Author: Baby Yit Lone
-

ရေတပ်စခန်းတစ်ခုဆုံးရှုံးထားပြီး ရေတပ်စခန်းဌာနချုပ်တစ်ခုတိုက်ခိုက်ခံနေရချိန်မှာ စစ်တပ်က အကြီးဆုံးရေလုံလွန်းကျင်းဖွင့်ပွဲကို ခမ်းခမ်းနားနားလုပ်
ရေတပ်စခန်းတစ်ခုဆုံးရှုံးထားပြီး ရေတပ်စခန်းဌာနချုပ်တစ်ခုတိုက်ခိုက်ခံနေရချိန်မှာ စစ်တပ်က အကြီးဆုံးရေလုံလွန်းကျင်းဖွင့်ပွဲကို ခမ်းခမ်းနားနားလုပ် ရေတပ်စခန်းတစ်ခုဆုံးရှုံးပြီး နောက်ထပ် ရေတပ်စခန်းဌာနချုပ်တစ်ခု တိုက်ခိုက်ခံနေရချိန်မှာ အာဏာသိမ်းခေါင်းဆောင်က အကြီးဆုံး ရေလုံလွန်းကျင်းဖွင့်ပွဲနဲ့ စစ်ရေယာဉ် ၅ စီး ရေချပွဲခဲ့ပါတယ်။ ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်က ရေတပ်သင်္ဘောကျင်းဌာနချုပ်မှာ တန် ၄၀၀၀၀ ရေလုံလွန်းကျင်းဖွင့်ပွဲ နဲ့ စစ်ရေယာဉ် ၅စီး စတင် အသုံးပြုတဲ့အခမ်းအနားကို မတ်လ ၈ရက်မှာ ပြုလုပ်ခဲ့တာလို့ စစ်တပ်ဝါဒဖြန့် မီဒီယာတွေမှာ အကျယ်တဝင့်ဖော်ပြနေပါတယ်။ အဲ့ဒီပွဲကိုအာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ကြည်းချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ရေချုပ်ဗိုလ်ချုပ်ကြီး ထိန်ဝင်း၊ လေချုပ်ဗိုလ်ချုပ်ကြီး ထွန်းအောင်တို့ တက်ရောက်ခဲ့ပေမယ့် စစ်ကောင်စီဒုခေါင်းဆောင်ဖြစ်တဲ့ ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်လာခြင်းမရှိပါဘူး။ တန် ၄၀၀၀၀ ရေလုံလွန်းကျင်းဟာ မြန်မာနိုင်ငံမှာအကြီးဆုံးဖြစ်ကြောင်း နဲ့ သာလွန်မင်းလို့ အမည်ပေးထားတဲ့ဖရီးဂိတ်စစ်ရေယာဉ်…
-

မော်တော်ဆိုင်ကယ် စုံ/မ ခွဲနည်း နောက်ဆုံးအတည်ပြုချက်
မန္တလေးမြို့ခံတွေအကြား အငြင်းပွားနေကြသည့် မော်တော်ဆိုင်ကယ် စုံ/မ ခွဲနည်း နောက်ဆုံးအတည် ပြုချက် မန္တလေးမြို့ခံတွေအကြား အငြင်းပွားနေကြသည့်မော်တော်ဆိုင်ကယ် စုံ/မ ခွဲနည်း နောက်ဆုံးအ တည် ပြုချက်တစ်ခုသည် မတ်၉ရက်နေ့ ညနေပိုင်းတွင် ထပ်မံထွက်ပေါ်လာခဲ့ကြောင်း သိရသည်။ “မော်တော်ပီကယ်တွေကတော့ ဆိုင်ကယ်နံပါတ် စုံ/မကို အရှေ့ဂဏန်းကို အတည်ယူကြတာပါ။ဥပမာ ဆိုင်ကယ်နံပါတ် ၈၅ယကို စုံ အဖြစ်သတ်မှတ်ပြီး ၅၈ယကို မ အ ဖြစ် သတ်မှတ်ထားပါတယ်”ဟု ချမ်းမြသာစည်မြို့နယ်နေသူတစ်ဦးမှ ပြောသည်။ ချမ်းအေးသာစံနေပြည်သူတစ်ဦးမှ ” စက်သုံးဆီအ ရောင်းဆိုင်တွေမှာ ၂နဲ့စားလို့ ပြတ်ရင် စုံ ၊ ၂နဲ့စားလို့ မပြတ်ရင် မ အဖြစ် သတ်မှတ်ပြီး ဆီရောင်းပါတယ်”ဟု ပြောသည်။ မန္တလေးမြို့နေပြည်သူများအနေဖြင့် မော်တော်ဆိုင် ကယ်များ စုံ/မသတ်မှတ်အပေါ် ကွဲလွဲမှုများရှိနေသောကြောင့် လမ်းပေါ်…
-

