာကြောင့် အင်းစိန်ထောင်တွင်းက လက်ရှိ သူ့ရဲ့ ကျန်းမာရေး အခြေအနေကို အမြဲတမ်း စိတ်ပူနေရတယ်လို့ သူ့ရဲ့အရင်းနှီးဆုံး မိတ်ဆွေတွေက ဆိုပါတယ်။

    ရဲတိုက်ဟာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၁၅ ရက်ကလည်း အင်းစိန်ထောင်တွင်း အထူးတရားရုံးမှာ ၅၀၅-က အမှု ရင်ဆိုင်ရင်း သတိလစ် မေ့မြောသွားခဲ့ပါတယ်။

    အဲဒီအချိန်က သူ့ရဲ့ကျန်းမာရေး အခြေအနေဟာ ညဘက် အိပ်ရေးပျက်ပြီး အိပ်ရေးမဝတာတွေကြောင့် စိတ်ကျရောဂါ ဝေဒနာ ခံစားနေရပြီး သူ့အပေါ် စိတ်ပိုင်းဆိုင်ရာ တင်းကျပ်မှု တစုံတရာ လုပ်ခဲ့ရင် သူ့အနေနဲ့ Depression ကြောင့် ရုတ်တရက် အသက်ရှူ ရပ်သွားနိုင်တာမျိုး၊ နှလုံးရပ်သွားနိုင်တဲ့ အနေအထားမျိုး ရှိတယ်လို့ ရှေ့နေက ပြောပြခဲ့ပါတယ်။

    ရဲတိုက်ကို နောက်တကြိမ် ဒီလို ထပ်ဖြစ်ခဲ့ရင် အသက် အန္တရာယ် စိုးရိမ်ရတာကြောင့် အင်းစိန်ထောင်တွင်း ဆေးရုံမှာ တက်ရောက်ကာ ဆေးကုသမှု ခံယူစေခဲ့ပါတယ်။

    Mm News.xyz 2026 03 13 140733

    အဲဒီနောက်မှာတော့ ရဲတိုက်ကို နောက်တကြိမ် ဒီလို ထပ်ဖြစ်ခဲ့ရင် အသက် အန္တရာယ် စိုးရိမ်ရတာကြောင့် အင်းစိန်ထောင်တွင်း ဆေးရုံမှာ တက်ရောက်ကာ ဆေးကုသမှု ခံယူစေခဲ့ပါတယ်။

    ရဲတိုက်ရဲ့ မိတ်ဆွေက “တကယ်လို့သာ သူမလုပ်တဲ့ အမှုတခုအတွက် မတရား စွပ်စွဲခံရပြီးတော့ နှစ်ရှည်လများ ထောင်ဒဏ် ထပ်ကျမယ်ဆို သူ့ Depression၊ သူ့ရောဂါနဲ့က အသက်အန္တရာယ် ထပ်ဆိုးမှာ စိုးရိမ်ရတယ်။ အဲဒါကြောင့်မို့လို့ လွတ်လာစေချင်တယ်” လို့ ပြောပါတယ်။

    လက်ရှိမှာတော့ ရဲတိုက်ရဲ့ ကျန်းမာရေးက ကောင်းမွန်တယ်လို့ သိရပြီး ကျန်းကျန်းမာမာနဲ့ အမှုကို ဆက်ရင်ဆိုင်နေပါတယ်။

    ရဲတိုက်က သင်္ကြန်မတိုင်ခင် ရုံးချိန်းတခုမှာလည်း သူ့အနေနဲ့ လွတ်ငြိမ်းခွင့်မှာ ပါဝင်ချင်တဲ့ ဆန္ဒရှိတာကြောင့် ကျန်ရှိနေတဲ့ အမှုကို မြန်မြန် စစ်ဆေးပေးစေလိုကြောင်း တရားသူကြီးထံ တိုက်ရိုက် တောင်းဆိုခဲ့ပါသေးတယ်။

