📢 Join Our Telegram Community

Get the latest updates directly on Telegram.

✈️ Join Telegram

ဒီနေ့ နိုင်ငံတကာမှာ ဖြစ်ပျက်ခဲ့တဲ့ အဓိက သတင်းကြီးတွေနဲ့ ပတ်သက်ပြီး...

သတင်းအပြည့်အစုံ ဆက်လက်ဖတ်ရှုရန် ➔
သတင်းထူး / ကြော်ငြာ
📰

ဆက်လက်ဖတ်ရှုရန် သတင်းအပြည့်အစုံ

သတင်းအသစ်များနှင့် ဗီဒီယိုများကို ဆက်လက်ကြည့်ရှုရန် အောက်ပါခလုတ်ကို နှိပ်ပါခင်ဗျာ

နှိပ်ပြီး ကြည့်ရန်

စစ်ကော်မရှင်ထောက်ပို့ရဟတ်ယာဉ်အား ပစ်ခတ်တိုက်ခိုက်မှု ဗျူဟာမှူးအပါအဝင် ၄ ဦးသေဆုံးဟု KNU ပြော

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၅) ဖာပွန်ခရိုင်သို့ ထောက်ပို့လာသည့် ရဟတ်ယာဉ်တစီးအား KNLA ပူးပေါင်းတပ်များက ဝိုင်းဝန်းပစ်ခတ်တိုက်ခိုက်ခဲ့ရာ ရဟတ်ယာဉ်ကို မထိ သော်လည်း အနီးတွင်ရှိနေသည့် စစ်ကော်မရှင်တပ်သားများ ထိမှန်သေဆုံးမှုရှိသည်ဟု KNU တပ်မဟာ (၅) ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

ဖြစ်စဉ်မှာ ပြီးခဲ့သည့် နိုဝင်ဘာလ ၂၁ ရက် မွန်းလွဲပိုင်းကဖြစ်ပြီး KNU တပ်မဟာ (၅)နှင့် တပ်မဟာ (၃) အစပ်ရှိ ဘော်စဲခိုစခန်းသို့ စစ်ကော်မရှင်တပ်က ရဟတ်ယာဉ်ဖြင့်ထောက်ပို့လာကူခြင်းဖြစ်သည်ဟု သိရ သည်။

ထိုရဟတ်ယာဉ်အား ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) ပူးပေါင်းတပ်များက လက် နက်ကြီးများဖြင့် သွားရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး တိုက်ရိုက်ထိမှန်ခြင်းမရှိခဲ့သော်လည်း ရဟတ်ယာဉ် အနီးတွင် ရှိနေသည့် စစ်ကော်မရှင်တပ်သားများ ထိမှန်ခဲ့ကြောင်း သိရသည်။

“ရဟတ်ယာဉ်ကိုပစ်တာတော့ ဟုတ်တယ်၊ ဒါပေမယ့် မကျပါဘူး။ သွားပစ်တဲ့ရဟတ်ယာဉ်ကို တည့် တည့်မထိပါဘူး။ ဘေးနားကိုချော်ပြီး ကျသွားတာ” ဟု KNU တပ်မဟာ(၅) ပြောရေးဆိုခွင့်ရှိသူ ဒုတိယ ဗိုလ်မှူးကြီး စောကလယ်ဒို့က ပြောသည်။

ဗျူဟာမှူးအပါအဝင် လေးဦးသေဆုံးပြီး တပ်ခွဲမှူး၊ ဒုခွဲမှူး၊ ဆေးတာဝန်ခံ စသည့်အရာရှိများအပါအဝင် ၁၁ ဦးထိခိုက်ဒဏ်ရာရခဲ့သည်ဟုဆိုသည်။ သေဆုံးသွားသည့် ဗျူဟာမှူးဆိုသူမှာ ဒုတိယဗိုလ်မှူးကြီး အောင်မြတ်မိုးဟု သိရသည်။

“ရဟတ်ယာဉ်ကို အစအနမှန်မလားတော့ မပြောတတ်ဘူး။ ဒါပေမယ့် ရဟတ်ယာဉ်နားမှာရှိတဲ့ လုံခြုံရေး ယူထားတဲ့တပ်ဖွဲ့နဲ့ ရဟတ်ယာဉ်အဆင်းကို လာကြည့်တဲ့ ဗျူဟာမှူးပေါ့၊ အဲ့ဒီမှာ သူထိတယ်။ ပြီးတော့ တပ်ခွဲမှူးနှစ်ယောက်၊ ဒုခွဲမှူးတယောက်၊ ဆေးတာဝန်ခံတယောက် ထိခိုက်ဒဏ်ရာရတယ်။ စုစုပေါင်း သေတာတော့ လေးယောက်၊ ၁၁ ယောက်ကတော့ ဒဏ်ရာရတယ်” ဟု ဒုတိယဗိုလ်မှူးကြီး စောကလယ်ဒို့က ဆက်ပြောသည်။

ဘော်စဲခိုစခန်းသည် တပ်မဟာ(၃) ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်နှင့် တပ်မဟာ(၅) ဖာပွန် ခရိုင်၊ လူသောမြို့နယ်တို့အား ဆက်သွယ်ထားသည့် ကျောက်ကြီး-မူသယ်-ဘော်စဲခို ကားလမ်းပေါ်ရှိ ဘော်စဲခိုကျေးရွာအနီး၌တည်ရှိပြီး စစ်ရေးအတွက်သာမက စစ်ကော်မရှင်တပ်၏ထောက်ပို့လုပ်ငန်း များအတွက် အလွန်အရေးပါသည့် တပ်စခန်းဖြစ်သည်။

လူကြီးဇာတ်ကား ကြိုက်သူများအတွက်

👇🏻👇🏻👇🏻


Comments

Leave a Reply

Your email address will not be published. Required fields are marked *

လူကြီးဇာတ်ကား စိတ်ဝင်စားသူများသာနှိပ်ရန်