Author: Baby Yit Lone
-

How to Make a Werewolf
How to Make a Werewolf (2024) အတ္တလန္တာမြို့ဟာ တစ်ချိန်တုန်းက လျှို့ဝှက်အဖွဲ့အစည်းတွေပြည့်နှက်နေတဲ့မြို့ပါ။ စုန်းမပေါင်းများစွာစုဝေးနေတဲ့ စုန်းသိုက်၊ မှောင်ရိပ်ကိုခိုပြီး လူသွေးသောက်သုံးနေတဲ့ သွေးစုတ်ဖုတ်ကောင်အဖွဲ့၊ ဒါ့အပြင် အစွန်းရောက်နေတဲ့ မှော်ဝိဇ္ဇာအဖွဲ့တွေပါရှိနေပါသေးတယ်။ ဒီအဖွဲ့တွေဟာ မြို့မှာဘယ်လောက်ထိတွယ်ကပ်နေလဲဆိုရင် ဒီအဖွဲ့အစည်းတွေကြားထဲ သွေးနှောပြီးပေါက်ဖွားလာကြတဲ့ စုန်းဝိဇ္ဇာကပြား စုန်းသွေးစုတ်ဖုတ်ကောင်ကပြားတွေပါရှိနေကြတာပါ။ ဒီအဖွဲ့တွေကြားထဲမှာ စုန်းမအဖွဲ့ဟာ တစ်ချိန်ကကြီးစိုးခဲ့ပေမယ့် မျိုးဆက်သစ်တွေကို သေချာမွေးမထုတ်ပေးနိုင်တာကတစ်ကြောင်း၊ အတွင်းလူအချင်းချင်းမညီညွတ်တာကတစ်ကြောင်းနဲ့ အတွင်းပိုင်းမှာ ဂယက်ထနေကြတာပါ။ ဒီလိုနဲ့ ငြိမ်းချမ်းရေးယူထားတဲ့အဖွဲ့အစည်းသုံးခုဟာ ပြန်ပြီးစစ်ဖြစ်ကြဖို့ တဖြည်းဖြည်းနဲ့ အကြောင်းဖန်လာကြပါတယ်။ တစ်နေ့မှာ အပယ်ခံစုန်းမတစ်ယောက်ဖြစ်တဲ့ စုန်းမအဖွဲ့ခေါင်းဆောင်ရဲ့ သမီးဖြစ်သူဟာ သူ့ကိုအပယ်ခံထားတဲ့သူတွေကို လက်စားချေဖို့ဆိုပြီး ရှေ့ဟောင်းမိစ္ဆာဖြစ်တဲ့ သမန်းဝံပုလွေလူသားတစ်ယောက်ကို ဆင်းခေါ်ဖို့ကြံလာခဲ့ပါတယ်။ ဒီသမန်းဝံပုလွေက ဘယ်လောက်တောင်အားကြီးလဲဆိုရင် တစ်ချိန်တုန်းက စုန်းနဲ့ ဝိဇ္ဇာနေထိုင်ရာတစ်မြို့လုံးကို တစ်ကောင်တည်းဖျက်ဆီးခဲ့တဲ့သတ္တဝါဖြစ်ပါတယ်။ ဒီလိုနဲ့ တစ်ချိန်က ကမ္ဘာခြားမှာ ချိတ်ပိတ်ခံထားရတဲ့…
-

Lone Samurai
Lone Samurai (2025) စကားတွေအများကြီးမပြောဘဲ ဓားနဲ့ပဲရှင်းတဲ့ ဂျပန်ဆာမူရိုင်းဇာတ်ကားကောင်းလေးပါ.. ၁၃ ရာစု ဂျပန်ပြည် ဆာမူရိုင်းတွေကြီးစိုးပြီး ဂျပန်ပြည်ကို မွန်ဂိုတွေ ကျူးကျော်လာချိန် မုန်တိုင်းမိပြီး ကျွန်းတစ်ကျွန်းပေါ်မှာ တစ်ယောက်ထဲ ရှင်သန်ကျစ်ရစ်တဲ့ ဆာမူရိုင်းတစ်ယောက်အကြောင်းကို ရိုက်ကူးထားတာပါ.. သူရောက်သွားတဲ့ကျွန်းဟာ လူသားစား လူရိုင်းတွေနေထိုင်ရာအရပ်ဖြစ်ပြီး.. ဒီဆာမူရိုင်းဟာ ဂုဏ်သိက္ခာနဲ့အညီအဆုံးစီရင်ဖို့ လုပ်နေပေမယ့် လူရိုင်းတွေလက်ထဲရောက်သွားပါတယ်…။ သူများလက်ထဲဖမ်းခံရမှ အသက်ရှင်စိတ်တွေ ပိုဖြစ်လာပြီးညဆာမူရိုင်းတစ်ယောက်နဲ့ လူရိုင်းမျိုးနွယ်စုရဲ့ တိုက်ပွဲကို Fight Scence ကောင်းကောင်းနဲ့ ကြည့်ရမယ့် ကားဖြစ်ပါတယ်….
-