စစ်ကော်မရှင်က အီရန်ထံမှ လေယာဉ်ဆီ ၃ ကြိမ် လျှို့ဝှက်တင်သွင်းခဲ့ကြောင်း လေ့လာဆန်းစစ်သူများ ပြော
မြန်မာစစ်အုပ်စုသည် ဒီဇင်ဘာလဆန်းပိုင်းနှင့် ပြီးခဲ့သည့်အပတ်က အမေရိကန်-အစ္စရေးနှင့် အီရန်တို့ စစ်ပွဲမစတင်မီကာလအတွင်း ပိတ်ဆို့အရေးယူမှုများကို ချိုးဖောက်ပြီး အီရန်နိုင်ငံထံမှ လေယာဉ်ဆီများကို သုံးကြိမ်တိုင်တိုင် လျှို့ဝှက်တင်သွင်းခဲ့ကြောင်း ကျွမ်းကျင်သူများနှင့် ဆိပ်ကမ်းဆိုင်ရာ မှတ်တမ်းများတွင် တွေ့ရသည်ဟု Nikkei Asia သတင်းဌာနက ဖော်ပြသည်။ ပြည်တွင်းစစ်အတွင်း မကြာသေးမီက စစ်အုပ်စု အသုံးပြုသည့် ဆီပမာဏအပေါ် အခြေခံကြည့်လျှင် ယခုတင်သွင်းမှုသည် စစ်တပ်၏ စစ်ဆင်ရေးများအတွက် ရက်ပေါင်း ၁၂၀ မှ ၁၅၀ အထိ လုံလောက်သော ပမာဏဖြစ်သည်ဟု လောင်စာဆီကဏ္ဍနှင့်ပတ်သက်သည့် အတွင်းသိတဦးက Nikkei Asia သို့ ပြောကြားခဲ့သည်။ သို့သော် အီရန်တွင် စစ်ပွဲဖြစ်ပွားနေခြင်းကြောင့် စစ်ကော်မရှင်အနေဖြင့် စျေးနှုန်းများ မြင့်တက်နေချိန်တွင် အခြားသော လောင်စာဆီရင်းမြစ်များကို ရှာဖွေရတော့မည်ဖြစ်သည်။ အီရန်က နောက်ဆုံးအကြိမ်အဖြစ် ဖေဖော်ဝါရီလ ဒုတိယပတ်တွင်…
-

