Author: Baby Yit Lone
-

ရန်ကုန်-မန္တလေးလမ်းဟောင်းတွင် တိုက်ပွဲများ အပြင်းအထန်ဖြစ်နေ
ရန်ကုန်-မန္တလေးလမ်းဟောင်းတွင် တိုက်ပွဲများ အပြင်းအထန်ဖြစ်နေပြီး တွဲကားများပါ မီးလောင်နေ၊ ရထားလမ်းနှင့်ကားလမ်းများအားလုံး ယာယီရပ်ဆိုင်းနေ ရန်ကုန်-မန္တလေး လမ်းဟောင်း၊ ပဲခူးတိုင်း၊ အုတ်တွင်းမြို့နယ်၊ ညောင်ခြေထောက်နှင့် ကျွဲပွဲအကြား စည်ပင်သာယာကျေးရွာအနီးရှိ စစ်တပ်စခန်းနှင့် တောကျွဲအင်းမြို့ရှိ စစ်စခန်းများကို တော်လှန်ရေးတပ်များက ဝင်ရောက်တိုက်ခိုက်နေပြီး တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားနေကြောင်း ဒေသခံပြည်သူများနှင့် ခရီးသွားပြည်သူများက ပြောဆိုသည်။ ယနေ့ ဇန်နဝါရီလ ၉ ရက်နေ့ နံနက် ၆ နာရီအချိန်မှစတင်ပြီး ရန်ကုန်-မန္တလေးလမ်းဟောင်း၊ အုတ်တွင်းမြို့နယ်၊ ညောင်ခြေထောက်နှင့်ကျွဲပွဲကျေးရွာ အကြားစည်ပင်သာကျေးရွာတွင် တပ်စွဲထားသော စစ်တပ်စခန်းကို တော်လှန်ရေးတပ်ဖွဲများက ဝင်ရောက်တိုက်ခိုက်နေခြင်းဖြစ်ကြောင်း၊ လက်ရှိ တိုက်ပွဲ ပြင်းထန်နေပြီး တွဲကားတချို့လည်း မီးများလောင်ကျွမ်းနေကြောင်း၊ ရန်ကုန်မန္တလေးကားလမ်းဟောင်းပေါ်တွင် လမ်းပိတ်ဆို့သွားပြီး ယာဉ်အသွားအလာ ရပ်ဆိုင်းနေကြောင်း၊ ရန်ကုန်-မန္တလေး ရထားများပါ ဘူတာများတွင် ရပ်တန့်ထားကြောင်း သိရှိရသည်။ “တွဲကားတွေ မီးလောင်နေတယ်။…
-

စစ်တပ်ပိုင် Mytel နှင့်ဆက်နွယ်သော လူမှုကွန်ရက် ၁,၀၀၀ ကျော်ကို Facebook ဖယ်ရှား
👏🏽 Mytel နှင့်ဆက်စပ် စာမျက်နှာ၊ Group နှင့် အကောင့် ပေါင်း ၁၀၀၀ ကျော်ကို Facebook ဖယ်ရှား Facebook သည် မိုင်တဲလ်၊ မိုင်တဲလ်ကိုယ်စားလှယ်များနှင့် လက်လီအရောင်းဆိုင်များ၏ စာမျက်နှာပေါင်း ၁၀၀၀ ကျော်ကို ဖယ်ရှားလိုက်ရာ၊ ၄င်းသည် မြန်မာစစ်တပ်ထိန်းချုပ်ထားသော ဆက်သွယ်ရေးကွန်ရက်၏ အွန်လိုင်းတည်ရှိမှုအပေါ် ကြီးစွာသော ထိုးနှက်ချက်တစ်ခု ဖြစ်လာစေခဲ့သည်။ ထိုသို့ဖယ်ရှားမှုသည် Facebook လူမှုကွန်ရက်၏ မိခင်ကုမ္ပဏီ Meta က ၂၀၂၁ ခုနှစ်တွင် ချမှတ်အကောင်အထည်ဖော်ခဲ့သည့် မြန်မာစစ်တပ်ထိန်းချုပ်ထားသော စီးပွားရေးလုပ်ငန်းများကို ပိတ်ပင်သည့် Facebook ၏မူဝါဒနှင့်လည်း ကိုက်ညီသည်။ ထိုအချိန်က Mytel ကို Facebook မှ ဖယ်ရှားခဲ့ပြီးဖြစ်သော်လည်း ကုမ္ပဏီသည် စာမျက်နှာသစ်များ ဖွင့်လှစ်ကာ ပိတ်ပင်မှုကို ရှောင်ရှားခဲ့သလို၊ တစ်ဖက်တွင်လည်း…
-