    ရှေ့နေ ဦးခင်မောင်မြင့်က “ဒီအမှုကို မြန်မြန်လေး စစ်ဆေးပေးဖို့ သူကိုယ်တိုင် တရားသူကြီးကို တင်ပြပါတယ်။ တရားသူကြီးကလည်း ဒါကို မြန်မြန် စစ်ဆေးပေးမယ်လို့လည်း ပြောပါတယ်” လို့ ပြောပါတယ်။

    ရဲတိုက်ရဲ့ အနုပညာလက်ရာ ပန်းချီကားတွေကို သူ့ရဲ့ ခွင့်ပြုချက်နဲ့ လေလံတင် ရောင်းချပြီး ရဲတိုက်ကို တစိတ်တဒေသ ပံ့ပိုး ကူညီပေးခဲ့ပါတယ်။

    အခုလက်ရှိ အကျဉ်းထောင်ထဲမှာ ရှိနေတဲ့ ရဲတိုက်ကို သူ့မိတ်ဆွေတွေက ကူညီကြပါတယ်။ ထောင်ကျနေစဉ် ကာလအတွင်း သူ့အတွက် လိုအပ်တဲ့ အသုံးစရိတ်တွေ ကူညီပေးဖို့အတွက် သူ့ရဲ့ အရင်းနှီးဆုံး မိတ်ဆွေက GARUDA Entertainment ဆိုတဲ့ Page ကနေ ရဲတိုက်ရဲ့ အနုပညာလက်ရာ ပန်းချီကားတွေကို သူ့ရဲ့ ခွင့်ပြုချက်နဲ့ လေလံတင် ရောင်းချပြီး ရဲတိုက်ကို တစိတ်တဒေသ ပံ့ပိုး ကူညီပေးခဲ့ပါတယ်။

    ပန်းချီကားတွေကိုလည်း ရဲတိုက်ဆီက ခွင့်ပြုချက်ရမှ ရောင်းတာလို့ သိရပါတယ်။ ပန်းချီကား အများစုဟာ ရဲတိုက် ကိုယ်တိုင် ရေးဆွဲပြီး တချို့ ပန်းချီကားတွေကိုတော့ သူ့မိတ်ဆွေက လက်ဆောင် ပေးခဲ့တာလို့ သိရပါတယ်။

    “ရဲတိုက်ကို ၂ ပတ် တခေါက် ထောင်ဝင်စာ သွားပေးတယ်။ ပုံမှန်ကတော့ စားဖို့သောက်ဖို့ ဟင်း အကြော်အလှော်၊ သူစားနေကျ မုန့်တွေနဲ့ သူ့အတွက် လိုအပ်တဲ့ အသုံးအဆောင် ပစ္စည်းတွေ ပို့ဖြစ်တယ်” လို့ ရဲတိုက်ရဲ့ မိတ်ဆွေက ပြောပါတယ်။

    ရဲတိုက်ဟာ အနုပညာမှာဆိုရင် သရုပ်ဆောင်အလုပ်တင် မကဘဲ၊ ပန်းချီဆွဲတာ၊ ကဗျာရေးတာ၊ ဇာတ်ညွှန်း ရေးသားတာနဲ့ စာရေးတာ စတဲ့ အလုပ်တွေကိုလည်း ဘောင်ခတ်မထားဘဲ ရူးသွပ်စွာ လုပ်ကိုင်တတ်တယ်လို့ သူ့ရဲ့အရင်းနှီးဆုံး မိတ်ဆွေတွေက ပြောပါတယ်။

    သူက ဇာတ်လမ်းတိုင်းကို သရုပ်ဆောင်တဲ့ သူမျိုးလည်း မဟုတ်ပါဘူး။ သူရိုက်တဲ့ ဇာတ်ကားတွေဟာ လေးနက်မှုရှိတယ်။ ထူးခြားတယ်။

