Author: Baby Yit Lone

  • အဆိုတော် လမင်းကဗျာ(ခ) DJ Moon ကို ဖမ်းဆီးလိုက်ပြီ

    အဆိုတော် လမင်းကဗျာ(ခ) DJ Moon ကို ဖမ်းဆီးလိုက်ပြီ

    PDF ထိန်းချုပ်ထားသော မြိုင်မြို့နယ်၊ ဝယ်တောင်ကျေးရွာတွင် သွားရောက် ဖျော်ဖြေခဲ့သော အဆိုတော် လမင်းကဗျာ(ခ) DJ Moon ကို ဖမ်းဆီးလိုက်ပြီး တီးခတ်ခဲ့သော ကျော်ဆန်းဝင်း ရွှေမြန်မာဆိုင်းအဖွဲ့ကိုလည်း အရေးယူရန် အမှုဖွင့်ထား မကွေးတိုင်း၊ မြိုင်မြို့နယ်ရှိ PDF များ ထိန်းချုပ်ထားသော မြိုင်မြို့နယ်၊ ဝယ်တောင်(မြောက်) ကျေးရွာရှိ အလှူပွဲတစ်ခုသို့ သွားရောက် သီချင်းဖျော်ဖြေခဲ့သော အဆိုတော်လမင်းကဗျာ (ခ) DJ Moon ကို စစ်တပ်က ယမန်နေ့ ဖမ်းဆီးပြီး လက်ရှိ စစ်ကြောရေးတွင် ပို့ဆောင်ထားကြောင်း ရဲသတင်းရင်းမြစ်က ပြောဆိုသည်။ ယမန်နေ့ မတ်လ ၉ ရက်နေ့ နံနက်ပိုင်း ရန်ကုန်မြို့၊ လှိုင်မြို့နယ်၊ ၁၆ ရပ်ကွက်၊ ဦးဖိုးမှန်လမ်းတွင် နေထိုင်သော အဆိုတော် လမင်းကဗျာ(ခ) DJ…

  • ဖခင်ဖြစ်သူက သားဖြစ်သူကို ကျပ်သိန်း ၅၀ ဖြင့်စစ်တပ်ထံရောင်းစား

    ဖခင်ဖြစ်သူက သားဖြစ်သူကို ကျပ်သိန်း ၅၀ ဖြင့်စစ်တပ်ထံရောင်းစား

    သားဖြစ်သူကို ဖခင်ဖြစ်သူကငွေကျပ်သိန်း ၅၀ နဲ့ စစ်တပ်ထံစစ်သားသစ်လုပ်ဖို့ရောင်းစားခဲ့တဲ့ဖြစ်စဉ် ရန်ကုန်မြို့ ၊တောင်ဥက္ကလာမြို့နယ်မှာ ယခုရက်ပိုင်းအတွင်းဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။ ဖခင်ဖြစ်သူဟာရပ်ကွက်အုပ်ချုပ်ရေးမှူးကနေတဆင့် တညင်းကုန်းမှာရှိတဲ့ စစ်သားစုဆောင်းရေးတပ်ကိုသွားပြီး သိန်း ၅၀ နဲ့ရောင်းစားခဲ့တာဖြစ်ပါတယ်။ “သူတို့အဖေက နောက်အိမ်ထောင်ပြုထားတာ။ အရင်အိမ်ထောင်နဲ့က သားသမီးနှစ်ယောက်ရှိတယ်။ သူတို့ရဲ့သားလေးကအရွယ်ကောင်းလေး။ အစက မုန့်တိုက်မှာအလုပ်လုပ်တာ။ သူ့အမေကိုရှာကျွေးနေတာ။ အဲဒါကို သူ့အဖေက အပြင်မှာနေရင်ပျက်စီးမယ်၊ ဆေးသမားဖြစ်မယ်ဆိုပြီး ပိုက်ဆံနဲ့သွားရောင်းစားခဲ့တာ” လို့ ဖြစ်စဉ်ကိုသိသူတစ်ဦးကပြောပါတယ်။ စစ်တပ်မှာ ရောင်းစားခံရတဲ့သားဖြစ်သူဟာ အသက် ၂၃ နှစ်ဝန်းကျင်သာရှိသေးပြီး သူ့ကိုမှီခိုနေရတဲ့ မိခင်ဖြစ်သူကတော့ သားဖြစ်သူကို ပြန်ခေါ်ချင်ပေမယ့် ငွေကြေးမတတ်နိုင်ဘူးလို့ စုံစမ်းသိရပါတယ်။ ဒါ့အပြင် မကြာခဏဆိုသလို အုပ်ချုပ်ရေးမှူးတွေကလည်း စစ်တပ်နဲ့ပေါင်းပြီး ရပ်ကွက်ထဲမှာ လူငယ်တွေကို စစ်တပ်ထဲဝင်ဖို့ မဲဆွယ်စည်းရုံးနေတာတွေရှိပါတယ်။ စစ်တပ်ထဲဝင်ရင် လစဉ်ထောက်ပံ့ကြေးအပြင် လစာနဲ့ရိက္ခာတွေကိုပါ မိသားစုဝင်တွေကို ထောက်ပံ့ပေးသွားမယ်လို့ ပြောဆိုပြီး​တော့စည်းရုံးနေကြတယ်လို့…

