Author: Baby Yit Lone

  • စက်သုံးဆီရောင်းချပေးခြင်းမရှိပါက ဖုန်းဖြင့် ဆက်သွယ်တိုင်ကြားနိုင်ပြီး ရောင်းချမှုမရှိကြောင်း စိစစ်တွေ့ရှိရသည့် အရောင်းဆိုင်ကို ပိတ်သိမ်းအရေးယူမည်

    စက်သုံးဆီရောင်းချပေးခြင်းမရှိပါက ဖုန်းဖြင့် ဆက်သွယ်တိုင်ကြားနိုင်ပြီး ရောင်းချမှုမရှိကြောင်း စိစစ်တွေ့ရှိရသည့် အရောင်းဆိုင်ကို ပိတ်သိမ်းအရေးယူမည်

    စက်သုံးဆီရောင်းချပေးခြင်းမရှိပါက ဖုန်းဖြင့် ဆက်သွယ်တိုင်ကြားနိုင်ပြီး ရောင်းချမှုမရှိကြောင်း စိစစ်တွေ့ရှိရသည့် အရောင်းဆိုင်ကို ပိတ်သိမ်းအရေးယူမည်ဖြစ်ကြောင်း စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။ စွမ်းအင်ဝန်ကြီးဌာနမှ စက်သုံးဆီဖူလုံမှုရှိစေရေးအစီအမံဖြင့် ဆောင်ရွက်ထားရှိသည့်အတွက်ရက် ၄၀ ခန့်စာ တင်သွင်းသိုလှောင်ထားရှိပြီး စက်သုံးဆီများကို သီလဝါမှ နိုင်ငံတစ်ဝန်းသို့ ဆီတင်ယာဉ်များဖြင့် ဖြည့်တင်းဖြန့်ဖြူးပေးလျက်ရှိရာ ရန်ကုန်မြို့၊ သီလဝါရှိ Terminal များမှ စက်သုံးဆီများကို ပုံမှန်ခွင့်ပြုထုတ်ပေးလျက်ရှိပြီး ရောင်းအားမြင့်တက်သည့် အရောင်းဆိုင်များကိုလည်း Urgent Po များကိုလည်း ထပ်မံခွင့်ပြုထုတ်ပေးလျက်ရှိသဖြင့် စက်သုံးဆီပုံမှန်ရောင်းချပေးနိုင်ကြောင်း၊ မလိုအပ်ဘဲ ဝယ်ယူခြင်းမပြုရန် မေတ္တာရပ်ခံကြောင်း၊ စက်သုံးဆီရောင်းချပေးခြင်းမရှိပါက ဖုန်းဖြင့်ဆက်သွယ်တိုင်ကြားနိုင်ကြောင်းနှင့် ရောင်းချမှုမရှိကြောင်းစိစစ်တွေ့ရှိရပါက အရောင်းဆိုင်အား ပိတ်သိမ်းအရေးယူသွားမည်ဖြစ်ကြောင်းကို တာဝန်ရှိသူများမှ စက်သုံးဆီအရောင်းဆိုင်များတွင် နှိုးဆော်အသိပေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ စွမ်းအင်ဝန်ကြီးဌာန၏ လမ်းညွှန်မှုဖြင့် ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်မှ ဦးဆောင်၍ နေပြည်တော်ရှိ Real Time စက်သုံးဆီအရောင်းဆိုင်များတွင် စက်သုံးဆီ…

  • မြန်မာနိုင်ငံမှ KIA အပါဝင် တော်လှန်ရေးအဖွဲ့များ ထိန်းချုပ်ထားသော နယ်မြေများမှာ ကမ္ဘာ့အဆင့် ၁  မြေရှားသတ္တုများ ထွက်ရှိရာ ကမ္ဘာ့ဗဟိုချက်ဖြစ်လာသော်လည်း တရုတ်က အပြည့်အ၀ထိန်းချုပ်ထား

    မြန်မာနိုင်ငံမှ KIA အပါဝင် တော်လှန်ရေးအဖွဲ့များ ထိန်းချုပ်ထားသော နယ်မြေများမှာ ကမ္ဘာ့အဆင့် ၁ မြေရှားသတ္တုများ ထွက်ရှိရာ ကမ္ဘာ့ဗဟိုချက်ဖြစ်လာသော်လည်း တရုတ်က အပြည့်အ၀ထိန်းချုပ်ထား

