Author: Baby Yit Lone
-

အီရန်ဒုံးကျည်များ တဲလ်အဗစ်သို့ တိုက်ရိုက်ကျရောက်၊ မြို့လယ်တွင် ပေါက်ကွဲမှုကြီးများ ဖြစ်ပွား
အီရန်တော်လှန်ရေးအစောင့်တပ် (IRGC) က အစ္စရေးနိုင်ငံ၏ စီးပွားရေးအချက်အခြာဖြစ်သော တဲလ်အဗစ်မြို့အား ဒုံးကျည်အမြောက်အမြားဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ မြို့လယ်ရှိ အဆောက်အအုံအချို့ ထိမှန်ပေါက်ကွဲခဲ့ကြောင်း လတ်တလော ထွက်ပေါ်လာသည့် ဗီဒီယိုမှတ်တမ်းများအရ သိရသည်။ ဟီဘရူးသတင်းရင်းမြစ်များနှင့် ဂျာနယ်လစ်များမှ ရရှိထားသော သီးသန့်ရုပ်သံဖိုင်တွင် အီရန်၏ ဒုံးကျည်များ တဲလ်အဗစ်ကောင်းကင်ယံသို့ ရောက်ရှိလာပြီးနောက် လေကြောင်းရန်ကာကွယ်ရေးစနစ်များကို ဖြတ်ကျော်ကာ မြေပြင်ပေါ်သို့ ပြင်းထန်စွာ ကျရောက်ပေါက်ကွဲသွားသည့် မြင်ကွင်းများကို မြင်တွေ့ရသည်။ ဤတိုက်ခိုက်မှုသည် အမေရိကန်နှင့် အစ္စရေးတို့ ပူးပေါင်းလုပ်ဆောင်နေသော “Operation Epic Fury” စစ်ဆင်ရေးကို အီရန်က တုံ့ပြန်သည့် “၁၀ ကြိမ်မြောက် ဒုံးကျည်လှိုင်း” ဖြစ်သည်ဟု IRGC က ကြေညာထားသည်။ ထိခိုက်ပျက်စီးမှုနှင့် လက်ရှိအခြေအနေ ဒေသတွင်းသတင်းများအရ တဲလ်အဗစ်ရှိ လူနေအဆောက်အအုံတစ်ခုပေါ်သို့…
-

စက်သုံးဆီချွေတာရေး စုံရက်နှင့်မရက် ခွဲ၍ ကားများ မောင်းနှင်ရန် စစ်တပ်က အမိန့်ထုတ်မှု ရူးကြောင်ကြောင် လုပ်ရပ်
စက်သုံးဆီချွေတာရေး စုံရက်နှင့်မရက် ခွဲ၍ ကားများ မောင်းနှင်ရန် စစ်တပ်က အမိန့်ထုတ်မှု ရူးကြောင်ကြောင် လုပ်ရပ်အဖြစ် ဝေဖန်၊ တစ်နိုင်ငံလုံး စက်သုံးဆီများ တန်းစီ အလုအယက်ပြန်ဝယ်နေရပြီ စစ်တပ်၏ ကန့်သတ်ချက်အမိန့်တွင် EV ကားများကို ဖယ်ထုတ်ထား၍ အောင်ပြည့်စုံနှင့်ခင်သီရိသက်မွန်တို့ တင်သွင်းသော EV ကားများ ရောင်းအားတက်စေရန် လုပ်ဆောင်မှုဟု သုံးသပ် အကြမ်းဖက်စစ်တပ်က စက်သုံးဆီချွေတာရေး စုံရက်နှင့်မရက် ခွဲ၍ ယာဉ်များမောင်းနှင်ရန် အမိန့်ထုတ်မှုအပေါ် ရူးကြောင်ကြောင် အမိန့် အဖြစ် ဝေဖန်လိုက်ပြီး ယမန်နေ့ညပိုင်းမှစတင်၍ တစ်နိုင်ငံလုံး စက်သုံးဆီများ တန်းစီ အလုအယက်ပြန်ဝယ်နေရကြောင်း ရန်ကုန်၊ မန္တလေး အပါအဝင် မြို့ကြီးများမှ ပြည်သူများက ပြောဆိုသည်။ ယမန်နေ့ မတ်လ ၃ ရက်နေ့ ညပိုင်း အကြမ်းဖက် စစ်တပ်က စက်ဆုံးဆီ…
-

စက်သုံးဆီ ချွေတာရန် ပုဂ္ဂလိကပိုင် မော်တော်ယာဉ်များကို ကားနံပါတ်ပြားအလိုက် “စုံ” ရက်နှင့် “မ” ရက်ခွဲ၍ မောင်းနှင်ရမည်
စစ်တပ်က စက်သုံးဆီ ချွေတာရန် ပုဂ္ဂလိကပိုင် မော်တော်ယာဉ်များကို ကားနံပါတ်ပြားအလိုက် “စုံ” ရက်နှင့် “မ” ရက်ခွဲ၍ မောင်းနှင်ရမည်ဟု အမိန့်ထုတ် အကြမ်းဖက် စစ်တပ်က စက်ဆုံးဆီ ချွေတာရန် ပုဂ္ဂလိကပိုင် မော်တော်ယာဉ်များကို ကားနံပါတ်ပြားအလိုက် “စုံ” ရက်နှင့် “မ” ရက်ခွဲ၍ မောင်းနှင်ရမည်ဟု အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီက အမိန့်ထုတ်လိုက်ကြောင်း စစ်တပ်ပိုင် မီဒီယာက ယနေ့ ညပိုင်းတွင် ထုတ်ပြန်လိုက်သည်။ လက်ရှိဖြစ်ပေါ်နေသော ကမ္ဘာ့နိုင်ငံရေးအခြေအနေများအရ အရှေ့အလယ်ပိုင်းဒေသအတွင်း၌ စစ်ရေး ပဋိပက္ခများကြောင့် လောင်စာဆီတင်သွင်းသည့်သင်္ဘောများဖြင့် သယ်ယူပို့ဆောင်ရာ ရေလမ်းကြောင်း တစ်လျှောက်တွင် အတားအဆီး၊ အဟန့်အတားပိတ်ဆို့မှုများ ဖြစ်ပေါ်လျက်ရှိကြောင်း၊ အထက်ပါအခြေအနေများကြောင့် စက်သုံးဆီခြိုးခြံချွေတာရေးနှင့် ဖူလုံမှုရှိစေရေးအတွက် ၂ဝ၂၆ ခုနှစ်၊ မတ်လ ၇ ရက်မှစတင်၍ ပုဂ္ဂလိကယာဉ်များ၊ လုပ်ငန်းသုံးယာဉ်များနှင့် သယ်ယူ ပို့ဆောင်ရေးယာဉ်များသည်…
-