    သူက ဇာတ်လမ်းတိုင်းကို သရုပ်ဆောင်တဲ့ သူမျိုးလည်း မဟုတ်ပါဘူး။ သူရိုက်တဲ့ ဇာတ်ကားတွေဟာ လေးနက်မှုရှိတယ်။ ထူးခြားတယ်။ သရုပ်ဆောင်မှုအပိုင်းကလည်း တခုခု စွဲကျန်တယ်။ ပရိသတ်ကို လေးနက်တဲ့ မက်ဆေ့ချ် ပေးတဲ့ ဇာတ်ကားမျိုးကိုသာ သူရိုက်တယ်။

    ၂၀၀၅ ခုနှစ်မှာ အနုပညာလောကထဲ စတင် ဝင်ရောက်ခဲ့တဲ့ ရဲတိုက်ဟာ သူ့ရဲ့ အနုပညာ သက်တမ်း တလျှောက်မှာ ဇာတ်ကားပေါင်း ၆၀ ခန့် ရိုက်ခဲ့တယ်လို့ သိရပါတယ်။

    “ပေါပေါပဲပဲ တကားမှ သူ ရိုက်ခဲ့တာ မရှိဘူး။ ပေါကားတွေ မရိုက်ဘူး။ လူငယ်တွေ အဆိပ်အတောက် ဖြစ်စေမယ့်ကားမျိုး သူ မရိုက်ဘူး။ အဲဒီတခုကတော့ လေးစားဖို့ တော်တော် ကောင်းတယ်။ သူက ပရိသတ်ကို ဘယ်တော့မှ ညာမစားဘူး။ သူ့ရဲ့ အနုပညာ ခံစားမှုက ရိုးသားတယ်” လို့ ရဲတိုက်ရဲ့ မိတ်ဆွေက မှတ်ချက်ပြုတယ်။

    ရဲတိုက်ဟာ ၂ဝဝ၆ ခုနှစ်မှာ “အမှောင်ငွေ့ရနံ့” ဆိုတဲ့ ဇာတ်ကားနဲ့ ပွဲဦးထွက်ခဲ့ပြီး ဆာတိုရီ ထုတ်လုပ်ရေးနဲ့ ဇာတ်ကားပေါင်း များစွာ ရိုက်ကူးခဲ့ပါတယ်။

    ရဲတိုက်ရဲ့ နာမည်ကြီး ဇာတ်ကားတွေကတော့ “လွမ်းတစိမ့်စိမ့်” ၊ “အမျှင်” ၊ “ချစ်သူ” ၊ “ရွာ” စတဲ့ ဇာတ်ကားတွေပါ။ ရဲတိုက်ဟာ ထောင်ကနေ ပြန်လည် လွတ်မြောက်လာပြီးနောက် အနုပညာ လောကထဲ တကျော့ပြန် ဝင်ရောက်တဲ့အနေနဲ့ ၂၀၁၈ အတွင်းမှာ “ဒဏ္ဍာရီမိုး” ဆိုတဲ့ ရုပ်ရှင်ကားကြီးမှာလည်း ပါဝင်ခဲ့ပါတယ်။

    “ရဲတိုက်က Intelligent (ဉာဏ်ရည် ပါးနပ်မှု) ရှိတယ်။ သရုပ်ဆောင်တာ တော်တယ်။ ကျနော်တို့နဲ့ တူတဲ့အပိုင်းတွေ ရှိတော့ ပလဲနံပ သင့်တယ်။ စကားပြောလို့ရတယ်။ ဘာသာစကား အချင်းချင်း တူတော့ နားလည်တယ်။ ကျနော်တို့ အလုပ်တွေ အများကြီး တွဲလုပ်ဖြစ်ကြတယ်” လို့ ဒါရိုက်တာ ရီဇော်က ရဲတိုက်အပေါ် မှတ်ချက်ပြုပါတယ်။

