Author: Baby Yit Lone

  • နှာစေးနှာပိတ် တာကို သက်သာစေဖို့

    နှာစေးနှာပိတ် တာကို သက်သာစေဖို့

    ဖျားတော့မယ်ထင်တယ်။ နှာတွေချေနေတယ်။ နှာရည်တွေလည်းကျပြီး အသက်ရှူရတာလည်း မကောင်းလိုက်တာလို့များ ဖြစ်နေလား။ နှာခေါင်းပိတ်တာ၊ နှာစေး တာတွေကို သက်သာစေမယ့်နည်းလမ်းလေးတွေပြောပြပေးမယ်နော်။ နှာစေးနှာပိတ်တာကို သက်သာစေဖို့ နှာခေါင်းပိတ်ရတာက ဘက်တီးရီးယားတွေ၊ ဗိုင်းရပ်စ်ပိုးတွေ အစရှိတဲ့ပိုးမွှားတွေကြောင့် နှာခေါင်းအတွင်းပိုင်းမှာရှိတဲ့ တစ်ရှူးတွေရောင်ရမ်းတာကြောင့်နောက်ဆက်တွဲ နှာခေါင်းထဲက သွေးကြောလေးတွေရောင်ရမ်းလာတာကြောင့် အဓိကဖြစ်ရပါတယ်။ နှာခေါင်းပိတ်တာနဲ့ နှာစေးတာနဲ့ကတော့ အမြဲလိုလိုတွဲပြီးဖြစ်ပေါ်လေ့ရှိပါတယ်။ ညဘက်ဆို နှာခေါင်းပိတ်နေလို့ အသက်ရှူကျပ် အိပ်မရဖြစ်၊ လူကြားထဲမှာ နှာခေါင်းတရှုံ့ရှုံ့နဲ့ နေရထိုင်ရတာခက်၊ အစားအသောက်တွေလည်း အရသာမရှိနဲ့ သိပ်ဝေဒနာမဆိုးလှပေမယ့် နေရထိုင်ရခက်တဲ့ဝေဒနာပေါ့။ ဒီအချက်တွေကြောင့် နှာစေးနှာပိတ် အများဆုံးဖြစ်နိုင်ပါတယ် အအေးမိတာ တုပ်ကွေးဖြစ်တာ ဓာတ်မတည့်ဖြစ်တာ Sinus infection ဖြစ်တာတွေကြောင့် နှာစေးနှာပိတ်တာတွေဖြစ်နိုင်ပါတယ်။ နှာစေးနှာပိတ် တာကို ဘယ်လိုသက်သာအောင်လုပ်မလဲ? နှာခေါင်းကို သန့်စင်ပေးပါ နှာခေါင်းထဲမှာပိတ်ဆို့နေတဲ့ ချွဲသလိပ်တွေကို ဖြည်းဖြည်းချင်း ညှစ်ထုတ်ဖယ်ရှားပေးပါ။ နှာခေါင်းထဲက…