    မြန်မာနိုင်ငံမှ ကချင်လွတ်လပ်ရေးတပ်မတော်-KIA အပါဝင် တော်လှန်ရေးအဖွဲ့များထိန်းချုပ်ထားသော နယ်မြေများမှာ အဆင့် ၁ မြေရှားသတ္တုများ ထွက်ရှိပိုင်ဆိုင်ထားသော်လည်း တရုတ်နိုင်ငံက အပြည့် အ၀ ထိန်းချုပ်ထားကြောင်း အမေရိကန်အခြေစိုက် Rare Earth Exchanges (REEx) က ထုတ်ပြန်သည်။ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ကဲ့သို့သော လက်နက်ကိုင်အဖွဲ့များက မြန်မာနိုင်ငံ၏ အဓိကကျသော မြေရှားသတ္တု (Heavy Rare Earth) တူးဖော်ရေးဒေသများကို ထိန်းချုပ်ထားကြပြီး၊ လျှပ်စစ်ကား (EV) မော်တာများနှင့် လေအားလျှပ်စစ် တာဘိုင်များအတွက် အလွန်အရေးကြီးသည့် Dysprosium နှင့် Terbium သတ္တုများကို တူးဖော်နေကြသော တရုတ်လုပ်ငန်းရှင်များထံမှ တစ်နှစ်လျှင် အခွန်ငွေ အမေရိကန်ဒေါ်လာ သန်း ၂၀၀ ခန့် ရရှိနေသည်ဟု ခန့်မှန်းရကြောင်း သိရှိရည်။ မြန်မာနိုင်ငံသည် တရုတ်နိုင်ငံအတွက်…

  • တာမွေမှာ ရဲအယောင်ဆောင်ပြီး ရွှေဆိုင်အတွင်း ဝင်ရောက်လုယက်ရန် ကြံစည်မှုဖြစ်

    တာမွေမှာ ရဲအယောင်ဆောင်ပြီး ရွှေဆိုင်အတွင်း ဝင်ရောက်လုယက်ရန် ကြံစည်မှုဖြစ်

    ရန်ကုန်တိုင်း၊ တာမွေမြို့နယ်မှာ ဒီကနေ့ မတ် ၈ ရက်၊ မနက်ပိုင်းက ရဲအယောင်ဆောင်ထားသူ တယောက် ရွှေဆိုင်တဆိုင်အတွင်း ဝင်ရောက်လုယက်ရန် ကြံစည်မှု ဖြစ်ပွားခဲ့တယ်လို့ ဒီဖြစ်စဉ်ကို သိရှိသူတွေက ပြောပါတယ်။ အဲဒီ ဖြစ်စဉ်ဟာ တာမွေမြို့နယ်၊ ဗညားဒလလမ်း၊ အောင်မင်္ဂလာလမ်းထိပ်၊ ယုဇနအိမ်ရာ၊ တိုက် (၀၀၈) A1ရှိ “ချိန်ကင်း” ရတနာရွှေဆိုင်မှာ ဒီကနေ့ မနက် ၉ နာရီခွဲဝန်းကျင်က ဖြစ်ပွားခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ ရဲအယောင်ဆောင်ထားသူက သူဟာ တာမွေစခန်းက ဒုရဲအုပ် အောင်ဘိုဘိုဖြစ်ပြီး ချိန်ကင်း ရွှေဆိုင်မှာ ရွှေအတုတွေ ရောင်းချနေတာကို သိရှိရတဲ့အတွက် ဖမ်းဆီး အရေးယူဖို့ ရောက်လာတာဖြစ်ကြောင်း ပြောဆိုခဲ့တယ်လို့ ဒီဖြစ်စဉ်ကို သိရှိသူတယောက်က ပြောပါတယ်။ “သူက ဆိုင်ဝန်ထမ်း အမျိုးသမီးတယောက်ကို လက်ထိပ်ခတ်ပြီး…

  • ယင်းမာပင်ခရိုင်တပ်ရင်း(၂၀)မှာ PDFရဲမေတဦးအဓမ္မပြုကျင့်ခံရမှုဖြစ်ရပ် သံသယတရားခံကို ဖမ်းဆီးထား၊ စစ်ဆေးအရေးယူမှု ထုတ်ပြန်မယ်လို့ NUG ပြော

    ယင်းမာပင်ခရိုင်တပ်ရင်း(၂၀)မှာ PDFရဲမေတဦးအဓမ္မပြုကျင့်ခံရမှုဖြစ်ရပ် သံသယတရားခံကို ဖမ်းဆီးထား၊ စစ်ဆေးအရေးယူမှု ထုတ်ပြန်မယ်လို့ NUG ပြော

