Prázdniny s Brouckem

Prázdniny s Brouckem (2024)

မိသားစုနဲ့အတူ ပေါ့ပေါ့ပါးပါးကြည့်ရှုခံစားလို့ရမယ့် ဆွတ်ပျံ့ကြည်နူးဖွယ်ရာ မိသားစုဒရာမာရုပ်ရှင်လေးကို တင်ဆက်ပေးလိုက်ပါတယ်။

အမေဖြစ်သူ မော်နီကာက ဆိုရှယ်မီဒီယာမှာ ဟင်းချက်ဗီဒီယိုတွေတင်တဲ့ ဘလော့ဂါတစ်ယောက်။
အဖေဟွန်ဇာကတော့ ကျောင်းဆရာ။ သူတို့မှာ မနိုင်စိန် မျောက်လောင်းသားနဲ့သမီးလေးနှစ်ယောက်ရှိတယ်။

အားလပ်ရက်တွေမှာ မိသားစုလိုက်ခရီးထွက်နေကျဖြစ်ပေမဲ့ ခင်ပွန်းဖြစ်သူက ရေကူးကန်ဘေးမှာပဲ
မိတ်ဆွေဖြစ်သူနဲ့ ဘီယာသောက်ပြီးအချိန်ဖြုန်းလေ့ရှိတာမို့ မော်နီကာက အားလပ်ရက်ခရီးတွေကို
စိတ်ဝင်တစားသိပ်မရှိလှ။

တနေ့တော့ မော်နီကာရဲ့ဖခင်ကွယ်လွန်ပြီး မိုက်လို့နာမည်ပေးထားတဲ့ မိသားစုစီး ခရီးသွားကားတစ်စီး
အမွေပေးထားခဲ့ပါတယ်။

အဖေဖြစ်သူအမွေချန်ခဲ့တဲ့ ကားကြီးနဲ့ မော်နီကာက ပင်လယ်ကမ်းခြေဆီကို အားလပ်ရက်ခရီးထွက်ဖို့ရာ ဆုံးဖြတ်လိုက်ပြီးတဲ့နောက် မိသားစုလေးယောက်ရဲ့ ပျော်ရွှင်ဖွယ်ရာခရီးစဉ်လေးကို ကြည့်ရှုခံစားကြရမှာပါ။


Comments

Leave a Reply

Your email address will not be published. Required fields are marked *