  • Mercenary for justice

    Mercenary for justice

    Mercenary for justice (2006) ဒီဇာတ်ကားလေးကတော့ ပျက်ဆီးပြီးတော့ လက်အောက်ငယ်သားတွေကို ခိုင်းစေပြီး ငွေညှစ်ခိုးစားနေတဲ့ အစိုးရရဲ့လက်အောက်မှာ ကြေးစားလက်နက်ကိုင်တိုရဲ့ဘဝ ဘယ်လိုရုန်းကန်နေရလဲဆိုတာကို ရိုက်ကူးထားတဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ်။ ဇာတ်လမ်းလေးရဲ့ အကြောင်းအရာကတော့ ဂျောန်စီဂါဆိုတဲ့ ကြေးစားလက်နက်ကိုင်တစ်ယောက်ဟာ အမေရိကန်ရဲ့အထက်လူကြီးဖြစ်တဲ့ အကြီးအကဲတွေရဲ့စေခိုင်းမှုကြောင့် အာဖရိကမှာ ကြေးစားလက်နက်ကိုင်အဖြစ် လျှိဝှက်မစ်ရှင်ကိုဆောင်ရွက်နေရပါတယ်။ မထင်မှတ်ထားတာက ဒီကိစ္စထဲကို ပြင်သစ်စစ်တပ်ကဝင်ပါလာတဲ့အတွက်ကြောင့် ဂျောန်တိုဟာ မစ်ရှင်ကိုစွန့်လွှတ်ပြီး ပြန်ဆုတ်ခွာလာရပါတော့တယ်။ အဲ့ဒီလိုပြန်ဆုတ်ခွာနေရင်း ဂျောန်ရဲ့သူငယ်ချင်းဖြစ်သူ ရေဒီယိုဂျုံးစ်ဟာ သေနတ်ထိမှန်ပြီး ဆုံးသွားခဲ့ရတယ်။ဂျောန်လည်း စိတ်ဓာတ်ကျပြီး ဂျုံးစ်ရဲ့မိသားစုဖြစ်တဲ့ သူ့မိန်းမနဲ့သားလေးကို ထောက်ပံ့ပေးဖို ကြေးစားလောကကနေ ထွက်ဖိုလုပ်နေတယ်။ ဒါပေမဲ့ ဂျောန်ရဲ့အလုပ်ပိုင်ရှင်က ငွေအများကြီးဝင်မဲ့ အလုပ်တစ်ခုကမ်းလှမ်းခံထားရပြီး ဂျောန်ကို ပါဝင်ဆောင်ရွက်ဖိုတိုက်တွန်းတော့တယ်။ ဂျောန်ကလည်း မလုပ်ချင်ကြောင်း ငြင်းတဲ့အခါမှာတော့ သူ့သူငယ်ချင်းဂျုံးစ်ရဲ့မိန်းမနဲ့ သူ့သားလေးအက်ဒီကိုဓားစာခံအဖြစ်ဖမ်းပြီး အတင်းအဓမ္မစေခိုင်းပါတော့တယ်။ ဒီလိုအခက်အခဲတွေကြားကနေ ဂျောန်ဟာပေးထားတဲ့မစ်ရှင်ကို ဘယ်လိုဆောင်ရွက်ပြီး…

  • Prázdniny s Brouckem

    Prázdniny s Brouckem

    Prázdniny s Brouckem (2024) မိသားစုနဲ့အတူ ပေါ့ပေါ့ပါးပါးကြည့်ရှုခံစားလို့ရမယ့် ဆွတ်ပျံ့ကြည်နူးဖွယ်ရာ မိသားစုဒရာမာရုပ်ရှင်လေးကို တင်ဆက်ပေးလိုက်ပါတယ်။ အမေဖြစ်သူ မော်နီကာက ဆိုရှယ်မီဒီယာမှာ ဟင်းချက်ဗီဒီယိုတွေတင်တဲ့ ဘလော့ဂါတစ်ယောက်။ အဖေဟွန်ဇာကတော့ ကျောင်းဆရာ။ သူတို့မှာ မနိုင်စိန် မျောက်လောင်းသားနဲ့သမီးလေးနှစ်ယောက်ရှိတယ်။ အားလပ်ရက်တွေမှာ မိသားစုလိုက်ခရီးထွက်နေကျဖြစ်ပေမဲ့ ခင်ပွန်းဖြစ်သူက ရေကူးကန်ဘေးမှာပဲ မိတ်ဆွေဖြစ်သူနဲ့ ဘီယာသောက်ပြီးအချိန်ဖြုန်းလေ့ရှိတာမို့ မော်နီကာက အားလပ်ရက်ခရီးတွေကို စိတ်ဝင်တစားသိပ်မရှိလှ။ တနေ့တော့ မော်နီကာရဲ့ဖခင်ကွယ်လွန်ပြီး မိုက်လို့နာမည်ပေးထားတဲ့ မိသားစုစီး ခရီးသွားကားတစ်စီး အမွေပေးထားခဲ့ပါတယ်။ အဖေဖြစ်သူအမွေချန်ခဲ့တဲ့ ကားကြီးနဲ့ မော်နီကာက ပင်လယ်ကမ်းခြေဆီကို အားလပ်ရက်ခရီးထွက်ဖို့ရာ ဆုံးဖြတ်လိုက်ပြီးတဲ့နောက် မိသားစုလေးယောက်ရဲ့ ပျော်ရွှင်ဖွယ်ရာခရီးစဉ်လေးကို ကြည့်ရှုခံစားကြရမှာပါ။