  • ရေတပ်စခန်းတစ်ခုဆုံးရှုံးထားပြီး ရေတပ်စခန်းဌာနချုပ်တစ်ခုတိုက်ခိုက်ခံနေရချိန်မှာ စစ်တပ်က အကြီးဆုံးရေလုံလွန်းကျင်းဖွင့်ပွဲကို ခမ်းခမ်းနားနားလုပ်

    ရေတပ်စခန်းတစ်ခုဆုံးရှုံးထားပြီး ရေတပ်စခန်းဌာနချုပ်တစ်ခုတိုက်ခိုက်ခံနေရချိန်မှာ စစ်တပ်က အကြီးဆုံးရေလုံလွန်းကျင်းဖွင့်ပွဲကို ခမ်းခမ်းနားနားလုပ်

    ရေတပ်စခန်းတစ်ခုဆုံးရှုံးထားပြီး ရေတပ်စခန်းဌာနချုပ်တစ်ခုတိုက်ခိုက်ခံနေရချိန်မှာ စစ်တပ်က အကြီးဆုံးရေလုံလွန်းကျင်းဖွင့်ပွဲကို ခမ်းခမ်းနားနားလုပ် ရေတပ်စခန်းတစ်ခုဆုံးရှုံးပြီး နောက်ထပ် ရေတပ်စခန်းဌာနချုပ်တစ်ခု တိုက်ခိုက်ခံနေရချိန်မှာ အာဏာသိမ်းခေါင်းဆောင်က အကြီးဆုံး ရေလုံလွန်းကျင်းဖွင့်ပွဲနဲ့ စစ်ရေယာဉ် ၅ စီး ရေချပွဲခဲ့ပါတယ်။ ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်က ရေတပ်သင်္ဘောကျင်းဌာနချုပ်မှာ တန် ၄၀၀၀၀ ရေလုံလွန်းကျင်းဖွင့်ပွဲ နဲ့ စစ်ရေယာဉ် ၅စီး စတင် အသုံးပြုတဲ့အခမ်းအနားကို မတ်လ ၈ရက်မှာ ပြုလုပ်ခဲ့တာလို့ စစ်တပ်ဝါဒဖြန့် မီဒီယာ​တွေမှာ အကျယ်တဝင့်​ဖော်ပြ​နေပါတယ်။ အဲ့ဒီပွဲကိုအာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ကြည်းချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊‌ ရေချုပ်ဗိုလ်ချုပ်ကြီး ထိန်ဝင်း၊ လေချုပ်ဗိုလ်ချုပ်ကြီး ထွန်းအောင်တို့ တက်ရောက်ခဲ့ပေမယ့် စစ်ကောင်စီဒုခေါင်းဆောင်ဖြစ်တဲ့ ‌ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်လာခြင်းမရှိပါဘူး။ တန် ၄၀၀၀၀ ရေလုံလွန်းကျင်းဟာ မြန်မာနိုင်ငံမှာအကြီးဆုံးဖြစ်ကြောင်း နဲ့ သာလွန်မင်းလို့ အမည်ပေးထားတဲ့ဖရီးဂိတ်စစ်ရေယာဉ်…