Stream
Stream (2024) (သွေးထွက်သံယိုအခန်းများနှင့်အဖော်အချွတ်အခန်းတချို့ ပါဝင်သောကြောင့် မိသားစုနှင့်အတူ ကြည့်ရှုရန် မသင့်တော့ပါ။) ဒီဇာတ်ကားလေးကတော့ မိသားစုတစ်စု သံယောဇဉ်ပိုတိုးအောင် ခရီးတစ်ခုထွက်ရင်း ဟိုတယ်တစ်ခုကို တည်းရာကနေ သွေးသံရဲရဲ အန္တရာယ်တောထဲ ရောက်တဲ့အကြောင်းကို ရိုက်ကူးထားတာပါ။ ဇာတ်လမ်းအကျဉ်း ကီနန်မိသားစုမှာ သားဖြစ်သူနဲ့ သမီးဖြစ်သူက ဆယ်ကျော်သက်အရွယ်ရောက်လာပြီး ဖုန်းတွေ ဂိမ်းတွေ စွဲလာကြတဲ့အတွက် သူတို့မိသားစုလေးက အရင်လို သိုက်သိုက်ဝန်းဝန်းမရှိတော့ပဲ သူ့အခန်း ကိုယ့်အခန်းမှာ ဖုန်းကိုယ်စီနဲ့ တကွဲတပြားဖြစ်လာပါတော့တယ်။ ဒါကို လက်မခံနိုင်တဲ့ ကီနန်တို့လင်မယားဟာ သားနဲ့ သမီးကို ခေါ်ပြီး အပန်းဖြေခရီးထွက်ကာ ဒီခရီးမှာ အရင်လို သံယောဇဉ်တိုးပြီး ပျော်ပျော်ရွှင်ရွှင် ပြန်ဖြစ်လာအောင် ကြိုးစားကြပါတော့တယ်။ ဒီလိုနဲ့ သူတို့တည်းရမဲ့ဟိုတယ်ရောက်သွားတဲ့အခါ ဟိုတယ်က ပြုပြင်ထိန်းသိမ်းရေးလုပ်နေလို့ ဝိုင်ဖိုင်မရသေးဘူးလို့ဆိုပါတယ်။ ဒါ့အပြင် ဟိုတယ်ရဲ့ နေရာတိုင်းမှာ ကွာလတီအကောင်းစား စီစီတီဗွီကင်မရာတွေကို…
-

စစ်ကော်မရှင်ထောက်ပို့ရဟတ်ယာဉ်အား ပစ်ခတ်တိုက်ခိုက်မှု ဗျူဟာမှူးအပါအဝင် ၄ ဦးသေဆုံးဟု KNU ပြော
ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၅) ဖာပွန်ခရိုင်သို့ ထောက်ပို့လာသည့် ရဟတ်ယာဉ်တစီးအား KNLA ပူးပေါင်းတပ်များက ဝိုင်းဝန်းပစ်ခတ်တိုက်ခိုက်ခဲ့ရာ ရဟတ်ယာဉ်ကို မထိ သော်လည်း အနီးတွင်ရှိနေသည့် စစ်ကော်မရှင်တပ်သားများ ထိမှန်သေဆုံးမှုရှိသည်ဟု KNU တပ်မဟာ (၅) ပြောရေးဆိုခွင့်ရှိသူက ပြောသည်။ ဖြစ်စဉ်မှာ ပြီးခဲ့သည့် နိုဝင်ဘာလ ၂၁ ရက် မွန်းလွဲပိုင်းကဖြစ်ပြီး KNU တပ်မဟာ (၅)နှင့် တပ်မဟာ (၃) အစပ်ရှိ ဘော်စဲခိုစခန်းသို့ စစ်ကော်မရှင်တပ်က ရဟတ်ယာဉ်ဖြင့်ထောက်ပို့လာကူခြင်းဖြစ်သည်ဟု သိရ သည်။ ထိုရဟတ်ယာဉ်အား ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) ပူးပေါင်းတပ်များက လက် နက်ကြီးများဖြင့် သွားရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး တိုက်ရိုက်ထိမှန်ခြင်းမရှိခဲ့သော်လည်း ရဟတ်ယာဉ် အနီးတွင် ရှိနေသည့် စစ်ကော်မရှင်တပ်သားများ ထိမှန်ခဲ့ကြောင်း သိရသည်။ “ရဟတ်ယာဉ်ကိုပစ်တာတော့ ဟုတ်တယ်၊ ဒါပေမယ့် မကျပါဘူး။ သွားပစ်တဲ့ရဟတ်ယာဉ်ကို တည့်…
-

မိုးကုတ်နှင့် မိုးမိတ်မြို့တို့ကို ပြန်လည် သိမ်းပိုက်ရန် PDF တပ်များက ထိုးစစ်ဆင်နေ
TNLA က လက်လွှတ်လိုက်ရသော မိုးကုတ်နှင့် မိုးမိတ်မြို့တို့ကို ပြန်လည် သိမ်းပိုက်ရန် PDF တပ်များက ထိုးစစ်ဆင်နေပြီး မိုးကုတ်တွင် စစ်ရေးအရ အရေးပါသော စခန်းကုန်း ၁ ခုကို သိမ်းပိုက်ရရှိဟု NUG ကာကွယ်ရေးဝန်ကြီးဌာနက ကြေညာ မန္တလေးတိုင်း မိုးကုတ်မြို့၊ ရှမ်းပြည်နယ် မိုးမိတ်မြို့တို့ကို ပြန်လည် ထိန်းချုပ်နိုင်ရန် PDF တပ်ဖွဲ့များက ထိုးစစ်ဆင်တိုက်ခိုက်နေပြီး စစ်ရေးအရ အရေးပါသော စခန်းကုန်း ၁ ခုကို သိမ်းပိုက်ရရှိထားကြောင်း NUG အစိုးရက ယနေ့ ဒီဇင်ဘာလ ၆ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ စစ်ရုံးချုပ်အနေဖြင့် မိုးကုတ် – မိုးမိတ်ဒေသ စစ်ဆင်ရေးစစ်ဦးစီးအဖွဲ့ကို နိုဝင်ဘာလ ၉ ရက်နေ့ ကတည်းက စတင်ဖွဲ့စည်းခဲ့ပြီး…