ဒေါ်ကြည်ပြာ၏ ချေပချက်များ၊ ရင်ဖွင့်စကားများနှင့် နောက်ကွယ်က အကြောင်းရင်းများ (သီးသန့်အင်တာဗျူး)
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဝန်ကြီးချုပ်ရုံး အမြဲတမ်းအတွင်းဝန် ဒေါ်ကြည်ပြာသည် ၎င်းအပေါ် စွပ်စွဲချက်များအား ဌာနတွင်း စုံစမ်းစစ်ဆေးမှုအပြီး၊ ဖေဖော်ဝါရီ ၂၁ ရက်တွင် ကျန်းမာရေးကြောင့် တာဝန်မှ အနားယူခွင့်ပြုရန် တင်ပြခဲ့သည်။ ဝန်ထမ်းများအပေါ် ဆက်ဆံရေး ပျော့ပျောင်းရန် ‘ပြင်းထန်စွာ သတိပေးခြင်း’ ခံရသည်မှအပ အခြားစွဲချက်များ ကျူးလွန်ခြင်းမရှိကြောင်း စုံစမ်းစစ်ဆေးမှု ရလဒ်ထွက်ပေါ်လာပြီးနောက် ယခုကဲ့သို့ ရာထူးမှ နှုတ်ထွက်စာ တင်ခဲ့ခြင်း ဖြစ်သည်။ မဇ္ဈိမသတင်းထောက် မောင်ခက်နွေနှင့် သီးသန့်မေးမြန်းခန်းတွင် ဒေါ်ကြည်ပြာက ၎င်းအနေဖြင့် ကင်ဆာဝေဒနာကြောင့် ဆေးကုသမှု ခံယူနေရကြောင်း ပထမဆုံးအကြိမ် ထုတ်ဖော်ပြောဆိုခဲ့ပြီး CDM ဝန်ထမ်းများကိုလည်း အထူးတလည် တောင်းပန်သွားခဲ့သည်။ ယခုအင်တာဗျူးတွင် စွပ်စွဲချက်များနှင့် ပတ်သက်၍ ဒေါ်ကြည်ပြာ၏ ချေပချက်များနှင့် ရင်ဖွင့်စကားများကို အပြည့်အစုံ ကြည့်ရှုနားဆင်နိုင်ပါသည်။
-

ရန်ကုန် ယာဉ်ထိန်းရဲများ ညအချိန်ထိ အချိန်ပိုဆင်းပြီး ငွေညှစ်ရန် အင်တိုက်အားတိုက်ကြိုးစားနေ
စစ်ကော်မရှင်က မတ်လ ၇ ရက်နေ့မှ စတင်ကာ ရန်ကုန်အပါအဝင် မြို့ကြီးအချို့တွင် မော်တော်ယာဉ် မောင်းနှင်ခွင့်ကို စုံ/မ စနစ်ဖြင့် ကန့်သတ်သတ်မှတ်လိုက်ပြီးနောက် လမ်းမများပေါ်တွင် ယာဉ်ထိန်းရဲများက ယင်းစည်းကမ်းကို အသုံးချကာ ငွေညှစ်မှုများ ဆက်တိုက်ပြုလုပ်နေကြောင်း ဒေသခံများထံမှ သိရသည်။ အဆိုပါ စုံ/မ စနစ်အရ ကားနံပါတ်အဆုံးစာလုံးသည် ရက်စွဲနှင့် ကိုက်ညီမှုရှိမှသာ မောင်းနှင်ခွင့်ပြုခြင်းဖြစ်ပြီး စည်းကမ်းဖောက်ဖျက်သည်ဟုဆိုကာ ယာဉ်ထိန်းရဲများသည် လမ်းဆုံလမ်းခွများတွင် အုပ်စုလိုက် စောင့်ဆိုင်းပိတ်ဆို့ စစ်ဆေးလျက်ရှိသည်။ အထူးသဖြင့် ယနေ့ မတ်လ ၉ ရက်နေ့တွင် ယာဉ်ထိန်းရဲများသည် ပုံမှန်တာဝန်ချိန်ထက် ကျော်လွန်ကာ ည ၈ နာရီဝန်းကျင်အထိ အိမ်မပြန်ဘဲ လမ်းမများပေါ်တွင် ခြုံခိုဖမ်းဆီးမှုများ ပြုလုပ်နေကြောင်း ကိုယ်တိုင်ကြုံတွေ့ခဲ့ရသည့် ဒေသခံများက ပြောဆိုကြသည်။ “ဒီနေ့က ၉ ရက်နေ့ဆိုတော့ နံပါတ်အဆုံးစာလုံး…