    သူရဲ့ သရုပ်ဆောင်မှုတွေကြောင့် ရဲတိုက်ကို စပေါ်ကတည်းက အားပေးခဲ့ရတာပါလို့လည်း အမာခံ အမျိုးသမီး ပရိတ်သတ် တဦးက ဆိုပါတယ်။

    အနုပညာ မရှိတဲ့ ရပ်ဝန်းမှာ ရှင်သန်နေရတာ ဘယ်လောက် ခက်ခဲလိမ့်မလဲ ဆိုတာ မှန်းဆ ကြည့်ရုံနဲ့ သိနိုင်ပါတယ်။

    ရဲတိုက်ရဲ့ အမာခံ ပရိသတ်က “အကြိုက်ဆုံးက သူ့ရဲ့သရုပ်ဆောင်မှုပေါ့။ ဆွဲဆောင်မှု ရှိတယ်။ တခြား မင်းသားတွေနဲ့ မတူတာ အဓိက သူ့ရဲ့ မျက်လုံး အိုက်တင်ပေါ့” လို့ ပြောပါတယ်။

    ရဲတိုက်ကို ချစ်တဲ့စိတ်နဲ့ ပရိသတ် တဦးကတော့ “ဒဏ္ဍာရီမိုး” ဇာတ်ကားမှာ ရဲတိုက် ဝတ်ဆင်ခဲ့တဲ့ ဆွယ်တာကို လေလံ ဝယ်ယူအားပေးခဲ့ပြီး ရဲတိုက် ပြန်လွတ်လာရင် အဲဒီအင်္ကျီလေးကို လက်ဆောင်အဖြစ် ပေးမယ်လို့ ရည်ရွယ်ထားပါတယ်။

    အဲဒီ အင်္ကျီကိုတော့ GARUDA Entertainment Page မှာ ရဲတိုက် ၅၀၅-က အမှုနဲ့ ထောင်ဒဏ် ၃ နှစ် ချခံရပြီးနောက် ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၃၁ ရက်နေ့မှာ လေလံကြမ်းခင်းဈေး ၃ သိန်းနဲ့ ဖွင့်ခဲ့တာပါ။

    “သူ့အင်္ကျီလေးကို ဝတ်ချင်လို့လည်း မဟုတ်ဘူး။ သူ သိပ်မြတ်နိုးတဲ့ အဝတ်အစား ဖြစ်တဲ့အတွက် သူပြန်လွတ်လာရင် လက်ဆောင်ပေးချင်လို့ သိမ်းထားဖို့ ဝယ်လိုက်တာပါ” လို့ အဲဒီ ပရိသတ်က ပြောပါတယ်။

    “ကျန်းမာရေးကို ဂရုစိုက်ပေးပါ။ စိတ်ဓာတ်မကျပါနဲ့။ အပြင်လောကကို ရောက်လာရင် ရန်ကုန်မှာ တခေါက် ဆုံဖူးချင်ပါတယ်” လို့ ရဲတိုက်ရဲ့ ပရိသတ်က သူ့ဆန္ဒကို ပြောပါတယ်။
    သူ့ဆန္ဒက အထွေအထူး မရှိပါဘူး။ မကြာခင် ရဲတိုက် အမြန်ဆုံး ပြတ်လွတ်ဖို့ပါပဲ။ ဒါကြောင့် “အဖမ်းခံရတာကနေ လွတ်ဖို့ပါပဲ” လို့ သူက ရိုးရိုးရှင်းရှင်း ပြောပါတယ်။

    အနုပညာတွေကို ဈာန်ဝင်စားသူ ရဲတိုက်ကို လွတ်မြောက်လာစေချင်တာက သူ့မိတ်ဆွေ၊ သူ့ရဲ့ ပရိသတ် အားလုံးလိုလိုရဲ့ ဆန္ဒပါပဲ။