  • မော်တော်ဆိုင်ကယ် စုံ/မ ခွဲနည်း နောက်ဆုံးအတည်ပြုချက်

    မော်တော်ဆိုင်ကယ် စုံ/မ ခွဲနည်း နောက်ဆုံးအတည်ပြုချက်

    မန္တလေးမြို့ခံတွေအကြား အငြင်းပွားနေကြသည့် မော်တော်ဆိုင်ကယ် စုံ/မ ခွဲနည်း နောက်ဆုံးအတည် ပြုချက် မန္တလေးမြို့ခံတွေအကြား အငြင်းပွားနေကြသည့်မော်တော်ဆိုင်ကယ် စုံ/မ ခွဲနည်း နောက်ဆုံးအ တည် ပြုချက်တစ်ခုသည် မတ်၉ရက်နေ့ ညနေပိုင်းတွင် ထပ်မံထွက်ပေါ်လာခဲ့ကြောင်း သိရသည်။ “မော်တော်ပီကယ်တွေကတော့ ဆိုင်ကယ်နံပါတ် စုံ/မကို အရှေ့ဂဏန်းကို အတည်ယူကြတာပါ။ဥပမာ ဆိုင်ကယ်နံပါတ် ၈၅ယကို စုံ အဖြစ်သတ်မှတ်ပြီး ၅၈ယကို မ အ ဖြစ် သတ်မှတ်ထားပါတယ်”ဟု ချမ်းမြသာစည်မြို့နယ်နေသူတစ်ဦးမှ ပြောသည်။ ချမ်းအေးသာစံနေပြည်သူတစ်ဦးမှ ” စက်သုံးဆီအ ရောင်းဆိုင်တွေမှာ ၂နဲ့စားလို့ ပြတ်ရင် စုံ ၊ ၂နဲ့စားလို့ မပြတ်ရင် မ အဖြစ် သတ်မှတ်ပြီး ဆီရောင်းပါတယ်”ဟု ပြောသည်။ မန္တလေးမြို့နေပြည်သူများအနေဖြင့် မော်တော်ဆိုင် ကယ်များ စုံ/မသတ်မှတ်အပေါ် ကွဲလွဲမှုများရှိနေသောကြောင့် လမ်းပေါ်…

  • စစ်ကော်မရှင်က အီရန်ထံမှ လေယာဉ်ဆီ ၃ ကြိမ် လျှို့ဝှက်တင်သွင်းခဲ့ကြောင်း လေ့လာဆန်းစစ်သူများ ပြော

    စစ်ကော်မရှင်က အီရန်ထံမှ လေယာဉ်ဆီ ၃ ကြိမ် လျှို့ဝှက်တင်သွင်းခဲ့ကြောင်း လေ့လာဆန်းစစ်သူများ ပြော

    မြန်မာစစ်အုပ်စုသည် ဒီဇင်ဘာလဆန်းပိုင်းနှင့် ပြီးခဲ့သည့်အပတ်က အမေရိကန်-အစ္စရေးနှင့် အီရန်တို့ စစ်ပွဲမစတင်မီကာလအတွင်း ပိတ်ဆို့အရေးယူမှုများကို ချိုးဖောက်ပြီး အီရန်နိုင်ငံထံမှ လေယာဉ်ဆီများကို သုံးကြိမ်တိုင်တိုင် လျှို့ဝှက်တင်သွင်းခဲ့ကြောင်း ကျွမ်းကျင်သူများနှင့် ဆိပ်ကမ်းဆိုင်ရာ မှတ်တမ်းများတွင် တွေ့ရသည်ဟု Nikkei Asia သတင်းဌာနက ဖော်ပြသည်။ ပြည်တွင်းစစ်အတွင်း မကြာသေးမီက စစ်အုပ်စု အသုံးပြုသည့် ဆီပမာဏအပေါ် အခြေခံကြည့်လျှင် ယခုတင်သွင်းမှုသည် စစ်တပ်၏ စစ်ဆင်ရေးများအတွက် ရက်ပေါင်း ၁၂၀ မှ ၁၅၀ အထိ လုံလောက်သော ပမာဏဖြစ်သည်ဟု လောင်စာဆီကဏ္ဍနှင့်ပတ်သက်သည့် အတွင်းသိတဦးက Nikkei Asia သို့ ပြောကြားခဲ့သည်။ သို့သော် အီရန်တွင် စစ်ပွဲဖြစ်ပွားနေခြင်းကြောင့် စစ်ကော်မရှင်အနေဖြင့် စျေးနှုန်းများ မြင့်တက်နေချိန်တွင် အခြားသော လောင်စာဆီရင်းမြစ်များကို ရှာဖွေရတော့မည်ဖြစ်သည်။ အီရန်က နောက်ဆုံးအကြိမ်အဖြစ် ဖေဖော်ဝါရီလ ဒုတိယပတ်တွင်…