Author: Baby Yit Lone
-

မဲပေးစက်များ အပါအဝင် ဌာနဆိုင်ရာရုံး အားလုံးကို မီးရှို့ရှင်းလင်း
ရေဖြူမြို့ပေါ်ရှိ ဌာနဆိုင်ရာရုံးအားလုံးကို PDF တပ်က ဝင်ရောက် တိုက်ခိုက်ပြီး မဲပေးစက်များ အပါအဝင် ဌာနဆိုင်ရာရုံး အားလုံးကို မီးရှို့ရှင်းလင်း တနင်္သာရီတိုင်း၊ ရေဖြူမြို့ပေါ်ရှိ ဌာနဆိုင်ရာရုံးအားလုံးကို PDF တပ်က ဝင်ရောက် တိုက်ခိုက်ပြီး မဲပေးစက်များ အပါအဝင် ဌာနဆိုင်ရာရုံးအားလုံးကို မီးရှို့ရှင်းလင်းခဲ့ကြောင်း ရေဖြူအခြေစိုက် တော်လှန်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။ ဒီဇင်ဘာလ ၁၂ ရက်နေ့ နံနက် ၇ နာရီခန့်က စတင်ပြီး ရေဖြူမြို့ပေါ်ရှိ ရဲစခန်း၊ ထွေ/အုပ်ရုံးနှင့် လဝကရုံး အပါအဝင် ဌာနဆိုင်ရာရုံးအားလုံးကို PDF တပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ ထိုသို့ တိုက်ခိုက်မှု ပြုလုပ်ပြီးနောက် ထွေ/အုပ်ရုံးနှင့် လဝကရုံး အပါအဝင် ဌာနဆိုင်ရာရုံးအားလုံးနှင့် မဲပေးစက်များကို PDF တပ်များက မီးရှို့ရှင်းလင်းခဲ့ကြောင်း၊ ယင်းတိုက်ခိုက်မှုအတွင်း…
-

အောင်မင်္ဂလာအဝေးပြေး နောက်ဆက်တွဲ
နာမည်ကြီး အောင်မင်္ဂလာအဝေးပြေး အရေးယူလိုက်တယ်လို့ ကြားသိရပေမယ့် အရေးကြီးနောက်ဆက်တွဲသတင်းတခုကို တင်ပြလိုပါတယ်။ အဓိက တာဝန်ရှိအဖွဲ့စည်းတွေ ..ငွေနောက်လိုက်ကြတဲ့ဖြစ်စဥ်မှာ အဓိက တရားခံတွေဟာ….နှစ်ပေါင်းများစွာ ဝန်းထဲမှာ လည်ပတ် ဖျံကျ လုပ်ကိုင်စားသောက်နေကြပြီး ပါးရည် ဝနေကြတဲ့… ထောင်ထွက်လူမိုက်ခေါင်းဆောင်ဇိုး တွေဖြစ်ကြတဲ့ ဂျပန်ကြီး၊ တာတီးနဲ့ ချစ်သား တို့လိုလူမျိုးတွေကြောင့်ပဲဖြစ်ပါတယ်။ သူတို့ဟာ… တပည့်..တက္ကစီခေါ်ပွဲစားများစွာ နဲ့ သူတို့ပိုင်ရာ နိုင်စားလို့ရတဲ့ တက္ကစီ အုပ်စုတွေနဲ့ အုပ်စုလိုက်…လူခေါ်ကြပါတယ်။ ဒီအတွက် ဝန်းထဲက စည်ပင်ရဲ စခန်းရဲကစလို့ အုပ်ချုပ်မှုဆိုင်ရာပေါင်းစုံကို ဘီယာ အရက် ကစ ဂေါ်ကြေးငွေ များကို ပေးကြပါတယ်။ ဂျပန်ကြီး၊ချစ်သား နဲ့တာတီးတို့ဟာ သူတို့တပြည့်ပွဲစားအုပ်စုတွေနဲ့ ဝန်းထဲကို မနက်မိုးမလင်းမီကရောက်ကြပြီး ကျသမျှ အဝေးပြေးကားတိုင်း သူ့အပိုင်နေရာနဲ့သူ လူခေါ်ကြပါတယ်။ သူတို့အဖွဲ့ကလွဲပြီး ဘယ်သူမှဝင်ခေါ်လို့မရပါဘူး။ ဒီအချိန်ခေါင်းဆောင်ဖြစ်ကြတဲ့ ဂျပန်ကြီးဟာ…
-
မြန်မာကို ငွေကြေးခဝါချမှု အန္တရာယ်အရှိဆုံးနိုင်ငံအဖြစ် Basel Institute on Governance ဖော်ပြ
မြန်မာကို ငွေကြေးခဝါချမှု အန္တရာယ်အရှိဆုံးနိုင်ငံအဖြစ် Basel Institute on Governance ဖော်ပြ မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ ငွေကြေးခဝါချမှု အန္တရာယ်အရှိဆုံးလို့ ဆွစ်ဇာလန်နိုင်ငံအခြေစိုက် Basel Institute on Governance က ထုတ်ပြန်ပါတယ်။ ကမ္ဘာတစ်ဝန်းနိုင်ငံပေါင်း ၁၇၇ နိုင်ငံထဲမှာ မြန်မာက အန္တရာယ်အရှိဆုံး အဆင့် နံပါတ် ၁ နေရာမှာရှိနေတာပါ။ ဟေတီနဲ့ ကွန်ဂို နိုင်ငံ က ဒုတိယ နဲ့ တတိယအဆင့်လို့ ဒီဇင်ဘာ ၉ ရက်နေ့ထုတ် Basel AML Index 2025 အစီရင်ခံစာမှာ ဖော်ပြပါတယ်။ ငွေကြေး အကျိုးခံစားသူ အမည်ဖော်ပြမှု မလုံလောက်တာ၊အခွန်နဲ့ငွေကြေး စည်းမျဉ်းတွေ အားနည်းတာတွေကဆိုးရွားလာတဲ့ ငွေကြေးစံနှုန်းတွေလို့ အသိပေးပါတယ်။ ဒါ့အပြင် ပိုင်ရှင်မသိရတဲ့ငွေကြေးနဲ့ပစ္စည်းတွေကို အသုံးပြုတဲ့နည်းလမ်းတွေတိုးလာနေတာကလည်း…
-