မြန်မာဘက်က စက်သုံးဆီ လာဝယ်သူ များနေသဖြင့် ထိုင်းလူမျိုးများကို ဦးစားပေးရောင်းချရန် ညွှန်ကြား
ထိုင်း-မြန်မာနယ်စပ် ချင်းရိုင်းခရိုင်၊ မယ်ဆိုင်မြို့မှာ လောင်စာဆီပြတ်လပ်မှုမဖြစ်အောင် ဓာတ်ဆီဆိုင်တွေအနေနဲ့ ထိုင်းနိုင်ငံသားတွေကို ဦးစားပေးပြီး ရောင်းချပေးဖို့ ခရိုင်ဝန်က ညွှန်ကြားလိုက်ပါတယ်။ မတ် ၂ ရက်နဲ့ ၃ ရက်နေ့တွေက မြန်မာနိုင်ငံ တာချီလိတ်ဘက်ကနေ ယာဉ်တွေအများအပြား စက်သုံးဆီ လာဖြည့်တာကြောင့် ဓာတ်ဆီဆိုင်တွေမှာ ဆီကုန်သွားတဲ့အတွက် ဒီပြဿနာကို မယ်ဆိုင်မြို့နယ်မှူးက ချင်းရိုင်ခရိုင်ဝန်ထံ တင်ပြခဲ့ပြီးတဲ့နောက် ခရိုင်ဝန်က ဆောင်ရွက်ရမဲ့ အချက်တွေကို ပြန်လည်ညွှန်ကြားခဲ့တာပါ။ မတ် ၃ ရက် ညနေပိုင်းက ထုတ်ပြန်တဲ့ ညွှန်ကြားချက်ထဲမှာတော့ စိုက်ပျိုးရေးလုပ်ငန်း၊ ခရီးထွက်ဖို့ လိုအပ်သူ၊ ကုန်ပစ္စည်းပို့ဆောင်သူ၊ နေ့စဉ်ဘဝမှာ လုပ်ကိုင်စားသောက်နေရတဲ့ ထိုင်းနိုင်ငံသားတွေကို ဦးစားပေးပြီး ဓာတ်ဆီရောင်းချပေးဖို့ ပါရှိပါတယ်။ ယာဉ်ထဲရှိ ဆီတိုင်ကီကလွဲလို့ တခြားဂါလန်ပုံး၊ ပလတ်စတစ်ပုံးတို့နဲ့ ဝယ်ယူတာမလုပ်ဖို့၊ စိုက်ပျိုးရေးနဲ့ ဆောက်လုပ်ရေးလုပ်ငန်းခွင်တို့မှာ အသုံးပြုဖို့ လိုအပ်တဲ့အခါ…
-

နတ်ရေကန်ဗျူဟာမှာ စစ်ကော်မရှင် အကျအဆုံးများပြီး လေယာဉ် ငါးစီးနဲ့ အပြင်းအထန် ခုခံနေရ
နတ်ရေကန် ဗျူဟာမှာ အကျအဆုံးများတဲ့ အတွက် ၊ ဒီနေ့ နေ့လည်ပိုင်းမှာ စစ်ကော်မရှင်လေကြောင်းက လေယာဉ်ငါးစီး၊ ဗုံးအလုံးရေ ၂၀ ကျော် နဲ့ လာရောက် ပစ်ခတ်ခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။ အာရက္ခတပ်တော် AA နဲ့ တော်လှန်ရေးတပ်တွေဘက်က နတ်ရေကန်တောင်ကို ဝိုင်းဝန်းထိုးစစ်ဆင်နေပြီး စစ်ကော်မရှင်ဘက်က အလုံးအရင်းနဲ့ အထိနာနေတဲ့ အတွက် လေကြောင်းက လာရောက်ပစ်ကူပေးခဲ့တာဖြစ်တယ်လို့ တော်လှန်ရေးသတင်းရင်းမြစ်တွေ က ပြောပါတယ်။ “သူ့တို့ဘက်က အလုံးအရင်းကျတယ်လေ၊ ဗျူဟာကုန်းပတ်ပတ်လည်ကို လေယာဉ် ၅ စီးနဲ့ လာကြဲတယ်၊ ပထမ ဂျက်သုံးစီး ၊ ဝဲလိုက်ကြဲလိုက် လုပ်ပြီး နောက်ထပ် Y12 တစ်စီးနဲ့ ဂျက် တစ်စီး လာကြဲတယ်” လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။ နတ်ရေကန်ဗျူဟာတိုက်ပွဲမှာ လေကြောင်းက…