    ရဲတိုက်အကြောင်း ပြောလာတဲ့ လင်ညှို့တာရာ

    သရုပ်ဆောင် ရဲတိုက် အကြောင်းလေး နည်းနည်းပြောမယ်

    သတိလည်းရတယ် သရုပ်ဆောင်တွေအကုန်လွတ်တဲ့အချိန်မှာ သူပဲကျန်တော့တာလေ

    လင်းညှို့တာရာ

  • သုံးစားမရတဲ့ ကညန QR ကုတ်နဲ့ ပျောက်သောလမ်းမှာ စမ်းတဝါးဝါးဖြစ်နေတဲ့ ရွှေပြည်ကြီးက ပြည်သူများ

    သုံးစားမရတဲ့ ကညန QR ကုတ်နဲ့ ပျောက်သောလမ်းမှာ စမ်းတဝါးဝါးဖြစ်နေတဲ့ ရွှေပြည်ကြီးက ပြည်သူများ

    ကညနရဲ့ ဝှီးတက် QR မာယာနဲ့ တသက်လုံး ဖုံးထားတာတွေ ပေါ်လာတဲ့ အဖြစ်

    QR ကုတ်ဆိုတာ သုံးရမယ့်သူအတွက် ကမ္ဘာမှာ တခုတည်း ရှိတာပါ။ အခု စက်သုံးဆီကို QR ကုတ်နဲ့ ပေးမယ်ဆိုတော့မှ ရွှေပြည်ကြီးရဲ့ ကညနက မဟုတ်တာတွေ လုပ်ထားတာ အကုန်လုံး ပေါ်လာပါပြီ။

    ကိုယ့်ကား QR ကုတ်ကို ဖတ်လိုက်တော့ ရှေ့က တစီးက ကိုယ့် QR နဲ့ ထုတ်သွားတဲ့ ဖြစ်ရပ်၊ QR ထဲမှာ သူများကားနံပါတ် ပေါ်နေတဲ့ ဖြစ်ရပ်၊ QR ကုတ် တခြမ်းပျက်နေလို့ ဖတ်မရတဲ့ ဖြစ်ရပ်၊ QR ကုတ်ပေါ် စတေကာကပ်ထားလို့ ဖတ်မရတဲ့ ဖြစ်ရပ် စသဖြင့် အဆင်မပြေခြင်း များစွာနဲ့ ပြည်သူတွေ ကြုံတွေ့နေရပါပြီ။

    ပြည်သူတွေမှာ စက်သုံးဆီ မရတဲ့ သောက အပြင် ကိုယ့်ကားနံပါတ် အပွားခံရပြီလား။ ကိုယ့်ကားကပဲ ဖောက်စွပ် W ကား ဖြစ်နေပြီလား စသဖြင့် ထပ်ဆင့်သောကတွေပါ ခံစားနေရပြီ ဖြစ်ပါတယ်။

    ယခု QR ကိစ္စ မှားယွင်းမှုတွေရဲ့ အဓိက တရားခံဟာ ကညနပဲ ဖြစ်ပါတယ်။ ကညနက တာဝန်ရှိသူတွေဟာ ကိုယ့်အလုပ်ကို သေချာ မလုပ်ခဲ့တာကြောင့် ယခုလို နောက်ဆက်တွဲ ကိစ္စတွေ ဖြစ်ပေါ်လာတာပါ။

    ဒုတိယ တာဝန်ရှိသူကတော့ ကိုယ့်နိုင်ငံရဲ့ အခြေအနေကို မသိဘဲ သူများ QR တိုင်း လိုက် QR ကြတဲ့ စက်သုံးဆီ မူဝါဒ ထုတ်သူတွေပဲ ဖြစ်ပါတယ်။

    ကြားထဲက ရတက်မအေး သောကဝေရတဲ့ ပြည်သူတွေကတော့ ရွှေပြည်ကြီးရဲ့ ထုံးစံသဘောတရားအတိုင်းပဲ ဘယ်သူ့ အားကိုးရမှန်း မသိတဲ့ အခြေအနေကို ရောက်နေပါပြီ ဖြစ်ကြောင်း အသိပေးလိုက်ရပါတယ်။