Saali Mihabbat
Saali Mihabbat (2024) ဝင်္ကပါ သာမန်ကြည့်ရင်တော့ ရိုးရှင်းတဲ့ အိမ်ထောင်ရှင်မဘဝဇာတ်ကြောင်းကို အခြေခံရိုက်ကူးထားတယ်ပေါ့။ ဒါပေမဲ့ လိမ်လည်မှုတွေ သစ္စာဖောက်မှုတွေနဲ့ လုံးဝထင်မထားလောက်တဲ့ ဇာတ်အလှည့်ပြောင်းတွေက ပေါ်ပေါ်လာမှာပါ။ မင်းသမီးချောလေး ရာဒီကာကလည်း ဩချလောက်တဲ့သရုပ်ဆောင်ချက်တွေနဲ့ ပရိသတ်တို့ရဲ့ စိတ်အာရုံကို ဖမ်းစားထားမှာ အမှန်ပါပဲ။ ဖခင်မရှိတော့တည်းက ချန်ရစ်ခဲ့တဲ့ ပစ္စည်းဥစ္စာတွေနဲ့စားသောက်ရင်း ဆမီတာတို့လင်မယားတွေ ခရီးဆက်ခဲ့ကြတယ်။ ပစ္စည်းတွေကုန်သလောက်ဖြစ်တော့ အဖေချန်ခဲ့တဲ့ အိမ်ကြီးကို ပိုက်ဆံဖြုန်းဖို့ပဲသိတဲ့ ယောကျာ်းလုပ်သူက မျက်စိကျနေခဲ့တာပေါ့။ ချေးငွေသမားတွေဆီ အကြွေးပိနေပြီး အိမ်ရောင်းအောင် မိန်းမကို တိုက်တွန်းနေချိန်မှာ သူတို့ဘဝထဲ ရှာလူဆိုတဲ့ တတိယလူ ဝင်လာခဲ့တယ်။ ရှာလူက တခြားတော့မဟုတ်ဘူး ဆမီတာ့နဲ့ ညီအစ်မတော်တဲ့ အမျိုးပါပဲ။ ဒါပေမဲ့ ဆမီတာမသိလိုက်တာက ရှာလူနဲ့ ယောကျာ်းဖြစ်သူတို့က အရင်တည်းက သိကျွမ်းနေခဲ့ကြပြီး လူမသိတဲ့ ဇာတ်လမ်းတွေပါ ရှိခဲ့တာပါပဲ။…
-

October Rhapsody
October Rhapsody (2025) ဒါကတော့ ကိုရီးယားဇာတ်လမ်းဖြစ်တဲ့ “More Than Blue” ကို remake ပြန်လည်ရိုက်ကူးထားတဲ့ အင်ဒိုနီးရှားဇာတ်လမ်းတစ်ပုဒ်ပဲဖြစ်ပါတယ်။ K နဲ့ Cream က အထက်တန်းကျောင်းကတည်းက အတူတူ သူငယ်ချင်းတွေဖြစ်ပြီး ချစ်ခဲ့ကြတဲ့ မိဘမဲ့နှစ်ယောက်ဖြစ်ကြတယ်။ ဒါပေမဲ့ K က သူ့မှာ ကင်ဆာရောဂါရှိတာကို သိလိုက်ရတဲ့နောက်မှာတော့ အဲဒါကိုလျှို့ဝှက်ထားခဲ့ပါတယ်။ နောက်ပြီး သူမသေခင် Cream ကို သူ့အစား စောင့်ရှောက်ပေးမယ့်လူရှိအောင် K က သူချစ်ရတဲ့ Cream အတွက် ချစ်သူတစ်ယောက်ရှာပေးပါတော့တယ်။