တောကျွဲအင်းမြို့ကို တော်လှန်ရေးတပ်များက တိုက်ခိုက်သိမ်းပိုက်
ရန်ကုန်-မန္တလေးလမ်းဟောင်းဘေးရှိ တောကျွဲအင်းမြို့ကို တော်လှန်ရေးတပ်များက တိုက်ခိုက်သိမ်းပိုက်ပြီး စစ်တပ်ဘက်မှ သေဆုံးမှုများပြား၊ စစ်သားအလောင်းများ လမ်းပေါ်တွင် ပြန့်ကျဲနေ ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်၊ ရန်ကုန်-မန္တလေးလမ်းဟောင်းဘေးရှိ တောကျွဲအင်းမြို့ကို တော် လှန်ရေးတပ်များက တိုက်ခိုက်သိမ်းပိုက်ပြီး စစ်တပ်ဘက်မှ သေဆုံးမှုများပြားကြောင်း ဒေသခံပြည်သူများနှင့် ပြည်သူ့ကာကွယ်ရေးတပ် မတော် သတင်းရင်းမြစ်က ပြောဆိုသည်။ ယနေ့ ဇန်နဝါရီလ ၉ ရက်နေ့ နံနက် ၃ နာရီဝန်းကျင်အချိန်မှစတင်၍ တောကျွဲအင်းမြို့ကို တော်လှန်ရေးတပ်များက ဝင်ရောက်ခိုက်သိမ်းပိုက်ခဲ့ပြီး စစ်စခန်းများကို ရရှိခဲ့ကြောင်း၊ တိုက်ပွဲ ပြင်းထန်လွန်းသဖြင့် စစ်တပ်က လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်နေကြောင်း သိရှိရသည်။ “မြို့ကို ခေတ္တ ထိန်းချုပ်ပြီး ဆောင်ရွက်စရာရှိတာဆောင်ရွက်တာပါ။ မကြာခင် သတင်းထုတ်ပြန်ပါမယ် ။ လောလောဆယ်အထိတော့ မြို့ကို ထိန်းထားဆဲပါ” ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော်မှ တော်လှန်ရေး သတင်းရင်းမြစ်က…
-

လောင်းလုံးမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသော စစ်တပ်ကို ရက်ပေါင်း ၅၀ ကြာ ပိတ်ဆို့ တိုက်ခိုက်
လောင်းလုံးမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသော စစ်တပ်ကို ရက်ပေါင်း ၅၀ ကြာ ပိတ်ဆို့ တိုက်ခိုက်မှု စရဖ မှ ဗိုလ်ကြီး ၁ ဦး အပါအဝင် စစ်သား ၃၀ ကျော် သေဆုံးဟုဆို၊ PDF ၃ ဦး ကျဆုံး တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသော အကြမ်းဖက် စစ်တပ်ကို ရက်ပေါင်း ၅၀ ကြာ ပိတ်ဆို့ တိုက်ခိုက်ရာ စရဖ မှ ဗိုလ်ကြီး ၁ ဦး အပါအဝင် စစ်သား ၃၀ ကျော် ထိခိုက်သေဆုံးမှုရှိကြောင်း ထားဝယ်ခရိုင် တပ်ပေါင်းစု ပြန်ကြားရေးတာဝန်ခံ ရဲဘော်ရှဲဒိုးက ပြောဆိုသည်။ ၂၀၂၅ ခုနှစ် နိုဝင်ဘာလ ၁၁ ရက်နေ့မှ ဒီဇင်ဘာလ ၂၈ ရက်နေ့ထိ…
-

တော်တော်ကဲတဲ့ မော်ဒယ်ဂဲလ်
နောင်လတ် ပါးစပ်ကြီး ခါးလည်ကို ဖြတ်နင်းခံလိုက်ရသော ကျော်စံကေး ပါးစပ်နှယ် ပြဲသွား၏။ “အားပါး …. အောက်စလွတ်နေတာကွ.. အဟီး” ထိန်ဝင်းနှင့် သန်းရှိန်တို့နှစ်ယောက် .. သံပတ်ပေးထားသော စက်ရုပ်များနှယ် လှုပ်စိလှုပ်စိ လမ်းလျှောက်နေရာမှ.. နဖားကြိုးအဆွဲခံလိုက်ရသလို.. တုံ့သွားသည်။ ချာကနဲ ခေါင်းနှစ်လုံးက နောင်လတ်ကြည့်ရာသို့ လိုက်ကြည့် ကြသည်။ ထိန်ဝင်းက .. ဟိုက်ကနဲ အော်၏။ သန်းရှိန်က မျက်ကြီးပြူးပြီး… ဂလုကနဲ တံတွေးမြိုချ၏။ “ပေါ်တင်ကြီး..” သုံးယောက်သား ..လမ်းမအလယ်မှာ တန်းစီရပ်နေမိကြသည်။ နှစ်ထပ် ပျဉ်ထောင်အိမ်ကလေးက သားနားသပ်ရပ်သည်..။ ပြူတင်းပေါက်များကို ကြည်ပြာရောင် ဇာလေးများ ချိန်ဆွဲထားသည်။ အိမ်ရှေ့နှင့် လူသွားလမ်းကလေး တစ်ခုမျှသာဝေးပြီး ခြံကကျဉ်းမြောင်းသည်။ ခေါင်းရင်းဘက်၌ ရေစင်တစ်ခု ရှိ၏။ ရေစင်အောက် ကြိမ်ကုလားထိုင်လေးပေါ်၌ လှပကျော့ရှင်း ပြေပြစ်…