    ကျူးလွန်သူကို ထိရောက်စွာအရေးယူဖို့ အမျိုးသမီးရေးဆိုင်ရာ အဖွဲ့ ၁၆ဖွဲ့ NUG ယာယီသမ္မထံတောင်းဆို ပြည်သူ့ကာကွယ်​ရေးတပ်မ​တော်၊ယင်းမာပင်ခရိုင်တပ်ရင်း(၂ဝ)မှာဖြစ်ပွားခဲ့တဲ့ရဲမေတစ်ဦးအား အဓမ္မပြုကျင့်ခံရတဲ့ဖြစ်ရပ်မှာသံသယရှိသူကို ဖမ်းဆီးစစ်ဆေးနေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)တာဝန်ရှိသူတွေက ပြောပါတယ်။ NUGပြည်ထဲရေးနဲ့လူဝင်မှုကြီးကြပ်​ရေးဝန်ကြီးဌာန ဒုဝန်ကြီးဦးကျော်နီက “ကာကွယ်ရေးဝန်ကြီးဌာန နဲ့ပြည်ထဲရေးဝန်ကြီးဌာနတို့ပူးပေါင်းပြီး စစ်ဆေးဆောင်ရွက်နေပါတယ်။သံသယတရားခံကိုလည်း ထိန်းသိမ်းထားပြီး စစ်ဆေးနေပါတယ်” လို့ ပြောပါတယ်။ NUG ပြည်ထောင်စုဝန်ကြီးချုပ်ရုံးပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်ကလည်း အမှုဖြစ်ပွားကြောင်းသိသိချင်းစစ်ဆေးမှုတွေ လုပ်နေကြောင်း အသိပေးပါတယ်။ “သံသယ တရားခံကိုလည်း ထိန်းသိမ်းထားပြီး စစ်ဆေးနေပါတယ်။အသေးစိတ်တွေကိုတော့ စစ်ဆေးမှုတွေပြီးတဲ့အခါ ထုတ်ပြန်ပါလိမ့်မယ်ဗျ။ စစ်ဆေးပေါ်ပေါက်မှုအပေါ်မူတည်ပြီး ဥပဒေနဲ့အညီ အရေးယူဆောင်ရွက်သွားမှာဖြစ်ပါတယ်” လို့ ဦးနေဘုန်းလတ်က ပြောပါတယ်။ ယင်းမာပင်ခရိုင်တပ်ရင်း(၂ဝ)မှာ တပ်ရင်းတာဝန်ရှိသူများ ကိုယ်တိုင်အဓမ္မပြုကျင့်မှုကျူးလွန်ခြင်း၊ လူမဆန်စွာနှိပ်စက်ခြင်း၊ လူမျိုးရေး၊ဘာသာရေးခွဲခြားမှုများ ပြုလုပ်ခြင်း၊ ကျူးလွန်ခံရသူမိသားစုများအား ခြိမ်းခြောက်ခြင်းစတဲ့ ဆိုးရွားစွာလူအခွင့်အရေး ချိုးဖောက်ခြင်း ကိစ္စရပ်တွေကို ထိရောက်စွာ အရေးယူဆောင်ရွက်ပေးဖို့ အမျိုးသမီးရေးဆိုင်ရာ အဖွဲ့အစည်း ၁၆ဖွဲ့က…

  • ဗန်းမော်တိုက်ပွဲတွင် တပ်မ-၈၈ လက်အောက်ခံ စစ်ကြောင်း တိုက်ခိုက်ခံနေရပြီး သေဆုံးသူများပြား၊ တိုက်ပွဲများ ဆက်လက်ပြင်းထန်နေ

    ဗန်းမော်တိုက်ပွဲတွင် တပ်မ-၈၈ လက်အောက်ခံ စစ်ကြောင်း တိုက်ခိုက်ခံနေရပြီး သေဆုံးသူများပြား၊ တိုက်ပွဲများ ဆက်လက်ပြင်းထန်နေ

    ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်အတွင်း တိုက်ပွဲများ ဆက်လက်ပြင်းထန်နေပြီး ယခုမတ်လ အစောပိုင်းတွင် စစ်ကော်မရှင်၏ စစ်ကြောင်းတစ်ခု အပြတ်အသတ် တိုက်ခိုက်ခံရကာ သေဆုံးမှု များပြား နေကြောင်း သိရသည်။ စစ်ကော်မရှင်၏ တပ်မ (၈၈) လက်အောက်ခံ၊ ချောက်မြို့အခြေစိုက် ခလရ-၁၃ မှ စစ်ကြောင်း တစ်ခုလုံးကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) က ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကော်မရှင် ဘက်မှ ထိခိုက်သေဆုံးမှု အများအပြားရှိခဲ့ခြင်း ဖြစ်သည်။ “ဗန်းမော်တိုက်ပွဲက စစ်ကော်မရှင် စခန်းအချင်းချင်း အချိတ်အဆက်မပြတ်ရေး အားထုတ်နေရတာပါ။ တော်လှန်ရေးဘက်က စစ်ကူနဲ့ အထောက်အပံ့ ပိုသုံးနိုင်ရင် ရလဒ်က ချက်ချင်းပြောင်းသွားမှာပါ” ဟု ဗန်းမော်စစ်ရေးကို စောင့်ကြည့်နေသည့် ဒေသခံ သတင်းရင်းမြစ်က ပြောသည်။ စစ်ကော်မရှင်တပ်နှင့် KIA ပူးပေါင်းတပ်ဖွဲ့များသည် ပြီးခဲ့သည့် မတ် ၃…