  • Urchin

    Urchin

    Urchin (2025) ဆင်းရဲမွဲတေမှုနဲ့ မူးယစ်ဆေးရဲ့သားကောင်ဖြစ်နေခဲ့တဲ့ အိမ်ခြေရာမဲ့လူငယ် မိုက်ခ်။ မိုက်ခ်တစ်ယောက် သူငယ်ချင်းဖြစ်သူနဲ့ ပိုက်ဆံကိစ္စစကားများနေတုန်း လာဖြန်ဖြေပေးတဲ့အပြင်စားစရာဝယ်ကျွေးတဲ့လူကိုမှ ရိုက်နှက်လုယူမိရာက ထောင်ကျသွားခဲ့တယ်။ ပြန်လွတ်လာချိန်မှာတော့ အစိုးရက ယာယီထောက်ပံ့ပေးထားတဲ့ အဆောင်မှာနေရင်းအလုပ်ရှာပြီး သာမန်ဘ၀တစ်ခုရဖို့ ကြိုးစားနေခဲ့တယ်။ ဒါပေမဲ့ သူ ရိုက်နှက်လုယက်လွှတ်လိုက်တဲ့လူနဲ့ တွေ့ပြီးစကားပြောဖို့ တရားရုံးအမိန့်ရှိတာကြောင့်တွေ့ဆုံပြီးချိန်မှာ အပြစ်ရှိစိတ်က သူ့ကိုလွှမ်းမိုးလာခဲ့တယ်။ ရှင်သန်နေရတဲ့ဘ၀က ဘာအတွက်လဲဆိုတာကို မေးခွန်းထုတ်ရင်းနဲ့ မိုက်ခ်တစ်ယောက်ရုန်းကန်ရှင်သန်ရပုံကို ခံစားကြည့်ရှုကြရမှာပါ။

  • Hit N Fun

    Hit N Fun (2025) ၂၀၂၅ခုနှစ် ဇန်နဝါရီလမှာ ရုံတင်ခဲ့တဲ့ ဟောင်ကောင်မင်းသားကြီး Louis Koo နဲ့ မင်းသမီးကြီး Gigi Leung တို့ရဲ့လက်ဝှေ့အက်ရှင်ဟာသကားလေးပဲဖြစ်ပါတယ်။ တစ်ချိန်က ချန်ပီယံဟောင်း ကျုံးလေဟာ ကျုံးလေလက်ဝှေ့ကလပ်ကို တည်ထောင်ခဲ့ပေမယ့် အခုချိန်မှာတော့ လုပ်ငန်းကအေးစက်နေပြီးတော့ ပိတ်ရလုနီးပါးဖြစ်နေပါတယ်။ သူ့ရဲ့မိန်းမဖြစ်တဲ့သူက တစ်ချိန်တုန်းက နာမည်ကြီးခဲ့တဲ့ မင်းသမီးကြီးမော့ကျားလီကလဲ အနုပညာလောကကနေအနားယူထားတာကြာပြီဖြစ်ပေမယ့် အနုပညာပေါ်ချစ်မြတ်နိုးတဲ့စိတ်နဲ့ အနုပညာလောကထဲကိုပြန်ဝင်ရောက်ဖို့ကြိုးစားပေမယ့် အသက်လတ်ပိုင်းအကျပ်အတည်းနဲ့ကြုံတွေ့နေရပါတယ်။ အဲဒီအချိန်မှာ ကြော်ငြာလောကမှာထက်မြက်တဲ့ လင်ရွှယ်ဟာ သူ့ရဲ့ချစ်သူက လက်ဝှေ့ချန်ပီယံမလေးစွန်းယာယွင်နဲ့ ဖောက်ပြန်နေတာကိုသိလိုက် ရတဲ့အချိန်မှာ စွန်းယာယွင်နဲ့အနိုင်အရှုံးယှဉ်ပြိုင်ဖို့ စိန်ခေါ်ခဲ့ပါတယ်။ လင်ရွှယ်က ကျုံးလေဆီမှာ လက်ဝှေ့လာသင်တဲ့အခါ ကံမကောင်းတဲ့လက်ဝှေ့ချန်ပီယံနဲ့ ဟောင်းနွမ်းနေတဲ့လက်ဝှေ့ရုံအတွက်မျှော်လင့်ချက်တွေဖြစ်လာမလား….. မင်းသမီးကြီးရဲ့အနုပညာအသိုင်းအဝိုင်းသို့အပြန်လမ်းကရော အောင်မြင်နိုင်ပါ့မလား…… လုပ်ငန်းခွင်မှာဘုရင်မတစ်ယောက်ဖြစ်ခဲ့တဲ့ လင်ရွှယ်ရဲ့နယ်ပယ်ကျော်တဲ့ လက်စားချေပွဲကရော အောင်မြင်ပါ့မလား…… ဘဝရဲ့ ပြင်းထန်တဲ့ထိုးနှက်ချက်တွေနဲ့ ယာယီစိန်ခေါ်ပွဲတစ်ခု စတင်သွားပါတယ်…..